လူေတြရဲ႕သေဘာသဘာဝက ရဖို႔ခက္တာကိုမွ ပိုလိုခ်င္ၾကတာမ်ိဳးပါ ။ ၿပီးေတာ့ ခက္ခက္ခဲခဲ ရလာတဲ့အရာေတြ ပိုတန္ဖိုး ထားတတ္ၾကတာမ်ိဳးပါ ။ အခ်စ္ေရးမွာလည္း အတူတူပါပဲ ။ ခ်စ္ေရးဆိုတိုင္း လြယ္လြယ္ေလး လက္မခံတတ္တဲ့ မိန္းကေလးေတြက ပိုဆြဲေဆာင္မႈ ရွိၾကပါတယ္ ။ အဲ့ဒါကေတာ့ ဒီအခ်က္ေတြေၾကာင့္ပဲ ျဖစ္ပါတယ္ ။

သူတို႔လိုခ်င္တာဘာလဲ ေကာင္းေကာင္းသိတယ္

ရည္းစားစကားလာေျပာတိုင္း ျပန္မႀကိဳက္တာဟာ ေခ်ေနတာမဟုတ္ပါဘူး ။ ကိုယ္နဲ႔ကိုက္ညီမႈ မရွိတဲ့သူအတြက္ အခ်ိန္မေပးခ်င္တာ ၊ စိတ္ရႈပ္မခံခ်င္တာ ၊ သူမ်ား အခ်ိန္ကိုလည္း မျဖဳန္းခ်င္တာေၾကာင့္ပါ ။ ကိုယ္လိုခ်င္တာကို ေကာင္းေကာင္းသိတဲ့သူမ်ိဳး ျဖစ္တာေၾကာင့္ ဆြဲေဆာင္မႈ ရွိေနတာပါ ။

ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ပိုတိုးေစတယ္

ဒီလိုမ်ိဳး ကိုယ့္ကိုယ္ကို ေကာင္းေကာင္းသိတဲ့ မိန္းကေလးတစ္ေယာက္နားမွာ ေနရတာဟာ ကိုယ့္ကိုယ္ကို ယုံၾကည္မႈ ပိုရွိေစၿပီး ပိုေပ်ာ္႐ႊင္ရပါတယ္ ။ ဒီအခ်က္ကလည္း ဆြဲေဆာင္မႈ ရွိေစတဲ့အခ်က္ တစ္ခုပါပဲ ။

ပိုၿပီးေကာင္းတဲ့ လူတစ္ေယာက္ျဖစ္လာေအာင္ တြန္းအားေပးႏိုင္တယ္

ဒီလိုမ်ိဳး လူတစ္ေယာက္ကို အလြယ္ေလး လက္မခံတတ္တဲ့ မိန္းကေလးကို ခ်စ္မိသြားတဲ့အခါ သူလက္ခံလာေအာင္ ႀကိဳးစားရင္းနဲ႔ ကိုယ္ကိုယ္တိုင္က ပိုေတာ္တဲ့သူ တစ္ေယာက္ ၊ အရင္ကထက္ ပိုေကာင္းတဲ့သူ တစ္ေယာက္ ျဖစ္လာပါတယ္ ။ ဒါေၾကာင့္လည္း ကိုယ့္ရဲ႕ အစြမ္းအစ ၊ အရည္အခ်င္းကို တိုးတက္ေစတဲ့ မိန္းကေလးမ်ိဳးမို႔ ပိုၿပီး ဆြဲေဆာင္မႈ ရွိေနတာေပါ့ ။

အရမ္း အခ်စ္ႀကီးတတ္တယ္

ဒီလို မိန္းကေလးေတြဟာ လြယ္လြယ္နဲ႔ မခ်စ္တတ္ေပမယ့္ ခ်စ္မိသြားတဲ့ အခါမွာေတာ့ ဘယ္သူနဲ႔မွ မတူေအာင္ အခ်စ္ႀကီးတတ္ၾကတာမ်ိဳးပါ ။ သူတို႔အခ်စ္ကို ရရင္လည္း ေတာ္ေတ္ာေလး ကံေကာင္းလို႔ပါ ။ ဒါေၾကာင့္ ရခဲ့ရင္ေတာ့ တန္ဖိုးထားတတ္ဖို႔ လိုပါတယ္ ။

ပိုအဓိပၸါယ္ရွိလာတယ္လို႔ ခံစားရေစတယ္

ဒီလိုမိန္းကေလးေတြက မ်ားေသာအားျဖင့္ တတ္သိ နားလည္တာေတြ မ်ားၿပီး အေၾကာင္းအရာ ေတာ္ေတာ္မ်ားမ်ားကို အျပန္အလွန္ ေဆြးေႏြးႏိုင္တဲ့သူမ်ိဳးေတြ ျဖစ္ေနတတ္တာေၾကာင့္ သူတို႔နဲ႔ ရွိတဲ့အခ်ိန္ဆို ပိုၿပီး အဓိပၸါယ္ရွိလာတယ္လို႔ ခံစားလာရပါတယ္ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:MAY THAZINHTOO
# Unicode Version # ျဖင့္ ဖတ္ပါ #

လူတွေရဲ့သဘောသဘာဝက ရဖို့ခက်တာကိုမှ ပိုလိုချင်ကြတာမျိုးပါ ။ ပြီးတော့ ခက်ခက်ခဲခဲ ရလာတဲ့အရာတွေ ပိုတန်ဖိုး ထားတတ်ကြတာမျိုးပါ ။ အချစ်ရေးမှာလည်း အတူတူပါပဲ ။ ချစ်ရေးဆိုတိုင်း လွယ်လွယ်လေး လက်မခံတတ်တဲ့ မိန်းကလေးတွေက ပိုဆွဲဆောင်မှု ရှိကြပါတယ် ။ အဲ့ဒါကတော့ ဒီအချက်တွေကြောင့်ပဲ ဖြစ်ပါတယ် ။

သူတို့လိုချင်တာဘာလဲ ကောင်းကောင်းသိတယ်

ရည်းစားစကားလာပြောတိုင်း ပြန်မကြိုက်တာဟာ ချေနေတာမဟုတ်ပါဘူး ။ ကိုယ်နဲ့ကိုက်ညီမှု မရှိတဲ့သူအတွက် အချိန်မပေးချင်တာ ၊ စိတ်ရှုပ်မခံချင်တာ ၊ သူများ အချိန်ကိုလည်း မဖြုန်းချင်တာကြောင့်ပါ ။ ကိုယ်လိုချင်တာကို ကောင်းကောင်းသိတဲ့သူမျိုး ဖြစ်တာကြောင့် ဆွဲဆောင်မှု ရှိနေတာပါ ။

ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုတိုးစေတယ်

ဒီလိုမျိုး ကိုယ့်ကိုယ်ကို ကောင်းကောင်းသိတဲ့ မိန်းကလေးတစ်ယောက်နားမှာ နေရတာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိစေပြီး ပိုပျော်ရွှင်ရပါတယ် ။ ဒီအချက်ကလည်း ဆွဲဆောင်မှု ရှိစေတဲ့အချက် တစ်ခုပါပဲ ။

ပိုပြီးကောင်းတဲ့ လူတစ်ယောက်ဖြစ်လာအောင် တွန်းအားပေးနိုင်တယ်

ဒီလိုမျိုး လူတစ်ယောက်ကို အလွယ်လေး လက်မခံတတ်တဲ့ မိန်းကလေးကို ချစ်မိသွားတဲ့အခါ သူလက်ခံလာအောင် ကြိုးစားရင်းနဲ့ ကိုယ်ကိုယ်တိုင်က ပိုတော်တဲ့သူ တစ်ယောက် ၊ အရင်ကထက် ပိုကောင်းတဲ့သူ တစ်ယောက် ဖြစ်လာပါတယ် ။ ဒါကြောင့်လည်း ကိုယ့်ရဲ့ အစွမ်းအစ ၊ အရည်အချင်းကို တိုးတက်စေတဲ့ မိန်းကလေးမျိုးမို့ ပိုပြီး ဆွဲဆောင်မှု ရှိနေတာပေါ့ ။

အရမ်း အချစ်ကြီးတတ်တယ်

ဒီလို မိန်းကလေးတွေဟာ လွယ်လွယ်နဲ့ မချစ်တတ်ပေမယ့် ချစ်မိသွားတဲ့ အခါမှာတော့ ဘယ်သူနဲ့မှ မတူအောင် အချစ်ကြီးတတ်ကြတာမျိုးပါ ။ သူတို့အချစ်ကို ရရင်လည်း တော်တေ်ာလေး ကံကောင်းလို့ပါ ။ ဒါကြောင့် ရခဲ့ရင်တော့ တန်ဖိုးထားတတ်ဖို့ လိုပါတယ် ။

ပိုအဓိပ္ပါယ်ရှိလာတယ်လို့ ခံစားရစေတယ်

ဒီလိုမိန်းကလေးတွေက များသောအားဖြင့် တတ်သိ နားလည်တာတွေ များပြီး အကြောင်းအရာ တော်တော်များများကို အပြန်အလှန် ဆွေးနွေးနိုင်တဲ့သူမျိုးတွေ ဖြစ်နေတတ်တာကြောင့် သူတို့နဲ့ ရှိတဲ့အချိန်ဆို ပိုပြီး အဓိပ္ပါယ်ရှိလာတယ်လို့ ခံစားလာရပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit:MAY THAZINHTOO
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top