နောက်ဆက်တွဲသတင်း ရဲအုပ်နှင့့််ဇနီးဖြစ်သူတို့သေနတ်ဒဏ်ရာများနှင့်သေဆုံးမှု 1
နောက်ဆက်တွဲသတင်း ရဲအုပ်နှင့့််ဇနီးဖြစ်သူတို့သေနတ်ဒဏ်ရာများနှင့်သေဆုံးမှု 2


#Unicode Version#

မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့နယ်မြို့မရဲစခန်းဝန်းအတွင်းရှိနှစ်ထပ်ဆောင်အရာရှိတိုက်ခန်းလိုင်းအပေါ်ထပ်နေအိမ်တိုက်ခန်းတွ
င်ရဲအုပ်အဆင့်အရာရှိတစ်ဦးနှင့်ဇနီးဖြစ်သူတို့နှစ်ဦးအားသေနတ်ဒဏ်ရာများနှင့်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
မေ(၁၆)ရက်နံက်(၉)နာရီခန့်မြို့မရဲစခန်းဝန်းရှိနှစ်ထောင်ဆောင်အရာရှိအိမ်ထောင်သည်တိုက်ခန်းအပေါ်ထပ်တိုက်ခန်းနေ
ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရေး/ထောက်ဌာနစိပ်မှရဲအုပ်အောင်နိုင်ထွန်းနှင့်ဇနီးဒေါ်မြင့်မြင့်သိန်းတို့နေအိမ်တိုက်ခန်းအတွင်းသေဆုံးနေကြောင်းသတင်းအရ

ခရိုင်ရဲတပ်ဖွဲ့မှူးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်မြို့မရဲစခန်းမှူးတို့မှသက်သေများနှင့်အတူစစ်ဆေးကြည့်ရှု့ရ
ာရဲအုပ်အောင်နိုင်ထွန်းတွင်ယာနားထင်မှနဖူးထိပ်ဖောက်ထွက်သေနတ်ဒဏ်ရာဖြင့်တောင်ဘက်ခေါင်းပြု၍လည်းကောင်း
ဇနီးဒေါ်မြင့်မြင့်သိန်းတွင်ယာနားအတွင်းသွေးထွက်သေနတ်ဒဏ်ရာဖြင့်အနောက်မြောက်သို့
ခေါင်းပြုလျက်သေဆုံးနေပြီးရဲအုပ်အောင်နိုင်ထွန်း၏လက်တွင်ပစ်ခတ်ပြီးသေနတ်ကိုင်ဆောင်ထားလျက်စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။

သေဆုံးသူအလောင်းများအားရဲစခန်းဆေးစာများနှင့်အတူကြက်ခြေနီတပ်ဖွဲ့သူနာပြုယာဉ်ဖြင့်ပြည်သူဆေးရုံသို့ရင်ခွဲစစ်ဆေးနိုင်ရေးအတွက
်ပို့အပ်ထားရှိပြီးသေဆုံးခြင်းအမှန်သိရှိနိုင်ရေးအတွက်စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:ရွှေမောင်မောင်(မိတ္တီလာ)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top