တစ္ပတ္ထဲနဲ႔ ၁၀ေပါင္ က်သြားဖို႔ဆိုတာ လူေတာ္ေတာ္မ်ားမ်ားကေတာ့ မျဖစ္ႏိုင္ဘူးလို႔ ထင္ၾကမွာပါပဲ။ ကိုယ့္ရဲ႕ ေနထိုင္စားေသာက္မႈပံုစံကိုသာ ေသခ်ာျပင္ဆင္မယ္၊ အာဟာရျဖစ္ျပီး အဆီတက္ေစမယ့္ အစားအစာေတြကို လံုးဝေရွာင္မယ္၊ ကိုယ္ခႏၶာအတြက္ လိုအပ္တဲ့ အာဟာရေတြကိုပဲ အဓိကစားေပးမယ္၊ ေလ့က်င့္ခန္းေသခ်ာလုပ္မယ္ဆိုရင္ေတာ့ မျဖစ္ႏိုင္စရာ အေၾကာင္းမရွိပါဘူး။ အခ်ိန္တိုေလးအတြင္း ဝိတ္က်ဖို႔ ေမွ်ာ္လင့္ထားတယ္ဆိုရင္ေတာ့ ဒီနည္းလမ္း (၆) ခ်က္ကို ေသခ်ာလုပ္ၾကည့္ဖို႔ အၾကံေပးလိုက္ပါတယ္။
၁။ ကစီဓာတ္ေလွ်ာ့ပါ၊ ပရိုတင္းမ်ားမ်ားစားပါ။

ကိုယ္အေလးခ်ိန္က်ခ်င္တဲ့ သူေတြအတြက္ေတာ့ ကစီဓာတ္ (ကာဗိုဟိုက္ျဒိတ္) က ေလွ်ာ့စားသင့္တဲ့ အစားအစာေတြထဲမွာ ပါဝင္ပါတယ္။ ကစီဓာတ္ေရာ ပရိုတင္းေရာက ကိုယ္ခႏၶာၾကီးထြားမႈနဲ႔ ကုန္ဆံုးသြားတဲ့ အားအင္ေတြကို ျဖည့္တင္းေပးတာခ်င္း အတူတူပဲဆိုေပမယ့္ ပရိုတင္းကေတာ့ က်န္းမာေရးနဲ႔ အလွအပအတြက္ ပိုေကာင္းပါတယ္။

ပရိုတင္းဓာတ္က မၾကာခဏ အစာစားခ်င္စိတ္ကို ေလွ်ာ့ခ်ေပးတယ္။ စားျပီးတာနဲ႔ ဗိုက္ဝေစျပီး ကိုယ္ခႏၶာရဲ႕ ဇီဝကမၼေျပာင္းလဲမႈ ျဖစ္စဥ္ကို ျမွင့္တင္ေပးႏိုင္တယ္။ ဒါေၾကာင့္ တစ္ပတ္အတြင္းမွာ ကစီဓာတ္မ်ားတ့ဲ အစားအစာေတြ ျဖစ္တဲ့ ထမင္း၊ ကန္စြန္းဥ၊ အာလူးေတြ ေလွ်ာ့စားေပးပါ။ အခ်ိဳမ်ားတဲ့ မုန္႔ေတြ လံုးဝေရွာင္ပါ။ ပရိုတင္းဓာတ္ၾကြယ္ဝတဲ့ အသားငါး၊ ပဲအမ်ိဳးမ်ိဳးကို ပိုျပီး စားေပးပါ။
၂။ အသင့္စား အစားအစာမွန္သမွ် အကုန္ေရွာင္ပါ။

အသင့္စား အစားအစာ အမ်ားစုက က်န္းမာေရးအတြက္ လံုးဝမေကာင္းပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အစားအစာကို တာရွည္ခံဖို႔ ဓာတုေဗဒနည္းပညာေတြနဲ႔ ျပင္ဆင္ျပီး လုပ္ထားတာျဖစ္တဲ့အတြက္ ဒီအစားအစာေတြ မ်ားမ်ားစားရင္ ကိုယ္အေလးခ်ိန္ကို တက္ေစရံုသာမက က်န္းမာေရးကိုပါ ထိခိုက္လာႏုိင္ပါတယ္။ ဒီတစ္ပတ္ကို ကိုယ္က ၁၀ ေပါင္ရေအာင္ ခ်မယ္လို႔ ရည္မွန္းထားတယ္မလား။ ဒါဆိုရင္ အသင့္စား အစားအစာေတြျဖစ္တဲ့ အာလူးေခ်ာင္းေၾကာ္၊ ဘာဂါ၊ ဝက္အူေခ်ာင္း၊ ဝက္သားျပား၊ ေခါက္ဆြဲေျခာက္ အစရွိတာေတြ ေရွာင္ပါ။ အာဟာရၾကြယ္ဝတဲ့ အစားအစာေတြကို မ်ားမ်ား စားပါ။
၃။ ကယ္လိုရီပမာဏ ေလွ်ာ့စားပါ။

ကစီဓာတ္လိုပါပဲ ကိုယ္အေလးခ်ိန္ ခ်ခ်င္တဲ့သူေတြအတြက္ ကယ္လိုရီဆိုတာ ေလွ်ာ့စားေပးႏိုင္ရင္ေတာ့ အေကာင္းဆံုးပါပဲ။ ကယ္လိုရီအစား ပရိုတင္းဓာတ္ေတြ၊ ဗီတာမင္နဲ႔ အာဟာရဓာတ္ ပါဝင္မႈမ်ားတဲ့ အစားအစာေတြ ပိုစားေပးရင္ ခႏၶာကိုယ္ကလည္း သင့္ကို ပိုျပီးေက်းဇူးတင္မွာပါ။ တစ္ေန႔တာကို ဟင္းသီးဟင္းရြက္ မ်ားမ်ားစားပါ။ ဗိုက္ဆာတဲ့အခ်ိန္ မုန္႔ပဲသေရစာေတြ မစားပါနဲ႔။ အထူးသျဖင့္ ညစာစားျပီးေနာက္ပိုင္းနဲ႔ အိပ္ခါနီးမွာ မုန္႔ပဲသေရစာေတြ လံုးဝမစားသင့္ပါဘူး။ အဆီနည္းျပီး ပရိုတင္းဓာတ္မ်ားတဲ့ ၾကက္သား၊ ငါးေတြကို ပိုစားေပးပါ။ ဆီမ်ားတဲ့ အေၾကာ္အေလွာ္ေတြကို ေရွာင္ပါ။
၄။ ေလ့က်င့္ခန္း ျပင္းျပင္းထန္ထန္လုပ္ပါ။

အနာခံမွ အသာစံရ ဆိုသလိုပါပဲ။ သြယ္လ်လွပတဲ့ ကိုယ္ခႏၶာကို ပိုင္ဆိုင္ခ်င္တယ္ဆိုရင္ တစ္ေန႔တာ အစားအစာကို ဂရုစိုက္ဖို႔ လိုအပ္သလို ေလ့က်င့္ခန္းကိုလည္း ေမ့ထားလို႔ မျဖစ္ပါဘူး။ အထူးသျဖင့္ တစ္ပတ္ထဲနဲ႔ ေပါင္အမ်ားၾကီး ခ်ဖို႔ စဥ္းစားထားတယ္ဆိုရင္ ပိုျပီးေတာင္ ျပင္းျပင္းထန္ထန္ လုပ္သင့္ပါတယ္။ ဒါမွပဲ ေသြးထဲက မေကာင္းတဲ့ ကယ္လိုရီေတြ၊ ကိုလက္စထေရာေတြ လ်င္ျမန္စြာ ေလာင္ကၽြမ္းျပီး အဆီက် ဗိုက္ခ်ပ္ သြယ္လ်လာမွာပါ။

ေလ့က်င့္ခန္းလုပ္တဲ့အခါ Gym မွာ နည္းျပဆရာနဲ႔ စနစ္တက် ေဆာ့တာ ပိုျပီး ထိေရာက္မႈရွိပါတယ္။ အေလးမ်ားမ်ားမပါ။ ကိုယ္ခႏၶာ အစိတ္အပိုင္း တစ္ခုတည္းကို ကြက္ျပီး ေဆာ့တာထက္ ကိုယ္ခႏၶာအေပၚပိုင္း၊ အာက္ပိုင္း၊ လက္ေမာင္း၊ ပုခံုး၊ တင္၊ ေျခသလံုး ေနရာအစံုကို ထိႏိုင္မယ့္ ေလ့က်င့္ခန္းေတြကို အဓိကေဆာ့ေပးပါ။ မနက္အိပ္ရာထတဲ့အခါ လမ္းေလွ်ာက္ပါ။ ေျပးပါ။ အိမ္မွာ အလြယ္တကူလုပ္လို႔ရတဲ့ ဒိုက္ထိုးတာ၊ အိပ္ထ မတင္လုပ္တာ၊ ထိုင္ထလုပ္တာ အစရွိတဲ့ ေလ့က်င့္ခန္းေလးေတြ လုပ္ေပးလို႔လည္း ရပါတယ္။
၅။ အၾကာၾကီး မထိုင္ပါနဲ႔။

ထိုင္ေနရင္ အဆီေတြ၊ ကယ္လိုရီေတြက တစ္ေနရာထဲမွာ ကြက္ျပီး စုေနဖို႔ ပိုလြယ္ပါတယ္။ ဒါေၾကာင့္ အလုပ္၊ ေက်ာင္းမွာ တစ္ေနကုန္ ထိုင္ေနတာထက္ နာရီဝက္ျခား တစ္ခါေလာက္ အိမ္သာသြားတာ၊ လမ္းထေလွ်ာက္တာ၊ ကိုယ္လက္ေလ့က်င့္ခန္း လုပ္တာျဖစ္ျဖစ္ လႈပ္လႈပ္ရွားရွားေနေပးပါ။ အလုပ္ကိုလည္း ကားစီးသြားမယ့္အစား လမ္းေလွ်ာက္တာ၊ စက္ဘီးစီးသြားတာမ်ိဳး လုပ္လို႔ ရသလို အိမ္မွာအျမဲေနေနရတယ္ဆိုရင္လည္း အခန္းသန္႔ရွင္းေရးလုပ္တာ၊ အိမ္အလုပ္ေတြ လုပ္ေပးႏိုင္မယ္ဆိုရင္ ကယ္လိုရီအပိုေတြ က်ဖို႔ ပိုျမန္ပါတယ္။
၆။ ေရကို လိုအပ္တာထက္ ပိုမေသာက္ပါနဲ႔။

ေရဆိုတာ ကိုယ္ခႏၶာက လိုအပ္သေလာက္ ေသာက္ေပးမယ္ဆိုရင္ေတာ့ အဆင္ေျပေပမယ့္ မ်ားသြားရင္ေတာ့ ဗုိက္ၾကီးက ေဖာေရာင္ေနျပီး ေရရဲ႕ အေလးခ်ိန္ေတြ ပိုတိုးႏိုင္ပါတယ္။ ဒါေၾကာင့္ ေရကို တစ္ေန႔ ၂လီတာ မွ ၃လီတာအထိပဲ ေသာက္ေပးပါ။

ဒီနည္းလမ္းကေတာ့ တစ္ပတ္အတြင္း ကိုယ္အေလးခ်ိန္ အျမန္ဆံုးက်ေစမယ့္ နည္းလမ္းေတြပဲ ျဖစ္ပါတယ္။ ကိုယ္က တစ္ပတ္ေလာက္ပဲ လုပ္ျပီး ျပီးသြားတာနဲ႔ နဂိုပံုစံအတိုင္း ျပန္ေန၊ ျပန္စားမယ္ဆိုရင္ေတာ့ အရင္ပံုစံအတိုင္းပဲ ျဖစ္သြားမွာပါေနာ္။ ကိုယ္က လွခ်င္တယ္၊ ကိုယ္အေလးခ်ိန္ က်ခ်င္တယ္ဆိုရင္ေတာ့ က်န္းမာတဲ့ စားေသာက္ေနထိုင္မႈပံုစံကို အခုကတည္းက ေသခ်ာျပင္ဆင္ထားမွ အဆင္ေျပမွာပါ။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Hellosayarwon

#Unicode Version#
တစ်ပတ်ထဲနဲ့ ၁၀ပေါင် ကျသွားဖို့ဆိုတာ လူတော်တော်များများကတော့ မဖြစ်နိုင်ဘူးလို့ ထင်ကြမှာပါပဲ။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကိုသာ သေချာပြင်ဆင်မယ်၊ အာဟာရဖြစ်ပြီး အဆီတက်စေမယ့် အစားအစာတွေကို လုံးဝရှောင်မယ်၊ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရတွေကိုပဲ အဓိကစားပေးမယ်၊ လေ့ကျင့်ခန်းသေချာလုပ်မယ်ဆိုရင်တော့ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ အချိန်တိုလေးအတွင်း ဝိတ်ကျဖို့ မျှော်လင့်ထားတယ်ဆိုရင်တော့ ဒီနည်းလမ်း (၆) ချက်ကို သေချာလုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။
၁။ ကစီဓာတ်လျှော့ပါ၊ ပရိုတင်းများများစားပါ။

ကိုယ်အလေးချိန်ကျချင်တဲ့ သူတွေအတွက်တော့ ကစီဓာတ် (ကာဗိုဟိုက်ဒြိတ်) က လျှော့စားသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ကစီဓာတ်ရော ပရိုတင်းရောက ကိုယ်ခန္ဓာကြီးထွားမှုနဲ့ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ဖြည့်တင်းပေးတာချင်း အတူတူပဲဆိုပေမယ့် ပရိုတင်းကတော့ ကျန်းမာရေးနဲ့ အလှအပအတွက် ပိုကောင်းပါတယ်။

ပရိုတင်းဓာတ်က မကြာခဏ အစာစားချင်စိတ်ကို လျှော့ချပေးတယ်။ စားပြီးတာနဲ့ ဗိုက်ဝစေပြီး ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မပြောင်းလဲမှု ဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်တယ်။ ဒါကြောင့် တစ်ပတ်အတွင်းမှာ ကစီဓာတ်များတဲ့ အစားအစာတွေ ဖြစ်တဲ့ ထမင်း၊ ကန်စွန်းဥ၊ အာလူးတွေ လျှော့စားပေးပါ။ အချိုများတဲ့ မုန့်တွေ လုံးဝရှောင်ပါ။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသားငါး၊ ပဲအမျိုးမျိုးကို ပိုပြီး စားပေးပါ။
၂။ အသင့်စား အစားအစာမှန်သမျှ အကုန်ရှောင်ပါ။

အသင့်စား အစားအစာ အများစုက ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ ဘာကြောင့်လဲဆိုတော့ အစားအစာကို တာရှည်ခံဖို့ ဓာတုဗေဒနည်းပညာတွေနဲ့ ပြင်ဆင်ပြီး လုပ်ထားတာဖြစ်တဲ့အတွက် ဒီအစားအစာတွေ များများစားရင် ကိုယ်အလေးချိန်ကို တက်စေရုံသာမက ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒီတစ်ပတ်ကို ကိုယ်က ၁၀ ပေါင်ရအောင် ချမယ်လို့ ရည်မှန်းထားတယ်မလား။ ဒါဆိုရင် အသင့်စား အစားအစာတွေဖြစ်တဲ့ အာလူးချောင်းကြော်၊ ဘာဂါ၊ ဝက်အူချောင်း၊ ဝက်သားပြား၊ ခေါက်ဆွဲခြောက် အစရှိတာတွေ ရှောင်ပါ။ အာဟာရကြွယ်ဝတဲ့ အစားအစာတွေကို များများ စားပါ။
၃။ ကယ်လိုရီပမာဏ လျှော့စားပါ။

ကစီဓာတ်လိုပါပဲ ကိုယ်အလေးချိန် ချချင်တဲ့သူတွေအတွက် ကယ်လိုရီဆိုတာ လျှော့စားပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကယ်လိုရီအစား ပရိုတင်းဓာတ်တွေ၊ ဗီတာမင်နဲ့ အာဟာရဓာတ် ပါဝင်မှုများတဲ့ အစားအစာတွေ ပိုစားပေးရင် ခန္ဓာကိုယ်ကလည်း သင့်ကို ပိုပြီးကျေးဇူးတင်မှာပါ။ တစ်နေ့တာကို ဟင်းသီးဟင်းရွက် များများစားပါ။ ဗိုက်ဆာတဲ့အချိန် မုန့်ပဲသရေစာတွေ မစားပါနဲ့။ အထူးသဖြင့် ညစာစားပြီးနောက်ပိုင်းနဲ့ အိပ်ခါနီးမှာ မုန့်ပဲသရေစာတွေ လုံးဝမစားသင့်ပါဘူး။ အဆီနည်းပြီး ပရိုတင်းဓာတ်များတဲ့ ကြက်သား၊ ငါးတွေကို ပိုစားပေးပါ။ ဆီများတဲ့ အကြော်အလှော်တွေကို ရှောင်ပါ။
၄။ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန်လုပ်ပါ။

အနာခံမှ အသာစံရ ဆိုသလိုပါပဲ။ သွယ်လျလှပတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ချင်တယ်ဆိုရင် တစ်နေ့တာ အစားအစာကို ဂရုစိုက်ဖို့ လိုအပ်သလို လေ့ကျင့်ခန်းကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ အထူးသဖြင့် တစ်ပတ်ထဲနဲ့ ပေါင်အများကြီး ချဖို့ စဉ်းစားထားတယ်ဆိုရင် ပိုပြီးတောင် ပြင်းပြင်းထန်ထန် လုပ်သင့်ပါတယ်။ ဒါမှပဲ သွေးထဲက မကောင်းတဲ့ ကယ်လိုရီတွေ၊ ကိုလက်စထရောတွေ လျင်မြန်စွာ လောင်ကျွမ်းပြီး အဆီကျ ဗိုက်ချပ် သွယ်လျလာမှာပါ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ Gym မှာ နည်းပြဆရာနဲ့ စနစ်တကျ ဆော့တာ ပိုပြီး ထိရောက်မှုရှိပါတယ်။ အလေးများများမပါ။ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုတည်းကို ကွက်ပြီး ဆော့တာထက် ကိုယ်ခန္ဓာအပေါ်ပိုင်း၊ အာက်ပိုင်း၊ လက်မောင်း၊ ပုခုံး၊ တင်၊ ခြေသလုံး နေရာအစုံကို ထိနိုင်မယ့် လေ့ကျင့်ခန်းတွေကို အဓိကဆော့ပေးပါ။ မနက်အိပ်ရာထတဲ့အခါ လမ်းလျှောက်ပါ။ ပြေးပါ။ အိမ်မှာ အလွယ်တကူလုပ်လို့ရတဲ့ ဒိုက်ထိုးတာ၊ အိပ်ထ မတင်လုပ်တာ၊ ထိုင်ထလုပ်တာ အစရှိတဲ့ လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့လည်း ရပါတယ်။
၅။ အကြာကြီး မထိုင်ပါနဲ့။

ထိုင်နေရင် အဆီတွေ၊ ကယ်လိုရီတွေက တစ်နေရာထဲမှာ ကွက်ပြီး စုနေဖို့ ပိုလွယ်ပါတယ်။ ဒါကြောင့် အလုပ်၊ ကျောင်းမှာ တစ်နေကုန် ထိုင်နေတာထက် နာရီဝက်ခြား တစ်ခါလောက် အိမ်သာသွားတာ၊ လမ်းထလျှောက်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာဖြစ်ဖြစ် လှုပ်လှုပ်ရှားရှားနေပေးပါ။ အလုပ်ကိုလည်း ကားစီးသွားမယ့်အစား လမ်းလျှောက်တာ၊ စက်ဘီးစီးသွားတာမျိုး လုပ်လို့ ရသလို အိမ်မှာအမြဲနေနေရတယ်ဆိုရင်လည်း အခန်းသန့်ရှင်းရေးလုပ်တာ၊ အိမ်အလုပ်တွေ လုပ်ပေးနိုင်မယ်ဆိုရင် ကယ်လိုရီအပိုတွေ ကျဖို့ ပိုမြန်ပါတယ်။
၆။ ရေကို လိုအပ်တာထက် ပိုမသောက်ပါနဲ့။

ရေဆိုတာ ကိုယ်ခန္ဓာက လိုအပ်သလောက် သောက်ပေးမယ်ဆိုရင်တော့ အဆင်ပြေပေမယ့် များသွားရင်တော့ ဗိုက်ကြီးက ဖောရောင်နေပြီး ရေရဲ့ အလေးချိန်တွေ ပိုတိုးနိုင်ပါတယ်။ ဒါကြောင့် ရေကို တစ်နေ့ ၂လီတာ မှ ၃လီတာအထိပဲ သောက်ပေးပါ။

ဒီနည်းလမ်းကတော့ တစ်ပတ်အတွင်း ကိုယ်အလေးချိန် အမြန်ဆုံးကျစေမယ့် နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ကိုယ်က တစ်ပတ်လောက်ပဲ လုပ်ပြီး ပြီးသွားတာနဲ့ နဂိုပုံစံအတိုင်း ပြန်နေ၊ ပြန်စားမယ်ဆိုရင်တော့ အရင်ပုံစံအတိုင်းပဲ ဖြစ်သွားမှာပါနော်။ ကိုယ်က လှချင်တယ်၊ ကိုယ်အလေးချိန် ကျချင်တယ်ဆိုရင်တော့ ကျန်းမာတဲ့ စားသောက်နေထိုင်မှုပုံစံကို အခုကတည်းက သေချာပြင်ဆင်ထားမှ အဆင်ပြေမှာပါ။

ဖိုးသူတော်(www.phothutaw.com)
Credit:Hellosayarwon


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top