မဂၤလာပါ ပ်ိဳေမတို႕ေရ။ မိန္းကေလးတစ္ေယာက္ျဖစ္တာနဲ႕အညီ ကိုယ့္ရဲ႕ဆံပင္ေလးကို အၿမဲဂရုတစိုက္ရွိေလ့ရွိၾကပါတယ္ေနာ္။ ဒီလိုဂရုစိုက္တာလြန္သြားတဲ့အခါမွာေတာ့ ဆံေကသာက ၾကြပ္ဆပ္က်ိဳးပဲ့လာၿပီး ျပင္းျပင္းထန္ထန္ ဆိုးရြားလာပါေတာ့တယ္။

ဆံပင္ေလမႈတ္စက္ေတြ၊ ေကာက္စက္၊ ေျဖာင့္စက္ေတြကို အမ်ားအျပားအသံုးျပဳျခင္းတို႕ေၾကာင့္ ဆံေကသာဟာ ဘယ္လိုမွၾကည့္မေကာင္းႏိုင္ေတာ့ပါဘူး။ ဒါေပမယ့္ ဒီလိုပ်က္စီးမႈေတြေၾကာင့္ စိတ္ညစ္ခံေနစရာမလိုေတာ့ပါဘူး။ သဘာဝအတိုင္း ဆံပင္ကိုေပါင္းတင္ႏိုင္မယ့္ နည္းလမ္းေကာင္းေလးေတြ သိေနမယ္ဆိုရင္ ဘာကိုေတြးၿပီးပူေနစရာလိုေတာ့မလဲ။

၁။ သံလြင္ဆီ

ပူပူေႏြးေႏြး သံလြင္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္းကို ဦးေရျပားေပၚတင္လိုက္ကာ အဝိုင္းပံုစံအတိုင္းလွည့္ၿပီးေတာ့ ႏွိပ္နယ္ေပးပါ။ ၿပီးရင္ Shower Cap ျဖင့္ မိနစ္ ၄၀ ေလာက္အုပ္ထားလိုက္ၿပီးေနာက္ ေသေသခ်ာခ်ာ ေခါင္းေလွ်ာ္ေပးလိုက္ပါ။ အကယ္လို႕အဆီတအားျပန္ေနေသးရင္ေတာ့ ေခါင္းေလွ်ာ္ရည္ေလးနဲ႕ ေဆးခ်ႏိုင္ပါတယ္။

၂။ ေထာပတ္သီးႏွင့္ ငွက္ေပ်ာသီး ဆံပင္ေပ်ာ့ေဆး

ဆံေကသာကို ႏူးညံ့ေျပာင္ေခ်ာသြားေစမယ့္ အိမ္လုပ္ သဘာဝေပါင္းေဆးတစ္ခုျဖစ္ပါတယ္။ ေထာပတ္သီးကိုအခြံခြာၿပီး အသားကိုအႏွစ္ျဖစ္ေအာင္ ႀကိတ္ေျခလိုက္ကာ ငွက္ေပ်ာသီးတစ္ဝက္နဲ႕ သံလြင္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္းထည့္၍ ေသခ်ာနယ္ေပးပါ။ ရလာတဲ့အႏွစ္ကို ၾကက္ဥတစ္လံုးနဲ႕အတူ ႀကိတ္စက္ထဲထည့္ကာ ႏူးညံ့သြားတဲ့အထိ ႀကိတ္ေပးပါ။
ဆံပင္ေျခာက္ေနခ်ိန္မွာ ႏွံ႕ေအာင္ေသခ်ာလူးေပးပါ။ ဒါေပမယ့္ ဦးေရျပားကိုေတာ့ မပြတ္လိုက္ပါနဲ႕။ ၁၀ မိနစ္ထားၿပီးရင္ ေခါင္းေလွ်ာ္ေပးႏိုင္ပါတယ္။

၃။ ဒိန္ခ်ဥ္နဲ႕ ၾကက္ဥ

ၾကက္ဥတစ္လံုးကို ႏူးညံ့သြားတဲ့အထိ ေခါက္ေမႊကာ အခ်ိဳဓာတ္မရွိတဲ့ ဒိန္ခ်ဥ္ စားပြဲတင္ဇြန္း ၆ ဇြန္းထည့္၍ ေမႊပါ။ ရလာတဲ့အႏွစ္ကို ဦးေရျပားနဲ႕ ဆံပင္မွာလိမ္းၿပီး ႏွိပ္နယ္ေပးကာ Shower Cap ျဖင့္ နာရီဝက္ေပါင္းထားပါ။ ၿပီးရင္ေတာ့ ေခါင္းေလွ်ာ္ရည္နဲ႕ေခါင္းေလွ်ာက္ကာ သဘာဝအတိုင္း အေျခာက္ခံပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:mystylemyanmar
#Unicode Version#
မင်္ဂလာပါ ပျိုမေတို့ရေ။ မိန်းကလေးတစ်ယောက်ဖြစ်တာနဲ့အညီ ကိုယ့်ရဲ့ဆံပင်လေးကို အမြဲဂရုတစိုက်ရှိလေ့ရှိကြပါတယ်နော်။ ဒီလိုဂရုစိုက်တာလွန်သွားတဲ့အခါမှာတော့ ဆံကေသာက ကြွပ်ဆပ်ကျိုးပဲ့လာပြီး ပြင်းပြင်းထန်ထန် ဆိုးရွားလာပါတော့တယ်။

ဆံပင်လေမှုတ်စက်တွေ၊ ကောက်စက်၊ ဖြောင့်စက်တွေကို အများအပြားအသုံးပြုခြင်းတို့ကြောင့် ဆံကေသာဟာ ဘယ်လိုမှကြည့်မကောင်းနိုင်တော့ပါဘူး။ ဒါပေမယ့် ဒီလိုပျက်စီးမှုတွေကြောင့် စိတ်ညစ်ခံနေစရာမလိုတော့ပါဘူး။ သဘာဝအတိုင်း ဆံပင်ကိုပေါင်းတင်နိုင်မယ့် နည်းလမ်းကောင်းလေးတွေ သိနေမယ်ဆိုရင် ဘာကိုတွေးပြီးပူနေစရာလိုတော့မလဲ။

၁။ သံလွင်ဆီ

ပူပူနွေးနွေး သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းကို ဦးရေပြားပေါ်တင်လိုက်ကာ အဝိုင်းပုံစံအတိုင်းလှည့်ပြီးတော့ နှိပ်နယ်ပေးပါ။ ပြီးရင် Shower Cap ဖြင့် မိနစ် ၄၀ လောက်အုပ်ထားလိုက်ပြီးနောက် သေသေချာချာ ခေါင်းလျှော်ပေးလိုက်ပါ။ အကယ်လို့အဆီတအားပြန်နေသေးရင်တော့ ခေါင်းလျှော်ရည်လေးနဲ့ ဆေးချနိုင်ပါတယ်။

၂။ ထောပတ်သီးနှင့် ငှက်ပျောသီး ဆံပင်ပျော့ဆေး

ဆံကေသာကို နူးညံ့ပြောင်ချောသွားစေမယ့် အိမ်လုပ် သဘာဝပေါင်းဆေးတစ်ခုဖြစ်ပါတယ်။ ထောပတ်သီးကိုအခွံခွာပြီး အသားကိုအနှစ်ဖြစ်အောင် ကြိတ်ခြေလိုက်ကာ ငှက်ပျောသီးတစ်ဝက်နဲ့ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်၍ သေချာနယ်ပေးပါ။ ရလာတဲ့အနှစ်ကို ကြက်ဥတစ်လုံးနဲ့အတူ ကြိတ်စက်ထဲထည့်ကာ နူးညံ့သွားတဲ့အထိ ကြိတ်ပေးပါ။
ဆံပင်ခြောက်နေချိန်မှာ နှံ့အောင်သေချာလူးပေးပါ။ ဒါပေမယ့် ဦးရေပြားကိုတော့ မပွတ်လိုက်ပါနဲ့။ ၁၀ မိနစ်ထားပြီးရင် ခေါင်းလျှော်ပေးနိုင်ပါတယ်။

၃။ ဒိန်ချဉ်နဲ့ ကြက်ဥ

ကြက်ဥတစ်လုံးကို နူးညံ့သွားတဲ့အထိ ခေါက်မွှေကာ အချိုဓာတ်မရှိတဲ့ ဒိန်ချဉ် စားပွဲတင်ဇွန်း ၆ ဇွန်းထည့်၍ မွှေပါ။ ရလာတဲ့အနှစ်ကို ဦးရေပြားနဲ့ ဆံပင်မှာလိမ်းပြီး နှိပ်နယ်ပေးကာ Shower Cap ဖြင့် နာရီဝက်ပေါင်းထားပါ။ ပြီးရင်တော့ ခေါင်းလျှော်ရည်နဲ့ခေါင်းလျှောက်ကာ သဘာဝအတိုင်း အခြောက်ခံပါ။


ဖိုးသူတော်(www.phothutaw.com)
Credit:mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top