







#Unicode Version# ဖြင့်ဖတ်ပါ ။

အ ရက် အရမ်းသောက် ခဲ့ တဲ့ ညီတစ်ယောက် အခုတော့ အသဲ မှာ အနာဖြစ် လို့ ဆေးရုံ ခဏခဏ တက်နေရပြီ။ ဆေးရုံတက် ဆေးစစ်လိုက်တော့ အသဲကင်ဆာ တဲ့ ။

အ သဲ က င်ဆာဖြစ်နေတဲ့ ညီ အတွက် သူမိသားစု တစ်ခုလုံးက စိတ်မချမ်းမသာ ဖြစ်နေရပြီ တစ်မိသားစုလုံးလည်း မနားရ ဆေးရုံတက်တော့ အစောင့်က နှစ် ယောက်စောင့်ရတယ်။ သွေးသား ဖြစ်နေတော့လည်း ရောဂါပျောက်ရေး ဘယ်ဆေးကောင်းမလည်း စုံစမ်းနေရတာကလည်း တစ်လုပ်။

ဆေး ရုံ က ခွဲစိတ်ကုသလည်း တာဝန်မယူလို့ အိမ် ပြန်ခေါ်လာရတယ် ဗိုက်ကလည်း မနေနိုင်အောင်နာ တစ်ကိုယ်လုံး ကလည်း ကိုက်ခဲနေတယ် ဆေးထိုးတယ် ထိုးတုံးသက်သာတယ် ဆေးရှိန်ပြေတော့ ပြန်ကိုက်ပြန်တယ် ညလည်း မအိပ်ရ လူနာမ အိပ်တော့ တစ်အိမ်သားလုံးလည်း မအိပ်ရ အိပ်ရေးပျက်ကြရတယ်။

ဒီ လို နဲ့ တစ်နေ့မှာတော့ ကင်ဆာအဆင့်သုံး ဖြစ်ဘူးသူရဲ့ ညီနဲ့ကွမ်းယာဆိုင်မှာ တွေ့ စကားပြောမိတော့ ကင်ဆာဆေးနည်း ရပြီ သူအစ်ကိုက အိပ်ယာထဲလဲနေသည်အထိ ဝေဒနာကို ခံစားနေရသူသူ အစ်ကိုက အခုတော့ ကင်ဆာရောဂါ ပျောက်သွားပြီးလို့ သတင်းရပါပြီ ရေငတ်နေသူ ရေတွင်းထဲကျ ဆိုသလိုပါဘဲ။

ရှေ့ က လူ နာက လက် တွေ့ပျောက်ထားတယ်ဆိုတော့ အဲဒီဆေးကို ရချင်နေပြီးပေါ့ ခင်များအကိုက ဘယ်ဆေးသောက်လို့ ကင်ဆာရောဂါက ပျောက် သွားတာလည်းလို့ မေးလိုက်ပါတယ် သူကလည်း ပြောချင်နေသူ မို့ လွယ်လင့်တကူဘဲ ပြောပြပါတယ်

ဆေး နည်း ကတော့ လက်ခုတ်သီးနဲ့ စွန်လက်သဲမြစ် သွေးတိုက်တာပါတဲ့ ဆေးနဲ့တည့်ရင် အိပ်ပါလိမ့်မယ်လို့ ပြောလိုက်ပါသေးတယ် သူပြောတဲ့ ဆေးပစ္စည်းတွေကို ရှာပြီးတိုက်ပါတော့တယ်သူ ပြောတဲ့ အတိုင်းပါဘဲ ဆေးတိုက်တဲ့ညမှာ အိပ်ပါတော့တယ်။

အ ခါ တိုင်း မအိပ်ရသူ အခုတော့ အိပ်ပါပြီ နောက်နေ့ကြတော့ ကိုက်ခဲတဲ့ခန္ဓာကိုယ်ကလည်း မကိုက် တော့ပါ ဒီစာရေးတင်သောအချိန်မှာ လူနာကို ဆေးတိုက်တာ လေးရက်မြောက်ဘဲ ရှိပါသေးတယ်။ လူနာရဲ့အခြေအနေ ထူးခြား သက်သာမှုအပေါ်မှာ ဆက်လက်သတင်းပေး တင်ပြပါ့မယ် ကင်ဆာဝေဒနာကိုခံစားနေရသူများ ဆန္ဒရှိက အသုံးပြုနိုင်ရန် အတွက် စေတနာနဲ့ တင်ပြပေးချင်ပါ အောက်ပုံကတော့ လူနာနဲ့ သူ့ကိုတိုက်နေသော ဆေးပင် ဆေးမြစ်များပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:Pu Nya မူရင်းရေးသားသူ ယင်းမာပင်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top