ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕နယ္ရွိ စိတ္က်န္းမာေရးေဆး႐ုံတြင္ စိတ္ေရာဂါကုသေနသူ ဆြဲႀကိဳးခ်ေသဆုံးမႈ ဧၿပီ ၃၀ ရက္ ကျဖစ္ပြားခဲ့သည္။

အဆိုပါေန႔ ညေန ၅ နာရီခန္႔တြင္ လူတစ္ဦး ဆြဲႀကိဳးခ်ေသဆုံးေၾကာင္းသတင္းအရ ဒုရဲမႉးကိုကိုလြင္ႏွင့္အဖြဲ႕က သြားေရာက္စစ္ေဆးခဲ့သည္။

ေသဆုံးသူမွာ စိတ္က်န္းမာေရးအထူးကုဌာနတြင္ ေဆးကုသမႈခံယူေနသူ အင္းစိန္ၿမိဳ႕နယ္ေန အသက္ (၂၇ ႏွစ္)အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး စိတ္ေရာဂါအထူး ကုဌာန အမ်ိဳးသားအိမ္သာအျမင့္ရွစ္ေပခန္႔ရွိထုပ္တန္းတြင္ ပုဆိုးကို အသုံးျပဳကာ ျပင္ပဒဏ္ရာတစ္စုံတစ္ရာမေတြ႕ရဘဲ ဆြဲႀကိဳးခ်ေသဆုံးေနသည္ကို ရဲတပ္ဖြဲ႕က စစ္ေဆးေတြ႕ရွိခဲ့သည္။

သက္ဆိုင္ရာက အေလာင္းကိုေျမာက္ဥကၠလာပေဆး႐ုံသို႔ ပို႔အပ္ခဲ့ရာ ေဆး႐ုံက ပီအာရ္၂၇ ျဖင့္ လက္ခံၿပီး ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းၿမိဳ႕မရဲစခန္းက ေသမႈေသခင္းဖြင့္လွစ္ ေဆာင္႐ြက္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmtimes
# Unicode Version # ျဖင့္ ဖတ္ပါ #


ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ စိတ်ကျန်းမာရေးဆေးရုံတွင် စိတ်ရောဂါကုသနေသူ ဆွဲကြိုးချသေဆုံးမှု ဧပြီ ၃၀ ရက် ကဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ညနေ ၅ နာရီခန့်တွင် လူတစ်ဦး ဆွဲကြိုးချသေဆုံးကြောင်းသတင်းအရ ဒုရဲမှူးကိုကိုလွင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူမှာ စိတ်ကျန်းမာရေးအထူးကုဌာနတွင် ဆေးကုသမှုခံယူနေသူ အင်းစိန်မြို့နယ်နေ အသက် (၂၇ နှစ်)အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး စိတ်ရောဂါအထူး ကုဌာန အမျိုးသားအိမ်သာအမြင့်ရှစ်ပေခန့်ရှိထုပ်တန်းတွင် ပုဆိုးကို အသုံးပြုကာ ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရဘဲ ဆွဲကြိုးချသေဆုံးနေသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။

သက်ဆိုင်ရာက အလောင်းကိုမြောက်ဥက္ကလာပဆေးရုံသို့ ပို့အပ်ခဲ့ရာ ဆေးရုံက ပီအာရ်၂၇ ဖြင့် လက်ခံပြီး ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့မရဲစခန်းက သေမှုသေခင်းဖွင့်လှစ် ဆောင်ရွက်ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mmtimes
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top