မႏွစ္ကျပဳလုပ္တဲ့ ပထမအႀကိမ္ေဈးေရာင္းပြဲေတာ္တုန္းက သရက္သီးတစ္လုံး ၁၀ က်ပ္နဲ႕ ေရာင္းခ်ေပးခဲ့တာျဖစ္ပါတယ္။မႏၱေလးေတာင္ေျခ ကုသိုလ္ေတာ္ဘုရားအနီးက်င္းပလ်က္ရွိတဲ့ ဒုတိယအႀကိမ္ ျမန္မာ့သရက္သီးႏွင့္သရက္သီးတန္ဖိုးျမင့္ထုတ္ကုန္မ်ားေဈးေရာင္းပြဲေတာ္မွာ စိန္တစ္လုံးသရက္သီး တစ္လုံးကို ျမန္မာေငြက်ပ္ငါးဆယ္တန္တစ္႐ြက္ႏႈန္းနဲ႕ အထူးေရာင္းခ်ေပးသြားမွာျဖစ္တယ္လို႔သိရပါတယ္။

“အထူးအစီအစဥ္တစ္ရပ္အေနနဲ႕ စိန္တစ္လုံးသရက္သီးတစ္လုံးကို ျမန္မာေငြငါးဆယ္က်ပ္တန္တစ္႐ြက္နဲ႕ေရာင္းေပးသြားမွာပါ၊ မႏွစ္ကေတာ့ တစ္ဆယ္က်ပ္နဲ႕ေရာင္း တာပါ၊ ဒီႏွစ္ေတာ့ အေျခအေနအရ တစ္လုံးကိုငါးဆယ္က်ပ္တန္နဲ႕ေရာင္းေပးသြားပါမယ္၊ ငါးဆယ္က်ပ္တန္ပဲျဖစ္ရပါတယ္၊ မႏွစ္ကဒီပြဲဆင္ႏႊဲဖူးသူေတြေတာ့ သိၾကၿပီးသားပါ၊ ကြၽန္ေတာ္တို႔က ေရာင္းခ်လိဳ႕ရသမွ်ပိုက္ဆံေတြကို ဘုရားဆီပဲလႉတာပါ၊ ဒီႏွစ္လည္းဘုရားဆီပဲလႉမွာပါ” လို႔ ျမန္မာ့သရက္ေဈးကြက္ႏွင့္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္း အတြင္းေရးမႉ ဦးေက်ာ္စိုးနိုင္က Duwun ကိုေျပာပါတယ္။

ဒီကေန႕ေမလ (၁၆) ရက္ေန႕ကေန (၁၈) ရက္ေန႕အထိ ၃ ရက္က်င္းပမယ့္ပြဲေတာ္မွာ ပြဲေတာ္ရဲ႕ေနာက္ဆုံးရက္ (ေမလ ၁၈ ရက္) မနက္ပိုင္းကစလို႔ စိန္တစ္လုံးသရက္သီးအလုံးေရ ၄၀၀၀ ေက်ာ္အား ျမန္ မာေငြက်ပ္ငါးဆယ္တန္တစ္႐ြက္ႏႈန္းနဲ႕ေရာင္းခ်ေပးသြားမွာျဖစ္ၿပီး အဲဒီေန႕မွာပဲ သရက္သီးစတုဒီတာအျဖစ္ သရက္သီးအလုံးေရတစ္ေထာင္ေက်ာ္ေကြၽးေမြးဧည့္ခံသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“ အလုံးေရေလးေထာင္ေက်ာ္ေလာက္ေရာင္းေပးဖို႔ျပင္ဆင္ထားပါတယ္၊ ေနာက္တစ္ခုက အဲဒီေန႕က ကဆုန္လျပည့္ေန႕လည္းက်ေတာ့ စတုဒီတာေကြၽးမယ့္အစီအစဥ္တစ္ခုပါ ကြၽန္ေတာ္တို႔ကထည့္သြင္းလိုက္ပါတယ္၊ သရက္သီးအလုံးတစ္ေထာင္ေလာက္ရွိမယ္ တစ္ေထာင္ေက်ာ္သြားရင္လည္းေက်ာ္သြားမွာေပါ့ အလႉရွင္ေတြထြက္လာတဲ့အေလွ်ာက္ လႉဒါန္းသြားမွာပါ” လို႔လည္း ဦးေက်ာ္စိုးနိုင္ကေျပာပါတယ္။ဒုတိယအႀကိမ္ ျမန္မာ့သရက္သီးႏွင့္သရက္သီးတန္ဖိုးျမင့္ထုတ္ကုန္မ်ားေဈးေရာင္းပြဲေတာ္မွာ သရက္သီးအမ်ိဳးေပါင္း ၈၀ ေက်ာ္အား ဆိုင္ခန္းေပါင္း ၅၀ ခန႔္နဲ႕ခင္းက်င္းျပသေရာင္းခ်ေပးသြားမွာျဖစ္ၿပီး ျမန္မာ့သရက္သီးေဈးကြက္ ပိုမိုက်ယ္ျပန႔္ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ရည္႐ြယ္က်င္းပတာျဖစ္တယ္လို႔သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version# ျဖင့္ဖတ္ပါ ။

မနှစ်ကပြုလုပ်တဲ့ ပထမအကြိမ်ဈေးရောင်းပွဲတော်တုန်းက သရက်သီးတစ်လုံး ၁၀ ကျပ်နဲ့ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။မန္တလေးတောင်ခြေ ကုသိုလ်တော်ဘုရားအနီးကျင်းပလျက်ရှိတဲ့ ဒုတိယအကြိမ် မြန်မာ့သရက်သီးနှင့်သရက်သီးတန်ဖိုးမြင့်ထုတ်ကုန်များဈေးရောင်းပွဲတော်မှာ စိန်တစ်လုံးသရက်သီး တစ်လုံးကို မြန်မာငွေကျပ်ငါးဆယ်တန်တစ်ရွက်နှုန်းနဲ့ အထူးရောင်းချပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

“အထူးအစီအစဉ်တစ်ရပ်အနေနဲ့ စိန်တစ်လုံးသရက်သီးတစ်လုံးကို မြန်မာငွေငါးဆယ်ကျပ်တန်တစ်ရွက်နဲ့ရောင်းပေးသွားမှာပါ၊ မနှစ်ကတော့ တစ်ဆယ်ကျပ်နဲ့ရောင်း တာပါ၊ ဒီနှစ်တော့ အခြေအနေအရ တစ်လုံးကိုငါးဆယ်ကျပ်တန်နဲ့ရောင်းပေးသွားပါမယ်၊ ငါးဆယ်ကျပ်တန်ပဲဖြစ်ရပါတယ်၊ မနှစ်ကဒီပွဲဆင်နွှဲဖူးသူတွေတော့ သိကြပြီးသားပါ၊ ကျွန်တော်တို့က ရောင်းချလို့ရသမျှပိုက်ဆံတွေကို ဘုရားဆီပဲလှူတာပါ၊ ဒီနှစ်လည်းဘုရားဆီပဲလှူမှာပါ” လို့ မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်း အတွင်းရေးမှူ ဦးကျော်စိုးနိုင်က Duwun ကိုပြောပါတယ်။

ဒီကနေ့မေလ (၁၆) ရက်နေ့ကနေ (၁၈) ရက်နေ့အထိ ၃ ရက်ကျင်းပမယ့်ပွဲတော်မှာ ပွဲတော်ရဲ့နောက်ဆုံးရက် (မေလ ၁၈ ရက်) မနက်ပိုင်းကစလို့ စိန်တစ်လုံးသရက်သီးအလုံးရေ ၄၀၀၀ ကျော်အား မြန် မာငွေကျပ်ငါးဆယ်တန်တစ်ရွက်နှုန်းနဲ့ရောင်းချပေးသွားမှာဖြစ်ပြီး အဲဒီနေ့မှာပဲ သရက်သီးစတုဒီတာအဖြစ် သရက်သီးအလုံးရေတစ်ထောင်ကျော်ကျွေးမွေးဧည့်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ အလုံးရေလေးထောင်ကျော်လောက်ရောင်းပေးဖို့ပြင်ဆင်ထားပါတယ်၊ နောက်တစ်ခုက အဲဒီနေ့က ကဆုန်လပြည့်နေ့လည်းကျတော့ စတုဒီတာကျွေးမယ့်အစီအစဉ်တစ်ခုပါ ကျွန်တော်တို့ကထည့်သွင်းလိုက်ပါတယ်၊ သရက်သီးအလုံးတစ်ထောင်လောက်ရှိမယ် တစ်ထောင်ကျော်သွားရင်လည်းကျော်သွားမှာပေါ့ အလှူရှင်တွေထွက်လာတဲ့အလျှောက် လှူဒါန်းသွားမှာပါ” လို့လည်း ဦးကျော်စိုးနိုင်ကပြောပါတယ်။ဒုတိယအကြိမ် မြန်မာ့သရက်သီးနှင့်သရက်သီးတန်ဖိုးမြင့်ထုတ်ကုန်များဈေးရောင်းပွဲတော်မှာ သရက်သီးအမျိုးပေါင်း ၈၀ ကျော်အား ဆိုင်ခန်းပေါင်း ၅၀ ခန့်နဲ့ခင်းကျင်းပြသရောင်းချပေးသွားမှာဖြစ်ပြီး မြန်မာ့သရက်သီးဈေးကွက် ပိုမိုကျယ်ပြန့်ဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top