





Credit: Kumudra

#Unicode Version# ဖြင့်ဖတ်ပါ ။

လာမယ့်ပညာ သင်နှစ်မှာ အခြေခံပညာအတန်း ကျောင်းတွေ စာသင်ချိန်တစ်လ တိုးတယ်ဆိုတာမဟုတ်ဘဲ နဂိုရှိ ပြီးသား စာသင်နှစ်အတိုင်း မတ် လအကုန်အထိ ကျောင်းတက်ဖို့ လုပ် ဆောင်တာလို့ အခြေခံပညာ ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးကို လေးဝင်းက ပြောပါတယ်။

သူက“အစကတည်းက မတ် လ၃၁အထိက စာသင်ချိန်၊ ပြောင်း တာမဟုတ်ဘူး၊ မပြောင်းပါဘူး၊ အ ရင်က စာမေးပွဲတွေကို ရှေ့စောစစ် လို့၊ဖေဖော်ဝါရီလကုန်ရင် ကျောင်း တွင်းစစ်တွေက အကုန်ပိတ်နေတာ၊အခုကအဲဒီလိုမဟုတ် ဘဲနဲ့ မတ်လ  ၃၁ရက်နေ့မှာ ကျောင်း တွင်း စစ်တွေရော အစိုးရစစ် တွေ ရော မတ်လကုန်အထိ စာသင် တာ တို့၊စာမေးပွဲဖြေတာတို့က အဲဒီ ထိ ရောက် မှာပေါ့”လို့ပြောပါတယ်။

Academic year ရဲ့ စာ သင် ချိန်ကို တစ်လတိုးပစ်တာမဟုတ်ဘဲ နဂိုကတည်းက ရှိပြီးသား ကို အ ပြည့်အဝ သင်ချင်လို့ပါလို့ ဆိုပါ တယ်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ် အထိ အခြေခံ ပညာအတန်း ကျောင်း တွေရဲ့ ကျောင်းတက် ရက် တွေက ဇွန်လမှ ဖေဖော်ဝါရီ အ ထိဖြစ်ပေ မဲ့ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ် က ပြန်စပြီး နဂိုကတည်း ရှိခဲ့တဲ့ ပညာသင်နှစ် အ တိုင်း ဇွန်လမှ မတ်လအထိ ပြန် လည် ကျင့်သုံး  မယ်လို့ သိရပါ တယ်။

ဦးကိုလေးဝင်းက“၁၀ တန်း ကတော့ အခြေအနေအရ တိုင်ပင် ရဦးမှာ၊ ၁၀ တန်း ကို  မတ်လနောက် ဆုံးပတ်မှာ စစ်မှာလား၊ ဒါ မှ မ ဟုတ် ဧပြီလ ပထမပတ်ကို နည်း နည်း ကူးမှာလား၊ မသိသေးဘူး၊ ဒါတွေကို တိုင်ပင်ရဦးမယ်၊ နောက် မှ ဆွေးနွေးပြီးမှလုပ်ရမယ်” လို့ ပြောပါတယ်။

အရင်ကတည်းက သင်ရိုး ညွှန်းတမ်းတွေကို ရေးဆွဲတဲ့ မြန်မာ နိုင်ငံ Academic year က ဇွန်လ ၁ ရက်ကနေ မတ်လ ၃၁ ရက် အ ထိ ရေးဆွဲထားတာဖြစ်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Kumudra
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top