တစ္ေန႔သ၌ ကြၽန္ုပ္ထံသို႔ ကြၽန္ုပ္၏ မိတ္ေဆြ တစ္ဦး ေရာက္ရွိလာေလ၏။ မိတ္ေဆြဟု ဆိုေသာ္လည္း ကြၽန္ုပ္ထက္ အသက္အ႐ြယ္အားျဖင့္ ငယ္ၿပီး ကြၽန္ုပ္၏ ညီႏွင့္မွ ႐ြယ္တူခန္႔ရွိေသာေၾကာင့္ ကြၽန္ုပ္သည္ ၎အား ကြၽန္ုပ္၏ ညီတစ္ဦးကဲ့သို႔ ဆက္ဆံ ေျပာဆိုေလ့ရွိ၏။ ထိုသူသည္ ကြၽန္ုပ္ကို ျမင္လွ်င္-

“ဒီကေန႔ ဆရာ အားတယ္ဆိုရင္ ဆရာနဲ႔ ေအးေအးေဆးေဆး စကားေျပာမယ္။ သိခ်င္တာေတြ လည္း ဆရာ့ကို ေမးမယ္ဆိုၿပီး လာခဲ့တာပဲဆရာ။ ဆရာေရးတဲ့ စာေတြကိုလည္း အခုတေလာ ေတာ္ေတာ္ဖတ္ရတယ္။ စိတ္တန္ခိုးအေၾကာင္းေတြ ဆရာ ေတာ္ေတာ္ေရးျဖစ္တာပဲ။ အဲဒီအေၾကာင္းေတြကိုပဲ ေမးမလို႔”ဟု ေျပာေလ၏။

“ဟ ေမာင္ေဌးေမာ္ရ …မင္းက ဘာေတြမ်ား သိခ်င္လို႔လဲ”ဟု ကြၽန္ုပ္က ျပန္၍ ေမးလိုက္ လွ်င္ ၎က –

“စိတ္ရဲ႕ အစြမ္းသတၱိနဲ႔ ဘဝမွာ လိုအပ္တာ ေတြကို ဖန္တီးယူလို႔ရတယ္ဆိုတာ ဟုတ္သလား ဆရာ”ဟု ေမးေလ၏။

“မင္းကိုငါ နမူနာတစ္ခုေျပာျပမယ္၊ မဒန္ အယ္လက္ဇျႏၵားေဒးဗစ္ဆိုတဲ့ မိန္းတစ္ေယာက္ဟာ တိဗက္ကိုသြားၿပီး သီလရွင္ဝတ္တာကြ၊ တိဗက္မွာက ဘုန္းႀကီးကို လားမားလို႔ေခၚတယ္ မဟုတ္လား။ သီလရွင္ကို ဂ်က္ဇူးမားလို႔ ေခၚတယ္။ ဂ်က္ဇူးမားအျဖစ္နဲ႔ အင္မတန္ေခါင္တဲ့ေနရာမွာ တစ္ေယာက္ တည္း ေနရမွာဆိုေတာ့ သူ႔အေနနဲ႔ အေဖာ္လိုတယ္ကြ၊ အဲဒါေၾကာင့္ သူ႔ကိုထမင္းခ်က္ ေပးဖို႔ ထင္းေခြ ေပးဖို႔၊ ေရခပ္ေပးဖို႔ ကိုရင္ေလးတစ္ပါးကို သူ႔ရဲ႕ စိတ္တန္ခိုးနဲ႔ ဖန္ဆင္းယူတယ္ကြ၊ ကိုရင္ေလးက ဝ၀ေလး မ်က္ႏွာကေလးကလည္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေနတတ္တဲ့ ပုံစံေလးကြ၊ အဲဒီလို ဖန္ဆင္းၿပီး ကိုရင္ ေလးကို ခိုင္းေတာ့တာပဲ။ ကိုရင္ေလးဟာ တကယ္ လူသားအစစ္ အျဖစ္နဲ႔ သူ႔ကို ေရခပ္ေပးတယ္၊ ထင္းေခြေပးတယ္။ ထမင္းခ်က္ေပးရတယ္။

သူ အဲဒီမွာ တိဗက္ သီလရွင္သင္တန္း တက္တယ္။ ၿပီးေတာ့ ျပန္လာတယ္ေပါ့ဗ်ာ။ ျပန္လာေတာ့လည္း ကိုရင္ေလးကို ဖ်က္ပစ္ခဲ့ရမယ္။ ဘာျဖစ္လို႔လဲဆို ေတာ့ အဲဒီကိုရင္ေလးဟာ ေလာကမွာ တကယ္ မရွိတဲ့ သတၱဝါေလကြာ၊ သူရပ္တည္ေနလို႔ မျဖစ္ဘူး။ ဖန္ဆင္းတုန္းက ေျခာက္လပဲ ၾကာတယ္ကြာ၊ ျပန္ ဖ်က္ပစ္ေတာ့ ကိုးႏွစ္ၾကာတယ္လို႔ ငါစာေတြမွာ ဖတ္ဖူးတယ္။ အဲဒီေတာ့ ဓာတ္တန္ခိုးနဲ႔ မရွိတဲ့လူ ေတာင္ ဖန္ဆင္းလို႔ရတာပဲကြာ”

ဟု ကြၽန္ုပ္က ေျပာလိုက္လွ်င္ ေမာင္ေဌးေမာ္က – “အဲဒီအမ်ိဳးသမီးႀကီးက ဘယ္လိုနည္းနဲ႔ ဖန္ဆင္းယူတာလဲ”

ဟုေမးလိုက္ရာ – “အေနာက္တိုင္းက ေလာကီပညာရွင္ တစ္ ေယာက္ျဖစ္တဲ့ ရီဆင္းပီဂ်ရပင္ဆိုတဲ့သူကေတာ့ စိတ္တန္ခိုးနဲ႔ ဖန္ဆင္းတဲ့ကိစၥေတြကို ဖိုတိုေဖာင္ (Photo Form)လို႔သုံးတယ္။ ဖိုတိုေဖာင္ဆိုတဲ့ စကားကို မႀကိဳက္လို႔ “မေနာမယဓာတ္ကူးစာ”လို႔ေျပာင္းၿပီး သုံးထားတယ္”ဟု ကြၽန္ုပ္က ေျပာလိုက္ေလ၏။

အိမ္/ကားရနည္း

“ဘယ္လိုသုံးရမွာလဲ ဆရာႀကီး”ဟု ေမာင္ေဌးေမာ္က ေမးေလ၏။

ထိုအခါ၌ ကြၽန္ုပ္က – “ဟစ္ႏိုဖုန္း(Hynophone)ဆိုတဲ့ ကိရိယာ တစ္ခုကို သုံးရမယ္။ ကိရိယာဆိုလို႔ သိပ္ ခက္ခက္ခဲခဲႀကီးလည္း ထင္မေနနဲ႔ဦး၊ ကတ္ျပားနဲ႔ လုပ္ထားတဲ့ စကၠဴကေတာ့ပါကြာ၊ အဝက အခ်င္း ငါးလက္မ ေလာက္ အက်ယ္ရွိၿပီး အဖ်ားဘက္မွာ ကေတာ့ပုံ က်ဥ္းသြားရမယ္။ အဖ်ားဘက္ကေတာ့ တစ္လက္မ ခြဲေလာက္ရွိရင္ လုံေလာက္ပါၿပီ။ စကၠဴကတ္ျပားနဲ႔ လုပ္ရင္လည္း ရပါတယ္။ အဲဒါကို အေနာက္တိုင္း က ဆရာေတြကေတာ့ ဟစ္ႏိုဖုန္းလို႔ေခၚတယ္ကြ၊ ငါက ဓာတ္ကူး ကိရိယာလို႔ ေခၚတယ္။ အဲဒီမွာ စာ႐ြက္မွာေရးထားတဲ့ မေနာမယ ဓာတ္ကူးစာကို ဒီဟစ္ႏိုဖုန္းလို႔ေခၚတဲ့ ဓာတ္ကူးကိရိယာနဲ႔ ၾကည့္တာေပါ့ကြာ၊ သိပ္ခက္ရာခက္ဆစ္ မဟုတ္ပါဘူး။ ဒီမွာ ၾကည့္” ဟုဆိုကာ မေနာမယဓာတ္ကူး ကိရိယာျဖင့္ ၾကည့္၍ ဖတ္ေနေသာ လူတစ္ေယာက္ႏွစ္ပုံကို ေရး ဆြဲထားသည့္ ပုံကေလးတစ္ပုံအား ကြၽန္ုပ္သည္ ေမာင္ေဌးေမာ္အား ထုတ္ျပလိုက္ေလေတာ့၏။

ေမာင္ေဌးေမာ္သည္ ထိုပုံကိုၾကည့္ၿပီးေနာက္- “ကေတာ့ကို ေျပာင္းျပန္ ၾကည့္ေနတာပဲ။ စက္ကိရိယာဆိုလို႔ ကြၽန္ေတာ္က ရႈပ္ရႈပ္ယွက္ယွက္ လုပ္ထားတယ္လို႔ထင္တာ၊ လက္စသတ္ေတာ့ စကၠဴကို ကေတာ့ လုပ္ထားတာပဲ။ သိပါၿပီဆရာရယ္၊ အဲဒီေတာ့ ဘယ္လိုဓာတ္ပို႔ရမွာလဲ”ဟု ေမးေလ၏။

ထိုအခါ ကြၽန္ုပ္က – “အလြယ္ဆုံးက စရေအာင္ကြာ …မင္းနဲ႔ အဆက္အသြယ္ ျပတ္ေနတဲ့ သူငယ္ခ်င္းတစ္ေယာက္ကို ေဟာဒီ မေနာမယဓာတ္ကူးပုံစံကို အသုံး ျပဳၿပီး ဆက္သြယ္ၾကည့္ရေအာင္ တကယ္လို႔ မင္းရဲ႕ သူငယ္ခ်င္းဟာ ေမာင္ျမ ဆိုပါေတာ့၊ ေမာင္ျမကို မင္းအေနနဲ႔ ဆက္သြယ္ရမယ္၊ မေနာမယ ဓာတ္ကူး စာေရးတဲ့ေနရာမွာ တိုရမယ္၊ ရွင္းရမယ္၊ တိက်ရ မယ္။ အဲဒီအခ်က္သုံးခ်က္နဲ႔ ညီေအာင္ ေရးရတယ္ကြယ့္၊ ကဲ ေမာင္ျမဆီကို ဆက္သြယ္ဖို႔ မေနာမယ ဓာတ္ကူးစာေရးရင္ ေဟာဒီလိုေရးတာ အလြယ္ကူ ဆုံးပဲကြ

ေမာင္ျမေဌးေမာ္ဆီ တယ္လီဖုန္းဆက္ပါ။
ေမာင္ျမေဌးေမာ္ဆီ လာလည္ပါ။
ေမာင္ျမေဌးေမာ္ဆီ စာေရးပါ။

အဲဒီစာဟာ မေနာမယ ဓာတ္ကူးစာ ျဖစ္သြားၿပီကြ၊ အဲဒါကို မင္းေျပာတဲ့ စကၠဴကေတာ့ ေျပာင္းျပန္ ဒါမွမဟုတ္ ဓာတ္ကူးကိရိယာနဲ႔ၾကည့္ၿပီး ေလးေလးနက္နက္ စိတ္ထဲက ႐ြတ္ဆိုရမယ္။ လူေျခတိတ္တဲ့အခါမွာ လုပ္ရမယ္။ အထူးသျဖင့္ လူေတြအိပ္တဲ့အခါ မွာလုပ္ရင္ အေကာင္းဆုံးပဲ”ဟု ကြၽန္ုပ္က ေျပာလိုက္ရာ ေမာင္ေဌးေမာ္က – “အေတာ္ပဲ ဆရာ၊ ကြၽန္ေတာ္နဲ႔ ေက်ာင္းေနဖက္ သူငယ္ခ်င္း ဟယ္ရီဆိုတဲ့ေကာင္ ကြၽန္ေတာ္နဲ႔ အဆက္အသြယ္ျပတ္ေနတာ ၾကာၿပီ။ ကြၽန္ေတာ္ ဒီနည္းကို သုံးၾကည့္မယ္ တစ္ပတ္အတြင္းမွာ ျဖစ္ တယ္/မျဖစ္ဘူး လာေျပာမယ္”ဟုဆိုကာ ေမာင္ေဌး ေမာ္သည္ ျပန္၍ သြားေလေတာ့၏။

အထက္ပါ အျဖစ္အပ်က္မ်ား ျဖစ္ပြားၿပီး တစ္ပတ္ခန္႔ၾကာေသာအခါ၌ ေမာင္ေဌးေမာ္သည္ ကြၽန္ုပ္ထံသို႔ တစ္ဖန္ ျပန္လည္ေရာက္ရွိလာၿပီးလွ်င္ ကြၽန္ုပ္ကို ေတြ႕လွ်င္ေတြ႕ခ်င္း –

“ဆရာေရ …ဆရာ့နည္းက သိပ္ဟုတ္တာပဲ။ ဟယ္ရီဆိုတဲ့ေကာင္ ကြၽန္ေတာ့္ဆီကို တယ္လီဖုန္းလည္း ဆက္တယ္၊ လူႀကဳံနဲ႔လည္း လာလည္မယ္ဆိုတဲ့ စာေပးလိုက္တယ္။ အဲဒီညေနမွာပဲ အိမ္ကို သူကိုယ္တိုင္လည္း ေရာက္လာတယ္။ အခု ဆရာ ရယ္ …ကြၽန္ေတာ့္အိမ္မွာ ရွိတဲ့လူေတြအားလုံး ကေတာ့ေတြနဲ႔ ရႈပ္ယွက္ခတ္ေနၾကတယ္။ တစ္အိမ္လုံးလည္း ဘာအလုပ္မွ မလုပ္ၾကေတာ့ဘူး။ ကေတာ့ တစ္ေယာက္ တစ္လက္နဲ႔ မက္ေဆ့ခ်္ေတြ ပို႔ကုန္ၾကၿပီ။ ကြၽန္ေတာ့္သား အငယ္ေလးဆို ထမင္းစားခ်ိန္ဆို မနည္း ထမင္းစားခိုင္းေနရတယ္။ အိမ္မွာလည္း သူ႔ဧည့္သည္ ကိုယ့္ဧည့္သည္နဲ႔ ဧည့္သည္ တ႐ုံး႐ုံး ျဖစ္ေနၿပီ။ ဧည့္သည္ေတြကိုေတာ့ ဒီအေၾကာင္း မေျပာပါဘူး ဆရာရယ္ …”ဟု ေျပာေလ၏။ ေမာင္ေဌးေမာ္သည္ လြန္စြာမွ ေပ်ာ္႐ႊင္ေန၏။ ၎ ႏွင့္အတူ ကြၽန္ုပ္လည္း ေပ်ာ္႐ႊင္ရေလ၏။

“ဒီလို ေမာင္ေဌးေမာ္ရဲ႕ သူငယ္ခ်င္း ေခၚ တာကေတာ့ စမ္းသပ္တဲ့ သေဘာေပါ့ကြာ၊ စိတ္က ေလးနက္ရင္ ေလးနက္သေလာက္ ထိေရာက္တာပါပဲ။ တခ်ိဳ႕လည္း စိတ္က ေလးေလးနက္နက္ မရွိေတာ့ တစ္လလုံး လုပ္တာေတာင္ ဘာမွမထူးျခားဘူးကြ၊ အခု မင္းလုပ္တာေတာင္ တစ္ပတ္တည္းနဲ႔ ထူးျခား တယ္ဆိုတာ မင္းက ေလးေလးနက္နက္ လုပ္လို႔ေပါ့ကြာ၊ မင္းစိတ္ကလည္း ၿငိမ္လို႔ပါ။ အမွန္က မေနာမယ ဓာတ္ကူးစာနဲ႔ မေနာမယဓာတ္ကူး ကိရိယာဟာ ၾကည့္ေတာ့သာ လြယ္လြယ္ေလးကြ ဒါေပမဲ့ လူ႔ဘဝမွာ အေတာ္အသုံးဝင္တာပဲ။ ႏိုင္ငံျခား မွာ လူတစ္ေယာက္ ေမာ္ေတာ္ကားတစ္စီး လိုခ်င္ လို႔ မေနာမယ ဓာတ္ကူးစာနဲ႔ ကေတာ့ပုံ ဓာတ္ကူး ကိရိယာကို အသုံးျပဳၿပီး ကားတစ္စီးရေအာင္ ေတာင္း ခဲ့ဖူးတယ္။ သူေတာင္းခဲ့တဲ့ မေနာမယ ဓာတ္ကူးစာ ပုံကို မင္းကို ငါေျပာျပမယ္။

ကြၽန္ုပ္ထံသို႔ ေမာ္ေတာ္ကားအသစ္တစ္စီး ေရာက္လာပါေစသတည္း။ ထိုေမာ္ေတာ္ကားသည္ အေရာင္လက္၍ သန္႔ရွင္းပါေစသတည္း။ ထို႔ျပင္ ထိုေမာ္ေတာ္ကားသည္ ေကာင္းစြာ ျပဳလုပ္ထားေသာ ေမာ္ေတာ္ကားျဖစ္ၿပီးလွ်င္ ျပင္ရျခင္းမွ လြတ္ကင္းပါေစ။ ကား၏ ဘရိတ္မ်ားသည္ ပါဝါဘရိတ္မ်ား ျဖစ္ပါေစ။ စတီယာရင္းလည္း ပါဝါစတီယာရင္ ျဖစ္ ပါေစ။ တံခါးမ်ားလည္း ပါဝါျဖစ္ပါေစ။ အလိုအ ေလ်ာက္ အရွိန္ကိုထိန္းေသာ ကိရိယာလည္း ပါပါ ေစ။ ကားတြင္ တပ္ထားေသာ အရာအားလုံးသည္ စိတ္ခ်ရေသာ အရာမ်ားျဖစ္ပါေစသတည္း။ ကား ထဲတြင္ တပ္ဆင္ထားေသာ ပစၥည္းမ်ားႏွင့္ ခင္းထား ေသာ ေကာ္ေဇာလည္း လွပပါေစ၊ ကားေမာင္းသြား ရင္း စကားေျပာ၍ရေသာ ေရဒီယိုတယ္လီဖုန္းလည္း ပါပါေစ။ တာယာမ်ားမွာလည္း ထူထဲ၍ စိတ္ခ်ရေသာ အသစ္စက္စက္ တာယာမ်ား ျဖစ္ပါေစ၊ ထိုကားကို စီးရေသာအခါ၌ ကတၱီပါကဲ့သို႔ ေခ်ာမြတ္ပါေစလို႔ဆို ၿပီး ေန႔စဥ္ေန႔တိုင္းတိုင္တည္ေတာ့တာပဲ။

ေနာက္ဆုံးမွာ အဲဒီလူဟာ သူ႔ရဲ႕ မေနာမယဓာတ္ကူးစာမွာ ပါတဲ့အတိုင္း အဲဒီေမာ္ေတာ္ကားတစ္စီးဟာ ႀကံဖန္ၿပီး ရသြားတယ္လို႔ စာအုပ္တစ္အုပ္မွာ ဖတ္ဖူးတယ္။ မင္းအေနနဲ႔ ဗဟုသုတအျဖစ္ ၾကည့္ခ်င္ရင္ ၾကည့္ လို႔ရေအာင္ အဂၤလိပ္လိုေရးထားတဲ့ မူရင္းစာကို ငါ ထုတ္ျပမယ္။”ဟု ေျပာၿပီးလွ်င္ ကြၽန္ုပ္သည္ အဂၤလိပ္ဘာသာျဖင့္ ေရးထားေသာ ဓာတ္ကူးစာကို ထုတ္ျပလိုက္ေလ၏။

သေဗၺသတၱာ ကမၼႆကာ
မင္းသိခၤ
ေလးစားစြာျဖင့္

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Manawmaya Journal

#Unicode Version#  ျဖင့္ဖတ္ပါ ။

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏ မိတ်ဆွေ တစ်ဦး ရောက်ရှိလာလေ၏။ မိတ်ဆွေဟု ဆိုသော်လည်း ကျွန်ုပ်ထက် အသက်အရွယ်အားဖြင့် ငယ်ပြီး ကျွန်ုပ်၏ ညီနှင့်မှ ရွယ်တူခန့်ရှိသောကြောင့် ကျွန်ုပ်သည် ၎င်းအား ကျွန်ုပ်၏ ညီတစ်ဦးကဲ့သို့ ဆက်ဆံ ပြောဆိုလေ့ရှိ၏။ ထိုသူသည် ကျွန်ုပ်ကို မြင်လျှင်-

“ဒီကနေ့ ဆရာ အားတယ်ဆိုရင် ဆရာနဲ့ အေးအေးဆေးဆေး စကားပြောမယ်။ သိချင်တာတွေ လည်း ဆရာ့ကို မေးမယ်ဆိုပြီး လာခဲ့တာပဲဆရာ။ ဆရာရေးတဲ့ စာတွေကိုလည်း အခုတလော တော်တော်ဖတ်ရတယ်။ စိတ်တန်ခိုးအကြောင်းတွေ ဆရာ တော်တော်ရေးဖြစ်တာပဲ။ အဲဒီအကြောင်းတွေကိုပဲ မေးမလို့”ဟု ပြောလေ၏။

“ဟ မောင်ဌေးမော်ရ …မင်းက ဘာတွေများ သိချင်လို့လဲ”ဟု ကျွန်ုပ်က ပြန်၍ မေးလိုက် လျှင် ၎င်းက –

“စိတ်ရဲ့ အစွမ်းသတ္တိနဲ့ ဘဝမှာ လိုအပ်တာ တွေကို ဖန်တီးယူလို့ရတယ်ဆိုတာ ဟုတ်သလား ဆရာ”ဟု မေးလေ၏။

“မင်းကိုငါ နမူနာတစ်ခုပြောပြမယ်၊ မဒန် အယ်လက်ဇန္ဒြားဒေးဗစ်ဆိုတဲ့ မိန်းတစ်ယောက်ဟာ တိဗက်ကိုသွားပြီး သီလရှင်ဝတ်တာကွ၊ တိဗက်မှာက ဘုန်းကြီးကို လားမားလို့ခေါ်တယ် မဟုတ်လား။ သီလရှင်ကို ဂျက်ဇူးမားလို့ ခေါ်တယ်။ ဂျက်ဇူးမားအဖြစ်နဲ့ အင်မတန်ခေါင်တဲ့နေရာမှာ တစ်ယောက် တည်း နေရမှာဆိုတော့ သူ့အနေနဲ့ အဖော်လိုတယ်ကွ၊ အဲဒါကြောင့် သူ့ကိုထမင်းချက် ပေးဖို့ ထင်းခွေ ပေးဖို့၊ ရေခပ်ပေးဖို့ ကိုရင်လေးတစ်ပါးကို သူ့ရဲ့ စိတ်တန်ခိုးနဲ့ ဖန်ဆင်းယူတယ်ကွ၊ ကိုရင်လေးက ဝဝလေး မျက်နှာကလေးကလည်း ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့ ပုံစံလေးကွ၊ အဲဒီလို ဖန်ဆင်းပြီး ကိုရင် လေးကို ခိုင်းတော့တာပဲ။ ကိုရင်လေးဟာ တကယ် လူသားအစစ် အဖြစ်နဲ့ သူ့ကို ရေခပ်ပေးတယ်၊ ထင်းခွေပေးတယ်။ ထမင်းချက်ပေးရတယ်။

သူ အဲဒီမှာ တိဗက် သီလရှင်သင်တန်း တက်တယ်။ ပြီးတော့ ပြန်လာတယ်ပေါ့ဗျာ။ ပြန်လာတော့လည်း ကိုရင်လေးကို ဖျက်ပစ်ခဲ့ရမယ်။ ဘာဖြစ်လို့လဲဆို တော့ အဲဒီကိုရင်လေးဟာ လောကမှာ တကယ် မရှိတဲ့ သတ္တဝါလေကွာ၊ သူရပ်တည်နေလို့ မဖြစ်ဘူး။ ဖန်ဆင်းတုန်းက ခြောက်လပဲ ကြာတယ်ကွာ၊ ပြန် ဖျက်ပစ်တော့ ကိုးနှစ်ကြာတယ်လို့ ငါစာတွေမှာ ဖတ်ဖူးတယ်။ အဲဒီတော့ ဓာတ်တန်ခိုးနဲ့ မရှိတဲ့လူ တောင် ဖန်ဆင်းလို့ရတာပဲကွာ”

ဟု ကျွန်ုပ်က ပြောလိုက်လျှင် မောင်ဌေးမော်က – “အဲဒီအမျိုးသမီးကြီးက ဘယ်လိုနည်းနဲ့ ဖန်ဆင်းယူတာလဲ”

ဟုမေးလိုက်ရာ – “အနောက်တိုင်းက လောကီပညာရှင် တစ် ယောက်ဖြစ်တဲ့ ရီဆင်းပီဂျရပင်ဆိုတဲ့သူကတော့ စိတ်တန်ခိုးနဲ့ ဖန်ဆင်းတဲ့ကိစ္စတွေကို ဖိုတိုဖောင် (Photo Form)လို့သုံးတယ်။ ဖိုတိုဖောင်ဆိုတဲ့ စကားကို မကြိုက်လို့ “မနောမယဓာတ်ကူးစာ”လို့ပြောင်းပြီး သုံးထားတယ်”ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

အိမ်/ကားရနည်း

“ဘယ်လိုသုံးရမှာလဲ ဆရာကြီး”ဟု မောင်ဌေးမော်က မေးလေ၏။

ထိုအခါ၌ ကျွန်ုပ်က – “ဟစ်နိုဖုန်း(Hynophone)ဆိုတဲ့ ကိရိယာ တစ်ခုကို သုံးရမယ်။ ကိရိယာဆိုလို့ သိပ် ခက်ခက်ခဲခဲကြီးလည်း ထင်မနေနဲ့ဦး၊ ကတ်ပြားနဲ့ လုပ်ထားတဲ့ စက္ကူကတော့ပါကွာ၊ အဝက အချင်း ငါးလက်မ လောက် အကျယ်ရှိပြီး အဖျားဘက်မှာ ကတော့ပုံ ကျဉ်းသွားရမယ်။ အဖျားဘက်ကတော့ တစ်လက်မ ခွဲလောက်ရှိရင် လုံလောက်ပါပြီ။ စက္ကူကတ်ပြားနဲ့ လုပ်ရင်လည်း ရပါတယ်။ အဲဒါကို အနောက်တိုင်း က ဆရာတွေကတော့ ဟစ်နိုဖုန်းလို့ခေါ်တယ်ကွ၊ ငါက ဓာတ်ကူး ကိရိယာလို့ ခေါ်တယ်။ အဲဒီမှာ စာရွက်မှာရေးထားတဲ့ မနောမယ ဓာတ်ကူးစာကို ဒီဟစ်နိုဖုန်းလို့ခေါ်တဲ့ ဓာတ်ကူးကိရိယာနဲ့ ကြည့်တာပေါ့ကွာ၊ သိပ်ခက်ရာခက်ဆစ် မဟုတ်ပါဘူး။ ဒီမှာ ကြည့်” ဟုဆိုကာ မနောမယဓာတ်ကူး ကိရိယာဖြင့် ကြည့်၍ ဖတ်နေသော လူတစ်ယောက်နှစ်ပုံကို ရေး ဆွဲထားသည့် ပုံကလေးတစ်ပုံအား ကျွန်ုပ်သည် မောင်ဌေးမော်အား ထုတ်ပြလိုက်လေတော့၏။

မောင်ဌေးမော်သည် ထိုပုံကိုကြည့်ပြီးနောက်- “ကတော့ကို ပြောင်းပြန် ကြည့်နေတာပဲ။ စက်ကိရိယာဆိုလို့ ကျွန်တော်က ရှုပ်ရှုပ်ယှက်ယှက် လုပ်ထားတယ်လို့ထင်တာ၊ လက်စသတ်တော့ စက္ကူကို ကတော့ လုပ်ထားတာပဲ။ သိပါပြီဆရာရယ်၊ အဲဒီတော့ ဘယ်လိုဓာတ်ပို့ရမှာလဲ”ဟု မေးလေ၏။

ထိုအခါ ကျွန်ုပ်က – “အလွယ်ဆုံးက စရအောင်ကွာ …မင်းနဲ့ အဆက်အသွယ် ပြတ်နေတဲ့ သူငယ်ချင်းတစ်ယောက်ကို ဟောဒီ မနောမယဓာတ်ကူးပုံစံကို အသုံး ပြုပြီး ဆက်သွယ်ကြည့်ရအောင် တကယ်လို့ မင်းရဲ့ သူငယ်ချင်းဟာ မောင်မြ ဆိုပါတော့၊ မောင်မြကို မင်းအနေနဲ့ ဆက်သွယ်ရမယ်၊ မနောမယ ဓာတ်ကူး စာရေးတဲ့နေရာမှာ တိုရမယ်၊ ရှင်းရမယ်၊ တိကျရ မယ်။ အဲဒီအချက်သုံးချက်နဲ့ ညီအောင် ရေးရတယ်ကွယ့်၊ ကဲ မောင်မြဆီကို ဆက်သွယ်ဖို့ မနောမယ ဓာတ်ကူးစာရေးရင် ဟောဒီလိုရေးတာ အလွယ်ကူ ဆုံးပဲကွ

မောင်မြဌေးမော်ဆီ တယ်လီဖုန်းဆက်ပါ။
မောင်မြဌေးမော်ဆီ လာလည်ပါ။
မောင်မြဌေးမော်ဆီ စာရေးပါ။

အဲဒီစာဟာ မနောမယ ဓာတ်ကူးစာ ဖြစ်သွားပြီကွ၊ အဲဒါကို မင်းပြောတဲ့ စက္ကူကတော့ ပြောင်းပြန် ဒါမှမဟုတ် ဓာတ်ကူးကိရိယာနဲ့ကြည့်ပြီး လေးလေးနက်နက် စိတ်ထဲက ရွတ်ဆိုရမယ်။ လူခြေတိတ်တဲ့အခါမှာ လုပ်ရမယ်။ အထူးသဖြင့် လူတွေအိပ်တဲ့အခါ မှာလုပ်ရင် အကောင်းဆုံးပဲ”ဟု ကျွန်ုပ်က ပြောလိုက်ရာ မောင်ဌေးမော်က – “အတော်ပဲ ဆရာ၊ ကျွန်တော်နဲ့ ကျောင်းနေဖက် သူငယ်ချင်း ဟယ်ရီဆိုတဲ့ကောင် ကျွန်တော်နဲ့ အဆက်အသွယ်ပြတ်နေတာ ကြာပြီ။ ကျွန်တော် ဒီနည်းကို သုံးကြည့်မယ် တစ်ပတ်အတွင်းမှာ ဖြစ် တယ်/မဖြစ်ဘူး လာပြောမယ်”ဟုဆိုကာ မောင်ဌေး မော်သည် ပြန်၍ သွားလေတော့၏။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး တစ်ပတ်ခန့်ကြာသောအခါ၌ မောင်ဌေးမော်သည် ကျွန်ုပ်ထံသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာပြီးလျှင် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း –

“ဆရာရေ …ဆရာ့နည်းက သိပ်ဟုတ်တာပဲ။ ဟယ်ရီဆိုတဲ့ကောင် ကျွန်တော့်ဆီကို တယ်လီဖုန်းလည်း ဆက်တယ်၊ လူကြုံနဲ့လည်း လာလည်မယ်ဆိုတဲ့ စာပေးလိုက်တယ်။ အဲဒီညနေမှာပဲ အိမ်ကို သူကိုယ်တိုင်လည်း ရောက်လာတယ်။ အခု ဆရာ ရယ် …ကျွန်တော့်အိမ်မှာ ရှိတဲ့လူတွေအားလုံး ကတော့တွေနဲ့ ရှုပ်ယှက်ခတ်နေကြတယ်။ တစ်အိမ်လုံးလည်း ဘာအလုပ်မှ မလုပ်ကြတော့ဘူး။ ကတော့ တစ်ယောက် တစ်လက်နဲ့ မက်ဆေ့ချ်တွေ ပို့ကုန်ကြပြီ။ ကျွန်တော့်သား အငယ်လေးဆို ထမင်းစားချိန်ဆို မနည်း ထမင်းစားခိုင်းနေရတယ်။ အိမ်မှာလည်း သူ့ဧည့်သည် ကိုယ့်ဧည့်သည်နဲ့ ဧည့်သည် တရုံးရုံး ဖြစ်နေပြီ။ ဧည့်သည်တွေကိုတော့ ဒီအကြောင်း မပြောပါဘူး ဆရာရယ် …”ဟု ပြောလေ၏။ မောင်ဌေးမော်သည် လွန်စွာမှ ပျော်ရွှင်နေ၏။ ၎င်း နှင့်အတူ ကျွန်ုပ်လည်း ပျော်ရွှင်ရလေ၏။

“ဒီလို မောင်ဌေးမော်ရဲ့ သူငယ်ချင်း ခေါ် တာကတော့ စမ်းသပ်တဲ့ သဘောပေါ့ကွာ၊ စိတ်က လေးနက်ရင် လေးနက်သလောက် ထိရောက်တာပါပဲ။ တချို့လည်း စိတ်က လေးလေးနက်နက် မရှိတော့ တစ်လလုံး လုပ်တာတောင် ဘာမှမထူးခြားဘူးကွ၊ အခု မင်းလုပ်တာတောင် တစ်ပတ်တည်းနဲ့ ထူးခြား တယ်ဆိုတာ မင်းက လေးလေးနက်နက် လုပ်လို့ပေါ့ကွာ၊ မင်းစိတ်ကလည်း ငြိမ်လို့ပါ။ အမှန်က မနောမယ ဓာတ်ကူးစာနဲ့ မနောမယဓာတ်ကူး ကိရိယာဟာ ကြည့်တော့သာ လွယ်လွယ်လေးကွ ဒါပေမဲ့ လူ့ဘဝမှာ အတော်အသုံးဝင်တာပဲ။ နိုင်ငံခြား မှာ လူတစ်ယောက် မော်တော်ကားတစ်စီး လိုချင် လို့ မနောမယ ဓာတ်ကူးစာနဲ့ ကတော့ပုံ ဓာတ်ကူး ကိရိယာကို အသုံးပြုပြီး ကားတစ်စီးရအောင် တောင်း ခဲ့ဖူးတယ်။ သူတောင်းခဲ့တဲ့ မနောမယ ဓာတ်ကူးစာ ပုံကို မင်းကို ငါပြောပြမယ်။

ကျွန်ုပ်ထံသို့ မော်တော်ကားအသစ်တစ်စီး ရောက်လာပါစေသတည်း။ ထိုမော်တော်ကားသည် အရောင်လက်၍ သန့်ရှင်းပါစေသတည်း။ ထို့ပြင် ထိုမော်တော်ကားသည် ကောင်းစွာ ပြုလုပ်ထားသော မော်တော်ကားဖြစ်ပြီးလျှင် ပြင်ရခြင်းမှ လွတ်ကင်းပါစေ။ ကား၏ ဘရိတ်များသည် ပါဝါဘရိတ်များ ဖြစ်ပါစေ။ စတီယာရင်းလည်း ပါဝါစတီယာရင် ဖြစ် ပါစေ။ တံခါးများလည်း ပါဝါဖြစ်ပါစေ။ အလိုအ လျောက် အရှိန်ကိုထိန်းသော ကိရိယာလည်း ပါပါ စေ။ ကားတွင် တပ်ထားသော အရာအားလုံးသည် စိတ်ချရသော အရာများဖြစ်ပါစေသတည်း။ ကား ထဲတွင် တပ်ဆင်ထားသော ပစ္စည်းများနှင့် ခင်းထား သော ကော်ဇောလည်း လှပပါစေ၊ ကားမောင်းသွား ရင်း စကားပြော၍ရသော ရေဒီယိုတယ်လီဖုန်းလည်း ပါပါစေ။ တာယာများမှာလည်း ထူထဲ၍ စိတ်ချရသော အသစ်စက်စက် တာယာများ ဖြစ်ပါစေ၊ ထိုကားကို စီးရသောအခါ၌ ကတ္တီပါကဲ့သို့ ချောမွတ်ပါစေလို့ဆို ပြီး နေ့စဉ်နေ့တိုင်းတိုင်တည်တော့တာပဲ။

နောက်ဆုံးမှာ အဲဒီလူဟာ သူ့ရဲ့ မနောမယဓာတ်ကူးစာမှာ ပါတဲ့အတိုင်း အဲဒီမော်တော်ကားတစ်စီးဟာ ကြံဖန်ပြီး ရသွားတယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ မင်းအနေနဲ့ ဗဟုသုတအဖြစ် ကြည့်ချင်ရင် ကြည့် လို့ရအောင် အင်္ဂလိပ်လိုရေးထားတဲ့ မူရင်းစာကို ငါ ထုတ်ပြမယ်။”ဟု ပြောပြီးလျှင် ကျွန်ုပ်သည် အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော ဓာတ်ကူးစာကို ထုတ်ပြလိုက်လေ၏။

သဗ္ဗေသတ္တာ ကမ္မဿကာ
မင်းသိင်္ခ
လေးစားစွာဖြင့်

ဖိုးသူတော် (www.phothutaw.com)
Credit:Manawmaya Journal
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top