လူတိုင္းဟာ ကိုယ္တည္ေဆာက္ထားတဲ့ အခ်စ္ေရး ၿပိဳပ်က္သြားမွာကို မလိုလားၾကပါဘူး။ တကယ္လို႔ သင္တို႔အခ်စ္ေရးမွာ ဒီလိုလကၡဏာေတြျပေနၿပီ ဆိုရင္ေတာ့ အျမန္ဆံုး ျပန္လည္ ျပင္ဆင္ဖို႕လိုအပ္ေနပါျပီ။ မဟုတ္ရင္ေတာ့ အေႏွးနဲ႔အျမန္ သင္တို႔ျပတ္ဆဲသြားႏိုင္ပါတယ္။

(၁) ေပ်ာ္ရႊင္မႈေတြရွားပါးလာတယ္

ခ်စ္သူေတြဟာ တစ္ေယာက္အသံတစ္ေယာက္ ၾကားေနရရင္ေတာင္ ေပ်ာ္ရႊင္ၾကည္ႏူးေနရမွာပါ။ အဲဒါကို အျမဲလိုလို သင္က ဝမ္းနည္းေနတာ ဒါမွမဟုတ္ ဘယ္လိုမွ မေပ်ာ္ရႊင္သလို ခံစားေနရတယ္ဆိုရင္ေတာ့ အေၾကာင္းအရင္းကိုသင္ ေသခ်ာျပန္စဥ္းစားသင့္ေနပါျပီ။ သင့္ခ်စ္သူဘက္ကလည္း သင့္နည္းတူ ခံစားေနရတယ္ဆိုရင္ေတာ့ အေျခအေနမေကာင္းပါဘူး။

(၂) ေကာင္းမြန္္တဲ့ခံစားခ်က္မ်ိဳးမခံစားရေတာ့ဘူး

သင္တို႔ စတြဲတုန္းက အေျခအေနကို ျမင္ေယာင္ၾကည့္ပါ။ အရာအားလံုးဟာ ေကာင္းျခင္းအျဖာျဖာနဲ႔ ျပည့္စံုေနခဲ့မွာပါ။ ဒါေပမယ့္အခုခ်ိန္မွာေတာ့ ေကာင္းတာေတြေရာ၊ ၾကည္ႏူးစရာေတြေရာ မရွိသေလာက္ ရွားသြားၿပီဆိုရင္ေတာ့ ေတာ္ေတာ္ အေရးႀကီးတဲ့ အဆင့္ကို သင္တို႕ေရာက္ေနၾကပါျပီ။

(၃) အခ်ိတ္အဆက္သိပ္မရွိေတာ့ဘူး

ခ်စ္သူေတြဆိုတာ တစ္ေယာက္အေၾကာင္းတစ္ေယာက္အသိဆံုးပါ။ ျပသနာတိုင္းကို အတူတူေျဖရွင္းခဲ့ၾကေပမယ့္ လက္ရွိအေျခအေနမွာ သင္တို႔ႏွစ္ေယာက္ဟာ တစ္ေယာက္နဲ႕တစ္ေယာက္ လံုးဝမတိုင္ပင္ခ်င္ၾကေတာ့ဘူး၊ အဲဒီ့အစား အျခားတစ္ေယာက္ေယာက္ကိုပဲ တိုင္ပင္ခ်င္ေနတယ္ ဆိုရင္ေတာ့ ဒါဟာလည္းေကာင္းတဲ့ လကၡဏာမဟုတ္ပါဘူး။

(၄) ခ်ိဳ႕ယြင္းခ်က္ေတြမ်ားလာမယ္

ခ်စ္သူေတြဟာ တစ္ေယာက္ကိုတစ္ေယာက္ ၿပီးျပည့္စံုတယ္ ဆိုတဲ့ ခံစားခ်က္မ်ိဳးရွိေနရမွာပါ။ အဲဒါကို သင္တို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အားနည္းခ်က္ေတြပိုျမင္လာမယ္၊ စိတ္မရွည္တာေတြမ်ားလာမယ္၊ ေသးငယ္တဲ့ ခ်ိဳ႕ယြင္းခ်က္ေလးေတြကိုေတာင္ ပံုႀကီးခ်ဲ႔ေနၾကတယ္ဆိုရင္ေတာ့ အေျခအေနမေကာင္းေတာ့ပါဘူး။

(၅) အတူတူရွိခ်ိန္ေတြနည္းပါးလာတယ္

သင္နဲ႔သင့္ခ်စ္သူဟာ တစ္ေန႔တစ္ခါ ဖုန္းေတာင္မေျပာျဖစ္ေတာ့ဘူး။ တစ္ေယာက္နဲ႔တစ္ေယာက္ မဆက္သြယ္ရလညး္ သင္တို႔ဘာမွ သိပ္မခံစားရဘူး၊ တစ္ေယာက္ကိုတစ္ေယာက္ ဆက္သြယ္ခ်င္စိတ္ေတာင္ မရွိဘူးဆိုရင္ေတာ့ ေသခ်ာေနပါၿပီ မၾကာေတာ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #


လူတိုင်းဟာ ကိုယ်တည်ဆောက်ထားတဲ့ အချစ်ရေး ပြိုပျက်သွားမှာကို မလိုလားကြပါဘူး။ တကယ်လို့ သင်တို့အချစ်ရေးမှာ ဒီလိုလက္ခဏာတွေပြနေပြီ ဆိုရင်တော့ အမြန်ဆုံး ပြန်လည် ပြင်ဆင်ဖို့လိုအပ်နေပါပြီ။ မဟုတ်ရင်တော့ အနှေးနဲ့အမြန် သင်တို့ပြတ်ဆဲသွားနိုင်ပါတယ်။

(၁) ပျော်ရွှင်မှုတွေရှားပါးလာတယ်

ချစ်သူတွေဟာ တစ်ယောက်အသံတစ်ယောက် ကြားနေရရင်တောင် ပျော်ရွှင်ကြည်နူးနေရမှာပါ။ အဲဒါကို အမြဲလိုလို သင်က ဝမ်းနည်းနေတာ ဒါမှမဟုတ် ဘယ်လိုမှ မပျော်ရွှင်သလို ခံစားနေရတယ်ဆိုရင်တော့ အကြောင်းအရင်းကိုသင် သေချာပြန်စဉ်းစားသင့်နေပါပြီ။ သင့်ချစ်သူဘက်ကလည်း သင့်နည်းတူ ခံစားနေရတယ်ဆိုရင်တော့ အခြေအနေမကောင်းပါဘူး။

(၂) ကောင်းမွန်တဲ့ခံစားချက်မျိုးမခံစားရတော့ဘူး

သင်တို့ စတွဲတုန်းက အခြေအနေကို မြင်ယောင်ကြည့်ပါ။ အရာအားလုံးဟာ ကောင်းခြင်းအဖြာဖြာနဲ့ ပြည့်စုံနေခဲ့မှာပါ။ ဒါပေမယ့်အခုချိန်မှာတော့ ကောင်းတာတွေရော၊ ကြည်နူးစရာတွေရော မရှိသလောက် ရှားသွားပြီဆိုရင်တော့ တော်တော် အရေးကြီးတဲ့ အဆင့်ကို သင်တို့ရောက်နေကြပါပြီ။

(၃) အချိတ်အဆက်သိပ်မရှိတော့ဘူး

ချစ်သူတွေဆိုတာ တစ်ယောက်အကြောင်းတစ်ယောက်အသိဆုံးပါ။ ပြသနာတိုင်းကို အတူတူဖြေရှင်းခဲ့ကြပေမယ့် လက်ရှိအခြေအနေမှာ သင်တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် လုံးဝမတိုင်ပင်ချင်ကြတော့ဘူး၊ အဲဒီ့အစား အခြားတစ်ယောက်ယောက်ကိုပဲ တိုင်ပင်ချင်နေတယ် ဆိုရင်တော့ ဒါဟာလည်းကောင်းတဲ့ လက္ခဏာမဟုတ်ပါဘူး။

(၄) ချို့ယွင်းချက်တွေများလာမယ်

ချစ်သူတွေဟာ တစ်ယောက်ကိုတစ်ယောက် ပြီးပြည့်စုံတယ် ဆိုတဲ့ ခံစားချက်မျိုးရှိနေရမှာပါ။ အဲဒါကို သင်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားနည်းချက်တွေပိုမြင်လာမယ်၊ စိတ်မရှည်တာတွေများလာမယ်၊ သေးငယ်တဲ့ ချို့ယွင်းချက်လေးတွေကိုတောင် ပုံကြီးချဲ့နေကြတယ်ဆိုရင်တော့ အခြေအနေမကောင်းတော့ပါဘူး။

(၅) အတူတူရှိချိန်တွေနည်းပါးလာတယ်

သင်နဲ့သင့်ချစ်သူဟာ တစ်နေ့တစ်ခါ ဖုန်းတောင်မပြောဖြစ်တော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် မဆက်သွယ်ရလည်း သင်တို့ဘာမှ သိပ်မခံစားရဘူး၊ တစ်ယောက်ကိုတစ်ယောက် ဆက်သွယ်ချင်စိတ်တောင် မရှိဘူးဆိုရင်တော့ သေချာနေပါပြီ မကြာတော့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top