လူပ်ိဳစတင္ျဖစ္တဲ့ အရြယ္ဆိုတာ ကေလးေတြအတြက္ေတာ့ ၾကီးမားတဲ့ ေျပာင္းလဲမႈပံုစံကို စတင္ေတြ႔ရတာပါပဲ။ ကိုယ္ခႏၶာက ၾကီးထြားလာတယ္။ အသံေတြက ခပ္ၾသၾသျဖစ္လာတယ္။ ကေလးတုန္းကလို မဟုတ္ေတာ့ဘဲ ပိုသန္စြမ္းလာတယ္။ လိင္အဂၤါေတြ ဖြံ႕ျဖိဳးလာမယ္။ လိင္စိတ္ေတြ စတင္ျဖစ္လာမယ္။ မိဘေတြ သတိမထားလိုက္ခင္မွာပဲ ကိုယ့္သားေလးကေယာက္်ားငယ္ေလးအျဖစ္ စတင္ေျပာင္းလဲတဲ့ အရြယ္ျဖစ္ေနပါျပီ။

ဘယ္အသက္အရြယ္မွာ လူပ်ိဳေဖာ္စဝင္လဲ။

မိန္းကေလးေတြနဲ႔ ယွဥ္လိုက္ရင္ေတာ့ ေယာက္်ားေလးေတြ လူပ်ိဳစျဖစ္တဲ့အသက္က နည္းနည္းေနာက္က်ပါတယ္။ ပံုမွန္အားျဖင့္ အေစာဆံုး အသက္ ၉ ႏွစ္၊ ေနာက္အက်ဆံုး အသက္ ၁၄ ႏွစ္အရြယ္မွာ လူပ်ိဳစတင္ျဖစ္ပါတယ္။ တခ်ိဳ႕ေယာက္်ားေလးေတြမွာ ကိုယ္ခႏၶာနဲ႔ ရုပ္ပိုင္းဆိုင္ရာ ေျပာင္းလဲမႈဟာ ပိုျပီးျမန္ေနတတ္ပါတယ္။

မိဘေတြအေနနဲ႔ သတိမထားမိေပမဲ့ ကိုယ့္ကေလးကေတာ့ ေရခ်ိဳးေနတဲ့အခ်ိန္၊ အဝတ္လဲေနတဲ့အခ်ိန္ဆိုရင္ ဒီေျပာင္းလဲမႈေတြကို ေတြ႔ေနမွာပါ။ ဒီေျပာင္းလဲမႈေတြနဲ႔ ပတ္သက္ျပီး စိတ္ထဲမွာ ဘယ္သူမွ မသိေစလိုတဲ့ စိုးရိမ္မႈေတြ၊ ရွက္ရြံ႕စိတ္ေတြ ျဖစ္ေနတတ္တာလည္း သဘာဝပါပဲ။
လူပ်ိဳေဖာ္ဝင္ကာစ ဘာေတြေျပာင္းလဲသြားမလဲ။

၁။ ကိုယ္ခႏၶာပံုစံ

အျပင္ဘက္က ၾကည့္ရင္ေတာ့ ကိုယ့္သားက လူေကာင္ၾကီးလာတယ္၊ ထြားလာတယ္လို႔ ထင္ရပါတယ္။ ဒီလိုမျဖစ္ခင္ေလးမွာ ကိုယ္အေလးခ်ိန္က နည္းနည္းတက္သြားျပီး လက္ေမာင္းနဲ႔ ေျခသလံုးေတြမွာ ပိုျပီး ၾကီးလာပါတယ္။

အသက္ ၁၅ ႏွစ္ဝန္းက်င္မွာ ပုခံုးေတြက ေဘးဘက္ကို က်ယ္ျပန္႔သြားမယ္။ အရပ္ပိုရွည္လာမယ္။ ၾကြက္သားေတြ ပိုသန္မာျပီး အခ်ိဳးက်လာမယ္။ အရင္ကထက္ ပိုသန္စြမ္းလာတဲ့အတြက္ ေလ့က်င့္ခန္းလုပ္တဲ့အခါ အရင္ကထက္ ပိုျပီး ျပင္းျပင္းထန္ထန္ လုပ္ႏိုင္လာပါျပီ။

၂။ ကိုယ္နံ႔

ဒါကေတာ့ ေယာက္်ားေလးေတြ ေတာ္ေတာ္မ်ားမ်ား စိတ္ကသိကေအာက္ ျဖစ္ရတဲ့ ေျပာင္းလဲမႈပါ။ ေယာက္်ားေလးေတြဟာ မိန္းကေလးေတြထက္ ပိုေခၽြးထြက္ျပီး ေခၽြးနံ႔ကလည္း ပိုျပင္းႏိုင္ပါတယ္။ ဒီအတြက္ေၾကာင့္ အရင္ကလို ေရမခ်ိဳး၊ တစ္ကိုယ္ေရ သန္႔ရွင္းမႈနည္းလာျပီဆိုတာနဲ႔ ခႏၶာကိုယ္ကေန မေကာင္းတဲ့ အနံ႔အသက္ေတြ ခ်က္ခ်င္းထြက္လာတာကို သတိထားမိမွာပါ။

၃။ ဝက္ျခံ

ဆယ္ေက်ာ္သက္အရြယ္ကေန စျဖစ္လိုက္တဲ့ ဝက္ျခံဆိုတာ လူလတ္ပိုင္းအရြယ္ထိကို စိတ္အေႏွာင့္အယွက္ေပးေနတဲ့ ျပႆနာတစ္ခုပါ။ ကေလးအရြယ္ကထက္ ေခၽြးေတြကလည္း ပိုထြက္လာတယ္၊ မ်က္ႏွာက အဆီေတြျပန္ျပီး ေခၽြးေပါက္ေတြ က်ယ္လာတယ္။

ဒီေခၽြးေပါက္ေတြၾကားထဲ အဆီ၊ ဖုန္မႈန္႔ေတြ ပိတ္မိရာကေန ဝက္ျခံေတြက အဆက္မျပတ္ကို ေပါက္လာေတာ့တာေပါ့။ လူပ်ိဳျဖစ္စမွာ က်ားေဟာ္မုန္း အဆမတန္ မ်ားလာတဲ့အတြက္လည္း ဝက္ျခံက အျပြတ္လိုက္ ေပါက္လာတတ္ပါတယ္။

၄။ လိင္အဂၤါတစ္ဝိုက္

စစခ်င္းမွာ ဆီးခံုေမြးေတြ ထူထပ္စြာ ေပါက္လာမယ္။ ေဝွးေစ့က ပိုၾကီးလာျပီး ကပၸယ္အိတ္က ေအာက္က တြဲက်လာမယ္။ လိင္တံရဲ႕ အရွည္နဲ႔ လံုးပတ္ဟာလည္း ျဖည္းျဖည္းခ်င္းၾကီးလာမယ္။ လိင္တံက ေကာင္းစြာ ေထာင္မတ္ျပီး သုက္ရည္လည္း စတင္ထြက္ေနပါျပီ။ လိင္တံအရြယ္အစားဟာ လူပ်ိဳျဖစ္ကာစ အသက္ ၁၈ႏွစ္အထိ ေတာက္ေလွ်ာက္ၾကီးထြားမွာျဖစ္ျပီး အဲ့ေနာက္ပိုင္းမွာေတာ့ ၾကီးထြားမႈရပ္သြားမွာပါ။

၅။ လိင္တံေထာင္မတ္ျခင္းနဲ႔ သုက္လႊတ္ျခင္း

လူပ်ိဳျဖစ္ကာစအရြယ္မွာ က်ားေဟာ္မုန္းပမာဏ လြန္စြာျမင့္တက္လာတဲ့အတြက္ မၾကာခဏ လိင္တံေထာင္မတ္တာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ အိပ္ေနစဥ္မွာလည္း လိင္တံေထာင္မတ္ျပီး သုက္လႊတ္ျခင္း (Wet Dreams) ျဖစ္ႏိုင္ပါတယ္။

၆။ အသံေျပာင္းလဲမႈ

ၾကီးထြားမႈျဖစ္စဥ္ ေႏွးလာတဲ့အခ်ိန္၊ အသက္ ၁၈ႏွစ္ မျပည့္ခင္မွာ အသံေျပာင္းလဲမႈေတြ စတင္ျဖစ္လာပါတယ္။ အသံရဲ႕ အတိုးအက်ယ္ကို ထိန္းညွိေပးတဲ့ အသံအိုးကလည္း ၾကီးလာတဲ့အတြက္ အသံက ၾသၾသၾကီးျဖစ္လာမယ္။ ကေလးတုန္းကလို အသံမဟုတ္ေတာ့ဘဲ လူၾကီးတစ္ေယာက္ ေလသံအျဖစ္ ေျပာင္းလဲသြားႏိုင္ပါတယ္။

၇။ စိတ္ခံစားခ်က္ အေျပာင္းအလဲျမန္ျခင္း

ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ဆယ္ေက်ာ္သက္ေယာက္်ားေလးေတြရဲ႕ စိတ္မွာ ေျပာင္းလဲမႈေတြ မ်ားစြာ ျဖစ္ေနႏိုင္ပါတယ္။ ကေလးဘဝကထက္ ပိုျပီး စိတ္ခံစားလြယ္တာ၊ အထီးက်န္တာ၊ ဝမ္းနည္း၊ စိတ္ဆိုး၊ ေဒါသထြက္လြယ္တာေတြ ပိုျဖစ္တတ္ပါတယ္။
ဒီအေၾကာင္းနဲ႔ပတ္သက္ျပီး ကေလးနဲ႔ ဘယ္လိုတိုင္ပင္ၾကမလဲ။

ဆယ္ေက်ာ္သက္အရြယ္ေရာက္လာျပီ ျဖစ္တာေၾကာင့္ ကေလးေတြက အရင္ကလို လူၾကီးေတြနဲ႔ အျမဲတိုင္ပင္စကားေျပာေနေတာ့မွာ မဟုတ္ပါဘူး။ ဒီလိုအခ်ိန္မွာ အတင္းအၾကပ္လုပ္ယူတာထက္ သူတို႔အတြက္ စိတ္ပိုင္းဆိုင္ရာ အားေပးမႈေတြ၊ သူတို႔ စိတ္အားထက္သန္တဲ့ အေၾကာင္းအရာေလးေတြကို အျမဲေျပာေပးပါ။ မိသားစုအတူ ထမင္းလက္စံုစားေနတဲ့အခ်ိန္ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ စကားေျပာပါ။ သူတို႔အေနနဲ႔ မိဘေတြနဲ႔ စကားေျပာရတာ စိတ္ထဲသက္ေတာင့္သက္သာျဖစ္တယ္လို႔ ခံစားရျပီဆိုရင္ ခံစားေနရတဲ့ ျပႆနာေတြကို ဖြင့္ေျပာျပပါလိမ့္မယ္။

လူပ်ိဳေဖာ္ဝင္တာ ေနာက္က်ျခင္းနဲ႔ ပတ္သက္ျပီး စိုးရိမ္စရာလိုအပ္လား။

အသက္ ၁၄ႏွစ္ျပည့္တဲ့အခ်ိန္မွာေတာင္ သားေလးက ကိုယ္ခႏၶာမွာ ေျပာင္းလဲမႈေတြ ျဖစ္မလာဘူး၊ လိိင္အဂၤါၾကီးထြားမလာဘူးဆိုရင္ေတာ့ မိဘေတြအေနနဲ႔ အနည္းငယ္စိုးရိမ္စိတ္ ျဖစ္မိမွာပါ။ ဒီျဖစ္စဥ္က အျဖစ္နည္းေပမယ့္ ေနာက္ပိုင္းမွာ လူပ်ိဳေဖာ္ဝင္လာတဲ့အခ်ိန္က်ရင္ သူ႔အလိုလို ၾကီးထြားဖြံ႔ျဖိဳးလာမွာျဖစ္တဲ့အတြက္ သိပ္ျပီး စိတ္ပူဖို႔ေတာ့ မလိုပါဘူး။

တခ်ိဳ႕ေယာက္်ားေလးေတြမွာ လူပ်ိဳျဖစ္တာ ေနာက္က်တဲ့အတြက္ အသက္ ၁၆ ႏွစ္ေနာက္ပိုင္းမွာေတာင္ ၾကီးထြားေနတုန္းပါပဲ။ တျခားရြယ္တူကေလးေတြနဲ႔ ယွဥ္လိုက္ရင္ေတာ့ လူေကာင္ေသးညွက္ေနမယ္လို႔ ထင္ရေပမယ့္ အခ်ိန္တန္ရင္ သူ႔ဟာနဲ႔သူ ရွိသင့္ရွိထိုက္တဲ့ ကိုယ္ခႏၶာအခ်ိဳးအစား ရလာမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


လူပျိုစတင်ဖြစ်တဲ့ အရွယ်ဆိုတာ ကလေးတွေအတွက်တော့ ကြီးမားတဲ့ ပြောင်းလဲမှုပုံစံကို စတင်တွေ့ရတာပါပဲ။ ကိုယ်ခန္ဓာက ကြီးထွားလာတယ်။ အသံတွေက ခပ်သြသြဖြစ်လာတယ်။ ကလေးတုန်းကလို မဟုတ်တော့ဘဲ ပိုသန်စွမ်းလာတယ်။ လိင်အင်္ဂါတွေ ဖွံ့ဖြိုးလာမယ်။ လိင်စိတ်တွေ စတင်ဖြစ်လာမယ်။ မိဘတွေ သတိမထားလိုက်ခင်မှာပဲ ကိုယ့်သားလေးကယောက်ျားငယ်လေးအဖြစ် စတင်ပြောင်းလဲတဲ့ အရွယ်ဖြစ်နေပါပြီ။

ဘယ်အသက်အရွယ်မှာ လူပျိုဖော်စဝင်လဲ။

မိန်းကလေးတွေနဲ့ ယှဉ်လိုက်ရင်တော့ ယောက်ျားလေးတွေ လူပျိုစဖြစ်တဲ့အသက်က နည်းနည်းနောက်ကျပါတယ်။ ပုံမှန်အားဖြင့် အစောဆုံး အသက် ၉ နှစ်၊ နောက်အကျဆုံး အသက် ၁၄ နှစ်အရွယ်မှာ လူပျိုစတင်ဖြစ်ပါတယ်။ တချို့ယောက်ျားလေးတွေမှာ ကိုယ်ခန္ဓာနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဟာ ပိုပြီးမြန်နေတတ်ပါတယ်။

မိဘတွေအနေနဲ့ သတိမထားမိပေမဲ့ ကိုယ့်ကလေးကတော့ ရေချိုးနေတဲ့အချိန်၊ အဝတ်လဲနေတဲ့အချိန်ဆိုရင် ဒီပြောင်းလဲမှုတွေကို တွေ့နေမှာပါ။ ဒီပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး စိတ်ထဲမှာ ဘယ်သူမှ မသိစေလိုတဲ့ စိုးရိမ်မှုတွေ၊ ရှက်ရွံ့စိတ်တွေ ဖြစ်နေတတ်တာလည်း သဘာဝပါပဲ။
လူပျိုဖော်ဝင်ကာစ ဘာတွေပြောင်းလဲသွားမလဲ။

၁။ ကိုယ်ခန္ဓာပုံစံ

အပြင်ဘက်က ကြည့်ရင်တော့ ကိုယ့်သားက လူကောင်ကြီးလာတယ်၊ ထွားလာတယ်လို့ ထင်ရပါတယ်။ ဒီလိုမဖြစ်ခင်လေးမှာ ကိုယ်အလေးချိန်က နည်းနည်းတက်သွားပြီး လက်မောင်းနဲ့ ခြေသလုံးတွေမှာ ပိုပြီး ကြီးလာပါတယ်။

အသက် ၁၅ နှစ်ဝန်းကျင်မှာ ပုခုံးတွေက ဘေးဘက်ကို ကျယ်ပြန့်သွားမယ်။ အရပ်ပိုရှည်လာမယ်။ ကြွက်သားတွေ ပိုသန်မာပြီး အချိုးကျလာမယ်။ အရင်ကထက် ပိုသန်စွမ်းလာတဲ့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါ အရင်ကထက် ပိုပြီး ပြင်းပြင်းထန်ထန် လုပ်နိုင်လာပါပြီ။

၂။ ကိုယ်နံ့

ဒါကတော့ ယောက်ျားလေးတွေ တော်တော်များများ စိတ်ကသိကအောက် ဖြစ်ရတဲ့ ပြောင်းလဲမှုပါ။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေထက် ပိုချွေးထွက်ပြီး ချွေးနံ့ကလည်း ပိုပြင်းနိုင်ပါတယ်။ ဒီအတွက်ကြောင့် အရင်ကလို ရေမချိုး၊ တစ်ကိုယ်ရေ သန့်ရှင်းမှုနည်းလာပြီဆိုတာနဲ့ ခန္ဓာကိုယ်ကနေ မကောင်းတဲ့ အနံ့အသက်တွေ ချက်ချင်းထွက်လာတာကို သတိထားမိမှာပါ။

၃။ ဝက်ခြံ

ဆယ်ကျော်သက်အရွယ်ကနေ စဖြစ်လိုက်တဲ့ ဝက်ခြံဆိုတာ လူလတ်ပိုင်းအရွယ်ထိကို စိတ်အနှောင့်အယှက်ပေးနေတဲ့ ပြဿနာတစ်ခုပါ။ ကလေးအရွယ်ကထက် ချွေးတွေကလည်း ပိုထွက်လာတယ်၊ မျက်နှာက အဆီတွေပြန်ပြီး ချွေးပေါက်တွေ ကျယ်လာတယ်။

ဒီချွေးပေါက်တွေကြားထဲ အဆီ၊ ဖုန်မှုန့်တွေ ပိတ်မိရာကနေ ဝက်ခြံတွေက အဆက်မပြတ်ကို ပေါက်လာတော့တာပေါ့။ လူပျိုဖြစ်စမှာ ကျားဟော်မုန်း အဆမတန် များလာတဲ့အတွက်လည်း ဝက်ခြံက အပြွတ်လိုက် ပေါက်လာတတ်ပါတယ်။

၄။ လိင်အင်္ဂါတစ်ဝိုက်

စစချင်းမှာ ဆီးခုံမွေးတွေ ထူထပ်စွာ ပေါက်လာမယ်။ ဝှေးစေ့က ပိုကြီးလာပြီး ကပ္ပယ်အိတ်က အောက်က တွဲကျလာမယ်။ လိင်တံရဲ့ အရှည်နဲ့ လုံးပတ်ဟာလည်း ဖြည်းဖြည်းချင်းကြီးလာမယ်။ လိင်တံက ကောင်းစွာ ထောင်မတ်ပြီး သုက်ရည်လည်း စတင်ထွက်နေပါပြီ။ လိင်တံအရွယ်အစားဟာ လူပျိုဖြစ်ကာစ အသက် ၁၈နှစ်အထိ တောက်လျှောက်ကြီးထွားမှာဖြစ်ပြီး အဲ့နောက်ပိုင်းမှာတော့ ကြီးထွားမှုရပ်သွားမှာပါ။

၅။ လိင်တံထောင်မတ်ခြင်းနဲ့ သုက်လွှတ်ခြင်း

လူပျိုဖြစ်ကာစအရွယ်မှာ ကျားဟော်မုန်းပမာဏ လွန်စွာမြင့်တက်လာတဲ့အတွက် မကြာခဏ လိင်တံထောင်မတ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ အိပ်နေစဉ်မှာလည်း လိင်တံထောင်မတ်ပြီး သုက်လွှတ်ခြင်း (Wet Dreams) ဖြစ်နိုင်ပါတယ်။

၆။ အသံပြောင်းလဲမှု

ကြီးထွားမှုဖြစ်စဉ် နှေးလာတဲ့အချိန်၊ အသက် ၁၈နှစ် မပြည့်ခင်မှာ အသံပြောင်းလဲမှုတွေ စတင်ဖြစ်လာပါတယ်။ အသံရဲ့ အတိုးအကျယ်ကို ထိန်းညှိပေးတဲ့ အသံအိုးကလည်း ကြီးလာတဲ့အတွက် အသံက သြသြကြီးဖြစ်လာမယ်။ ကလေးတုန်းကလို အသံမဟုတ်တော့ဘဲ လူကြီးတစ်ယောက် လေသံအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။

၇။ စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း

ဟော်မုန်းအပြောင်းအလဲကြောင့် ဆယ်ကျော်သက်ယောက်ျားလေးတွေရဲ့ စိတ်မှာ ပြောင်းလဲမှုတွေ များစွာ ဖြစ်နေနိုင်ပါတယ်။ ကလေးဘဝကထက် ပိုပြီး စိတ်ခံစားလွယ်တာ၊ အထီးကျန်တာ၊ ဝမ်းနည်း၊ စိတ်ဆိုး၊ ဒေါသထွက်လွယ်တာတွေ ပိုဖြစ်တတ်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး ကလေးနဲ့ ဘယ်လိုတိုင်ပင်ကြမလဲ။

ဆယ်ကျော်သက်အရွယ်ရောက်လာပြီ ဖြစ်တာကြောင့် ကလေးတွေက အရင်ကလို လူကြီးတွေနဲ့ အမြဲတိုင်ပင်စကားပြောနေတော့မှာ မဟုတ်ပါဘူး။ ဒီလိုအချိန်မှာ အတင်းအကြပ်လုပ်ယူတာထက် သူတို့အတွက် စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ၊ သူတို့ စိတ်အားထက်သန်တဲ့ အကြောင်းအရာလေးတွေကို အမြဲပြောပေးပါ။ မိသားစုအတူ ထမင်းလက်စုံစားနေတဲ့အချိန် ပျော်ပျော်ရွှင်ရွှင် စကားပြောပါ။ သူတို့အနေနဲ့ မိဘတွေနဲ့ စကားပြောရတာ စိတ်ထဲသက်တောင့်သက်သာဖြစ်တယ်လို့ ခံစားရပြီဆိုရင် ခံစားနေရတဲ့ ပြဿနာတွေကို ဖွင့်ပြောပြပါလိမ့်မယ်။

လူပျိုဖော်ဝင်တာ နောက်ကျခြင်းနဲ့ ပတ်သက်ပြီး စိုးရိမ်စရာလိုအပ်လား။

အသက် ၁၄နှစ်ပြည့်တဲ့အချိန်မှာတောင် သားလေးက ကိုယ်ခန္ဓာမှာ ပြောင်းလဲမှုတွေ ဖြစ်မလာဘူး၊ လိင်အင်္ဂါကြီးထွားမလာဘူးဆိုရင်တော့ မိဘတွေအနေနဲ့ အနည်းငယ်စိုးရိမ်စိတ် ဖြစ်မိမှာပါ။ ဒီဖြစ်စဉ်က အဖြစ်နည်းပေမယ့် နောက်ပိုင်းမှာ လူပျိုဖော်ဝင်လာတဲ့အချိန်ကျရင် သူ့အလိုလို ကြီးထွားဖွံ့ဖြိုးလာမှာဖြစ်တဲ့အတွက် သိပ်ပြီး စိတ်ပူဖို့တော့ မလိုပါဘူး။

တချို့ယောက်ျားလေးတွေမှာ လူပျိုဖြစ်တာ နောက်ကျတဲ့အတွက် အသက် ၁၆ နှစ်နောက်ပိုင်းမှာတောင် ကြီးထွားနေတုန်းပါပဲ။ တခြားရွယ်တူကလေးတွေနဲ့ ယှဉ်လိုက်ရင်တော့ လူကောင်သေးညှက်နေမယ်လို့ ထင်ရပေမယ့် အချိန်တန်ရင် သူ့ဟာနဲ့သူ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ခန္ဓာအချိုးအစား ရလာမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top