


မေမေ …… တဲ့ ။










“သားပြန်လာပီလား” …… တဲ့



ပြချင်ပါတယ်” တဲ့လေ ……









➖➖➖➖➖➖➖➖➖➖➖

ဦးခေမိန္ဒ



#Unicode Version#
ဦးခေမိန္ဒ ……… ဦးခေမိန္ဒသည် ရဟန်းငယ်တစ်ပါးပီပီ ဘဝကိုမခံချင်တဲ့စိတ်ဖြင့် စာကိုအလွန်ကြိုးစားသူ __ရဟန်းလည်းဖြစ်သလို၊ ကိုယ်ဒူးကိုယ်ချွန်ပြီးလည်း
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် __(ရန်ကုန်)ကိုလည်း တက်နေသည့်ရဟန်းလည်းဖြစ်၏၊

တနေ့ …… တက္ကသိုလ်ကနေချမှတ်ပေးလိုက်သည့် ပြဌာန်းစာကို သဲသဲမဲမဲလေ့လာကျက်မှတ်နေသည် နေ့ဆွမ်းဘုဉ်းပေးပြီး သူငယ်ချင်းရဟန်းတွေကျိန်းစက်နေပေမယ့်လည်း သူကားမကျိန်းစက်နိုင်

ပေးထားသည့်စာကိုမရသေးလို့သာဖြစ်၏ ထိုအချိန်တွင် …… ကလင် . ကလင် . ဟူ၍ ဖုန်းဝင်လာသည် ဖုန်းကောဝင်လာသော်လည်းစာကအရေးကြီးသည်မို့အသံလာတဲ့ဆီဖုန်းဆီသို့စိတ်မဝင်စားချင်သေး ထို့နောက် ထိုဖုန်းကားခဏခဏဆိုသလိုဝင်လာတာကြောင့် ကျိန်းစက်သည့်ရဟန်းများကို အားနာလာတာနဲ့ ဖုန်းအသံလာရာဆီသို့ထသွားကာ ဘယ်သူများလည်းကြည့်လိုက်တော့ ?

မေမေ …… တဲ့ ။

စာကိုကျက်မှတ်နေသည့်စိတ်တောင် ဘယ်ရောက်သွားမှန်းမသိ အကြောင်းကား ……တစ်ခါမှ ဒီလောက်ဖုန်းကောအများကြီးကို မခေါ်စဖူး အခေါ်ထူးလို့သာဖြစ်၏ အရင်ကဆိုရင် တစ်ခါသာခေါ်လို့မရရင် ဆက်၍မခေါ်သော အမေ၊ ယနေ့ကား အဘယ့်ကြောင့် အကြိမ်ပေါင်းမနည်းခေါ်၍နေသနည်း ဦးခေမိန္ဒသည် စိတ်ထဲ၌ အတွေး ……… များစွာ

ထိုအတွေးများစွာနဲ့အတူ တောရွာမှာနေတဲ့ အမေ့ဆီကို ချင်ခြင်းပဲ ချက်ခြင်းပဲ ဖုန်းခေါ်လိုက်တော့ အမေ့အသံကား အရင်လိုမဟုတ် ဝမ်းနည်းသည့်အသံ အားကိုးရှာသည့်အသံနဲ့

“သားရေ …… တဲ့ အခွင့်ရလို့ရှိရင်လေ ရွာက အမေ့ဆီကိုလာလို့ရမလား” တဲ့လေ …… ။

ရပါတယ်အမေလို့သာပြောလိုက်၏

တကယ်တော့ တက္ကသိုလ်ဆိုတာ စည်းကမ်းတွေအလွန်များပြားပြီးနေရာဋ္ဌာနတစ်ခု၊နောက်တစ်ခါ ထွက်ချင်တိုင်းထွက်လို့မရသလိုဝင်ချင်တိုင်းလည်း ဝင်ခွင့်မရသော နေရာလည်းဖြစ်၏/

ရပါတယ် အမေလို့ပြောလိုက်ရခြင်းမှာ

“စာပဲကြိုးစားနော် …… သား အခွင့်ရမှသာပြန်လာခဲ့ပါ” လို့ဆိုဆိုနေတဲ့ ဒီအမေက တစ်ခါမှလည်း ပြန်လာခဲ့ပါဦးလို့မခေါ်ဖူးသလို အမေ့ရဲ့အသံကလည်းထူးခြားနေလို့လည်းဖြစ်၏ ……

ရွာနဲ့အမေ့အိမ်ကိုရောက်တော့ အရင်နေ့တွေကလို အမေသည် သားမောင်ဦးဇင်းပြန်လာတာတောင် အိမ်ရှေ့ကနေ အပြုံးလေးနဲ့ပေါ့..သားပြန်လာပီလားတောင် ထွက်ပြီးကြိုဆိုတာမတွေ့ရတော့ အမေသည် အိပ်ယာထဲမှာခွေခွေလေး …… ။

ခရီးဆောင်အိပ်လေးနဲ့အိမ်ထဲဝင်လာတဲ့သားကို အမေမြင်တော့ အားအင်မပြည့်တဲ့အပြုံးလေးနဲ့အမေအားယူပြုံးပြီး

“သားပြန်လာပီလား” …… တဲ့

“ဟုတ်ကဲ့ အမေ သားပြန်လာပါပီ” လို့သာဖြေလိုက်ရပေမယ့် ဦးခေမိန္ဒရဲ့ရင်ထဲမှာတော့ အိမ်အပြင်ထွက်ပြီး အရင်လိုမကြိုဆိုကတည်းကဝမ်းနည်းနေတာ အမေ့ရဲ့အခြေ အမေ့ရဲ့အနေထား ပြောင်းလဲနေတော့ ဝမ်းနည်းတဲ့အသံကို ထိန်းချုပ်ပြီး အမေရယ်…… အခုအမေ့သားကြီးအမေ့ရှေ့ရောက်နေပါပီလို့ဖြေလိုက်ရသည်။

သားရဟန်းကိုတွေ့တော့ အမေဖြစ်သူသည်

“သားရေ …… တဲ့ အမေဘာပဲစားစား လျှာက အရသာမပေးတော့ဘူး” တဲ့ “ဖြစ်နေတာကြာ” ပီတဲ့ “အမေ့ရဲ့လျှာကို ဒီမြို့မှာမပြတော့ပဲ တစ်ခြားနေရာကို
ပြချင်ပါတယ်” တဲ့လေ ……

အမေ့ရဲ့ရင်ဖွင့်သံကြားလိုက်ရသော သားဖြစ်သူ ဦးခေမိန္ဒ၏ဦးခေါင်းကို မိုးကြိုးပစ်ချသွားသလိုထူပူသွားသည် အကြောင်းကား တက္ကသိုလ်တက်နေသည့်ရဟန်းမို့
ပိုက်ဆံလုံးဝရှိမနေလို့သာဖြစ်၏ ၊

သူတာဝန်ယူရပေမည် အိမ်မှာကား …… သူက အကြီးဆုံးသားဖြစ်နေလို့သာဖြစ်၏။ အကိုကြီးတော့ အဖရာဆိုသလို သူ့မှာတာဝန်းအပြည့်ဝရှိနေသည်၊ခရီးဆောင်အိပ်ထဲက ပိုက်ဆံကိုရေတွက်ကြည့်တော့ တစ်သောင်းသောင်းကျော်ကျော်သာ ဒါ့ကြောင့် …… သူငယ်ချင်းတွေဆီက ငွေချေးပြီး နေပြည်တော် ကုဋင်၁၀၀၀ပြကြည့်တော့ဆရာဝန်ဖြစ်သူတွေက ဦးဇင်းရေ …… တဲ့ ဦးဇင်းအမေက လျှာကင်ဆာဖြစ်နေတာတဲ့

ဒုန်း…… ဆို ရင်ထဲအောင့်သွားသလိုအမေဖြစ်တဲ့သူလည်း ဆရာဝန်ရဲ့ပြောစကားကို ကြားလိုက်ရတော့ မျက်နာက အရင်ကထက်သေးငယ်ပြီး ထိုဆရာဝန်ရဲ့ရှေ့မှာပင်အမေသည် သာရဟန်းဖြစ်တဲ့ဦးခေမိန္ဒရဲ့ လက်တစ်စုံကို အမှတ်မထင်ပဲ သားဖြစ်သူရဲ့မျက်ကိုကြည့်ကာ ဆုပ်ကိုင်မိသွားသည်။

မရည်ရွယ်ပေမယ့်လည်း သေရေရှင်ရေးနဲ့ပတ်သက်လာရင် နီးသူကိုအားကိုးစမြဲသာမဟုတ်ပါလား …… ။

ဦးခေမိန္ဒသည် …… အမေ့ရဲ့လက်ကို ပြန်ဆုပ်ကိုင်ကာ အားပေးစကားအဖြစ် ပြန်ပြောလိုက်သော စကားတစ်ခွန်းမှာ

“အမေ …… ဘာမှအားမငယ်နဲ့ သားတို့ဘေးနာမှာ ဘယ်သူမှမရှိပေမယ့် အမေ့အနားမှာ အမေ့သားရှိပါတယ်” ……တဲ့လေ

ဒါ့ကြောင့် သားလူထွက်ပြီးလုပ်အားခနဲ့ဆေးကုမယ် …… တဲ့

ဒါ့ကြောင့် …… ယခု ဤစာမူဖတ်သူကို ပြေးကာဖတ်၍အားကိုးမိပါ၏။ ရဟန်းရှားပါးတဲ့ ဒီခေတ်ကြီးထဲမှာ သင့်ရဲ့ရှေ့ရဟန်းတစ်ပါး သာသနာကနေဆုံးရှုံးနေတာ ထိုင်ကာကြည့်နေတော့မှာလား။လျှာကင်ဆာဖြစ်နေတဲ့ ထိုအမေအိုကိုပေါ့ ကရုဏာ သနားတဲ့စိတ်မဖြစ်မိဘူးလား ဤစာရေးသူအပါဝင် နိုင်သလောက်ဖြင့် ဝိုင်းဝန်းပြီးခြံရံကြပါကုန်စို့အထူးမေတ္တာရပ်ခံအပ်ပါသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ဖန်ခါးမြေအရှင်
➖➖➖➖➖➖➖➖➖➖➖
ဆက်သွယ်လှူဒါန်းရန်လိပ်စာ

ဦးခေမိန္ဒ

မကွေးတိုင်း/တောင်တွင်းကြီး /ငမင်ရွာ

09799674166 09267597197
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top