သက္ႀကီးရြယ္အို အထီးက်န္ေနတဲ့ ဘိုးဘြားေတြအတြက္ ေန႔ပိုင္း ေစာင့္ေရွာက္ေရး ေဂဟာတခုကုိ ကမာၻေအး ဘုရားလမ္း က ေခ်ာ္တြင္းကုန္း မွတ္တိုင္အနီးမွာ ဖြင့္လွစ္ထားရာ ေန႔စဥ္ လာေရာက္ အနားယူတဲ့ ဘိုးဘြား အေရအတြက္ ၇၀ ဦးမွ ၈၀ ဦး ဝန္းက်င္ထိ ရွိပါတယ္။

အဲဒီ ရိပ္သာကုိ တနလၤာ ကေန ေသာၾကာေန႔အထိ နံနက္ ၉ နာရီမွ ညေန ၄ နာရီ၀န္းက်င္ အထိ ဖြင့္လွစ္ ေပးထား ေၾကာင္း၊ တပတ္မွာ ၃ ရက္ ကုိ ကား အႀကိဳအပို႔ရွိၿပီး၊ က်န္ ၂ ရက္ကုိေတာ့ ကုိယ့္အစီအစဥ္နဲ႔ကုိယ္ လာရပါတယ္။

အဘိုးအဘြားေတြဟာ သူတုိ႔ အခ်င္းခ်င္း ေရွးေဟာင္းေႏွာင္းျဖစ္ေတြ၊ လူမႈေရး၊ စီးပြားေရး၊ ႏိုင္ငံေရး စ တဲ့ ၀ါသနာ တူသူေတြႏွင့္မိတ္ဖြဲ႔ၿပီး စကားစျမည္ေျပာဆိုေလ့ရွိၾကပါတယ္လို႔ သိရပါတယ္။

အဆိုပါ ရိပ္သာမွာ ဘိုးဘြားေတြ အေနနဲ႔ မိမိတို႔ ၀ါသနာပါရာ အားကစား တမ်ဳိးမ်ဴိးကုိ ျပဳလုပ္ႏိုင္ၿပီး၊ အင္တာနက္သုံးျခင္း၊ စာဖတ္ျခင္း၊ တရားထိုင္ျခင္း၊ အိပ္စက္ အနားယူျခင္း၊ ခ်က္ထိုးကစား ျခင္း၊ ေတာက္ ခုံေတာက္တာတို႔အျပင္ ကာရာအိုေက ခန္းမွာ သီခ်င္းဆိုႏိုင္ေအာင္လည္း စီစဥ္ေပး ထားပါတယ္။

အဘိုးအဘြားေတြအတြက္ လူမႈေရး အရေစာင့္ေရွာက္ေပးမႈ၊ က်န္းမာေရး ေစာင့္ေရွာက္မႈ၊ အဟာရ ေကြ်းေမြးမႈေတြ အျပင္ ဖြံ႔ၿဖိဳးမႈအတြက္ ကုိယ္လက္လႈပ္ရွားမႈေတြ ျပဳလုပ္ႏိုင္မည့္ေနရာေတြကုိပါ ဖန္တီးေပးထားသလို က်န္းမာေရး ေစာင့္ေရွာက္မႈ အတြက္ ဆရာ၀န္ေတြ ထားရွိၿပီး အခမဲ့ ကူညီေစာင့္ ေရွာက္ ေပးထားတာပါ။

ရိပ္သာကုိ လာမယ့္ အဘိုး၊ အဘြားေတြက အသက္ ၇၀ ႏွင့္အထက္ ရွိရမွာ ျဖစ္ၿပီး ကုိယ့္အား ကုိယ္ကုိး သြားလာႏိုင္သူ ျဖစ္ဖို႔ လိုပါတယ္။ ဆင္းရဲခ်မ္းသာ၊ လူမ်ဳိးဘာသာ ကန္႔သတ္ထားမႈ မရွိဘဲ အသက္ ၇၀ ျပည့္ၿပီးသူ မည္သူမဆို လက္ခံေပး တဲ့အျပင္ မိမိယုံၾကည္ရာ ဘာသာ အလိုက္ တရားအားထုတ္ ႏိုင္ဖို႔လည္း စီစဥ္ ေပးထားပါတယ္။

မနက္စာ၊ ေန႔လည္စာႏွင့္ညေန အိမ္ျပန္ခါနီးမွာ လက္ဖက္ရည္ သို႔မဟုတ္ ႏြားႏို႔၊ အသီးအႏွံ စတဲ့အဟာရ ျဖစ္ေစမယ့္ အစားအစာ တမ်ဳိးမ်ဳိးကုိ ေန႔စဥ္ ေကြ်းေမြး ေပးပါတယ္။ အဲဒီအတြက္လည္း အခေၾကးေငြေပးစရာ မလိုဘူးလို႔ သိရပါတယ္။

လက္ရွိလာေရာက္ အနားယူေနတဲ့ ဘိုးဘြား ၈၀ ၀န္းက်င္မွာ ကုိယ္ပိုင္ ၀င္ေငြရွိသူေတြ၊ ဌာနဆိုင္ရာ အၿငိမ္းစားေတြ၊ မိသားစုအား မီခိုေနရသူ လက္လုပ္လက္စား အဘိုးအဘြားေတြ စသျဖင့္ ပါ၀င္ေၾကာင္း ေဂဟာရဲ႕ တာဝန္ရွိသူေတြထံက သိရပါတယ္။

အဆိုပါ ရိပ္သာကို လာေရာက္ၾကတဲ့ အဘိုးအဘြားအမ်ားစုက ေျပာတာကေတာ့ ေန႔ပိုင္းေစာင့္ေရွာက္ေရး ရိပ္သာျဖစ္တဲ့ အတြက္ တျခားရိပ္သာေတြ ထက္ ပိုမိုလြတ္လပ္တဲ့အတြက္ ႏွစ္သက္ သေဘာက်တယ္လို႔ ေျပာဆိုၾကပါတယ္။

ေန႔ပိုင္းေစာင့္ေရွာက္မႈ ရိပ္သာသို႔ ေရာက္ရွိလာတဲ့ ဘိုးဘြားေတြဟာ နည္းမ်ဳိးစုံနဲ႔ ေရာက္ရွိလာၾကတာ ျဖစ္ၿပီး၊ အခ်င္းခ်င္း ဆက္သြယ္မႈနဲ ျဖစ္ျဖစ္၊ ရပ္ကြက္ အာဏာပိုင္ေတြက တိုက္တြန္းလို႔ပဲ ျဖစ္ျဖစ္၊ သတင္းမီဒီယာေတြက တဆင့္ သိလို႔ပဲ ျဖစ္ျဖစ္ ပုံစံမ်ဳိးစုံနဲ႔ ေရာက္ၾကတာ ျဖစ္ပါတယ္။

အဲဒီရိပ္သာကုိ လူမႈ၀န္ထမ္း ဦးစီးဌာန က ဖြင့္လွစ္ထားတာ ျဖစ္ၿပီး၊ ဘိုးဘြားေတြရဲ႕ ေန႔စဥ္ ေနထိုင္စားေသာက္မႈ ကိစၥေတြ ကုိ ေတာ့ ႏိုင္ငံေတာ္ အစိုးရ က ကူညီေထာက္ပံ့ေပးထားပါတယ္။

ဘိုးဘြား တဦးစီအတြက္ တရက္မွာ က်ပ္ေငြ ၁၅၀၀ ကုိ လည္းပဲ အစိုးရ က ေထာက္ပံ့ေပးထားတယ္လို႔ ရိပ္သာရဲ႕ တာ၀န္ရွိသူႏွင့္လူမႈ၀န္ထမ္း ဦးစီးဌာနက ဒု ညႊန္ၾကားေရးမႉး ေဒါက္တာေကသီေက်ာ္ က ေျပာပါတယ္။

Credit – ဧရာဝတီ

အဲဒီအရြယ္ေရာက္ရင္အဲဒီမွာသြားေနျကစို႔ ေဘာ္ဒါတို႔။ တရားထိုင္လို႔လဲရ – ကာရာအိုေကစံုတြဲဆိုလို႔လဲရ- (ပံုထဲက စံုတြဲက ငယ္ကြ်မ္းေဆြသီခ်င္းဆုိေနပံုရတယ္ တခ်ိဳ႕ကစံုတြဲေတာင္ကေနျကေသး)

ကြန္ျပဴတာ(အင္တာနက္)လဲသံုးလို႔ရ (18+ေတြေတာ့ပိတ္ထားမွေကာင္းမယ္)- တခ်ိဳ႕လူေတြကဆိုးတယ္။ အားကစား လုပ္လို႔ရ-ဇယ္ေတာက္လို႔လဲရ စာဖတ္ခန္း လဘက္ရည္ခန္းလည္းရွိေတာ့ လဘက္ရည္ေသာက္ရင္း ငယ္က်ိဳးငယ္နာေတြေျပာျပီးရင္ခံုလို႔လဲရ။

ေစာင့္ေရွာက္ေပးတ့ဲဆရာဝန္မေလးကလည္း ရုပ္ေခ်ာ သေဘာေကာင္း မေနာျဖဴ ပြတာဘဲမိတ္ေဆြတို႔~ ဘြတ္ကင္ ေတာင္ သြားလုပ္ထားသင့္တယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: Lay May

#Unicode Verison#
သက်ကြီးရွယ်အို အထီးကျန်နေတဲ့ ဘိုးဘွားတွေအတွက် နေ့ပိုင်း စောင့်ရှောက်ရေး ဂေဟာတခုကို ကမ္ဘာအေး ဘုရားလမ်း က ချော်တွင်းကုန်း မှတ်တိုင်အနီးမှာ ဖွင့်လှစ်ထားရာ နေ့စဉ် လာရောက် အနားယူတဲ့ ဘိုးဘွား အရေအတွက် ၇၀ ဦးမှ ၈၀ ဦး ဝန်းကျင်ထိ ရှိပါတယ်။

အဲဒီ ရိပ်သာကို တနင်္လာ ကနေ သောကြာနေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီဝန်းကျင် အထိ ဖွင့်လှစ် ပေးထား ကြောင်း၊ တပတ်မှာ ၃ ရက် ကို ကား အကြိုအပို့ရှိပြီး၊ ကျန် ၂ ရက်ကိုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် လာရပါတယ်။

အဘိုးအဘွားတွေဟာ သူတို့ အချင်းချင်း ရှေးဟောင်းနှောင်းဖြစ်တွေ၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စ တဲ့ ဝါသနာ တူသူတွေနှင့်မိတ်ဖွဲ့ပြီး စကားစမြည်ပြောဆိုလေ့ရှိကြပါတယ်လို့ သိရပါတယ်။

အဆိုပါ ရိပ်သာမှာ ဘိုးဘွားတွေ အနေနဲ့ မိမိတို့ ဝါသနာပါရာ အားကစား တမျိုးမျိူးကို ပြုလုပ်နိုင်ပြီး၊ အင်တာနက်သုံးခြင်း၊ စာဖတ်ခြင်း၊ တရားထိုင်ခြင်း၊ အိပ်စက် အနားယူခြင်း၊ ချက်ထိုးကစား ခြင်း၊ တောက် ခုံတောက်တာတို့အပြင် ကာရာအိုကေ ခန်းမှာ သီချင်းဆိုနိုင်အောင်လည်း စီစဉ်ပေး ထားပါတယ်။

အဘိုးအဘွားတွေအတွက် လူမှုရေး အရစောင့်ရှောက်ပေးမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အဟာရ ကျွေးမွေးမှုတွေ အပြင် ဖွံ့ဖြိုးမှုအတွက် ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်နိုင်မည့်နေရာတွေကိုပါ ဖန်တီးပေးထားသလို ကျန်းမာရေး စောင့်ရှောက်မှု အတွက် ဆရာဝန်တွေ ထားရှိပြီး အခမဲ့ ကူညီစောင့် ရှောက် ပေးထားတာပါ။

ရိပ်သာကို လာမယ့် အဘိုး၊ အဘွားတွေက အသက် ၇၀ နှင့်အထက် ရှိရမှာ ဖြစ်ပြီး ကိုယ့်အား ကိုယ်ကိုး သွားလာနိုင်သူ ဖြစ်ဖို့ လိုပါတယ်။ ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ ကန့်သတ်ထားမှု မရှိဘဲ အသက် ၇၀ ပြည့်ပြီးသူ မည်သူမဆို လက်ခံပေး တဲ့အပြင် မိမိယုံကြည်ရာ ဘာသာ အလိုက် တရားအားထုတ် နိုင်ဖို့လည်း စီစဉ် ပေးထားပါတယ်။

မနက်စာ၊ နေ့လည်စာနှင့်ညနေ အိမ်ပြန်ခါနီးမှာ လက်ဖက်ရည် သို့မဟုတ် နွားနို့၊ အသီးအနှံ စတဲ့အဟာရ ဖြစ်စေမယ့် အစားအစာ တမျိုးမျိုးကို နေ့စဉ် ကျွေးမွေး ပေးပါတယ်။ အဲဒီအတွက်လည်း အခကြေးငွေပေးစရာ မလိုဘူးလို့ သိရပါတယ်။

လက်ရှိလာရောက် အနားယူနေတဲ့ ဘိုးဘွား ၈၀ ဝန်းကျင်မှာ ကိုယ်ပိုင် ဝင်ငွေရှိသူတွေ၊ ဌာနဆိုင်ရာ အငြိမ်းစားတွေ၊ မိသားစုအား မီခိုနေရသူ လက်လုပ်လက်စား အဘိုးအဘွားတွေ စသဖြင့် ပါဝင်ကြောင်း ဂေဟာရဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။

အဆိုပါ ရိပ်သာကို လာရောက်ကြတဲ့ အဘိုးအဘွားအများစုက ပြောတာကတော့ နေ့ပိုင်းစောင့်ရှောက်ရေး ရိပ်သာဖြစ်တဲ့ အတွက် တခြားရိပ်သာတွေ ထက် ပိုမိုလွတ်လပ်တဲ့အတွက် နှစ်သက် သဘောကျတယ်လို့ ပြောဆိုကြပါတယ်။

နေ့ပိုင်းစောင့်ရှောက်မှု ရိပ်သာသို့ ရောက်ရှိလာတဲ့ ဘိုးဘွားတွေဟာ နည်းမျိုးစုံနဲ့ ရောက်ရှိလာကြတာ ဖြစ်ပြီး၊ အချင်းချင်း ဆက်သွယ်မှုနဲ ဖြစ်ဖြစ်၊ ရပ်ကွက် အာဏာပိုင်တွေက တိုက်တွန်းလို့ပဲ ဖြစ်ဖြစ်၊ သတင်းမီဒီယာတွေက တဆင့် သိလို့ပဲ ဖြစ်ဖြစ် ပုံစံမျိုးစုံနဲ့ ရောက်ကြတာ ဖြစ်ပါတယ်။

အဲဒီရိပ်သာကို လူမှုဝန်ထမ်း ဦးစီးဌာန က ဖွင့်လှစ်ထားတာ ဖြစ်ပြီး၊ ဘိုးဘွားတွေရဲ့ နေ့စဉ် နေထိုင်စားသောက်မှု ကိစ္စတွေ ကို တော့ နိုင်ငံတော် အစိုးရ က ကူညီထောက်ပံ့ပေးထားပါတယ်။

ဘိုးဘွား တဦးစီအတွက် တရက်မှာ ကျပ်ငွေ ၁၅၀၀ ကို လည်းပဲ အစိုးရ က ထောက်ပံ့ပေးထားတယ်လို့ ရိပ်သာရဲ့ တာဝန်ရှိသူနှင့်လူမှုဝန်ထမ်း ဦးစီးဌာနက ဒု ညွှန်ကြားရေးမှူး ဒေါက်တာကေသီကျော် က ပြောပါတယ်။

Credit – ဧရာဝတီ

အဲဒီအရွယ်ရောက်ရင်အဲဒီမှာသွားနေကြစို့ ဘော်ဒါတို့။ တရားထိုင်လို့လဲရ – ကာရာအိုကေစုံတွဲဆိုလို့လဲရ- (ပုံထဲက စုံတွဲက ငယ်ကျွမ်းဆွေသီချင်းဆိုနေပုံရတယ် တချို့ကစုံတွဲတောင်ကနေကြသေး)

ကွန်ပြူတာ(အင်တာနက်)လဲသုံးလို့ရ (18+တွေတော့ပိတ်ထားမှကောင်းမယ်)- တချို့လူတွေကဆိုးတယ်။ အားကစား လုပ်လို့ရ-ဇယ်တောက်လို့လဲရ စာဖတ်ခန်း လဘက်ရည်ခန်းလည်းရှိတော့ လဘက်ရည်သောက်ရင်း ငယ်ကျိုးငယ်နာတွေပြောပြီးရင်ခုံလို့လဲရ။

စောင့်ရှောက်ပေးတဲ့ဆရာဝန်မလေးကလည်း ရုပ်ချော သဘောကောင်း မနောဖြူ ပွတာဘဲမိတ်ဆွေတို့~ ဘွတ်ကင် တောင် သွားလုပ်ထားသင့်တယ်။


ဖိုးသူတော်(www.phothutaw.com)
Credit: Lay May
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top