ႏိုင္ငံေတာ္မွ ဘြဲ႕ဆုတံဆိပ္မ်ားစြာ ခ်ီးျမင့္ျခင္း ခံထားရသူ ေဒါက္တာလွ၀င္းေအာင္က အဘိဓမၼာ ဆရာတစ္ဦး၊ လူမႈေရးအလုပ္မ်ားစြာ လုပ္ေဆာင္သည့္ ေစတနာ့၀န္ထမ္းတစ္ဦးအျဖစ္ လူသိမ်ားသူျဖစ္သည္။ သူေျပာျပထားသည့္ ဆန္ေဆးရည္၏က်န္းမာေရးႏွင့္ အလွအပအက်ဳိးေက်းဇူးမ်ားကို အမ်ားျပည္သူဗဟုသုတရရွိေစရန္ ျပန္လည္မွ်ေ၀လိုက္ပါသည္။“ဆန္ေဆးရည္ေၾကာင့္ အသက္၄၀ ေက်ာ္ အရြယ္ေတြ ငယ္ရြယ္ႏုပ်ဳိေစႏိုင္ၿပီး အရြယ္သံုးပါးလံုးအတြက္ တန္ဖိုးနည္းေပမယ့္ စြမ္းတဲ့သဘာ၀ေဆးပါ။ ဆန္ေဆးရည္အစြမ္းေၾကာင့္ ေနေလာင္၊ မဲွ႔ေျခာက္၊ တင္းတိတ္နဲ႔ မ်က္နာအေရးေၾကာင္း၊ အေရျပား ေပ်ာ့တြဲတြဲျဖစ္ေနျခင္းေတြ ေပ်ာက္ကင္းသက္သာေၾကာင္းကို ကြၽန္ေတာ့္ကိုယ္ေတြ႕နဲ႔ သုတသႏၷိစယ က်မ္းပါနန္းတြင္းသံုးသဘာ၀ရဲ႕ ေဆးတစ္လက္ျဖစ္ေၾကာင္းကိုပါ ေျပာျပေပးခ်င္တာပါ။

မႏၱေလးေရႊၿမိဳ႕ေတာ္ႀကီးကို ထူေထာင္ခဲ့တဲ့ မင္းတုန္းမင္းႀကီး လက္ထက္ေတာ္အခါတုန္းက မင္းႀကီးရဲ႕ မိဖုရားတစ္ပါးျဖစ္တဲ့ မယ္သဲ(ေခၚ)မယ္ၫြန္႔ဟာ အ၀လြန္တာေၾကာင့္ မင္းႀကီးရဲ႕ငယ္ခ်စ္သခင္ ျဖစ္ပါရက္နဲ႔ ေတာင္နန္းစံမိဖုရားေခါင္ႀကီးဘ၀ မျဖစ္ရရွာဘဲ ၀လြန္းလို႔ ေျမာက္နန္းစံမိဖုရားဘ၀နဲ႔သာ ျဖစ္ရရွာတဲ့အတြက္ နန္းတြင္းသမားေတာ္ႀကီးေတြက ပြဲေတာ္တည္ဖို႔ထမင္းမခ်က္မီ ဆန္ကိုသန္႔စင္ေအာင္ ေရေဆးေၾကာတဲ့အခါ ရရိွတဲ့ ဒုတိယဆန္ေဆးရည္ကို ေန႔စဥ္ အုန္းမႈတ္တစ္ခြက္စာ ဘုဥ္းေပးသံုးေဆာင္ဖို႔ ေလ်ာက္တင္ခဲ့ပါတယ္။ ဆန္ေဆးရည္နဲ႔ အ၀လြန္တဲ့ေရာဂါကို ကုသေပးခဲ့တာေၾကာင့္ အလြန္ပဲလွပေၾကာ့ရွင္းတဲ့ ခႏၶာျဖစ္သြားတာကို မင္းႀကီးတိုင္းခန္းလွည့္လည္ အျပန္ညအိပ္ေဆာင္၀င္ေတာ့ လူမွားခဲ့ရတဲ့အထိ လွပေနပါသတဲ့။

ဆန္ေဆးရည္မွာ ဗီတာမင္ဓာတ္မ်ားပါ၀င္တာေၾကာင့္ အစာစားခ်င္စိတ္ကို အလြန္ထိန္းခ်ဳပ္ေပးပါတယ္။ ၀ေနတဲ့လူေတာ္ေတာ္မ်ားမ်ားက အစားအစာအစားမ်ားတာ၊ အသင့္စားေခါက္ဆြဲေျခာက္ေတြကို အလြယ္တကူ၀ယ္စားတာ၊ အဆီအအိမ့္နဲ႔ ႏွစ္ျပန္ေၾကာ္ဆီေတြ၊ ဟင္းအႏွစ္ေတြ၊ အေၾကာ္အေလွာ္ေတြစားတာ၊ ညအခ်ိန္မေတာ္ထစားတာေတြ လုပ္တတ္ၿပီး ကိုယ္စားတာက မိမိခႏၶာကိုယ္ လိုအပ္တာထက္ ပိုအစားမ်ားတာနဲ႔ စိတ္အလိုကို ခႏၶာကိုယ္က လိုက္ၿပီးစားတာေတြေၾကာင့္ ၀ေနၾကတာပါ။လူတစ္ေယာက္အရမ္း၀ေနရာကေန ၀ိတ္က်ဖို႔ အားကစားက ၅၀ ရာခိုင္ႏႈန္း အေရးပါကာ အစားအစာထိန္းစားတာက ၅၀ ရာခိုင္ႏႈန္း အေရပါလွပါတယ္။

ဆန္ေဆးရည္မွာ ဗီတာမင္ဓာတ္မ်ား ပါ၀င္တာေၾကာင့္ အစာစားခ်င္စိတ္ကို အလြန္ထိန္းခ်ဳပ္ေပးပါတယ္။ ၀ေနတဲ့လူေတာ္ေတာ္မ်ားမ်ားက အစားအစာ အစားမ်ားတာ၊ အသင့္စား ေခါက္ဆြဲေျခာက္ေတြကို အလြယ္တကူ၀ယ္စားတာ၊ အဆီအအိမ့္နဲ႔ ႏွစ္ျပန္ေၾကာ္ဆီေတြ၊ ဟင္းအႏွစ္ေတြ၊ အေၾကာ္အေလွာ္ေတြစားတာ၊ ညအခ်ိန္မေတာ္ထစားတာေတြ လုပ္တတ္ၿပီး ကိုယ္စားတာက မိမိခႏၶာကိုယ္လိုအပ္တာထက္ ပိုအစားမ်ားတာနဲ႔ စိတ္အလိုကို ခႏၶာကိုယ္ကလိုက္ၿပီး စားတာေတြေၾကာင့္ ၀ေနၾကတာပါ။

၀ိတ္က်ဖို႔ ညေန၅နာရီေနာက္ပိုင္း အသီးအႏွံစားသံုးတာ၊ ခႏၶာကိုယ္မွ မလိုအပ္တဲ့အဆီေတြ ေလာင္ကြၽမ္းေစဖို႔၊ သက္လံုေကာင္းေစဖို႔ ကိုယ္လက္လႈပ္ရွား အားကစားျပဳလုပ္တာနဲ႔အတူ ဆန္ေဆးရည္ထဲ ဆားအနည္းငယ္ထည့္ကာ တြဲေသာက္ပါက အလ်င္အျမန္ ၀ိတ္က်တဲ့အျပင္ မ်က္ႏွာနဲ႔ ကိုယ္ခႏၶာ အေရျပားတြဲက်ေနတာေတြကို တင္းရင္းေစပါတယ္” ဟု ေဒါက္တာလွ၀င္းေအာင္က ေျပာသည္။

၀ိတ္က်ေစရန္ႏွင့္ အသားအေရလွပေစရန္ ဒုတိယအႀကိမ္ဆန္ေဆးထားသည့္ ဆန္ေဆးရည္ကို ေရစစ္ႏွင့္စစ္ၿပီး သံုးသင့္ေၾကာင္း ေဒါက္တာ လွ၀င္းေအာင္ကဆိုသည္။ “ဆန္ေဆးရည္အသံုးျပဳမယ္ဆိုရင္ ထမင္းခ်က္ဖို႔ ဆန္ေဆးတဲ့အခါ ဒုတိယဆန္ေဆးရည္ကို ေရစစ္နဲ႔ အေသအခ်ာေလး ျပန္စစ္ဖို႔ေတာ့လိုပါလိမ့္မယ္။ ဆန္ေဆးရည္ အသံုးမျပဳခင္ ေရစစ္နဲ႔ ၃ႀကိမ္ေလာက္ ျပန္စစ္ပါ။ ေရစစ္နဲ႔စစ္ထားတဲ့ ဆန္ေဆးရည္ကို ေရခဲေသတၱာထဲမွာ နာရီ၀က္ခန္႔ထားၿပီးေတာ့မွ ေသာက္ေပးပါ။ ဆန္ေဆးရည္မသန္႔ရင္ မ်က္ႏွာယားယံတာ၊ ေသာက္ၿပီး မူးေနာက္ေနာက္ ထံုထိုင္းထိုင္းျဖစ္တာမ်ဳိး ျဖစ္တတ္လို႔ပါ။

ကြၽန္ေတာ္လက္ေတြ႕ ဆန္ေဆးရည္နဲ႔ မ်က္ႏွာသစ္ၿပီး၂ႏွစ္အတြင္းမွာ မ်က္ႏွာအေရးေၾကာင္းေတြ၊ ေနေလာင္ကြက္ေတြနဲ႔ မ်က္ခံုးေမႊးပါးေနရာမွ မ်က္ခံုးေမႊးျပန္ေပါက္လာတာ၊ အသားအေရတင္းရင္းလာတာေတြ သိသာခဲ့ပါတယ္။ ဆန္ေဆးရည္က အစာအိမ္နာတာ၊ အူမႀကီးေရာဂါ၊ အဆီအအိမ့္ အစားမ်ားၿပီး ေသြးထဲမွာ အဆီဓာတ္မ်ားတာ၊ အ၀လြန္ေရာဂါ၊ ေလထိုးေလေအာင့္၊ အစာအိမ္နာေ၀ဒနာေတြ၊ ဆီးက်င္ဆီးေအာင့္ ေ၀ဒနာေတြ၊ ဆီးေက်ာက္တည္ ေ၀ဒနာေတြအတြက္ သန္႔ရွင္းလက္ဆတ္တဲ့ ဆန္ေဆးရည္ကို တစ္ရက္မွာ မတ္ခြက္တစ္ခြက္စာ ေသာက္ေပးရင္ သက္သာေစပါတယ္။ ထမင္းခ်က္ဖို႔အတြက္ ဆန္၃ႀကိမ္ေရေဆးတဲ့အခါ ဒုတိယဆန္ေဆးရည္ကိုခံထားၿပီး ေရစစ္ကေလးနဲ႔ျပန္စစ္ကာ တစ္နာရီအတြင္း ေသာက္သံုးေပးရမွာပါ။

ဆံပင္ျဖဴတဲ့သူ၊ ဆံပင္ပါးတဲ့သူ၊ ဆံပင္ကြၽတ္သူ ဦးေရျပားေရာဂါ အတြက္ေတာ့ ညေနဆန္ေဆးတဲ့ ဒုတိယေဆးရည္ကို တစ္ညလံုးထားၿပီး ေနာက္တစ္ေန႔မနက္ ေခါင္းေလွ်ာ္ရပါမယ္။ ေခါင္းေလွ်ာ္ၿပီး ႐ိုး႐ိုးေရနဲ႔ ျပန္ၿပီးေခါင္းေလွ်ာ္စရာမလိုအပ္ဘဲ ေရေျခာက္ေအာင္သာ ပ၀ါနဲ႔သုတ္ပစ္ရမွာျဖစ္ပါတယ္။ဆန္ေဆးရည္အသံုးျပဳမယ္ဆိုရင္ ထမင္းခ်က္ဖို႔ ဆန္ေဆးတဲ့အခါ ဒုတိယဆန္ေဆးရည္ကို ေရစစ္နဲ႔ အေသအခ်ာေလး ျပန္စစ္ဖို႔ေတာ့လိုပါလိမ့္မယ္။ ဆန္ေဆးရည္ အသံုးမျပဳခင္ ေရစစ္နဲ႔ ၃ႀကိမ္ေလာက္ ျပန္စစ္ပါ။ ေရစစ္နဲ႔စစ္ထားတဲ့ ဆန္ေဆးရည္ကို ေရခဲေသတၱာထဲမွာ နာရီ၀က္ခန္႔ထားၿပီးေတာ့မွ ေသာက္ေပးပါ။ဆန္ေဆးရည္မွာ ဗီတာမင္ဓာတ္မ်ားစြာ ပါ၀င္ပါတယ္။

မ်က္ႏွာေနေလာင္တာ၊ မွဲ႔ေျခာက္၊ တင္းတိတ္၊ အေရျပားမိႈစြဲတာ၊ အေရျပားေပ်ာ့တြဲေနရင္ ဆန္ေဆးၿပီး သန္႔ရွင္းလတ္ဆတ္တဲ့ ဆန္ေဆးရည္ကို တစ္နာရီအတြင္းမွာ မ်က္နာသစ္ရမွာ ျဖစ္ပါတယ္။ ဆန္ေဆးရည္နဲ႔ မ်က္ႏွာသစ္ၿပီးပါက နာရီ၀က္ခန္႔ မ်က္ႏွာကို ေျခာက္ေသြ႕ေအာင္ထားရပါမယ္။ မ်က္ႏွာမွာဆန္ေဆးရည္ေတြ ေျခာက္ေသြ႕သြားၿပီဆိုမွ မိမိတို႔သံုးေနၾက မ်က္နာသစ္ဆပ္ျပာနဲ႔ မ်က္ႏွာသစ္ေရခ်ဳိးမယ္ဆိုရင္ တစ္ႏွစ္အတြင္း မ်က္ႏွာမွာ သိသိသာသာအေရးေၾကာင္းကင္းစင္ၿပီး အရြယ္တင္ႏုပ်ဳိေနမွာ ျဖစ္ပါတယ္။ အထူးသတိေပးေျပာၾကားလိုတာက ေကာက္ညႇင္းဆန္ငခ်ိတ္ဆန္ကရတဲ့ ဆန္ေဆးေရဟာ မူးေ၀တတ္လို႔ မေသာက္သံုးသင့္ပါဘူး။ ကိုယ္၀န္ေဆာင္မိခင္၊ ကေလးႏို႔တိုက္မိခင္ေတြ မေသာက္ေစခ်င္ပါ” ဟု ေဒါက္တာလွ၀င္းေအာင္က ေျပာသည္။

တကယ္က်န္းမာေရးေကာင္းလိုလွ်င္၊ တကယ္၀ိတ္က်လိုလွ်င္ အဆီအအိမ့္ အခ်ဳိမ်ားေရွာင္ျခင္း၊ အစားအစာကို သတိေလးႏွင့္စားျခင္း၊ အစာစားလွ်င္ အျမန္မစားဘဲ ေၾကညက္ေအာင္၀ါးစားျခင္း၊ အရက္ဘီယာ၊ အခ်ဳိရည္၊ ေဆးလိပ္ေရွာင္ျခင္း၊ သန္႔ရွင္းေသာ ဆန္ေဆးရည္ကို ေန႔စဥ္တစ္လီတာ ပံုမွန္ေသာက္ၿပီး အားကစားတစ္ခုခုကို ေန႔စဥ္ပံုမွန္လုပ္ျခင္း(သို႔မဟုတ္ ေန႔စဥ္ လမ္းမ်ားမ်ားေလွ်ာက္ၿပီး ေရမ်ားမ်ားေသာက္ျခင္း)၊ ညေန၅နာရီေနာက္ပိုင္း အစာမစားဘဲေနျခင္း၊ (ဗိုက္အလြန္ဆာေနလွ်င္ ငွက္ေပ်ာသီး၊ မာလကာသီး၊ ပန္းသီး သို႔မဟုတ္ အသီးအႏွံ တစ္ခုခုစားျခင္းတို႔ကို ျပဳလုပ္သင့္ေၾကာင္း၊ တစ္ႏွစ္ခန္႔ လိုက္နာၾကည့္လ်င္ က်န္းမာေရးေကာင္းၿပီး ကိုယ္အေလးခ်ိန္က်မည္ျဖစ္ေၾကာင္း ေဒါက္တာလွ၀င္းေအာင္က အႀကံျပဳထားသည္။

ႏွစ္ႏွစ္အတြင္း ကိုယ္အေလးခ်ိန္ ၃၆၀ ေပါင္ေက်ာ္ လူ၀ႀကီးအျဖစ္မွ ေပါင္ ၁၆၀ ေက်ာ္အထိ ေလ်ာ့က်သြားရျခင္းအေၾကာင္းကို ေဒါက္တာလွ၀င္းေအာင္က-

“တခ်ဳိ႕ကဆို ကြၽန္ေတာ့္မ်က္ႏွာ ခြဲစိတ္ျပဳျပင္ထားသလား အထင္မွားေနၾကပါတယ္။ စိတ္နဲ႔ေတာင္ အဲ့ဒီအတြက္ ပိုက္ဆံအကုန္မခံပါဘူးခင္ဗ်ာ။ အဆီမ်ားတာေရွာင္တယ္။ ညစာ အသီးအႏံွစားပါတယ္။ အဲ့ဒါေၾကာင့္၂ႏွစ္အတြင္း က်န္းမာေရးေကာင္းမြန္ၿပီး သိသာစြာ ကိုယ္အေလးခ်ိန္က်သြားတာပါ။

စပါးစိုက္တဲ့ေနရာထည့္တဲ့ ပိုးသတ္ေဆးေတြ ဆန္စပါး ျဖစ္လာေတာ့လည္း ပိုးမထိုးေအာင္၊ အႏွံေမႊးေအာင္ တခ်ဳိ႕က ေဆးျဖန္းတတ္တာေၾကာင့္ ဆန္ေဆးတဲ့အခါ ေသေသခ်ာခ်ာေဆးပါ၊ ဒုတိယေဆးတဲ့ ဆန္ေဆးရည္ကို ေရသန္႔နဲ႔ေဆးပါ၊ ေရစစ္နဲ႔ျပန္စစ္ပါ၊ ၿပီးမွေနာက္ေန႔မကူးဘဲ တေန႔ခ်င္းကုန္ေအာင္ တစ္လီတာေသာက္ပါ၊ မ်က္ႏွာသစ္ပါ။ ဆန္ေဆးရည္ေသာက္တာက အသားအေရက်စ္ၿပီး အေမာခံႏိုင္ပါတယ္။ အားကစားလုပ္တာနဲ႔ အစားအစာထိန္းစားပါ၊ ညေန ၅နာရီေနာက္ပိုင္း အသီးအႏွံပဲစားလို႔ ပိန္တာပါ”ဟု ေျပာျပထားပါသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Healthy Life

#Unicode Verison#
နိုင်ငံတော်မှ ဘွဲ့ဆုတံဆိပ်များစွာ ချီးမြင့်ခြင်း ခံထားရသူ ဒေါက်တာလှဝင်းအောင်က အဘိဓမ္မာ ဆရာတစ်ဦး၊ လူမှုရေးအလုပ်များစွာ လုပ်ဆောင်သည့် စေတနာ့ဝန်ထမ်းတစ်ဦးအဖြစ် လူသိများသူဖြစ်သည်။ သူပြောပြထားသည့် ဆန်ဆေးရည်၏ကျန်းမာရေးနှင့် အလှအပအကျိုးကျေးဇူးများကို အများပြည်သူဗဟုသုတရရှိစေရန် ပြန်လည်မျှဝေလိုက်ပါသည်။“ဆန်ဆေးရည်ကြောင့် အသက်၄၀ ကျော် အရွယ်တွေ ငယ်ရွယ်နုပျိုစေနိုင်ပြီး အရွယ်သုံးပါးလုံးအတွက် တန်ဖိုးနည်းပေမယ့် စွမ်းတဲ့သဘာဝဆေးပါ။ ဆန်ဆေးရည်အစွမ်းကြောင့် နေလောင်၊ မဲှ့ခြောက်၊ တင်းတိတ်နဲ့ မျက်နာအရေးကြောင်း၊ အရေပြား ပျော့တွဲတွဲဖြစ်နေခြင်းတွေ ပျောက်ကင်းသက်သာကြောင်းကို ကျွန်တော့်ကိုယ်တွေ့နဲ့ သုတသန္နိစယ ကျမ်းပါနန်းတွင်းသုံးသဘာဝရဲ့ ဆေးတစ်လက်ဖြစ်ကြောင်းကိုပါ ပြောပြပေးချင်တာပါ။

မန္တလေးရွှေမြို့တော်ကြီးကို ထူထောင်ခဲ့တဲ့ မင်းတုန်းမင်းကြီး လက်ထက်တော်အခါတုန်းက မင်းကြီးရဲ့ မိဖုရားတစ်ပါးဖြစ်တဲ့ မယ်သဲ(ခေါ်)မယ်ညွန့်ဟာ အဝလွန်တာကြောင့် မင်းကြီးရဲ့ငယ်ချစ်သခင် ဖြစ်ပါရက်နဲ့ တောင်နန်းစံမိဖုရားခေါင်ကြီးဘ၀ မဖြစ်ရရှာဘဲ ဝလွန်းလို့ မြောက်နန်းစံမိဖုရားဘဝနဲ့သာ ဖြစ်ရရှာတဲ့အတွက် နန်းတွင်းသမားတော်ကြီးတွေက ပွဲတော်တည်ဖို့ထမင်းမချက်မီ ဆန်ကိုသန့်စင်အောင် ရေဆေးကြောတဲ့အခါ ရရှိတဲ့ ဒုတိယဆန်ဆေးရည်ကို နေ့စဉ် အုန်းမှုတ်တစ်ခွက်စာ ဘုဉ်းပေးသုံးဆောင်ဖို့ လျောက်တင်ခဲ့ပါတယ်။ ဆန်ဆေးရည်နဲ့ အဝလွန်တဲ့ရောဂါကို ကုသပေးခဲ့တာကြောင့် အလွန်ပဲလှပကြော့ရှင်းတဲ့ ခန္ဓာဖြစ်သွားတာကို မင်းကြီးတိုင်းခန်းလှည့်လည် အပြန်ညအိပ်ဆောင်ဝင်တော့ လူမှားခဲ့ရတဲ့အထိ လှပနေပါသတဲ့။

ဆန်ဆေးရည်မှာ ဗီတာမင်ဓာတ်များပါဝင်တာကြောင့် အစာစားချင်စိတ်ကို အလွန်ထိန်းချုပ်ပေးပါတယ်။ ဝနေတဲ့လူတော်တော်များများက အစားအစာအစားများတာ၊ အသင့်စားခေါက်ဆွဲခြောက်တွေကို အလွယ်တကူဝယ်စားတာ၊ အဆီအအိမ့်နဲ့ နှစ်ပြန်ကြော်ဆီတွေ၊ ဟင်းအနှစ်တွေ၊ အကြော်အလှော်တွေစားတာ၊ ညအချိန်မတော်ထစားတာတွေ လုပ်တတ်ပြီး ကိုယ်စားတာက မိမိခန္ဓာကိုယ် လိုအပ်တာထက် ပိုအစားများတာနဲ့ စိတ်အလိုကို ခန္ဓာကိုယ်က လိုက်ပြီးစားတာတွေကြောင့် ဝနေကြတာပါ။လူတစ်ယောက်အရမ်းဝနေရာကနေ ဝိတ်ကျဖို့ အားကစားက ၅၀ ရာခိုင်နှုန်း အရေးပါကာ အစားအစာထိန်းစားတာက ၅၀ ရာခိုင်နှုန်း အရေပါလှပါတယ်။

ဆန်ဆေးရည်မှာ ဗီတာမင်ဓာတ်များ ပါဝင်တာကြောင့် အစာစားချင်စိတ်ကို အလွန်ထိန်းချုပ်ပေးပါတယ်။ ဝနေတဲ့လူတော်တော်များများက အစားအစာ အစားများတာ၊ အသင့်စား ခေါက်ဆွဲခြောက်တွေကို အလွယ်တကူဝယ်စားတာ၊ အဆီအအိမ့်နဲ့ နှစ်ပြန်ကြော်ဆီတွေ၊ ဟင်းအနှစ်တွေ၊ အကြော်အလှော်တွေစားတာ၊ ညအချိန်မတော်ထစားတာတွေ လုပ်တတ်ပြီး ကိုယ်စားတာက မိမိခန္ဓာကိုယ်လိုအပ်တာထက် ပိုအစားများတာနဲ့ စိတ်အလိုကို ခန္ဓာကိုယ်ကလိုက်ပြီး စားတာတွေကြောင့် ဝနေကြတာပါ။

ဝိတ်ကျဖို့ ညနေ၅နာရီနောက်ပိုင်း အသီးအနှံစားသုံးတာ၊ ခန္ဓာကိုယ်မှ မလိုအပ်တဲ့အဆီတွေ လောင်ကျွမ်းစေဖို့၊ သက်လုံကောင်းစေဖို့ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်တာနဲ့အတူ ဆန်ဆေးရည်ထဲ ဆားအနည်းငယ်ထည့်ကာ တွဲသောက်ပါက အလျင်အမြန် ဝိတ်ကျတဲ့အပြင် မျက်နှာနဲ့ ကိုယ်ခန္ဓာ အရေပြားတွဲကျနေတာတွေကို တင်းရင်းစေပါတယ်” ဟု ဒေါက်တာလှဝင်းအောင်က ပြောသည်။

ဝိတ်ကျစေရန်နှင့် အသားအရေလှပစေရန် ဒုတိယအကြိမ်ဆန်ဆေးထားသည့် ဆန်ဆေးရည်ကို ရေစစ်နှင့်စစ်ပြီး သုံးသင့်ကြောင်း ဒေါက်တာ လှဝင်းအောင်ကဆိုသည်။ “ဆန်ဆေးရည်အသုံးပြုမယ်ဆိုရင် ထမင်းချက်ဖို့ ဆန်ဆေးတဲ့အခါ ဒုတိယဆန်ဆေးရည်ကို ရေစစ်နဲ့ အသေအချာလေး ပြန်စစ်ဖို့တော့လိုပါလိမ့်မယ်။ ဆန်ဆေးရည် အသုံးမပြုခင် ရေစစ်နဲ့ ၃ကြိမ်လောက် ပြန်စစ်ပါ။ ရေစစ်နဲ့စစ်ထားတဲ့ ဆန်ဆေးရည်ကို ရေခဲသေတ္တာထဲမှာ နာရီဝက်ခန့်ထားပြီးတော့မှ သောက်ပေးပါ။ ဆန်ဆေးရည်မသန့်ရင် မျက်နှာယားယံတာ၊ သောက်ပြီး မူးနောက်နောက် ထုံထိုင်းထိုင်းဖြစ်တာမျိုး ဖြစ်တတ်လို့ပါ။

ကျွန်တော်လက်တွေ့ ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပြီး၂နှစ်အတွင်းမှာ မျက်နှာအရေးကြောင်းတွေ၊ နေလောင်ကွက်တွေနဲ့ မျက်ခုံးမွှေးပါးနေရာမှ မျက်ခုံးမွှေးပြန်ပေါက်လာတာ၊ အသားအရေတင်းရင်းလာတာတွေ သိသာခဲ့ပါတယ်။ ဆန်ဆေးရည်က အစာအိမ်နာတာ၊ အူမကြီးရောဂါ၊ အဆီအအိမ့် အစားများပြီး သွေးထဲမှာ အဆီဓာတ်များတာ၊ အဝလွန်ရောဂါ၊ လေထိုးလေအောင့်၊ အစာအိမ်နာဝေဒနာတွေ၊ ဆီးကျင်ဆီးအောင့် ဝေဒနာတွေ၊ ဆီးကျောက်တည် ဝေဒနာတွေအတွက် သန့်ရှင်းလက်ဆတ်တဲ့ ဆန်ဆေးရည်ကို တစ်ရက်မှာ မတ်ခွက်တစ်ခွက်စာ သောက်ပေးရင် သက်သာစေပါတယ်။ ထမင်းချက်ဖို့အတွက် ဆန်၃ကြိမ်ရေဆေးတဲ့အခါ ဒုတိယဆန်ဆေးရည်ကိုခံထားပြီး ရေစစ်ကလေးနဲ့ပြန်စစ်ကာ တစ်နာရီအတွင်း သောက်သုံးပေးရမှာပါ။

ဆံပင်ဖြူတဲ့သူ၊ ဆံပင်ပါးတဲ့သူ၊ ဆံပင်ကျွတ်သူ ဦးရေပြားရောဂါ အတွက်တော့ ညနေဆန်ဆေးတဲ့ ဒုတိယဆေးရည်ကို တစ်ညလုံးထားပြီး နောက်တစ်နေ့မနက် ခေါင်းလျှော်ရပါမယ်။ ခေါင်းလျှော်ပြီး ရိုးရိုးရေနဲ့ ပြန်ပြီးခေါင်းလျှော်စရာမလိုအပ်ဘဲ ရေခြောက်အောင်သာ ပဝါနဲ့သုတ်ပစ်ရမှာဖြစ်ပါတယ်။ဆန်ဆေးရည်အသုံးပြုမယ်ဆိုရင် ထမင်းချက်ဖို့ ဆန်ဆေးတဲ့အခါ ဒုတိယဆန်ဆေးရည်ကို ရေစစ်နဲ့ အသေအချာလေး ပြန်စစ်ဖို့တော့လိုပါလိမ့်မယ်။ ဆန်ဆေးရည် အသုံးမပြုခင် ရေစစ်နဲ့ ၃ကြိမ်လောက် ပြန်စစ်ပါ။ ရေစစ်နဲ့စစ်ထားတဲ့ ဆန်ဆေးရည်ကို ရေခဲသေတ္တာထဲမှာ နာရီဝက်ခန့်ထားပြီးတော့မှ သောက်ပေးပါ။ဆန်ဆေးရည်မှာ ဗီတာမင်ဓာတ်များစွာ ပါဝင်ပါတယ်။

မျက်နှာနေလောင်တာ၊ မှဲ့ခြောက်၊ တင်းတိတ်၊ အရေပြားမှိုစွဲတာ၊ အရေပြားပျော့တွဲနေရင် ဆန်ဆေးပြီး သန့်ရှင်းလတ်ဆတ်တဲ့ ဆန်ဆေးရည်ကို တစ်နာရီအတွင်းမှာ မျက်နာသစ်ရမှာ ဖြစ်ပါတယ်။ ဆန်ဆေးရည်နဲ့ မျက်နှာသစ်ပြီးပါက နာရီဝက်ခန့် မျက်နှာကို ခြောက်သွေ့အောင်ထားရပါမယ်။ မျက်နှာမှာဆန်ဆေးရည်တွေ ခြောက်သွေ့သွားပြီဆိုမှ မိမိတို့သုံးနေကြ မျက်နာသစ်ဆပ်ပြာနဲ့ မျက်နှာသစ်ရေချိုးမယ်ဆိုရင် တစ်နှစ်အတွင်း မျက်နှာမှာ သိသိသာသာအရေးကြောင်းကင်းစင်ပြီး အရွယ်တင်နုပျိုနေမှာ ဖြစ်ပါတယ်။ အထူးသတိပေးပြောကြားလိုတာက ကောက်ညှင်းဆန်ငချိတ်ဆန်ကရတဲ့ ဆန်ဆေးရေဟာ မူးဝေတတ်လို့ မသောက်သုံးသင့်ပါဘူး။ ကိုယ်ဝန်ဆောင်မိခင်၊ ကလေးနို့တိုက်မိခင်တွေ မသောက်စေချင်ပါ” ဟု ဒေါက်တာလှဝင်းအောင်က ပြောသည်။

တကယ်ကျန်းမာရေးကောင်းလိုလျှင်၊ တကယ်ဝိတ်ကျလိုလျှင် အဆီအအိမ့် အချိုများရှောင်ခြင်း၊ အစားအစာကို သတိလေးနှင့်စားခြင်း၊ အစာစားလျှင် အမြန်မစားဘဲ ကြေညက်အောင်ဝါးစားခြင်း၊ အရက်ဘီယာ၊ အချိုရည်၊ ဆေးလိပ်ရှောင်ခြင်း၊ သန့်ရှင်းသော ဆန်ဆေးရည်ကို နေ့စဉ်တစ်လီတာ ပုံမှန်သောက်ပြီး အားကစားတစ်ခုခုကို နေ့စဉ်ပုံမှန်လုပ်ခြင်း(သို့မဟုတ် နေ့စဉ် လမ်းများများလျှောက်ပြီး ရေများများသောက်ခြင်း)၊ ညနေ၅နာရီနောက်ပိုင်း အစာမစားဘဲနေခြင်း၊ (ဗိုက်အလွန်ဆာနေလျှင် ငှက်ပျောသီး၊ မာလကာသီး၊ ပန်းသီး သို့မဟုတ် အသီးအနှံ တစ်ခုခုစားခြင်းတို့ကို ပြုလုပ်သင့်ကြောင်း၊ တစ်နှစ်ခန့် လိုက်နာကြည့်လျင် ကျန်းမာရေးကောင်းပြီး ကိုယ်အလေးချိန်ကျမည်ဖြစ်ကြောင်း ဒေါက်တာလှဝင်းအောင်က အကြံပြုထားသည်။

နှစ်နှစ်အတွင်း ကိုယ်အလေးချိန် ၃၆၀ ပေါင်ကျော် လူဝကြီးအဖြစ်မှ ပေါင် ၁၆၀ ကျော်အထိ လျော့ကျသွားရခြင်းအကြောင်းကို ဒေါက်တာလှဝင်းအောင်က-

“တချို့ကဆို ကျွန်တော့်မျက်နှာ ခွဲစိတ်ပြုပြင်ထားသလား အထင်မှားနေကြပါတယ်။ စိတ်နဲ့တောင် အဲ့ဒီအတွက် ပိုက်ဆံအကုန်မခံပါဘူးခင်ဗျာ။ အဆီများတာရှောင်တယ်။ ညစာ အသီးအနံှစားပါတယ်။ အဲ့ဒါကြောင့်၂နှစ်အတွင်း ကျန်းမာရေးကောင်းမွန်ပြီး သိသာစွာ ကိုယ်အလေးချိန်ကျသွားတာပါ။

စပါးစိုက်တဲ့နေရာထည့်တဲ့ ပိုးသတ်ဆေးတွေ ဆန်စပါး ဖြစ်လာတော့လည်း ပိုးမထိုးအောင်၊ အနှံမွှေးအောင် တချို့က ဆေးဖြန်းတတ်တာကြောင့် ဆန်ဆေးတဲ့အခါ သေသေချာချာဆေးပါ၊ ဒုတိယဆေးတဲ့ ဆန်ဆေးရည်ကို ရေသန့်နဲ့ဆေးပါ၊ ရေစစ်နဲ့ပြန်စစ်ပါ၊ ပြီးမှနောက်နေ့မကူးဘဲ တနေ့ချင်းကုန်အောင် တစ်လီတာသောက်ပါ၊ မျက်နှာသစ်ပါ။ ဆန်ဆေးရည်သောက်တာက အသားအရေကျစ်ပြီး အမောခံနိုင်ပါတယ်။ အားကစားလုပ်တာနဲ့ အစားအစာထိန်းစားပါ၊ ညနေ ၅နာရီနောက်ပိုင်း အသီးအနှံပဲစားလို့ ပိန်တာပါ”ဟု ပြောပြထားပါသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Healthy Life
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top