ပရိသတ္ၾကီးေရ ၂၀၁၉ ခုနွစ္ေႏြရာသီကေတာ့ တျခားႏွစ္ေတြနဲ႔မတူ ေအာင္ အပူခ်ိန္လြန္ကဲျပီး အားလံုး အခက္ေတြ႕ခဲ့ရတာ မ်က္ျမင္ပါပဲေနာ္ ။ ရာသီဥတုအရမ္း ပူတဲ့အတြက္ သက္ၾကီးရြယ္အိုေတြနဲ႔ ကေလးငယ္ေတြအတြက္ အရမ္းကိုအခက္ျဖစ္ခဲ့ရပါတယ္ ။အဲဒီအတြက္ ဒီေႏြရာသီမွာ အႏုပညာရွင္အခ်ိဳ႕ကလည္း ေႏြရာသီ သစ္ပင္စိုက္ဖို႕ တိုက္တြန္းျခင္းေတြကို တစ္တပ္တစ္အား ပါ၀င္ကူညီခဲ့ၾကပါတယ္ ။ သရုပ္ေဆာင္ ေနထူးနိုင္ကလည္း ေနအပူရွိန္အရမ္းျမင့္တဲ့ေခ်ာက္ျမဳိ႕အတြက္ သစ္ပင္စိုက္ ဖို႔ အစီစဥ္ေတြလုပ္ေဆာင္ေနသလို အႏုပညာရွင္ေတာ္ေတာ္မ်ားမ်ားကလည္း လွဴဒါန္းမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္ ။ လတ္တေလာမွာေတာ့ ပရိသတ္အခ်စ္ေတာ္ ျဖိဳးျမတ္ေအာင္ကလည္း ပရိသတ္ေတြကို သစ္ပင္စိုက္ၾကဖို႕ တုိက္တြန္းလိုက္ပါတယ္ေနာ္ ။

အခုခ်ိန္က အားလံုး ပူျပင္းတဲ့ ဒဏ္ကို ခံစားေနရၾကရတာ ျဖစ္တဲ့အတြက္ မိုးက်တဲ့ အခါေလးေတြမွာ သစ္ပင္ေလးေတြ စိုက္ဖို႕ ကိုျဖိဳးက တိုက္တြန္းလိုက္တာပဲ ျဖစ္ပါတယ္ ။ သစ္ေတာ ေတြ ကလည္း အရမ္းကို ျပဳန္းတီးေနျပီ ျဖစ္တဲ့အတြက္ တစ္နုိင္တစ္ပိုင္ေလးအေနနဲ႕ ကိုယ့္ အိမ္မွာ ပဲ သစ္ပင္ေလးေတြ စိုက္ဖို႕ တိုက္တြန္းလိုက္တာျဖစ္ျပီး သူ႕ရဲ႕ ဖန္ေတြ ၊ ပရိသတ္ေတြနဲ႕ အသိမိတ္ေဆြေတြအာလံုးဟာ အမွတ္တရအေနနဲ႕ ဘယ္နွရက္ ဘယ္နွလ ဘယ္ေန႕မွာ ဘယ္သူ႕အတြက္ သစ္ပင္ေလးေတြရည္စူးပီး စိုက္ခဲ့တယ္ လို႕ ကိုယ့္ရဲ႕သားစဥ္ေျမးျမစ္ေတြကို ျပန္ေျပာနုိင္ေအာင္ အတြက္လည္း ရည္ရြယ္တယ္လုိ႕ ကိုျဖိဳးက ေျပာျပခဲ့ပါတယ္ ။ ကိုယ္စိုက္ပ်ိဳးခဲ့တဲ့ သစ္ပင္ေလးေတြကို အသက္ေတြၾကီးလာတဲ့အခါ ျပန္ၾကည္႕ျပီး ၾကည္ႏူးနိုင္သလို သဘာ၀ပတ္၀န္းက်င္ကိုလည္း ထိန္းသိမ္းရာေရာက္တယ္လို႕ ကိုျဖိဳးက အသိေပးခဲ့တာျဖစ္ပါတယ္ ။ သူ႕ရဲ႕ဖန္ေတြကိုလည္း သစ္ပင္စိုက္ျပီးရင္ ဓာတ္ပံုေလးရိုက္ျပီး ဘယ္နွရက္ ဘယ္ႏွလ မွာ ဒါဘယ္သူ႕အတြက္ရည္စူးျပီး စိုက္ထားတာ လို႕ ေဖ့ဘုတ္စ္ မွာ တင္ေပးပါဦးလို႕ ေတာင္းဆိုလုိက္တာျဖစ္ပါတယ္ ။ ျဖိဳးျမတ္ေအာင္ကို ခ်စ္ၾကတဲ့  ပရိသတ္ၾကီးကေရာ ကိုျဖိဳးအတြက္ရည္စူးျပီး သစ္ပင္ေလးေတြ စိုက္ၾကမွာလား ? ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

ပရိသတ်ကြီးရေ ၂၀၁၉ ခုနှစ်နွေရာသီကတော့ တခြားနှစ်တွေနဲ့မတူ အောင် အပူချိန်လွန်ကဲပြီး အားလုံး အခက်တွေ့ခဲ့ရတာ မျက်မြင်ပါပဲနော် ။ ရာသီဥတုအရမ်း ပူတဲ့အတွက် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် အရမ်းကိုအခက်ဖြစ်ခဲ့ရပါတယ် ။အဲဒီအတွက် ဒီနွေရာသီမှာ အနုပညာရှင်အချို့ကလည်း နွေရာသီ သစ်ပင်စိုက်ဖို့ တိုက်တွန်းခြင်းတွေကို တစ်တပ်တစ်အား ပါဝင်ကူညီခဲ့ကြပါတယ် ။ သရုပ်ဆောင် နေထူးနိုင်ကလည်း နေအပူရှိန်အရမ်းမြင့်တဲ့ချောက်မြို့အတွက် သစ်ပင်စိုက် ဖို့ အစီစဉ်တွေလုပ်ဆောင်နေသလို အနုပညာရှင်တော်တော်များများကလည်း လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ် ။ လတ်တလောမှာတော့ ပရိသတ်အချစ်တော် ဖြိုးမြတ်အောင်ကလည်း ပရိသတ်တွေကို သစ်ပင်စိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် ။

အခုချိန်က အားလုံး ပူပြင်းတဲ့ ဒဏ်ကို ခံစားနေရကြရတာ ဖြစ်တဲ့အတွက် မိုးကျတဲ့ အခါလေးတွေမှာ သစ်ပင်လေးတွေ စိုက်ဖို့ ကိုဖြိုးက တိုက်တွန်းလိုက်တာပဲ ဖြစ်ပါတယ် ။ သစ်တော တွေ ကလည်း အရမ်းကို ပြုန်းတီးနေပြီ ဖြစ်တဲ့အတွက် တစ်နိုင်တစ်ပိုင်လေးအနေနဲ့ ကိုယ့် အိမ်မှာ ပဲ သစ်ပင်လေးတွေ စိုက်ဖို့ တိုက်တွန်းလိုက်တာဖြစ်ပြီး သူ့ရဲ့ ဖန်တွေ ၊ ပရိသတ်တွေနဲ့ အသိမိတ်ဆွေတွေအာလုံးဟာ အမှတ်တရအနေနဲ့ ဘယ်နှရက် ဘယ်နှလ ဘယ်နေ့မှာ ဘယ်သူ့အတွက် သစ်ပင်လေးတွေရည်စူးပီး စိုက်ခဲ့တယ် လို့ ကိုယ့်ရဲ့သားစဉ်မြေးမြစ်တွေကို ပြန်ပြောနိုင်အောင် အတွက်လည်း ရည်ရွယ်တယ်လို့ ကိုဖြိုးက ပြောပြခဲ့ပါတယ် ။ ကိုယ်စိုက်ပျိုးခဲ့တဲ့ သစ်ပင်လေးတွေကို အသက်တွေကြီးလာတဲ့အခါ ပြန်ကြည့်ပြီး ကြည်နူးနိုင်သလို သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်တယ်လို့ ကိုဖြိုးက အသိပေးခဲ့တာဖြစ်ပါတယ် ။ သူ့ရဲ့ဖန်တွေကိုလည်း သစ်ပင်စိုက်ပြီးရင် ဓာတ်ပုံလေးရိုက်ပြီး ဘယ်နှရက် ဘယ်နှလ မှာ ဒါဘယ်သူ့အတွက်ရည်စူးပြီး စိုက်ထားတာ လို့ ဖေ့ဘုတ်စ် မှာ တင်ပေးပါဦးလို့ တောင်းဆိုလိုက်တာဖြစ်ပါတယ် ။ ဖြိုးမြတ်အောင်ကို ချစ်ကြတဲ့  ပရိသတ်ကြီးကရော ကိုဖြိုးအတွက်ရည်စူးပြီး သစ်ပင်လေးတွေ စိုက်ကြမှာလား ? ။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top