သူအလုပ္ျပဳတ္ေနေၾကာင္းသူ႔ ဇနီးကို မေျပာျပရက္ ခဲ့ပါဘူး

မနက္ခင္းတိုင္းမွာ ပံုမွန္လိုပဲ မနက္စာစားျပင္ဆင္ၿပီး သူ႔ဇနီးေလးရဲ႕ ပါးကိုနမ္းၿပီး “ခ်စ္ေလး ေရ အလုပ္သြားၿပီ ေနာ္ ညေနမွျပန္ေတြ႔ ၾကမယ္ ကြယ္ ”လို႔ ႏွုတ္ဆက္တယ္ သူ႔ဇနီးေလးက လည္းျပန္နမ္းၿပီး“စိတ္မကစားနဲ႔ ေနာ္ အလုပ္ကို ဂရုတစိုက္လုပ္ ပါေနာ္ ” ေျပာတယ္။

သူဟာ လိုင္းကားမွတ္တိုင္မွာသြားေစာင့္ၿပီးကားလာတာနဲ႔ လူေတြၾကားတိုးေဝွ႔တက္ သြားလိုက္တယ္။ကားမွတ္တိုင္ ၃ တိုင္ေလာက္ေက်ာ္ေက်ာ္လာေတာ့ ကားေပၚက ဆင္းတယ္သူပန္းျခံေလးတစ္ျခံထဲ က ခံုတန္းလ်ားမမွာ ထိုင္ခ်လိုက္တယ္ သူ႔မ်က္ႏွာဟာ ညိွဳးငယ္ေနေတာ့ တယ္ သက္ျပင္း ေတြ တစ္ရွိဳက္ၿပီးတစ္ရွိဳက္ ခ်ရင္း ေငးေမာ ေနမိတယ္။

မ်က္စိေရွ႔ ကန္ေရျပင္ထဲ မွာကူးခပ္ေနတဲ့ ငန္းေမာင္ႏွံကို ေမ်ာ္ၾကည့္ရင္း နင္တို႔ ဘဝေလးေတြက အားက်စရာေကာင္းလိုက္တာ လို႔သူညည္းတြားမိေတာ့တယ္။

သူဟာပန္းျခံထဲ မွာပဲ ဟိုသြားဒီသြားနဲ႔ ညေနေစာင္းတဲ့အထိေန တယ္ အဲ့ဒီေနာ့က္ ေနရာက ထၿပီး လန္းဆန္းတက္ၾကြ ေနသေယာက္ျဖစ္ေအာင္ၿပံဳးလိုက္တယ္“ အလုပ္ သိမ္းၿပီ အိမ္ျပန္လို႔ ရၿပီ ” ဆိုၿပီး ခါးမတ္မတ္ရပ္ သူ႔ရဲ႕စာရြက္စာတမ္းအိတ္ေလးကို လြယ္ၿပီး အိမ္ျပန္လာခဲ့ေတာ့တယ္။

အိမ္ေရွ႔ေရာက္ေတာ့ ခ်စ္ေလးေရ ကိုယ္ျပန္လာၿပီ ဆိုၿပီး အိမ္ထဲဝင္လိုက္တယ္။သူဟာ ဒီလိုပဲ လက္ဖက္ရည္ ဆိုင္မွာ အခ်ိန္ျဖဳန္းလိုက္ ပန္းျခံေတြမွာအခ်ိန္ျဖဳန္းလိုက္နဲ႔ ၅ ရက္ ေလာက္ၾကာခဲ့တယ္။

အလုပ္ျပဳတ္ခဲ့ၿပီး ၆ရက္ေျမာက္ ေန႔က်ေတာ့ သူၾကည့္ထားတဲ့ေဆာက္လုပ္ေရး လုပ္ငန္းမွာသြားအလုပ္ေလ်ွာက္ဖို႔ ဆံုးျဖတ္လိုက္ေတာ့တယ္ဘိလပ္ေျမေဖ်ာ္တဲ့ ေနရာမွာ သူအလုပ္ရ ခဲ့တယ္သူလုပ္ခဲ့ဖူးတဲ့ကုမၼဏီ က အလုပ္ေတြ နဲ႔ အရမ္းကို ကြာျခားတယ္ ဖုန္ေတြ ေရာ ဘိလပ္ေျမမွဳန္႔ေတြ နဲ႔ေကာ ေပတူးလံ ၿပီး အရမ္းပင္ပန္းတယ္။

ဒါေပမဲ့ သူလည္းႀကိဳးစားၿပီး လုပ္ရ ရွာတယ္အဲ့လိုမွမဟုတ္ရင္ ေရွ႔ေလ်ာက္သူနဲ႔ သူ႔ဇနီးေလးရဲ႕ ဘဝ ဘယ္လို သံုးစြဲစားေသာက္ၾကရမွာလဲတစ္ေန႔ သူ အိမ္သာခန္းထဲ က မွန္ထဲ မွာသူ႕ကိုယ္သူျပန္ၾကည့္မိေတာ့ဘိလပ္ေျမ ပံုးနဲ႔ ေခါင္းေပၚကေန ေလာင္းခ်ထားသလိုပဲ တစ္ကိုယ္လံုးေပက်ံစုတ္ျပတ္ေနေရာအလုပ္သိမ္းခ်ိန္ေရာက္ေတာ့ သူ အလုပ္ထဲ မွာပဲ ေရ မိုးခ်ိဳးတယ္ ၿပီးေတာ့ အိမ္ကေနထြက္လာခဲ့တဲ့ပံုစံ အတိုင္းပဲ ကုမၼဏီ အဝတ္အစား ေတြလဲတယ္ ၿပီးေတာ့ ေဆာက္လုပ္ေရး လုပ္ငန္းကေန သူဟာ ဘိလပ္ေျမေဖ်ာ္တဲ့အလုပ္သမား မဟုတ္ခဲ့သလိုနဲ႔ ထြက္လာ ခဲ့တယ္။

အိမ္ေရွ႔ျပန္ေရာက္တာ နဲ႔ ခ်စ္ေလးေရ ကိုယ္ျပန္လာၿပီ ဆိုေတာ့ သူ႔ဇနီးေလးက ေျပးလာၿပီးတံခါးဖြင့္ႀကိဳတယ္ သူ႔ေယာက္်ားကိုယ္ေပၚက ဆပ္ျပာေမြးနံ႔ ကို သူအနံ႔ ရ တယ္သူအိမ္ထဲ ဝင္လိုက္ေတာ့ တစ္အိမ္လံုး ပစၥည္းပစၥယ ေတြက သပ္သပ္ရပ္ရပ္နဲ႔ စနစ္တက်ရွိေနသလို တစ္အိမ္လံုးသန္႔ရွင္းေနတယ္ ဘုရားပန္းေတြ လဲ အိမ္ေနာက္ေဖးမွာသူစိုက္ထားတဲ့ပန္းေလးေတြ နဲ႔ လဲထားၿပီး လန္းလန္းဆန္းဆန္းရွိေနေရာ သူ တစ္ခါတည္းနဲ႔ အေမာေတြ ေျပ ၿပီး ေပါ့ပါးသြားသလို ခံစားရတယ္။

“ညီမ ေရေႏြးေတြ တည္ထားတယ္ေနာ္ ကိုကို ေရအရင္ခ်ိဳးလိုက္မလား ”

“ကိုကို အလုပ္ထဲ က လုပ္ေဖာ္ကိုင္ဖက္ေတြ နဲ႔ ေရကူးကန္မွာ ေလ့က်င့္ခန္းလုပ္ရင္းေရးကူးလာခဲ့ ၿပီးၿပီကြဲ႔”

ညေန ညစာစားၾကေတာ့ ဇနီးေလးကေမးတယ္

“ခုတေလာ ကုမၼဏီ မွာအလုပ္လုပ္ရတာ ဘယ္လိုေနလဲ ”

“အဆင္ေျပ ပါတယ္ ခုကုမၼဏီက ဘြဲ႔ရလာခါစ အပ်ိဳမေလး ၂ေယာက္ အသစ္ခန္႔ထားတယ္ေလ ခ်စ္စရာေလးေတြ သိလား ”

ဇနီးေလးက စိတ္ဆိုးသလို နဲ႔ သူ႔နာရြက္ကို ဖြဖြေလးဆြဲလိမ္တယ္

“စိတ္ကစားမယ္ လံုးဝ စိတ္မကူးနဲ႔ေနာ္ သိလား”ဆိုၿပီးေျပာတယ္ၿပီးေတာ့ ႏွစ္ေယာက္သား သေဘာေတြက်ၿပီး ရီၾကတယ္

သူ႔ဇနီးေလးက အိုးခြက္ပန္ကန္ေတြ သိမ္းဆည္းေဆးေၾကာရင္းသီခ်င္းေလး ညည္းေန ခဲ့ ေတာ့ တယ္

“ေတာ္ေသးတာေပါ့သိသြားေတာ့မလို႔ …ငါလည္း ဘာလို႔ လ်ိဳ႔ဝွက္ထားရမွာလဲ မသိေတာ့ဘူး ဘယ္ေလာက္ ထိေတာင္လိမ္ညာေနရ အုန္းမလဲကြာ ”
သူတိုးတိုးေလးညည္းညူ မိရင္းသက္ျပင္းရွည္ႀကီး ကိုမွုတ္ထုတ္မိျပန္ပါေတာ့တယ္

သူမ်က္ႏွာသစ္သြားတိုက္ ၿပီးအိပ္ခန္းထဲ ဝင္ စာအုပ္ဖတ္ရင္း ဇနီးေလးကိုေစာင့္ မလို႔ စာအုပ္ေတာင္မလွန္ရေသးဘူး ႏြမ္းနယ္ လြန္းလို႔ တစ္ခါတည္းတန္းအိပ္ေပ်ာ္သြားခဲ့ေတာ့တယ္

သူေဆာက္လုပ္ေရးမွာလုပ္လာခဲ့တာ ရက္ ၂၀ ေက်ာ္ၾကာလာတယ္။ တစ္ေန႔ညေန …သူအိမ္ျပန္ေရာက္ေတာ့ ည ထမင္းဝိုင္းမွာ ဇနီးေလးကေျပာလာတယ္

“ကိုကို ကုမၼဏီ ေဟာင္းမွာလုပ္စရာ မလိုေတာ့ဘူးေနာ္ ..ညီမသတင္းၾကားထားတာ ကုမၼဏီ တစ္ခုက မန္ေနဂ်ာ လိုေနတယ္ ညီမဖုန္းလွမ္းဆက္ၿပီးေမးၾကည့္ ၿပီးၿပီ အဲ့ ကုမၼဏီက ကိုကိုလိုအေတြ႔ အႀကံဳနဲ႔ အရည္ခ်င္းမ်ိဳးရွိတဲ့လူ ကို တအားလိုေနတာ မနက္ျဖန္ကိုကို သြားစံုစမ္းၾကည့္လိုက္ေနာ္ ညီမေျပာထားၿပီးၿပီမို႔ပါ ”

သူ ခဏတာ ၿငိမ္က်သြားတယ္ ၿပီးေတာ့မွ သူ႔ဇနီးေလးကိုေမးလိုက္တာ

“ ဘာလို႔ ကိုကို ႔ ကို အလုပ္ေျပာင္းေစ ခ်င္ရတာလည္း”

“ အလုပ္သစ္ေျပာင္းေတာ့လည္းေကာင္းတာေပါ့ ကိုကိုရယ္ ဒါမွကိုကို႔မွာပိုေကာင္းတဲ့ ပတ္ဝန္းက်င္အသစ္ ပိုခိုင္မာတဲ့ကုမၼဏီ နဲ႔လုပ္ရေတာ့ကိုကိုလည္းတိုးတက္တာေပါ့ ”

ေနာက္တစ္ေန႔ က်ေတာ့ သူ ႔ဇနီးေလးေျပာတဲ့ကုမၼဏီ ႀကီးမွာသူအလုပ္သြားေလွ်ာက္တယ္ ကုမၼဏီကလည္း သူ႔ကို အရင္တုန္းက လုပ္ခဲ့ဖူးသလို မန္ေနဂ်ာ ရာထူးမွာလက္ခံခဲ့တယ္

အဲ့ဒီေန႔ ညေန ခပ္ေစာေစာပဲ သူ စားေကာင္းေသာက္ဖြယ္ေတြဝယ္ၿပီးအိမ္ျပန္လာခဲ့တယ္ သူ႔ဇနီးေလးနဲ႔ ေပ်ာ္ပြဲစားမလို႔ေပါ့

သူေတြးတာက သူ ဇနီးေလးက သူ ေဆာက္လုပ္ေရးမွာလုပ္ေနတာ သူမေျပာေပမဲ့သိေနလိမ့္မယ္ ဆိုတာ ခန္႔မွန္းမိတယ္ သူပိတ္ထားတာမလံုလို႔ပဲ ျဖစ္လိမ့္မယ္ ဒီလိုမွမဟုတ္ရင္ သူ႔ကို သူ႔ဇနီးေလးရဲ႕ အဆက္အသြယ္ရွိတဲ့ ဒီကုမၼဏီ ကိုေျပာင္းလာခိုင္းမွာမဟုတ္ဘူးဆိုတာသူခန္႔မွန္းမိတယ္

သူ လြန္ခဲ့တဲ့ ရက္ေတြ တုန္းက သူ႔ဇနီးေလး ခ်က္ၿပီး ေကၽြးတဲ့ဟင္းေတြ ကိုျပန္ အမွတ္ရမိတယ္ ေန႔တိုင္း ထမင္းဝိုင္းမွာ တစ္ျခားေက်ာ္တဲ့ဟင္းျဖစ္ေစခ်က္တဲ့ဟင္းေတြ မွာျဖစ္ေစ အျမဲတမ္း ကုလားပဲ ဟင္းနဲ႔ ၾကြက္နာရြက္ မွိဳဟင္း ေတာ့အျမဲ ပါေလ့ရွိတယ္ ဘာေၾကာင့္လဲ ဆိုေတာ့ ႀကြက္ႏွာရြက္မွိဳ ဟာ အဆုတ္ကို ေဆးေၾကာသန္႔စင္နိုင္စြမ္းရွိတယ္။

သူေန႔တိုင္ဘိလပ္ေျမမွဳန္႔ေတြ နဲ႔ အလုပ္လုပ္ရတာ ၾကြက္နာရြက္မွိဳဟင္းက အမ်ားႀကီး အေထာက္အပံ့ ျဖစ္ခဲ့တယ္

သူယံုၾကည့္တာ သူ႔ဇနီးေလးက သူေဆာက္လုပ္ေရးမွာသြားလုပ္ေနတာ သိေနခဲ့ၿပီးၿပီဒါေပမဲ့သူကမေျပာလို႔ သူမ မေမးခဲ့ဘူး ဒါေပမယ့္ သူမတစ္ျခားအရာေတြ ကူညီလုပ္ေဆာင္ေပးခဲ့တယ္ သူမ က သူ စိတ္မေကာင္းျဖစ္မွာကိုစိုးရိမ္ရွာလို႔ေနမယ္စံုတြဲ ဘဝ ဆိုတာ တန္ဖိုးထားစရာတစ္ခုရွိေနတာက ခ်စ္ခင္တြယ္တာ ဆိုတာ ရယ္ေနာက္တစ္ခုက ေအးအတူ ပူအမွ် ဆိုတာရယ္ပါ အမွန္ေတာ့ တစ္ျခား အရာျဖစ္တဲ့ “ ေျပာသင့္တဲ့ စကား ကို ပဲ ေျပာတာ ” ဆိုတာလဲ ပါ ပါတယ္။

ဒီစာေလး ကို .. မိသားစုအတြက္ ရုန္းကန္ရင္ဆိုင္ေနရတဲ့ အိမ္ေထာင္ဦးစီးေယာက္်ားေတြ အတြက္ မွ်ေဝ ေပးပါတယ္

ၿပီးေတာ့ အဲ့ဒီေယာက်္ားအေပၚ နားလည္တတ္စာနာတတ္ တဲ့ ဇနီးမယား ေတြ အတြက္မွ်ေဝေပးလိုက္ပါတယ္ ခင္ဗ်ာ

အဲ့ဒီေယာက္်ားရဲ႕ ဘဝ ထဲ မွာ သူရဲ႕ မိဘေမာင္ႏွမ အျပင္ေနာက္ထပ္ ဘယ္သူကို အေလးထား တန္ဖိုးထားေတာ့မွာတဲ့လည္း? အေျဖကေတာ့ အဲ့လိုဇနီးမ်ိဳး ကိုပါပဲ

ေယာက်္ားတစ္ေယာက္ သူ ဘယ္လို အျမင့္ဆံုးေနရာမွာရပ္တည္နိုင္မွာတဲ့လည္း? ဘယ္ေလာက္ေဝးေဝး ေလ်ာက္လွမ္းနိုင္မွာတဲ့လဲ ?

ေယာက္်ားတစ္ေယာက္ရဲ႕ ဘဝ မွာအေရးႀကီး ဆံုး နဲ႔ ကင္းကြာလို႔ မရတဲ့ အရာကေတာ့ ေကာင္းမြန္တဲ့မိန္းခေလး တစ္ေယာက္ေယာက္နဲ႔ ဘဝ မွာဆံုေတြ႔ ခြင့္ရတာပါပဲ

အဲ့ဒီတစ္ေယာက္ဟာ သူငယ္ခ်င္း လည္းျဖစ္ခ်င္ျဖစ္မယ္ ငယ္ခ်စ္ ဦးလည္းျဖစ္ခ်င္ျဖစ္မယ္…ဇနီးမယား လည္းျဖစ္ခ်င္ျဖစ္မယ္..အခ်ိန္တိုတိုေလးအတြင္းႀကံဳဆံုခဲံရတာလဲ ျဖစ္ခ်င္ျဖစ္မယ္…ဒါမွမဟုတ္ဘဝတစ္သက္တာ အတူလက္တြဲသြားခြင့္ရ တာလဲ ျဖစ္ခ်င္ျဖစ္မယ္

ဘာေၾကာင့္လဲ ဆိုေတာ့ ေယာက္်ားေကာင္းတစ္ေယာက္ အတြက္ ေကာင္းမြန္တဲ့ မိန္းခေလးတစ္ေယာက္ရဲ႕ ဂရုစိုက္မွဳ႕ ၾကည့္ရွဳ႔ ေစာင့္မေပးမွဳ႔ ျဖည့္ဆီးေပးမွဳ႔ အားေပးေထာက္ပံ့မွဳ႔ အနီးကပ္ျပဳစုယုယ တိုင္ပင္ေဖာ္ အႀကံဥာဏ္ေပး မွဳ႔ေလးေတြ လိုကို လိုအပ္ေနတတ္လို႔ပါပဲ

အကယ္လို႔ အဲ့လိုေကာင္းမြန္တဲ့ မိန္းခေလးမ်ိဳးမရွိပါဘဲ ဘယ္လိုလုပ္ၿပီးေကာင္းမြန္တဲ့ေယာက္်ား မ်ိဳး ရွိလာနိုင္မွာတဲ့လဲ…………

လြပ္လပ္မွဳ႔ဆိုတာလူတိုင္းအတြက္ျဖစ္နိုင္ပါတယ္ ကိုယ္ကသာေရြးခ်ယ္မလား ဆိုတာမူတည္သြားတာပါ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  သင္သိရင္ သင္ခ်မ္းသာလိမ့္မယ္။

#Unicode Version# ျဖင့္ဖတ္ပါ ။

သူအလုပ်ပြုတ်နေကြောင်းသူ့ ဇနီးကို မပြောပြရက် ခဲ့ပါဘူး

မနက်ခင်းတိုင်းမှာ ပုံမှန်လိုပဲ မနက်စာစားပြင်ဆင်ပြီး သူ့ဇနီးလေးရဲ့ ပါးကိုနမ်းပြီး “ချစ်လေး ရေ အလုပ်သွားပြီ နော် ညနေမှပြန်တွေ့ ကြမယ် ကွယ် ”လို့ နှုတ်ဆက်တယ် သူ့ဇနီးလေးက လည်းပြန်နမ်းပြီး“စိတ်မကစားနဲ့ နော် အလုပ်ကို ဂရုတစိုက်လုပ် ပါနော် ” ပြောတယ်။

သူဟာ လိုင်းကားမှတ်တိုင်မှာသွားစောင့်ပြီးကားလာတာနဲ့ လူတွေကြားတိုးဝှေ့တက် သွားလိုက်တယ်။ကားမှတ်တိုင် ၃ တိုင်လောက်ကျော်ကျော်လာတော့ ကားပေါ်က ဆင်းတယ်သူပန်းခြံလေးတစ်ခြံထဲ က ခုံတန်းလျားမမှာ ထိုင်ချလိုက်တယ် သူ့မျက်နှာဟာ ညှိုးငယ်နေတော့ တယ် သက်ပြင်း တွေ တစ်ရှိုက်ပြီးတစ်ရှိုက် ချရင်း ငေးမော နေမိတယ်။

မျက်စိရှေ့ ကန်ရေပြင်ထဲ မှာကူးခပ်နေတဲ့ ငန်းမောင်နှံကို မျော်ကြည့်ရင်း နင်တို့ ဘဝလေးတွေက အားကျစရာကောင်းလိုက်တာ လို့သူညည်းတွားမိတော့တယ်။

သူဟာပန်းခြံထဲ မှာပဲ ဟိုသွားဒီသွားနဲ့ ညနေစောင်းတဲ့အထိနေ တယ် အဲ့ဒီနော့က် နေရာက ထပြီး လန်းဆန်းတက်ကြွ နေသယောက်ဖြစ်အောင်ပြုံးလိုက်တယ်“ အလုပ် သိမ်းပြီ အိမ်ပြန်လို့ ရပြီ ” ဆိုပြီး ခါးမတ်မတ်ရပ် သူ့ရဲ့စာရွက်စာတမ်းအိတ်လေးကို လွယ်ပြီး အိမ်ပြန်လာခဲ့တော့တယ်။

အိမ်ရှေ့ရောက်တော့ ချစ်လေးရေ ကိုယ်ပြန်လာပြီ ဆိုပြီး အိမ်ထဲဝင်လိုက်တယ်။သူဟာ ဒီလိုပဲ လက်ဖက်ရည် ဆိုင်မှာ အချိန်ဖြုန်းလိုက် ပန်းခြံတွေမှာအချိန်ဖြုန်းလိုက်နဲ့ ၅ ရက် လောက်ကြာခဲ့တယ်။

အလုပ်ပြုတ်ခဲ့ပြီး ၆ရက်မြောက် နေ့ကျတော့ သူကြည့်ထားတဲ့ဆောက်လုပ်ရေး လုပ်ငန်းမှာသွားအလုပ်လျှောက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်ဘိလပ်မြေဖျော်တဲ့ နေရာမှာ သူအလုပ်ရ ခဲ့တယ်သူလုပ်ခဲ့ဖူးတဲ့ကုမ္မဏီ က အလုပ်တွေ နဲ့ အရမ်းကို ကွာခြားတယ် ဖုန်တွေ ရော ဘိလပ်မြေမှုန့်တွေ နဲ့ကော ပေတူးလံ ပြီး အရမ်းပင်ပန်းတယ်။

ဒါပေမဲ့ သူလည်းကြိုးစားပြီး လုပ်ရ ရှာတယ်အဲ့လိုမှမဟုတ်ရင် ရှေ့လျောက်သူနဲ့ သူ့ဇနီးလေးရဲ့ ဘဝ ဘယ်လို သုံးစွဲစားသောက်ကြရမှာလဲတစ်နေ့ သူ အိမ်သာခန်းထဲ က မှန်ထဲ မှာသူ့ကိုယ်သူပြန်ကြည့်မိတော့ဘိလပ်မြေ ပုံးနဲ့ ခေါင်းပေါ်ကနေ လောင်းချထားသလိုပဲ တစ်ကိုယ်လုံးပေကျံစုတ်ပြတ်နေရောအလုပ်သိမ်းချိန်ရောက်တော့ သူ အလုပ်ထဲ မှာပဲ ရေ မိုးချိုးတယ် ပြီးတော့ အိမ်ကနေထွက်လာခဲ့တဲ့ပုံစံ အတိုင်းပဲ ကုမ္မဏီ အဝတ်အစား တွေလဲတယ် ပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းကနေ သူဟာ ဘိလပ်မြေဖျော်တဲ့အလုပ်သမား မဟုတ်ခဲ့သလိုနဲ့ ထွက်လာ ခဲ့တယ်။

အိမ်ရှေ့ပြန်ရောက်တာ နဲ့ ချစ်လေးရေ ကိုယ်ပြန်လာပြီ ဆိုတော့ သူ့ဇနီးလေးက ပြေးလာပြီးတံခါးဖွင့်ကြိုတယ် သူ့ယောက်ျားကိုယ်ပေါ်က ဆပ်ပြာမွေးနံ့ ကို သူအနံ့ ရ တယ်သူအိမ်ထဲ ဝင်လိုက်တော့ တစ်အိမ်လုံး ပစ္စည်းပစ္စယ တွေက သပ်သပ်ရပ်ရပ်နဲ့ စနစ်တကျရှိနေသလို တစ်အိမ်လုံးသန့်ရှင်းနေတယ် ဘုရားပန်းတွေ လဲ အိမ်နောက်ဖေးမှာသူစိုက်ထားတဲ့ပန်းလေးတွေ နဲ့ လဲထားပြီး လန်းလန်းဆန်းဆန်းရှိနေရော သူ တစ်ခါတည်းနဲ့ အမောတွေ ပြေ ပြီး ပေါ့ပါးသွားသလို ခံစားရတယ်။

“ညီမ ရေနွေးတွေ တည်ထားတယ်နော် ကိုကို ရေအရင်ချိုးလိုက်မလား ”

“ကိုကို အလုပ်ထဲ က လုပ်ဖော်ကိုင်ဖက်တွေ နဲ့ ရေကူးကန်မှာ လေ့ကျင့်ခန်းလုပ်ရင်းရေးကူးလာခဲ့ ပြီးပြီကွဲ့”

ညနေ ညစာစားကြတော့ ဇနီးလေးကမေးတယ်

“ခုတလော ကုမ္မဏီ မှာအလုပ်လုပ်ရတာ ဘယ်လိုနေလဲ ”

“အဆင်ပြေ ပါတယ် ခုကုမ္မဏီက ဘွဲ့ရလာခါစ အပျိုမလေး ၂ယောက် အသစ်ခန့်ထားတယ်လေ ချစ်စရာလေးတွေ သိလား ”

ဇနီးလေးက စိတ်ဆိုးသလို နဲ့ သူ့နာရွက်ကို ဖွဖွလေးဆွဲလိမ်တယ်

“စိတ်ကစားမယ် လုံးဝ စိတ်မကူးနဲ့နော် သိလား”ဆိုပြီးပြောတယ်ပြီးတော့ နှစ်ယောက်သား သဘောတွေကျပြီး ရီကြတယ်

သူ့ဇနီးလေးက အိုးခွက်ပန်ကန်တွေ သိမ်းဆည်းဆေးကြောရင်းသီချင်းလေး ညည်းနေ ခဲ့ တော့ တယ်

“တော်သေးတာပေါ့သိသွားတော့မလို့ …ငါလည်း ဘာလို့ လျို့ဝှက်ထားရမှာလဲ မသိတော့ဘူး ဘယ်လောက် ထိတောင်လိမ်ညာနေရ အုန်းမလဲကွာ ”
သူတိုးတိုးလေးညည်းညူ မိရင်းသက်ပြင်းရှည်ကြီး ကိုမှုတ်ထုတ်မိပြန်ပါတော့တယ်

သူမျက်နှာသစ်သွားတိုက် ပြီးအိပ်ခန်းထဲ ဝင် စာအုပ်ဖတ်ရင်း ဇနီးလေးကိုစောင့် မလို့ စာအုပ်တောင်မလှန်ရသေးဘူး နွမ်းနယ် လွန်းလို့ တစ်ခါတည်းတန်းအိပ်ပျော်သွားခဲ့တော့တယ်

သူဆောက်လုပ်ရေးမှာလုပ်လာခဲ့တာ ရက် ၂၀ ကျော်ကြာလာတယ်။ တစ်နေ့ညနေ …သူအိမ်ပြန်ရောက်တော့ ည ထမင်းဝိုင်းမှာ ဇနီးလေးကပြောလာတယ်

“ကိုကို ကုမ္မဏီ ဟောင်းမှာလုပ်စရာ မလိုတော့ဘူးနော် ..ညီမသတင်းကြားထားတာ ကုမ္မဏီ တစ်ခုက မန်နေဂျာ လိုနေတယ် ညီမဖုန်းလှမ်းဆက်ပြီးမေးကြည့် ပြီးပြီ အဲ့ ကုမ္မဏီက ကိုကိုလိုအတွေ့ အကြုံနဲ့ အရည်ချင်းမျိုးရှိတဲ့လူ ကို တအားလိုနေတာ မနက်ဖြန်ကိုကို သွားစုံစမ်းကြည့်လိုက်နော် ညီမပြောထားပြီးပြီမို့ပါ ”

သူ ခဏတာ ငြိမ်ကျသွားတယ် ပြီးတော့မှ သူ့ဇနီးလေးကိုမေးလိုက်တာ

“ ဘာလို့ ကိုကို့ ကို အလုပ်ပြောင်းစေ ချင်ရတာလည်း”

“ အလုပ်သစ်ပြောင်းတော့လည်းကောင်းတာပေါ့ ကိုကိုရယ် ဒါမှကိုကို့မှာပိုကောင်းတဲ့ ပတ်ဝန်းကျင်အသစ် ပိုခိုင်မာတဲ့ကုမ္မဏီ နဲ့လုပ်ရတော့ကိုကိုလည်းတိုးတက်တာပေါ့ ”

နောက်တစ်နေ့ ကျတော့ သူ့ဇနီးလေးပြောတဲ့ကုမ္မဏီ ကြီးမှာသူအလုပ်သွားလျှောက်တယ် ကုမ္မဏီကလည်း သူ့ကို အရင်တုန်းက လုပ်ခဲ့ဖူးသလို မန်နေဂျာ ရာထူးမှာလက်ခံခဲ့တယ်

အဲ့ဒီနေ့ ညနေ ခပ်စောစောပဲ သူ စားကောင်းသောက်ဖွယ်တွေဝယ်ပြီးအိမ်ပြန်လာခဲ့တယ် သူ့ဇနီးလေးနဲ့ ပျော်ပွဲစားမလို့ပေါ့

သူတွေးတာက သူ ဇနီးလေးက သူ ဆောက်လုပ်ရေးမှာလုပ်နေတာ သူမပြောပေမဲ့သိနေလိမ့်မယ် ဆိုတာ ခန့်မှန်းမိတယ် သူပိတ်ထားတာမလုံလို့ပဲ ဖြစ်လိမ့်မယ် ဒီလိုမှမဟုတ်ရင် သူ့ကို သူ့ဇနီးလေးရဲ့ အဆက်အသွယ်ရှိတဲ့ ဒီကုမ္မဏီ ကိုပြောင်းလာခိုင်းမှာမဟုတ်ဘူးဆိုတာသူခန့်မှန်းမိတယ်

သူ လွန်ခဲ့တဲ့ ရက်တွေ တုန်းက သူ့ဇနီးလေး ချက်ပြီး ကျွေးတဲ့ဟင်းတွေ ကိုပြန် အမှတ်ရမိတယ် နေ့တိုင်း ထမင်းဝိုင်းမှာ တစ်ခြားကျော်တဲ့ဟင်းဖြစ်စေချက်တဲ့ဟင်းတွေ မှာဖြစ်စေ အမြဲတမ်း ကုလားပဲ ဟင်းနဲ့ ကြွက်နာရွက် မှိုဟင်း တော့အမြဲ ပါလေ့ရှိတယ် ဘာကြောင့်လဲ ဆိုတော့ ကြွက်နှာရွက်မှို ဟာ အဆုတ်ကို ဆေးကြောသန့်စင်နိုင်စွမ်းရှိတယ်။

သူနေ့တိုင်ဘိလပ်မြေမှုန့်တွေ နဲ့ အလုပ်လုပ်ရတာ ကြွက်နာရွက်မှိုဟင်းက အများကြီး အထောက်အပံ့ ဖြစ်ခဲ့တယ်

သူယုံကြည့်တာ သူ့ဇနီးလေးက သူဆောက်လုပ်ရေးမှာသွားလုပ်နေတာ သိနေခဲ့ပြီးပြီဒါပေမဲ့သူကမပြောလို့ သူမ မမေးခဲ့ဘူး ဒါပေမယ့် သူမတစ်ခြားအရာတွေ ကူညီလုပ်ဆောင်ပေးခဲ့တယ် သူမ က သူ စိတ်မကောင်းဖြစ်မှာကိုစိုးရိမ်ရှာလို့နေမယ်စုံတွဲ ဘဝ ဆိုတာ တန်ဖိုးထားစရာတစ်ခုရှိနေတာက ချစ်ခင်တွယ်တာ ဆိုတာ ရယ်နောက်တစ်ခုက အေးအတူ ပူအမျှ ဆိုတာရယ်ပါ အမှန်တော့ တစ်ခြား အရာဖြစ်တဲ့ “ ပြောသင့်တဲ့ စကား ကို ပဲ ပြောတာ ” ဆိုတာလဲ ပါ ပါတယ်။

ဒီစာလေး ကို .. မိသားစုအတွက် ရုန်းကန်ရင်ဆိုင်နေရတဲ့ အိမ်ထောင်ဦးစီးယောက်ျားတွေ အတွက် မျှဝေ ပေးပါတယ်

ပြီးတော့ အဲ့ဒီယောကျ်ားအပေါ် နားလည်တတ်စာနာတတ် တဲ့ ဇနီးမယား တွေ အတွက်မျှဝေပေးလိုက်ပါတယ် ခင်ဗျာ

အဲ့ဒီယောက်ျားရဲ့ ဘဝ ထဲ မှာ သူရဲ့ မိဘမောင်နှမ အပြင်နောက်ထပ် ဘယ်သူကို အလေးထား တန်ဖိုးထားတော့မှာတဲ့လည်း? အဖြေကတော့ အဲ့လိုဇနီးမျိုး ကိုပါပဲ

ယောကျ်ားတစ်ယောက် သူ ဘယ်လို အမြင့်ဆုံးနေရာမှာရပ်တည်နိုင်မှာတဲ့လည်း? ဘယ်လောက်ဝေးဝေး လျောက်လှမ်းနိုင်မှာတဲ့လဲ ?

ယောက်ျားတစ်ယောက်ရဲ့ ဘဝ မှာအရေးကြီး ဆုံး နဲ့ ကင်းကွာလို့ မရတဲ့ အရာကတော့ ကောင်းမွန်တဲ့မိန်းခလေး တစ်ယောက်ယောက်နဲ့ ဘဝ မှာဆုံတွေ့ ခွင့်ရတာပါပဲ

အဲ့ဒီတစ်ယောက်ဟာ သူငယ်ချင်း လည်းဖြစ်ချင်ဖြစ်မယ် ငယ်ချစ် ဦးလည်းဖြစ်ချင်ဖြစ်မယ်…ဇနီးမယား လည်းဖြစ်ချင်ဖြစ်မယ်..အချိန်တိုတိုလေးအတွင်းကြုံဆုံခဲံရတာလဲ ဖြစ်ချင်ဖြစ်မယ်…ဒါမှမဟုတ်ဘဝတစ်သက်တာ အတူလက်တွဲသွားခွင့်ရ တာလဲ ဖြစ်ချင်ဖြစ်မယ်

ဘာကြောင့်လဲ ဆိုတော့ ယောက်ျားကောင်းတစ်ယောက် အတွက် ကောင်းမွန်တဲ့ မိန်းခလေးတစ်ယောက်ရဲ့ ဂရုစိုက်မှု့ ကြည့်ရှု့ စောင့်မပေးမှု့ ဖြည့်ဆီးပေးမှု့ အားပေးထောက်ပံ့မှု့ အနီးကပ်ပြုစုယုယ တိုင်ပင်ဖော် အကြံဉာဏ်ပေး မှု့လေးတွေ လိုကို လိုအပ်နေတတ်လို့ပါပဲ

အကယ်လို့ အဲ့လိုကောင်းမွန်တဲ့ မိန်းခလေးမျိုးမရှိပါဘဲ ဘယ်လိုလုပ်ပြီးကောင်းမွန်တဲ့ယောက်ျား မျိုး ရှိလာနိုင်မှာတဲ့လဲ…………

လွပ်လပ်မှု့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်ပါတယ် ကိုယ်ကသာရွေးချယ်မလား ဆိုတာမူတည်သွားတာပါ

ဖိုးသူတော် (www.phothutaw.com)
Credit:  သင်သိရင် သင်ချမ်းသာလိမ့်မယ်။
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top