20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ဗန္းေမာ္ဆရာေတာ္ၾကီး အား ဒကာတစ္ဦးမွ အရက္ေသစာႏွင့္ပတ္သက္၍ သူငယ္ခ်င္း ၂ ဦး အျငင္း အခံု ျဖစ္သျဖင့္ ေမးေလွ်ာက္ခြင့္ေတာင္း ရာ ဆရာေတာ္ က ခြင့္ျပဳေတာ္မူပါသည္. . .

“အရက္ေသစာကို ေရအျဖစ္နဲ႕ စိတ္က ျပဌာန္းေသာက္ရင္ အျပစ္ရွိမရွိဘူးဆိုၿပီး အျငင္းအခံုျဖစ္တာပါ ဘုရား ဆရာေတာ္ကပဲ ဆံုးျဖတ္ေပးေတာ္မူပါဘုရား . . ” ဟု ဒကာ ျဖစ္သူ က ေလွ်ာက္ထားပန္ၾကားအပ္ပါသည္. . .

ဆရာေတာ္ က. . . . “ဒကာ က ဘယ္ဘက္ကလဲ. . အျပစ္ရွိတဲ့ ဘက္ကလား ၊ အျပစ္မရွိတဲ့ဘက္ကလား . . ”

” အရက္ကို ေရ အျဖစ္နဲ႕ စိတ္က ျပဌာန္းၿပီး ေသာက္ရင္ အျပစ္မရွိဘူးလို႕ “တပည့္ေတာ္ ကထင္ေၾကာင္းပါဘုရား . . ဟုေလွ်ာက္ထားေလသည္. . . .

ဆရာေတာ္ က ” ဘာေၾကာင့္ ဒီလိုထင္ရသတံုးကြယ့္. . ဒကာ ”

ဒကာက ” စိတ္သာရွင္ေစာ ဘုရား ေဟာ၊ စိတ္သာ ပဓာန ဆိုတဲ့ စကားမ်ားရွိတယ္ မဟုတ္လား ဘုရား . . . ”

“ေကာင္းပါေလ့ကြယ္ ” ဟုေျပာၿပီး . . . . .

ဆရာေတာ္ မွ ဥပမာျဖင့္ရွင္းျပေလသည္. . .

“ေျမြေပြးတစ္ေကာင္ကို ျမက္ေလွ်ာ တစ္ေကာင္လို႕ အမွတ္ထားၿပီး အျမီးကို ကိုင္ရင္ ဘာျဖစ္မလဲကြယ္. . ”

“ေျမြေပြး က ေပါက္မွာပါ ဘုရား ”

“ကိုက္မိရင္ေရာ အဆိပ္မတက္ဘူးလား ”

“တက္မွာပါ ဘုရား ”

“အဲဒီတက္တဲ့ အဆိပ္ဟာ ဒကာၾကီး အမွတ္ထားတဲ့ ျမက္ေလွ်ာအဆိပ္ျဖစ္မလား ၊ ေျမြေပြးအဆိပ္ျဖစ္မလား . . ”

“ေျမြေပြး အဆိပ္ပဲ ျဖစ္မွာပါ ဆရာေတာ္. . ”

“ေျမြေပြးအဆိပ္ဆိုရင္ ေသႏိုင္မလား ၊ မေသႏိုင္ဘူးလား . . . .”

“ေသႏိုင္ပါတယ္ ဘုရား . . . ”

“အဆိပ္သတၱိကို စိတ္နဲ႕မွတ္ၿပီး ေလာင္းလို႕ရႏိုင္ပါ့မလား . . . ”

“မရႏိုင္ေၾကာင္းပါ. . ဘုရား ”

“ဒါဆို ေျမြေပြးဆိုတာ အဆိပ္တက္မွန္းသိရက္နဲ႕ ေျမြေပြးကို ျမက္ေလွ်ာဆိုၿပီး ကိုင္ရဲပါ့မလား ဒကာၾကီး . . . ”

“မကိုင္၀ံ့ပါဘူး ဘုရား . . . ”

“ဒီသေဘာပဲ ဒကာၾကီး အရက္ကို ေရအမွတ္နဲ႕ ေသာက္ေတာ့ အရက္ရဲ႕သတၱိျပမလား ၊ ေရရဲ႕ သတၱိျပမလား . . . ”

“အရက္ကို ေသာက္ရင္ အရက္သတၱိျပမွာပါ ဘုရား . . . ”

“အရက္သတၱိၿပရင္ မူးမလား ၊ မမူးဘူးလား . . . . ”

“မူးမွာပါ ဘုရား . . . . . ”

“မူးၿပီး . . . မသင့္မေလ်ာ္ မဖြယ္မရာေတြ ျဖစ္ေတာ့ အျပစ္ျဖစ္ေတာ့မေပ့ါ ဒီေတာ့ အရက္ကို ဘာအမွတ္နဲ႕ ေသာက္ေသာက္ အရက္ဟာ အရက္ပါပဲ . . အျပစ္ဟာ အျပစ္ပါ ပဲ ဒကာ. . . . ”

ဟု ဆရာေတာ္ က မိန္႕ေတာ္ မူေလသည္. . . .

ဖိုးသူေတာ္ (www.phothutaw.com)
Credit: (ဗန္းေမာ္ဆရာေတာ္ )

#Unicode Version# ျဖင့္ဖတ္ပါ ။

ဗန်းမော်ဆရာတော်ကြီး အား ဒကာတစ်ဦးမှ အရက်သေစာနှင့်ပတ်သက်၍ သူငယ်ချင်း ၂ ဦး အငြင်း အခုံ ဖြစ်သဖြင့် မေးလျှောက်ခွင့်တောင်း ရာ ဆရာတော် က ခွင့်ပြုတော်မူပါသည်. . .

“အရက်သေစာကို ရေအဖြစ်နဲ့ စိတ်က ပြဌာန်းသောက်ရင် အပြစ်ရှိမရှိဘူးဆိုပြီး အငြင်းအခုံဖြစ်တာပါ ဘုရား ဆရာတော်ကပဲ ဆုံးဖြတ်ပေးတော်မူပါဘုရား . . ” ဟု ဒကာ ဖြစ်သူ က လျှောက်ထားပန်ကြားအပ်ပါသည်. . .

ဆရာတော် က. . . . “ဒကာ က ဘယ်ဘက်ကလဲ. . အပြစ်ရှိတဲ့ ဘက်ကလား ၊ အပြစ်မရှိတဲ့ဘက်ကလား . . ”

” အရက်ကို ရေ အဖြစ်နဲ့ စိတ်က ပြဌာန်းပြီး သောက်ရင် အပြစ်မရှိဘူးလို့ “တပည့်တော် ကထင်ကြောင်းပါဘုရား . . ဟုလျှောက်ထားလေသည်. . . .

ဆရာတော် က ” ဘာကြောင့် ဒီလိုထင်ရသတုံးကွယ့်. . ဒကာ ”

ဒကာက ” စိတ်သာရှင်စော ဘုရား ဟော၊ စိတ်သာ ပဓာန ဆိုတဲ့ စကားများရှိတယ် မဟုတ်လား ဘုရား . . . ”

“ကောင်းပါလေ့ကွယ် ” ဟုပြောပြီး . . . . .

ဆရာတော် မှ ဥပမာဖြင့်ရှင်းပြလေသည်. . .

“မြွေပွေးတစ်ကောင်ကို မြက်လျှော တစ်ကောင်လို့ အမှတ်ထားပြီး အမြီးကို ကိုင်ရင် ဘာဖြစ်မလဲကွယ်. . ”

“မြွေပွေး က ပေါက်မှာပါ ဘုရား ”

“ကိုက်မိရင်ရော အဆိပ်မတက်ဘူးလား ”

“တက်မှာပါ ဘုရား ”

“အဲဒီတက်တဲ့ အဆိပ်ဟာ ဒကာကြီး အမှတ်ထားတဲ့ မြက်လျှောအဆိပ်ဖြစ်မလား ၊ မြွေပွေးအဆိပ်ဖြစ်မလား . . ”

“မြွေပွေး အဆိပ်ပဲ ဖြစ်မှာပါ ဆရာတော်. . ”

“မြွေပွေးအဆိပ်ဆိုရင် သေနိုင်မလား ၊ မသေနိုင်ဘူးလား . . . .”

“သေနိုင်ပါတယ် ဘုရား . . . ”

“အဆိပ်သတ္တိကို စိတ်နဲ့မှတ်ပြီး လောင်းလို့ရနိုင်ပါ့မလား . . . ”

“မရနိုင်ကြောင်းပါ. . ဘုရား ”

“ဒါဆို မြွေပွေးဆိုတာ အဆိပ်တက်မှန်းသိရက်နဲ့ မြွေပွေးကို မြက်လျှောဆိုပြီး ကိုင်ရဲပါ့မလား ဒကာကြီး . . . ”

“မကိုင်ဝံ့ပါဘူး ဘုရား . . . ”

“ဒီသဘောပဲ ဒကာကြီး အရက်ကို ရေအမှတ်နဲ့ သောက်တော့ အရက်ရဲ့သတ္တိပြမလား ၊ ရေရဲ့ သတ္တိပြမလား . . . ”

“အရက်ကို သောက်ရင် အရက်သတ္တိပြမှာပါ ဘုရား . . . ”

“အရက်သတ္တိပြရင် မူးမလား ၊ မမူးဘူးလား . . . . ”

“မူးမှာပါ ဘုရား . . . . . ”

“မူးပြီး . . . မသင့်မလျော် မဖွယ်မရာတွေ ဖြစ်တော့ အပြစ်ဖြစ်တော့မပေ့ါ ဒီတော့ အရက်ကို ဘာအမှတ်နဲ့ သောက်သောက် အရက်ဟာ အရက်ပါပဲ . . အပြစ်ဟာ အပြစ်ပါ ပဲ ဒကာ. . . . ”

ဟု ဆရာတော် က မိန့်တော် မူလေသည်. . . .

ဖိုးသူတော် (www.phothutaw.com)
Credit: (ဗန်းမော်ဆရာတော် )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top