ျမန္မာႏုိင္ငံတြင္ ပထမဆံုး အသည္းအစားထိုးခြဲစိတ္မႈကို ၂၀၁၉ ေမလ၌ ေအာင္ျမင္စြာ ျပဳလုပ္ႏုိင္ခဲ့သည္။ ေမြးရာပါ သည္းေျခႁပြန္မပါသည့္ ကေလးငယ္ ေမာင္ညီညီမင္းဦးကို ဖခင္ျဖစ္သူ၏ အသည္းအနည္းငယ္ယူ၍ အစားထိုးေပးျခင္းျဖစ္သည္။ ျမန္မာႏုိင္ငံ ေဆးပညာေလာကအတြက္ ဂုဏ္ယူဖြယ္ မွတ္ေက်ာက္တစ္ခုျဖစ္သလို ေလာကဓံကို ႀကံ႕ႀကံ႕ခံခဲ့သည့္ မိသားစုအတြက္လည္း ထိုက္တန္သည့္ ရလဒ္တစ္ခုျဖစ္ ခဲ့သည္။

‘‘သား ေဖ့ေဖ့အသည္း သားကို ေပးရမယ္။ သားအသည္းက သိပ္မေကာင္းလို႔’’

သည္စကားကို ခပ္ၿပံဳးၿပံဳးေလး ေျပာႏုိင္ဖို႔ ကိုေစာမင္းမင္း အခ်ိန္ေတြအၾကာႀကီး ျဖတ္သန္းခဲ့ရၿပီးပါၿပီ။ တစ္ႏွစ္၊ ၂ ႏွစ္မဟုတ္ ေျခာက္ႏွစ္နီးပါးမ်က္ရည္ေတြ အ မ်ားႀကီးက်ခဲ့ၿပီးၿပီ။ အင္အားေတြ ကုန္လုနီးပါး ျဖစ္ခဲ့ရၿပီးၿပီ။

၀မ္းနည္းစရာမ်ား ျပည့္သိပ္က်ပ္ေနေသာ သည္ေျခာက္ႏွစ္တာ ဇာတ္လမ္းရွည္ႀကီးတြင္ အံ့ၾသစရာ ေကာင္းေလာက္ေအာင္ ႀကံ႕ႀကံ႕ခံႏိုင္သူမ်ား ရွိပါသည္။ ဖခင္ ကိုေစာမင္းမင္း၊ မိခင္ မေစာျမတ္မြန္ႏွင့္ သားျဖစ္သူ ေမာင္ညီညီမင္းဦး။ သူတို႔သံုးေယာက္၏ ႀကံ႕ခိုင္ ရွင္သန္ႏုိင္စြမ္းေၾကာင့္သာသည္ ၀မ္းနည္းစရာ ဇာတ္လမ္းရွည္ႀကီးမွာ ေပ်ာ္စရာဇာတ္သိမ္း ရွိလာျခင္းျဖစ္ပါသည္။

ကိုေစာမင္းမင္းႏွင့္ မေစာ ျမတ္မြန္တုိ႔က ဧရာ၀တီတုိင္း ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္ ကဇန္း ေက်ာင္းေက်းရြာဇာတိျဖစ္သည္။ နာဂစ္မုန္တိုင္းမတုိက္မီ ၂၀၀၈ မွာ ေမတၱာမွ်၍ ရြာမွာပင္ တစ္အိုး တစ္အိမ္ ထူေထာင္ခဲ့ၾကသည္။ နာဂစ္မုန္တုိင္းက မိသားစုကို ဒယိမ္းဒယိုင္ ျဖစ္ေစခဲ့သည္မို႔ အိမ္ေထာင္စက်တည္းက စား ၀တ္ေနေရးအတြက္မ်ိဳးစံု႐ုန္းကန္ ခဲ့ရသည္။ လက္သမားပညာတက္ သည့္ ကိုေစာမင္းမင္းက ေငြရွာ သည္။ ဇနီးသည္ကလည္း က်ပန္းလုပ္သည္။

အိမ္ေထာင္က်ၿပီး ငါးႏွစ္အၾကာ တည္ၿငိမ္စျပဳခ်ိန္မွာေတာ့ သားသမီးယူဖို႔ လိုလိုခ်င္ခ်င္ ဆံုး ျဖတ္ခဲ့ၾကၿပီး မၾကာမီ ကိုယ္၀န္ရလာခဲ့သည္။ ဒီေတာ့ သားေရး၊ သမီးေရးအတြက္ ပိုက္ဆံရွာဖို႔ ကိုေစာမင္းမင္းဦး ရန္ကုန္ တစ္ ေယာက္တည္း တက္ရလာေတာ့ သည္။

‘‘သားကို ေမြးတဲ့အခ်ိန္မွာ ကြၽန္ေတာ္က ရန္ကုန္မွာ အလုပ္လုပ္ေနတာ။ ကိုယ္ပိုင္ဖုန္းမရွိ ေတာ့ ခ်က္ခ်င္းမသိေသးဘူး။ သိေတာ့လည္း ကြၽန္ေတာ္ ရြာကိုခ်က္ခ်င္းတန္းျပန္တာပဲ’’ဟု ေျပာ သည္။ ကိုေစာမင္းမင္းဦးက အဂၤါ သားျဖစ္သလို ဇနီး မေစာျမတ္မြန္ ကလည္း အဂၤါသမီး၊ သားဦးေလး ေမြးေတာ့လည္း အဂၤါသားေလး၊ တစ္မိသားစုလံုး ေပ်ာ္လိုက္သည္ ျဖစ္ျခင္း။

သို႔ေသာ္ မိသားစု၏ အေပ်ာ္က ၾကာၾကာမခံပါ။ ကေလးငယ္ ေဆး႐ံုက ဆင္းဆင္းခ်င္းမွာပင္ ေနမေကာင္းသည့္ လကၡဏာမ်ား ျပခဲ့သည္။ ေနာက္ေတာ့ ကေလး သံုးေလးလခန္႔တြင္ ဝမ္းအျဖဴေတြ သြားသည္။ အသားေတြ ဝါေန သည္။ အဓိကျပႆနာက ေန႔စဥ္ရက္ဆက္ ညဘက္မအိပ္ဘဲ ငို ျခင္းပင္ျဖစ္သည္။ ဂ်ီက်၍ ငိုသည္ မဟုတ္ဘဲ ေရာဂါခံစားေနရသျဖင့္ ငိုသည့္အသံမ်ိဳးျဖစ္၍ မိသားစုအေနျဖင့္ ပိုခံစားရခက္သည္ဟု ကိုေစာမင္းမင္းကဆိုသည္။

‘‘သူ႔အေမဆို ညဘက္ေတြ ေကာင္းေကာင္းမအိပ္ရဘူး။ ငုတ္တုတ္ထိုင္ၿပီး ေမွးရလည္း နာရီ ပိုင္းပဲ။ ေမွးလိုက္ႏိုးလိုက္နဲ႔ တစ္ညလံုး တကယ္ကို မအိပ္ရတာ’’

ကိုေစာမင္းတို႔ ေနသည္က ေက်းရြာမို႔ ေက်းရြာေဆးေပးခန္းသို႔ ျပၾကည့္ေသးသည္။ သို႔ေသာ္ ေဆးေပးခန္းက တတ္သေလာက္ သာ ကုေပးႏိုင္ၿပီး ဘာမွမထူးျခား လာခဲ့ေပ။ သို႔ႏွင့္ ေမာ္ကြၽန္းေဆး ႐ံုႀကီးသို႔ ေရာက္ခဲ့သည္။ ေမာ္ ကြၽန္းေဆး႐ံုႀကီးကလည္း ေရာဂါ ေသေသခ်ာခ်ာ မသိ၍ ရန္ကုန္ကေလးေဆး႐ံုသို႔ သြားရန္သာ တြင္တြင္ေျပာေနခဲ့သည္။

သို႔ေသာ္ ေငြေၾကးမတတ္ ႏိုင္သူမ်ားျဖစ္သျဖင့္ ေဆး႐ံုတက္ရန္ တစ္လခန္႔ ၾကန္႔ၾကာခဲ့သည္။ ထိုကာလသည္ တစ္မိသားစုလံုးရင္ထဲ ငရဲမီး စတင္ဆူပြက္သည့္ အခ်ိန္ပင္ျဖစ္သည္။ အဘယ္ ေၾကာင့္ဆိုေသာ္ ကေလးငယ္က ဝမ္းမ်ားျဖဴလာၿပီး ပို၍ခ်ဴခ်ာလာသည္။

‘‘ကြၽန္ေတာ္ အိမ္လံုးဝမျပန္ခ်င္ပါဘူး။ ငိုသံၾကားရင္ ဘာမွ မလုပ္တတ္ဘူးဗ်ာ။ တကယ္ဘာမွ မလုပ္တတ္လို႔ ကြၽန္ေတာ္မျပန္ခ်င္ခဲ့ဘူး’’ဟု ကိုေစာမင္းမင္းက ေျပာသည္။

ငါးလအရြယ္ကေလး က်န္းမာေစရန္ ယၾတာလုပ္၍ ဘဘုန္း ႀကီးေပးေသာ နာမည္အမ်ိဳးမ်ိဳး ေျပာင္းခဲ့ၿပီးၿပီ။ ေခါစာေတြလည္း ပစ္ရလြန္းလို႔ ထပ္ေနၿပီ။ သို႔ေသာ္ ထူးျခားမလာခဲ့။

၂၀၁၃ တြင္ေတာ့ ခ်ိဳ႕တဲ့ ေသာ ေမာ္ကြၽန္းဇာတိမိသားစုမွာ ရြာကရွိသမွ် ေရာင္းခ်ထုခြဲၿပီး ရန္ကုန္တက္ ေဆး႐ံုျပဖို႔ စီစဥ္ ေတာ့သည္။

‘‘ကေလးအေပၚ အခ်စ္ဆံုးက ကြၽန္ေတာ့္အေဖနဲ႔ အေမေပါ့၊ ကြၽန္ေတာ့္ထက္ ပိုခ်စ္တယ္။ ရြာမွာရွိသမွ်လည္း ေရာင္းလို႔ကုန္ၿပီ အခုရြာျပန္ရင္ ေနစရာမရွိေတာ့ဘူး။ ကြၽန္ေတာ့္အေဖဆို ခါးကိုင္း ေနၿပီ အလုပ္လုပ္ေနတုန္း’’ ဟု ကိုေစာမင္းမင္းက ေျပာသည္။

ရန္ကုန္ေရာက္ေတာ့ ေရႊျပည္သာၿမိဳ႕နယ္တြင္ အိမ္ငွားေနသည္။ ၁၀ ေပ အခန္းက်ဥ္းထဲတြင္ အဘိုး၊ အဘြား အပါအဝင္မိသားစုငါးေယာက္ ေနထုိင္ၿပီး ကိုေစာမင္းမင္းႏွင့္ အဘိုးျဖစ္သူတို႔ အလုပ္ထြက္လုပ္ၾကသည္။

ေသြးအန္တတ္သည့္ သားငယ္ေၾကာင့္ ဖခင္ ကုိေစာမင္းမင္းမွာလည္း ေသြးမၾကာခဏလွဴတတ္ေနၿပီး တစ္ခါတေလ ေဆး႐ံုေရာက္လွ်င္ အျခားေရာဂါသည္ ေတြအတြက္ပါ လွဴလုိက္သည္လည္းရွိသည္။

‘‘ကုိယ္ခ်င္းစာလုိ႔ေလ။ ကြၽန္ ေတာ္ လွဴလုိက္လုိ႔ အသက္ရွင္သြားတာေတြရွိတယ္’’ဟု ထုိအ ေၾကာင္းအရာေတြ ျပန္ေျပာတိုင္း ကုိေစာမင္းမင္းမ်က္ႏွာက မႈိင္း ညိဳေနသည္။

ကေလးမွာ ေမြးကတည္းက မက်န္းမာသည္မွာ အသက္ (၄) ႏွစ္အရြယ္အထိ ျဖစ္သည္မုိ႔ အ ျပင္လည္း မထြက္ခုိင္းရဲ။ အစား လည္း ေရြးခ်ယ္ေကြၽးရသည္။ ‘ေက်ာင္းတက္ခ်င္တယ္’ ေျပာတိုင္း က်ိတ္ငုိရသည္က အႀကိမ္ႀကိမ္။ ထုိ႔အျပင္ ကေလးငယ္ကိုယ္တိုင္က ေနာက္ပုိင္း ေသြးအန္သည့္အခါမ်ားတြင္ ႀကိတ္အန္သည္။ တစ္စက္မွ မငုိဘဲအံႀကိတ္၍ အန္ထုတ္ပစ္သည္ ဟု ကုိေစာမင္းမင္းက ေျပာသည္။ ပူေလာင္လွသည့္ ကႏၲာရ ခရီးရွည္ႀကီးက ဆုံးႏုိင္ပါ့မလား။

‘‘ေသသြားခ်င္တာ။ ကြၽန္ ေတာ္ေလ လမ္းသြားရင္း ကားတိုက္ပါေစ၊ အဲဒီလုိ ဆုေတာင္း တာ’’ဟု ကုိေစာမင္းမင္းက ဆုိ သည္။

၂၀၁၉ တြင္ေတာ့ မိသားစုအတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ တစ္ခုလင္းလာခဲ့ၿပီ။ ေရႊတိဂုံေစတီအဂၤါေထာင့္တြင္ အၿမဲလုိလုိ ဂုဏ္ေတာ္ကုိးပါးကုိ မ်က္ရည္ စက္လက္ရြတ္တတ္သည့္ ကုိ ေစာမင္းမင္း၏ ဆုေတာင္းေတြ ျပည့္လာခဲ့ၿပီ။

၂၀၁၉ ဇန္န၀ါရီ ကုိေစာ မင္းမင္းႏွင့္ မေစာျမတ္မြန္တို႔ကုိ ဟယ္လ္ပင္ကေလးေဆး႐ုံမွ တာ ၀န္ရွိသူမ်ားက အေၾကာင္းၾကား၍ သီးသန္႔ေခၚေျပာသည္။ ဖခင္၏ အသည္းကုိ ကေလးငယ္အား ေပးႏုိင္မည့္ ခြဲစိတ္မႈ ျမန္မာႏုိင္ငံတြင္ ပထမဆုံးျပဳလုပ္ႏုိင္ၿပီး ႏုိင္ငံေတာ္စရိတ္ျဖင့္ ခြဲစိတ္မႈကုိ ျမန္မာျပည္မွာ ပထမဆုံးလုပ္ဖုိ႔ ကုိေစာမင္းမင္းတို႔ကုိ ေရြးခ်ယ္လုိက္သည္တဲ့။ မိဘက ကေလးကုိ အသည္းေပးႏုိင္ေတာ့မည္တဲ့။ ကုိေစာမင္းမင္းစိတ္ထဲ ယင္းေန႔ ေလာက္ ခ်ိဳၿမိန္တာ မရွိခဲ့။

‘‘သား ေဖ့ေဖ့အသည္း သား ကုိ ေပးရမယ္။ သားအသည္းက သိပ္မေကာင္းလုိ႔’’

သည္စကားကုိ သားငယ္ ခုနစ္လအရြယ္ကတည္းက ကုိေစာမင္းမင္း အေကာင္အထည္ေဖာ္ ခ်င္ခဲ့သည္။ သားေနရာမွာ ငါသာ ျဖစ္ပါေတာ့လား၊ ငါ့အသည္းကုိ ေပးလုိ႔ရရင္လုိ႔ ခဏခဏေတြးရင္း ငုိဖူးသည္။ အခုေတာ့ စိတ္ကူး႐ုံ မဟုတ္ေတာ့ပါ။ တကယ္ေပးႏုိင္ ေတာ့မည္။

ဒါဇင္ႏွင့္ခ်ီသည့္ စမ္းသပ္ ခ်က္မ်ားအၿပီးတြင္ေတာ့ ကိုေစာမင္းမင္းတို႔ သားအဖႏွစ္ေယာက္ ကုိ ခြဲစိတ္မႈလုပ္ေဆာင္ဖုိ႔ အတည္ ျဖစ္သြားခဲ့ၿပီျဖစ္သည္။ ဖခင္၏ ဘယ္ဘက္ျခမ္း အသည္းအစိတ္ အပုိင္းေသးေသးကုိ ခြဲယူၿပီး သား ျဖစ္သူတြင္ အစားထုိးမည္။

‘‘အသည္းအစားထုိးဖုိ႔ဆုိ ေခြးကိုက္လုိ႔မရဘူး။ သြားနဲ႔ျခစ္မိ ရင္ကုိ မရဘူးတဲ့။ အဲဒီရက္ေတြက ကြၽန္ေတာ့္မွာ ေခြးျမင္ရင္ ဟုိးအ ေ၀းႀကီးက ပတ္ေရွာင္သြားရတာ။ ညေနေစာင္းၿပီဆုိ ကြၽန္ေတာ္အ ျပင္မထြက္ေတာ့ဘူး’’ဟု ကုိေစာမင္းမင္းက ရယ္ေမာရင္း ေျပာ သည္။

၂၀၁၉ မတ္လ ၁၇ ရက္တြင္ ေတာ့ ဟယ္လ္ပင္ကေလးေဆး႐ုံ ႀကီးအတြင္း ၁၂ နာရီအၾကာ ေအာ္ ပေရးရွင္းစတင္ခဲ့သည္။ ဂ်ပန္ဆရာ၀န္မ်ား၊ ျမန္မာဆရာ၀န္မ်ားပူးေပါင္း၍ ျမန္မာ့ေျမေပၚတြင္ မွတ္ေက်ာက္တင္ႏိုင္မည့္ ခြဲစိတ္မႈ လုပ္ေဆာင္ႏုိင္ခဲ့ပါေတာ့သည္။

ေရႊျပည္သာၿမိဳ႕နယ္ ေလွာ္ ကားေက်းရြာရွိ ၁၀ ေပ အိမ္အခန္း က်ဥ္းေလးသည္ ယခုေတာ့ ေပ်ာ္ စရာမ်ား ျပည့္ႏွက္ေနပါၿပီ။ အိမ္ ဆည္းလည္းေလးသည္ ငါးႏွစ္အၾကာတြင္ေတာ့ လႈပ္ခတ္၍လာၿပီျဖစ္သည္။ ေျခာက္ႏွစ္တာကာလအတြင္း သူတို႔တြင္ လည္ပင္းနစ္ေနေအာင္ အေႂကြးေတြရွိသည္။ လက္သမားလစာျဖင့္ မနည္းဆပ္ရမည့္ ေငြတိုးေတြရွိသည္။ သုိ႔ေသာ္ သူတို႔ ေပ်ာ္ေနပါသည္။

‘‘ေဆာ့တာမွ ေျဗာင္းသတ္ ေနတာပဲ။ အတိုးခ်ၿပီး ေဆာ့ေန တာေလ’’ဟု မိခင္မေစာျမတ္မြန္ က သားငယ္ကုိၾကည့္ရင္း ရယ္သံ ေႏွာ၍ ေျပာလုိက္ပါေတာ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  celecelehot

#Unicode Version# ျဖင့္ဖတ္ပါ ။

မြန်မာနိုင်ငံတွင် ပထမဆုံး အသည်းအစားထိုးခွဲစိတ်မှုကို ၂၀၁၉ မေလ၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည်။ မွေးရာပါ သည်းခြေပြွန်မပါသည့် ကလေးငယ် မောင်ညီညီမင်းဦးကို ဖခင်ဖြစ်သူ၏ အသည်းအနည်းငယ်ယူ၍ အစားထိုးပေးခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဆေးပညာလောကအတွက် ဂုဏ်ယူဖွယ် မှတ်ကျောက်တစ်ခုဖြစ်သလို လောကဓံကို ကြံ့ကြံ့ခံခဲ့သည့် မိသားစုအတွက်လည်း ထိုက်တန်သည့် ရလဒ်တစ်ခုဖြစ် ခဲ့သည်။

‘‘သား ဖေ့ဖေ့အသည်း သားကို ပေးရမယ်။ သားအသည်းက သိပ်မကောင်းလို့’’

သည်စကားကို ခပ်ပြုံးပြုံးလေး ပြောနိုင်ဖို့ ကိုစောမင်းမင်း အချိန်တွေအကြာကြီး ဖြတ်သန်းခဲ့ရပြီးပါပြီ။ တစ်နှစ်၊ ၂ နှစ်မဟုတ် ခြောက်နှစ်နီးပါးမျက်ရည်တွေ အ များကြီးကျခဲ့ပြီးပြီ။ အင်အားတွေ ကုန်လုနီးပါး ဖြစ်ခဲ့ရပြီးပြီ။

ဝမ်းနည်းစရာများ ပြည့်သိပ်ကျပ်နေသော သည်ခြောက်နှစ်တာ ဇာတ်လမ်းရှည်ကြီးတွင် အံ့သြစရာ ကောင်းလောက်အောင် ကြံ့ကြံ့ခံနိုင်သူများ ရှိပါသည်။ ဖခင် ကိုစောမင်းမင်း၊ မိခင် မစောမြတ်မွန်နှင့် သားဖြစ်သူ မောင်ညီညီမင်းဦး။ သူတို့သုံးယောက်၏ ကြံ့ခိုင် ရှင်သန်နိုင်စွမ်းကြောင့်သာသည် ဝမ်းနည်းစရာ ဇာတ်လမ်းရှည်ကြီးမှာ ပျော်စရာဇာတ်သိမ်း ရှိလာခြင်းဖြစ်ပါသည်။

ကိုစောမင်းမင်းနှင့် မစော မြတ်မွန်တို့က ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ် ကဇန်း ကျောင်းကျေးရွာဇာတိဖြစ်သည်။ နာဂစ်မုန်တိုင်းမတိုက်မီ ၂၀၀၈ မှာ မေတ္တာမျှ၍ ရွာမှာပင် တစ်အိုး တစ်အိမ် ထူထောင်ခဲ့ကြသည်။ နာဂစ်မုန်တိုင်းက မိသားစုကို ဒယိမ်းဒယိုင် ဖြစ်စေခဲ့သည်မို့ အိမ်ထောင်စကျတည်းက စား ဝတ်နေရေးအတွက်မျိုးစုံရုန်းကန် ခဲ့ရသည်။ လက်သမားပညာတက် သည့် ကိုစောမင်းမင်းက ငွေရှာ သည်။ ဇနီးသည်ကလည်း ကျပန်းလုပ်သည်။

အိမ်ထောင်ကျပြီး ငါးနှစ်အကြာ တည်ငြိမ်စပြုချိန်မှာတော့ သားသမီးယူဖို့ လိုလိုချင်ချင် ဆုံး ဖြတ်ခဲ့ကြပြီး မကြာမီ ကိုယ်ဝန်ရလာခဲ့သည်။ ဒီတော့ သားရေး၊ သမီးရေးအတွက် ပိုက်ဆံရှာဖို့ ကိုစောမင်းမင်းဦး ရန်ကုန် တစ် ယောက်တည်း တက်ရလာတော့ သည်။

‘‘သားကို မွေးတဲ့အချိန်မှာ ကျွန်တော်က ရန်ကုန်မှာ အလုပ်လုပ်နေတာ။ ကိုယ်ပိုင်ဖုန်းမရှိ တော့ ချက်ချင်းမသိသေးဘူး။ သိတော့လည်း ကျွန်တော် ရွာကိုချက်ချင်းတန်းပြန်တာပဲ’’ဟု ပြော သည်။ ကိုစောမင်းမင်းဦးက အင်္ဂါ သားဖြစ်သလို ဇနီး မစောမြတ်မွန် ကလည်း အင်္ဂါသမီး၊ သားဦးလေး မွေးတော့လည်း အင်္ဂါသားလေး၊ တစ်မိသားစုလုံး ပျော်လိုက်သည် ဖြစ်ခြင်း။

သို့သော် မိသားစု၏ အပျော်က ကြာကြာမခံပါ။ ကလေးငယ် ဆေးရုံက ဆင်းဆင်းချင်းမှာပင် နေမကောင်းသည့် လက္ခဏာများ ပြခဲ့သည်။ နောက်တော့ ကလေး သုံးလေးလခန့်တွင် ဝမ်းအဖြူတွေ သွားသည်။ အသားတွေ ဝါနေ သည်။ အဓိကပြဿနာက နေ့စဉ်ရက်ဆက် ညဘက်မအိပ်ဘဲ ငို ခြင်းပင်ဖြစ်သည်။ ဂျီကျ၍ ငိုသည် မဟုတ်ဘဲ ရောဂါခံစားနေရသဖြင့် ငိုသည့်အသံမျိုးဖြစ်၍ မိသားစုအနေဖြင့် ပိုခံစားရခက်သည်ဟု ကိုစောမင်းမင်းကဆိုသည်။

‘‘သူ့အမေဆို ညဘက်တွေ ကောင်းကောင်းမအိပ်ရဘူး။ ငုတ်တုတ်ထိုင်ပြီး မှေးရလည်း နာရီ ပိုင်းပဲ။ မှေးလိုက်နိုးလိုက်နဲ့ တစ်ညလုံး တကယ်ကို မအိပ်ရတာ’’

ကိုစောမင်းတို့ နေသည်က ကျေးရွာမို့ ကျေးရွာဆေးပေးခန်းသို့ ပြကြည့်သေးသည်။ သို့သော် ဆေးပေးခန်းက တတ်သလောက် သာ ကုပေးနိုင်ပြီး ဘာမှမထူးခြား လာခဲ့ပေ။ သို့နှင့် မော်ကျွန်းဆေး ရုံကြီးသို့ ရောက်ခဲ့သည်။ မော် ကျွန်းဆေးရုံကြီးကလည်း ရောဂါ သေသေချာချာ မသိ၍ ရန်ကုန်ကလေးဆေးရုံသို့ သွားရန်သာ တွင်တွင်ပြောနေခဲ့သည်။

သို့သော် ငွေကြေးမတတ် နိုင်သူများဖြစ်သဖြင့် ဆေးရုံတက်ရန် တစ်လခန့် ကြန့်ကြာခဲ့သည်။ ထိုကာလသည် တစ်မိသားစုလုံးရင်ထဲ ငရဲမီး စတင်ဆူပွက်သည့် အချိန်ပင်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် ကလေးငယ်က ဝမ်းများဖြူလာပြီး ပို၍ချူချာလာသည်။

‘‘ကျွန်တော် အိမ်လုံးဝမပြန်ချင်ပါဘူး။ ငိုသံကြားရင် ဘာမှ မလုပ်တတ်ဘူးဗျာ။ တကယ်ဘာမှ မလုပ်တတ်လို့ ကျွန်တော်မပြန်ချင်ခဲ့ဘူး’’ဟု ကိုစောမင်းမင်းက ပြောသည်။

ငါးလအရွယ်ကလေး ကျန်းမာစေရန် ယတြာလုပ်၍ ဘဘုန်း ကြီးပေးသော နာမည်အမျိုးမျိုး ပြောင်းခဲ့ပြီးပြီ။ ခေါစာတွေလည်း ပစ်ရလွန်းလို့ ထပ်နေပြီ။ သို့သော် ထူးခြားမလာခဲ့။

၂၀၁၃ တွင်တော့ ချို့တဲ့ သော မော်ကျွန်းဇာတိမိသားစုမှာ ရွာကရှိသမျှ ရောင်းချထုခွဲပြီး ရန်ကုန်တက် ဆေးရုံပြဖို့ စီစဉ် တော့သည်။

‘‘ကလေးအပေါ် အချစ်ဆုံးက ကျွန်တော့်အဖေနဲ့ အမေပေါ့၊ ကျွန်တော့်ထက် ပိုချစ်တယ်။ ရွာမှာရှိသမျှလည်း ရောင်းလို့ကုန်ပြီ အခုရွာပြန်ရင် နေစရာမရှိတော့ဘူး။ ကျွန်တော့်အဖေဆို ခါးကိုင်း နေပြီ အလုပ်လုပ်နေတုန်း’’ ဟု ကိုစောမင်းမင်းက ပြောသည်။

ရန်ကုန်ရောက်တော့ ရွှေပြည်သာမြို့နယ်တွင် အိမ်ငှားနေသည်။ ၁၀ ပေ အခန်းကျဉ်းထဲတွင် အဘိုး၊ အဘွား အပါအဝင်မိသားစုငါးယောက် နေထိုင်ပြီး ကိုစောမင်းမင်းနှင့် အဘိုးဖြစ်သူတို့ အလုပ်ထွက်လုပ်ကြသည်။

သွေးအန်တတ်သည့် သားငယ်ကြောင့် ဖခင် ကိုစောမင်းမင်းမှာလည်း သွေးမကြာခဏလှူတတ်နေပြီး တစ်ခါတလေ ဆေးရုံရောက်လျှင် အခြားရောဂါသည် တွေအတွက်ပါ လှူလိုက်သည်လည်းရှိသည်။

‘‘ကိုယ်ချင်းစာလို့လေ။ ကျွန် တော် လှူလိုက်လို့ အသက်ရှင်သွားတာတွေရှိတယ်’’ဟု ထိုအ ကြောင်းအရာတွေ ပြန်ပြောတိုင်း ကိုစောမင်းမင်းမျက်နှာက မှိုင်း ညိုနေသည်။

ကလေးမှာ မွေးကတည်းက မကျန်းမာသည်မှာ အသက် (၄) နှစ်အရွယ်အထိ ဖြစ်သည်မို့ အ ပြင်လည်း မထွက်ခိုင်းရဲ။ အစား လည်း ရွေးချယ်ကျွေးရသည်။ ‘ကျောင်းတက်ချင်တယ်’ ပြောတိုင်း ကျိတ်ငိုရသည်က အကြိမ်ကြိမ်။ ထို့အပြင် ကလေးငယ်ကိုယ်တိုင်က နောက်ပိုင်း သွေးအန်သည့်အခါများတွင် ကြိတ်အန်သည်။ တစ်စက်မှ မငိုဘဲအံကြိတ်၍ အန်ထုတ်ပစ်သည် ဟု ကိုစောမင်းမင်းက ပြောသည်။ ပူလောင်လှသည့် ကန္တာရ ခရီးရှည်ကြီးက ဆုံးနိုင်ပါ့မလား။

‘‘သေသွားချင်တာ။ ကျွန် တော်လေ လမ်းသွားရင်း ကားတိုက်ပါစေ၊ အဲဒီလို ဆုတောင်း တာ’’ဟု ကိုစောမင်းမင်းက ဆို သည်။

၂၀၁၉ တွင်တော့ မိသားစုအတွက် မျှော်လင့်ချက်ရောင်ခြည် တစ်ခုလင်းလာခဲ့ပြီ။ ရွှေတိဂုံစေတီအင်္ဂါထောင့်တွင် အမြဲလိုလို ဂုဏ်တော်ကိုးပါးကို မျက်ရည် စက်လက်ရွတ်တတ်သည့် ကို စောမင်းမင်း၏ ဆုတောင်းတွေ ပြည့်လာခဲ့ပြီ။

၂၀၁၉ ဇန်နဝါရီ ကိုစော မင်းမင်းနှင့် မစောမြတ်မွန်တို့ကို ဟယ်လ်ပင်ကလေးဆေးရုံမှ တာ ဝန်ရှိသူများက အကြောင်းကြား၍ သီးသန့်ခေါ်ပြောသည်။ ဖခင်၏ အသည်းကို ကလေးငယ်အား ပေးနိုင်မည့် ခွဲစိတ်မှု မြန်မာနိုင်ငံတွင် ပထမဆုံးပြုလုပ်နိုင်ပြီး နိုင်ငံတော်စရိတ်ဖြင့် ခွဲစိတ်မှုကို မြန်မာပြည်မှာ ပထမဆုံးလုပ်ဖို့ ကိုစောမင်းမင်းတို့ကို ရွေးချယ်လိုက်သည်တဲ့။ မိဘက ကလေးကို အသည်းပေးနိုင်တော့မည်တဲ့။ ကိုစောမင်းမင်းစိတ်ထဲ ယင်းနေ့ လောက် ချိုမြိန်တာ မရှိခဲ့။

‘‘သား ဖေ့ဖေ့အသည်း သား ကို ပေးရမယ်။ သားအသည်းက သိပ်မကောင်းလို့’’

သည်စကားကို သားငယ် ခုနစ်လအရွယ်ကတည်းက ကိုစောမင်းမင်း အကောင်အထည်ဖော် ချင်ခဲ့သည်။ သားနေရာမှာ ငါသာ ဖြစ်ပါတော့လား၊ ငါ့အသည်းကို ပေးလို့ရရင်လို့ ခဏခဏတွေးရင်း ငိုဖူးသည်။ အခုတော့ စိတ်ကူးရုံ မဟုတ်တော့ပါ။ တကယ်ပေးနိုင် တော့မည်။

ဒါဇင်နှင့်ချီသည့် စမ်းသပ် ချက်များအပြီးတွင်တော့ ကိုစောမင်းမင်းတို့ သားအဖနှစ်ယောက် ကို ခွဲစိတ်မှုလုပ်ဆောင်ဖို့ အတည် ဖြစ်သွားခဲ့ပြီဖြစ်သည်။ ဖခင်၏ ဘယ်ဘက်ခြမ်း အသည်းအစိတ် အပိုင်းသေးသေးကို ခွဲယူပြီး သား ဖြစ်သူတွင် အစားထိုးမည်။

‘‘အသည်းအစားထိုးဖို့ဆို ခွေးကိုက်လို့မရဘူး။ သွားနဲ့ခြစ်မိ ရင်ကို မရဘူးတဲ့။ အဲဒီရက်တွေက ကျွန်တော့်မှာ ခွေးမြင်ရင် ဟိုးအ ဝေးကြီးက ပတ်ရှောင်သွားရတာ။ ညနေစောင်းပြီဆို ကျွန်တော်အ ပြင်မထွက်တော့ဘူး’’ဟု ကိုစောမင်းမင်းက ရယ်မောရင်း ပြော သည်။

၂၀၁၉ မတ်လ ၁၇ ရက်တွင် တော့ ဟယ်လ်ပင်ကလေးဆေးရုံ ကြီးအတွင်း ၁၂ နာရီအကြာ အော် ပရေးရှင်းစတင်ခဲ့သည်။ ဂျပန်ဆရာဝန်များ၊ မြန်မာဆရာဝန်များပူးပေါင်း၍ မြန်မာ့မြေပေါ်တွင် မှတ်ကျောက်တင်နိုင်မည့် ခွဲစိတ်မှု လုပ်ဆောင်နိုင်ခဲ့ပါတော့သည်။

ရွှေပြည်သာမြို့နယ် လှော် ကားကျေးရွာရှိ ၁၀ ပေ အိမ်အခန်း ကျဉ်းလေးသည် ယခုတော့ ပျော် စရာများ ပြည့်နှက်နေပါပြီ။ အိမ် ဆည်းလည်းလေးသည် ငါးနှစ်အကြာတွင်တော့ လှုပ်ခတ်၍လာပြီဖြစ်သည်။ ခြောက်နှစ်တာကာလအတွင်း သူတို့တွင် လည်ပင်းနစ်နေအောင် အကြွေးတွေရှိသည်။ လက်သမားလစာဖြင့် မနည်းဆပ်ရမည့် ငွေတိုးတွေရှိသည်။ သို့သော် သူတို့ ပျော်နေပါသည်။

‘‘ဆော့တာမှ ဗြောင်းသတ် နေတာပဲ။ အတိုးချပြီး ဆော့နေ တာလေ’’ဟု မိခင်မစောမြတ်မွန် က သားငယ်ကိုကြည့်ရင်း ရယ်သံ နှော၍ ပြောလိုက်ပါတော့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  celecelehot
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top