20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ျပင္းလြန္းတဲ့အပူရွိန္ကုိ အံတုၿပီး လႈပ္ရွားသြားလာေနရတာ အေတာ္ပင္ပန္းပါတယ္။ ခုခ်ိန္မွာ အရိပ္ထဲေနရင္ေတာင္ ပူေလာင္ေနရတဲ့ ေႏြအပူဒဏ္ကို ဘယ္လိုသက္သာေအာင္ ေနရမလဲပဲ ေတြးေနၾကမွာပါ။ အက်ႌဆိုင္ေရွ႕ ျဖတ္ရင္ေတာင္ အသားေအးမယ့္ အဝတ္အစားကိုပဲ မ်က္လံုးထဲ ျမင္ေတာ့တယ္။

အပူသက္သာဖို႔ အိမ္တိုင္းမွာ အၿမဲသံုးေလ့ရွိတာက လွ်ပ္စစ္ပန္ကာနဲ႔ ေလေအးေပးစက္ပါ။ ေလေအးေပးစက္မရွိတဲ့ သူေတြေတာ့ ပန္ကာသံုးပါတယ္။ ပန္ကာက လိုသလို ေနရာေရႊ႕ေျပာင္းလို႔ရတာလည္း ပါတာေပါ့။ ပန္ကာကို ေန႔ဘက္အျပင္ ညအိပ္တဲ့အခါ ဖြင့္ထားျပီး အိပ္တတ္ၾကပါတယ္။ ညက် အိပ္ရာထဲဝင္တာနဲ႔ တအားပူအိုက္တာကိုး။ ေခြ်းေတြတလံုးလံုးနဲ႔ လူးရင္းလွိမ့္ရင္း မိုးလင္းသြားမွာ စိုးရတယ္ေလ။

ပန္ကာကို ဟိုးအရင္တည္းက အသံုးျပဳလာခဲ့ၾကတာျဖစ္ၿပီး အႏၱရာယ္ႀကီးႀကီးမားမားလည္း မျဖစ္ေလာက္ဘူးလို႔ ယူဆထားၾကပါတယ္။ ဒါေပမယ့္ တညလံုး ပန္ကာေရွ႕ အိပ္စက္ၾကတာဟာ စိုးရိမ္စရာရွိလားလို႔ ေမးခြန္းထုတ္စရာ ရွိလာပါတယ္။ သုေတသန ဆန္းစစ္ခ်က္ တခုေၾကာင့္ပါ။ ေလေအးေပးစက္မသံုးဘဲ ပန္ကာသံုးသူေတြမွာ က်န္းမာေရးထိခိုက္မႈေတြ ရွိတယ္လို႔ ဆက္ႏႊယ္မႈ အေထာက္အထားတခ်ိဳ႕ကို သူက ေဖာ္ျပလာတာျဖစ္ပါတယ္။

ဒီဆန္းစစ္ခ်က္အရ အပူျပင္းထန္ခ်ိန္အတြင္း ပန္ကာအသံုးျပဳမႈရဲ႕ ေကာင္းက်ိဳးဆိုးျပစ္ေတြအေၾကာင္း မေရရာမႈေတြကို ေသခ်ာဆက္လက္ေလ့လာၿပီး ခိုင္မာတဲ့ အေထာက္အထား ဆက္ရွာေဖြဖို႔ လိုပါတယ္လို႔ ၿဗိတိန္ က်န္းမာေရး ကာကြယ္ေစာင့္ေရွာက္မႈဌာနမွ Katie Carmichael ကေျပာပါတယ္။

ပန္ကာေၾကာင့္ ပိုပူႏုိင္

ဒီေလ့လာဆန္းစစ္ခ်က္ကို အက်ိဳးအျမတ္မယူ သုေတသနအဖြဲ႔ The Cochrane Collaboration က က်န္းမာေရးအာဏာပိုင္ေတြအတြက္ စုစည္းေလ့လာခဲ့တာ ျဖစ္ပါတယ္။

အပူခ်ိန္ အရမ္းျပင္းေနတဲ့ အခ်ိန္မွာ ပန္ကာအသံုးျပဳျခင္းက ခႏၶာကိုယ္ကို ေအးေစတဲ့အစား ပိုပူေစႏုိင္ၿပီး ထိခိုက္မႈေတြ ရွိေစႏုိင္တယ္လို႔ စိုးရိမ္ၾကတာပါ။ အပူခ်ိန္ျမင့္လြန္းတဲ့အခါ ပန္ကာေတြေၾကာင့္ ေခြ်းပိုထြက္ေစႏုိင္ၿပီး (ပန္ကာနဲ႔ ေခြ်းခဏတိတ္သလို ျဖစ္ေစေပမယ့္ အသားေတြပူလာတာ ခံစားဖူးမွာေပါ့) ေရဓာတ္ခန္းေျခာက္တာနဲ႔ ဓာတ္ဆားမမွ်တာေတြ ျဖစ္ေစႏုိင္တယ္။ အဲဒီကေန ႏွလံုးကအစ အာ႐ုံေၾကာေတြအထိ ခႏၶာကိုယ္ရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ကေမာက္ကမ ျဖစ္ေစႏုိင္တယ္။

ဒီအေျခအေနမ်ိဳးဆို သက္ႀကီးပိုင္းအရြယ္ေတြ၊ သိပ္ငယ္ေသးတဲ့ ကေလးေတြနဲ႔ ေရာဂါအခံရွိသူေတြ အပါအဝင္ ထိခိုက္လြယ္တဲ့သူေတြမွာ အထူးသျဖင့္ ပိုဂ႐ုစိုက္သင့္ပါတယ္။

သုေတသနမ်ားစြာကို ေလ့လာဆန္းစစ္ခဲ့တဲ့အခါ ပန္ကာက အပူနဲ႔ပတ္သက္တဲ့ ထိခိုက္မႈအႏၱရာယ္ ေလ်ာ့နည္းေစတယ္ဆိုတဲ့ ရလဒ္ေတြရယ္၊ ပန္ကာေၾကာင့္ အပူနဲ႔ပတ္သက္တဲ့ က်န္းမာေရးအႏၱရာယ္ေတြ ပိုဆိုးေစတယ္ ဆုိတာေတြရယ္ ေရာေထြးေနပါတယ္။

သုေတသန အေထာက္အထားေတြကို အေျခခံတဲ့ ပညာရွင္ေတြရဲ႕ ေနာက္ဆံုးေကာက္ခ်က္ကေတာ့ အပူခ်ိန္ 95ံ F ေရာက္ေနၿပီဆိုရင္ လွ်ပ္စစ္ပန္ကာေတြက အခန္႔မသင့္ရင္ က်န္းမာေရးျပႆနာေတြ ရွိႏုိင္တယ္ ဆိုတာပါပဲ။

အပူဒဏ္ေအာက္ ဘယ္လိုေနထိုင္ၾကမလဲ

ပန္ကာနဲ႔ အဲယားကြန္းကို အားကိုးေနတာထက္ တျခားနည္းလမ္းေတြနဲ႔ေရာ အပူဒဏ္ေအာက္က အႏၱရာယ္ေတြ ေရွာင္လို႔ရပါတယ္။ အရိပ္ထဲမွာေနဖို႔ေတာ့ လိုတာေပါ့။ အေမရိကန္ ၾကက္ေျခနီအသင္းရဲ႕ အႀကံျပဳခ်က္ေတြက –

    ေရမ်ားမ်ားေသာက္ပါ။ ေရမဆာရင္ေတာင္ ပံုမွန္ဝင္ေအာင္ေသာက္ပါ။ ကဖင္းနဲ႔ အယ္လ္ကိုေဟာကို ေလွ်ာ့ပါ။
    ေန႔ရဲ႕ အပူဆံုးအခ်ိန္ေတြမွာ ျဖည္းျဖည္းလႈပ္ရွားပါ။ အားစိုက္ၿပီး ျမန္ျမန္လႈပ္ရွားတာေတြ မလုပ္ပါနဲ႔ (အားကစားလုပ္တာမ်ိဳး)။
    အပူခ်ိန္အေျပာင္းအလဲကို သတိထားပါ။ သိပ္ပူေနရာက ေအးတဲ့ေနရာကို ႐ုတ္တရက္ အဝင္အထြက္လုပ္တဲ့အခါ ခႏၶာကိုယ္ အပူခ်ိန္မွာ ကေမာက္ကမျဖစ္ၿပီး ဦးေႏွာက္ေသြးေၾကာ ျပတ္ႏုိင္ပါတယ္။
    ေခ်ာင္ေခ်ာင္ခ်ိခ်ိ၊ အသားေအးတဲ့ အဝတ္အစားကို ဝတ္ပါ။ အေရာင္ေဖ်ာ့တာ ပိုေကာင္းပါတယ္။ အေရာင္ရင့္ေလ ေနေရာင္ျခည္အပူကို ပိုစုပ္ယူထားေလ ျဖစ္လို႔ပါ။
    မျဖစ္မေန အျပင္သြားရတယ္ဆို အရိပ္ေအာက္ ခဏေတာ့ ဝင္ဝင္နားေပးပါ။
    ပန္ကာဖြင့္ၿပီး အိပ္မယ္ဆိုရင္ေတာ့ လူေပၚကို ေလတိုက္႐ုိက္မက်ေစဘူး ဆိုရပါတယ္။ ပန္ကာေလလမ္းေၾကာင္းကို ေဘးဘက္လႊဲထားရင္ အနီးတဝိုက္မွာ ေအးျမေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #

ပြင်းလွန်းတဲ့အပူရှိန်ကို အံတုပြီး လှုပ်ရှားသွားလာနေရတာ အတော်ပင်ပန်းပါတယ်။ ခုချိန်မှာ အရိပ်ထဲနေရင်တောင် ပူလောင်နေရတဲ့ နွေအပူဒဏ်ကို ဘယ်လိုသက်သာအောင် နေရမလဲပဲ တွေးနေကြမှာပါ။ အင်္ကျီဆိုင်ရှေ့ ဖြတ်ရင်တောင် အသားအေးမယ့် အဝတ်အစားကိုပဲ မျက်လုံးထဲ မြင်တော့တယ်။

အပူသက်သာဖို့ အိမ်တိုင်းမှာ အမြဲသုံးလေ့ရှိတာက လျှပ်စစ်ပန်ကာနဲ့ လေအေးပေးစက်ပါ။ လေအေးပေးစက်မရှိတဲ့ သူတွေတော့ ပန်ကာသုံးပါတယ်။ ပန်ကာက လိုသလို နေရာရွှေ့ပြောင်းလို့ရတာလည်း ပါတာပေါ့။ ပန်ကာကို နေ့ဘက်အပြင် ညအိပ်တဲ့အခါ ဖွင့်ထားပြီး အိပ်တတ်ကြပါတယ်။ ညကျ အိပ်ရာထဲဝင်တာနဲ့ တအားပူအိုက်တာကိုး။ ချွေးတွေတလုံးလုံးနဲ့ လူးရင်းလှိမ့်ရင်း မိုးလင်းသွားမှာ စိုးရတယ်လေ။

ပန်ကာကို ဟိုးအရင်တည်းက အသုံးပြုလာခဲ့ကြတာဖြစ်ပြီး အန္တရာယ်ကြီးကြီးမားမားလည်း မဖြစ်လောက်ဘူးလို့ ယူဆထားကြပါတယ်။ ဒါပေမယ့် တညလုံး ပန်ကာရှေ့ အိပ်စက်ကြတာဟာ စိုးရိမ်စရာရှိလားလို့ မေးခွန်းထုတ်စရာ ရှိလာပါတယ်။ သုတေသန ဆန်းစစ်ချက် တခုကြောင့်ပါ။ လေအေးပေးစက်မသုံးဘဲ ပန်ကာသုံးသူတွေမှာ ကျန်းမာရေးထိခိုက်မှုတွေ ရှိတယ်လို့ ဆက်နွှယ်မှု အထောက်အထားတချို့ကို သူက ဖော်ပြလာတာဖြစ်ပါတယ်။

ဒီဆန်းစစ်ချက်အရ အပူပြင်းထန်ချိန်အတွင်း ပန်ကာအသုံးပြုမှုရဲ့ ကောင်းကျိုးဆိုးပြစ်တွေအကြောင်း မရေရာမှုတွေကို သေချာဆက်လက်လေ့လာပြီး ခိုင်မာတဲ့ အထောက်အထား ဆက်ရှာဖွေဖို့ လိုပါတယ်လို့ ဗြိတိန် ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှုဌာနမှ Katie Carmichael ကပြောပါတယ်။

ပန်ကာကြောင့် ပိုပူနိုင်

ဒီလေ့လာဆန်းစစ်ချက်ကို အကျိုးအမြတ်မယူ သုတေသနအဖွဲ့ The Cochrane Collaboration က ကျန်းမာရေးအာဏာပိုင်တွေအတွက် စုစည်းလေ့လာခဲ့တာ ဖြစ်ပါတယ်။

အပူချိန် အရမ်းပြင်းနေတဲ့ အချိန်မှာ ပန်ကာအသုံးပြုခြင်းက ခန္ဓာကိုယ်ကို အေးစေတဲ့အစား ပိုပူစေနိုင်ပြီး ထိခိုက်မှုတွေ ရှိစေနိုင်တယ်လို့ စိုးရိမ်ကြတာပါ။ အပူချိန်မြင့်လွန်းတဲ့အခါ ပန်ကာတွေကြောင့် ချွေးပိုထွက်စေနိုင်ပြီး (ပန်ကာနဲ့ ချွေးခဏတိတ်သလို ဖြစ်စေပေမယ့် အသားတွေပူလာတာ ခံစားဖူးမှာပေါ့) ရေဓာတ်ခန်းခြောက်တာနဲ့ ဓာတ်ဆားမမျှတာတွေ ဖြစ်စေနိုင်တယ်။ အဲဒီကနေ နှလုံးကအစ အာရုံကြောတွေအထိ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေကို ကမောက်ကမ ဖြစ်စေနိုင်တယ်။

ဒီအခြေအနေမျိုးဆို သက်ကြီးပိုင်းအရွယ်တွေ၊ သိပ်ငယ်သေးတဲ့ ကလေးတွေနဲ့ ရောဂါအခံရှိသူတွေ အပါအဝင် ထိခိုက်လွယ်တဲ့သူတွေမှာ အထူးသဖြင့် ပိုဂရုစိုက်သင့်ပါတယ်။

သုတေသနများစွာကို လေ့လာဆန်းစစ်ခဲ့တဲ့အခါ ပန်ကာက အပူနဲ့ပတ်သက်တဲ့ ထိခိုက်မှုအန္တရာယ် လျော့နည်းစေတယ်ဆိုတဲ့ ရလဒ်တွေရယ်၊ ပန်ကာကြောင့် အပူနဲ့ပတ်သက်တဲ့ ကျန်းမာရေးအန္တရာယ်တွေ ပိုဆိုးစေတယ် ဆိုတာတွေရယ် ရောထွေးနေပါတယ်။

သုတေသန အထောက်အထားတွေကို အခြေခံတဲ့ ပညာရှင်တွေရဲ့ နောက်ဆုံးကောက်ချက်ကတော့ အပူချိန် 95ံ F ရောက်နေပြီဆိုရင် လျှပ်စစ်ပန်ကာတွေက အခန့်မသင့်ရင် ကျန်းမာရေးပြဿနာတွေ ရှိနိုင်တယ် ဆိုတာပါပဲ။

အပူဒဏ်အောက် ဘယ်လိုနေထိုင်ကြမလဲ

ပန်ကာနဲ့ အဲယားကွန်းကို အားကိုးနေတာထက် တခြားနည်းလမ်းတွေနဲ့ရော အပူဒဏ်အောက်က အန္တရာယ်တွေ ရှောင်လို့ရပါတယ်။ အရိပ်ထဲမှာနေဖို့တော့ လိုတာပေါ့။ အမေရိကန် ကြက်ခြေနီအသင်းရဲ့ အကြံပြုချက်တွေက –

    ရေများများသောက်ပါ။ ရေမဆာရင်တောင် ပုံမှန်ဝင်အောင်သောက်ပါ။ ကဖင်းနဲ့ အယ်လ်ကိုဟောကို လျှော့ပါ။
    နေ့ရဲ့ အပူဆုံးအချိန်တွေမှာ ဖြည်းဖြည်းလှုပ်ရှားပါ။ အားစိုက်ပြီး မြန်မြန်လှုပ်ရှားတာတွေ မလုပ်ပါနဲ့ (အားကစားလုပ်တာမျိုး)။
    အပူချိန်အပြောင်းအလဲကို သတိထားပါ။ သိပ်ပူနေရာက အေးတဲ့နေရာကို ရုတ်တရက် အဝင်အထွက်လုပ်တဲ့အခါ ခန္ဓာကိုယ် အပူချိန်မှာ ကမောက်ကမဖြစ်ပြီး ဦးနှောက်သွေးကြော ပြတ်နိုင်ပါတယ်။
    ချောင်ချောင်ချိချိ၊ အသားအေးတဲ့ အဝတ်အစားကို ဝတ်ပါ။ အရောင်ဖျော့တာ ပိုကောင်းပါတယ်။ အရောင်ရင့်လေ နေရောင်ခြည်အပူကို ပိုစုပ်ယူထားလေ ဖြစ်လို့ပါ။
    မဖြစ်မနေ အပြင်သွားရတယ်ဆို အရိပ်အောက် ခဏတော့ ဝင်ဝင်နားပေးပါ။
    ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်တော့ လူပေါ်ကို လေတိုက်ရိုက်မကျစေဘူး ဆိုရပါတယ်။ ပန်ကာလေလမ်းကြောင်းကို ဘေးဘက်လွှဲထားရင် အနီးတဝိုက်မှာ အေးမြစေမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top