႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕က လူစည္ကားတဲ့ ေလဆိပ္မွာ ခရီးသည္တင္ေလယာဥ္တစ္စီး အေရးေပၚဆင္းသက္ခဲ့ရာမွာ မီးေလာင္မႈျဖစ္ၿပီး ကေလး ႏွစ္ဦးအပါအဝင္ လူ ၄၁ ဦး ေသဆုံးပါတယ္။

Sheremetyevo အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွာ ေမ ၅ ရက္က Aeroflot ေလေၾကာင္းလိုင္းရဲ႕ Sukhoi Superjet 100 ေလယာဥ္ဟာ အေရးေပၚ ဝမ္းဗိုက္နဲ႔ ရွပ္တိုက္ဆင္းခဲ့ရတာျဖစ္ပါတယ္။

ေလယာဥ္ေျပးလမ္းတစ္ေလွ်ာက္ အရွိန္နဲ႔ ရွွပ္တိုက္ဆင္းရတာေၾကာင့္ ရွွပ္တိုက္ဆင္းရတာေၾကာင့္ ပြတ္တိုက္မႈျဖစ္ကာ မီးေလာင္ၿပီး မီးခိုးလုံးေတြ လိမ့္တက္ေနတဲ့ ဗီဒီယိုဖိုင္ေတြ လူမႈမီဒီယာမွာ ျပန႔္ႏွံ႔ေနပါတယ္။

မီးေတာက္ေလာင္ေနတဲ့ ေလယာဥ္ထဲကေန ခရီးသည္ေတြဟာ ေလသြင္းအေရးေပၚေလွ်ာဆင္းေလွကားနဲ႔ ဆင္းၿပီး မီးခိုးေတြ လိမ့္တက္ေနတဲ့ ေလယာဥ္ကေန ေဝးရာ ထြက္ေျပးၾကတာကို ျမင္ေတြ႕ရပါတယ္။

ဒီ ျဖစ္ရပ္မွာ လူေပါင္း ၄၁ ဦး ေသဆုံးတယ္လို႔ စုံစမ္းစစ္ေဆးသူေတြက ေျပာပါတယ္။ “ေလယာဥ္ေပၚမွွာ အမႈထမ္းေတြ အပါအဝင္ လူ ၇၈ ဦး လိုက္ပါခဲ့တာပါ။ အေရွ႕ေျမာက္ပိုင္း မာမန္စကီၿမိဳ႕ကေန ပ်ံသန္းလာတဲ့ ေလယာဥ္ျဖစ္ပါတယ္။”လို႔ ႐ုရွား ေထာက္လွမ္းေရးေကာ္မတီက ထုတ္ျပန္ပါတယ္။

“ခုခ်ိန္ထိ စုံစမ္းစစ္ေဆးခ်က္အရ အသက္ရွင္ရစ္သူ ၃၇ ဦး ရွိပါတယ္။”လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ဒဏ္ရာရသူက ၁၁ ဦး ရွိေၾကာင္း က်န္းမာေရးဝန္ႀကီး ဒီမီထရီမတ္ဗိုင္းယက္က ေျပာပါတယ္။

“ေလယာဥ္ဟာ ညေန ၆ နာရီ ၂ မိနစ္မွာ ေလဆိပ္ကေန ပ်ံတက္ခဲ့တာပါ။  ပ်ံတက္ၿပီး အခ်ိန္ပိုင္းမွာပဲ အေရးေပၚအခ်က္ျပ ေပးပို႔ၿပီး ထြက္ခြာခဲ့ရာ ေလဆိပ္ဆီပဲ ေျခာက္နာရီခြဲမွာ အေရးေပၚ ဆင္းသက္ခဲ့တာ ျဖစ္ပါတယ္။”လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

နည္းပညာခြၽတ္ယြင္းခ်က္ေၾကာင့္ အေရးေပၚဆင္းသက္ခဲ့ရၿပီး ေလယာဥ္ရဲ႕ အင္ဂ်င္မီးေလာင္မႈ ျဖစ္ခဲ့တာလို႔ Aeroflot ေလေၾကာင္းလိုင္းက ထုၾတ္ပန္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


ရုရှားနိုင်ငံ မော်စကိုမြို့က လူစည်ကားတဲ့ လေဆိပ်မှာ ခရီးသည်တင်လေယာဉ်တစ်စီး အရေးပေါ်ဆင်းသက်ခဲ့ရာမှာ မီးလောင်မှုဖြစ်ပြီး ကလေး နှစ်ဦးအပါအဝင် လူ ၄၁ ဦး သေဆုံးပါတယ်။

Sheremetyevo အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မေ ၅ ရက်က Aeroflot လေကြောင်းလိုင်းရဲ့ Sukhoi Superjet 100 လေယာဉ်ဟာ အရေးပေါ် ဝမ်းဗိုက်နဲ့ ရှပ်တိုက်ဆင်းခဲ့ရတာဖြစ်ပါတယ်။

လေယာဉ်ပြေးလမ်းတစ်လျှောက် အရှိန်နဲ့ ရှပ်တိုက်ဆင်းရတာကြောင့် ရှပ်တိုက်ဆင်းရတာကြောင့် ပွတ်တိုက်မှုဖြစ်ကာ မီးလောင်ပြီး မီးခိုးလုံးတွေ လိမ့်တက်နေတဲ့ ဗီဒီယိုဖိုင်တွေ လူမှုမီဒီယာမှာ ပြန့်နှံ့နေပါတယ်။

မီးတောက်လောင်နေတဲ့ လေယာဉ်ထဲကနေ ခရီးသည်တွေဟာ လေသွင်းအရေးပေါ်လျှောဆင်းလှေကားနဲ့ ဆင်းပြီး မီးခိုးတွေ လိမ့်တက်နေတဲ့ လေယာဉ်ကနေ ဝေးရာ ထွက်ပြေးကြတာကို မြင်တွေ့ရပါတယ်။

ဒီ ဖြစ်ရပ်မှာ လူပေါင်း ၄၁ ဦး သေဆုံးတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ “လေယာဉ်ပေါ်မှာ အမှုထမ်းတွေ အပါအဝင် လူ ၇၈ ဦး လိုက်ပါခဲ့တာပါ။ အရှေ့မြောက်ပိုင်း မာမန်စကီမြို့ကနေ ပျံသန်းလာတဲ့ လေယာဉ်ဖြစ်ပါတယ်။”လို့ ရုရှား ထောက်လှမ်းရေးကော်မတီက ထုတ်ပြန်ပါတယ်။

“ခုချိန်ထိ စုံစမ်းစစ်ဆေးချက်အရ အသက်ရှင်ရစ်သူ ၃၇ ဦး ရှိပါတယ်။”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒဏ်ရာရသူက ၁၁ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဒီမီထရီမတ်ဗိုင်းယက်က ပြောပါတယ်။

“လေယာဉ်ဟာ ညနေ ၆ နာရီ ၂ မိနစ်မှာ လေဆိပ်ကနေ ပျံတက်ခဲ့တာပါ။  ပျံတက်ပြီး အချိန်ပိုင်းမှာပဲ အရေးပေါ်အချက်ပြ ပေးပို့ပြီး ထွက်ခွာခဲ့ရာ လေဆိပ်ဆီပဲ ခြောက်နာရီခွဲမှာ အရေးပေါ် ဆင်းသက်ခဲ့တာ ဖြစ်ပါတယ်။”လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နည်းပညာချွတ်ယွင်းချက်ကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရပြီး လေယာဉ်ရဲ့ အင်ဂျင်မီးလောင်မှု ဖြစ်ခဲ့တာလို့ Aeroflot လေကြောင်းလိုင်းက ထုြတ်ပန်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top