မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ ဆီေဘာက္ဆာယာဥ္အတြင္းမွ က်ပ္သိန္းေပါင္း ေျခာက္ေသာင္းေက်ာ္ တန္ဖိုးရွိ ဘိန္းျဖဴႏွင့္ စိတ္ႂကြေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျပင္ဦးလြင္ၿမိဳ႕နယ္ မႏၲေလး-လားရႈိး ကားလမ္းေဘး မိုင္တိုင္အမွတ္ (၄၇/၄၈) ၾကားရွိ တိုးဂိတ္ေဟာင္း ေနရာတြင္ ေမ ၁၈ ရက္ နံနက္ အေစာပိုင္း ၁ နာရီခြဲက မူးယစ္တပ္ဖြဲ႕စု (၁၆) မွ တာဝန္ရွိသူမ်ားသည္ MDY 1P/ – – – – (၁၂) ဘီးယာဥ္ ဆီေဘာက္ဆာ အျဖဴေရာင္ယာဥ္အား Mobile X-Ray စက္တြင္ ျဖတ္သန္း ေမာင္းႏွင္ေစရာ မသကၤာဖြယ္ ေတြ႕ရွိေသာေၾကာင့္ ရွာေဖြစစ္ေဆးစဥ္ မူးယစ္ေဆးဝါးဟု ယူဆရသည့္ အထုပ္မ်ားအား ေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။

အဆိုပါယာဥ္အား အေသးစိတ္ ဖြင့္ေဖာက္ စစ္ေဆးျခင္းအား ရဲတပ္ဖြဲ႕က ဆက္လက္ စစ္ေဆးၾကရာ ယာဥ္တြင္ ပါရွိေသာ ဆီေဘာက္ဆာ အကန႔္ ခုနစ္ကန႔္အနက္မွ စတုတၳေျမာက္ အကန႔္တြင္ အံဝွက္ျပဳလုပ္ၿပီး ဆာလာအိတ္အတြင္း ထည့္လ်က္ ေရာင္စုံဆပ္ျပာခြက္ တစ္ခြက္လွ်င္ ဘိန္းျဖဴမႈန႔္ အေလးခ်ိန္ ၁၀ ဂရမ္ခန႔္စီပါ ဆပ္ျပာခြက္ ၁၁၀ ခြက္၊ ဆာလာအိတ္ ၄၀၊ စုစုေပါင္း ဆပ္ျပာခြက္ ၄၄၀၀ ခြက္၊ အေလးခ်ိန္ ၄၄ ကီလိုဂရမ္ခန႔္၊ တန္ဖိုး က်ပ္သိန္းေပါင္း ၄၄၀၀၀ ႏွင့္ ဆာလာအိတ္မ်ားအတြင္း ထည့္လ်က္ မႈိင္းခံစကၠဴျဖင့္ ပတ္ထားေသာ အျပာေရာင္ ပလတ္စတစ္ ကပ္ခြာအိတ္ တစ္အိတ္လွ်င္ WY စာတန္းပါ ပန္းေရာင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၀၀ ျပားစီပါ ၁၀ ထုပ္စီး ငါးစီး၊ ၁၀၀၀၀ ျပားစီ ပါရွိသည့္ ပါကင္ထုပ္ႀကီး ၂၀ ထုပ္၊ ေဆးျပား ၂၀၀၀၀၀ ပါရွိသည့္ ဆာလာအိတ္ ၁၅ အိတ္၊ ေဆးျပား ၃၀၀၀၀၀၀ ျပား၊ အေလးခ်ိန္ ၃၀၀ ကီလိုဂရမ္ခန႔္အား လည္းေကာင္း၊ ဆာလာအိတ္မ်ားအတြင္း ထည့္လ်က္ မႈိင္းခံစကၠဴျဖင့္ ပတ္ထားေသာ အနက္ေရာင္ ပလတ္စတစ္ ကပ္ခြာအိတ္ငယ္ တစ္အိတ္လွ်င္ WY စာတန္းပါ လိေမၼာ္ေရာင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၂၀၀ ျပားစီပါ ၁၀ ထုပ္စီး ငါးစီး ထည့္ထားေသာ ေဆးျပား ၁၀၀၀၀ ျပားစီ ပါရွိသည့္ ပါကင္ထုပ္ႀကီး ၂၀ ထုပ္ ေဆးျပား ၂၀၀၀၀၀ ပါရွိေသာ ဆာလာအိတ္ ၂၇ အိတ္ႏွင့္ ေဆးျပား ၁၀၀၀၀ ျပားစီ ပါရွိသည့္ ပါကင္ထုပ္ ၁၁ ထုပ္ပါ ဆာလာအိတ္ တစ္အိတ္၊ စုစုေပါင္း ဆာလာအိတ္ ၄၃ အိတ္အတြင္းမွ WY စာတန္းပါ လိေမၼာ္ေရာင္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၈၅၁၀၀၀၀ ျပား၊ တန္ဖိုး က်ပ္သိန္းေပါင္း ၁၇၀၂၀ တို႔ကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ယာဥ္ေရွ႕ခန္း ေနကာ ဘုတ္ျပားအတြင္းမွ ဝွီးတက္ တစ္ခုႏွင့္ ယာဥ္ေမာင္းျဖစ္သူ မာေယာ္ ၃၈ ႏွစ္၊ မူဆယ္ၿမိဳ႕ေနသူ၏ ဖုန္းနံပတ္ပါ VIVO အ မ်ိဳးအစား လက္ကိုင္ဖုန္း တစ္လုံးတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

နယ္ေျမရဲစခန္း (ပိတ္ခ်င္းေျမာင္) မွ မေယာ္အား မယ(ပ)၉/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္ကာ ဖမ္းဆီး စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Eleven Media

#Unicode Version#
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ဆီဘောက်ဆာယာဉ်အတွင်းမှ ကျပ်သိန်းပေါင်း ခြောက်သောင်းကျော် တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ပြင်ဦးလွင်မြို့နယ် မန္တလေး-လားရှိုး ကားလမ်းဘေး မိုင်တိုင်အမှတ် (၄၇/၄၈) ကြားရှိ တိုးဂိတ်ဟောင်း နေရာတွင် မေ ၁၈ ရက် နံနက် အစောပိုင်း ၁ နာရီခွဲက မူးယစ်တပ်ဖွဲ့စု (၁၆) မှ တာဝန်ရှိသူများသည် MDY 1P/ – – – – (၁၂) ဘီးယာဉ် ဆီဘောက်ဆာ အဖြူရောင်ယာဉ်အား Mobile X-Ray စက်တွင် ဖြတ်သန်း မောင်းနှင်စေရာ မသင်္ကာဖွယ် တွေ့ရှိသောကြောင့် ရှာဖွေစစ်ဆေးစဉ် မူးယစ်ဆေးဝါးဟု ယူဆရသည့် အထုပ်များအား တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါယာဉ်အား အသေးစိတ် ဖွင့်ဖောက် စစ်ဆေးခြင်းအား ရဲတပ်ဖွဲ့က ဆက်လက် စစ်ဆေးကြရာ ယာဉ်တွင် ပါရှိသော ဆီဘောက်ဆာ အကန့် ခုနစ်ကန့်အနက်မှ စတုတ္ထမြောက် အကန့်တွင် အံဝှက်ပြုလုပ်ပြီး ဆာလာအိတ်အတွင်း ထည့်လျက် ရောင်စုံဆပ်ပြာခွက် တစ်ခွက်လျှင် ဘိန်းဖြူမှုန့် အလေးချိန် ၁၀ ဂရမ်ခန့်စီပါ ဆပ်ပြာခွက် ၁၁၀ ခွက်၊ ဆာလာအိတ် ၄၀၊ စုစုပေါင်း ဆပ်ပြာခွက် ၄၄၀၀ ခွက်၊ အလေးချိန် ၄၄ ကီလိုဂရမ်ခန့်၊ တန်ဖိုး ကျပ်သိန်းပေါင်း ၄၄၀၀၀ နှင့် ဆာလာအိတ်များအတွင်း ထည့်လျက် မှိုင်းခံစက္ကူဖြင့် ပတ်ထားသော အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ် တစ်အိတ်လျှင် WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၁၀ ထုပ်စီး ငါးစီး၊ ၁၀၀၀၀ ပြားစီ ပါရှိသည့် ပါကင်ထုပ်ကြီး ၂၀ ထုပ်၊ ဆေးပြား ၂၀၀၀၀၀ ပါရှိသည့် ဆာလာအိတ် ၁၅ အိတ်၊ ဆေးပြား ၃၀၀၀၀၀၀ ပြား၊ အလေးချိန် ၃၀၀ ကီလိုဂရမ်ခန့်အား လည်းကောင်း၊ ဆာလာအိတ်များအတွင်း ထည့်လျက် မှိုင်းခံစက္ကူဖြင့် ပတ်ထားသော အနက်ရောင် ပလတ်စတစ် ကပ်ခွာအိတ်ငယ် တစ်အိတ်လျှင် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၁၀ ထုပ်စီး ငါးစီး ထည့်ထားသော ဆေးပြား ၁၀၀၀၀ ပြားစီ ပါရှိသည့် ပါကင်ထုပ်ကြီး ၂၀ ထုပ် ဆေးပြား ၂၀၀၀၀၀ ပါရှိသော ဆာလာအိတ် ၂၇ အိတ်နှင့် ဆေးပြား ၁၀၀၀၀ ပြားစီ ပါရှိသည့် ပါကင်ထုပ် ၁၁ ထုပ်ပါ ဆာလာအိတ် တစ်အိတ်၊ စုစုပေါင်း ဆာလာအိတ် ၄၃ အိတ်အတွင်းမှ WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၈၅၁၀၀၀၀ ပြား၊ တန်ဖိုး ကျပ်သိန်းပေါင်း ၁၇၀၂၀ တို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ယာဉ်ရှေ့ခန်း နေကာ ဘုတ်ပြားအတွင်းမှ ဝှီးတက် တစ်ခုနှင့် ယာဉ်မောင်းဖြစ်သူ မာယော် ၃၈ နှစ်၊ မူဆယ်မြို့နေသူ၏ ဖုန်းနံပတ်ပါ VIVO အ မျိုးအစား လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

နယ်မြေရဲစခန်း (ပိတ်ချင်းမြောင်) မှ မယော်အား မယ(ပ)၉/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်ကာ ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Eleven Media
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top