ဥေရာပႏိုင္ငံေတြက ေအးခ်မ္းလြန္းတဲ့ ႏိုင္ငံေတြအျဖစ္ လူသိမ်ားပါတယ္။ ဥေရာပႏိုင္ငံေတြထဲမွာမွ နယ္သာလန္ႏိုင္ငံကေတာ့ ရာဇဝတ္မႈ ျဖစ္ပြားႏႈန္း အနည္းဆုံးျဖစ္ၿပီး ကမာၻ႔အလုံၿခဳံဆုံးႏိုင္ငံလို႔ေတာင္ ေခၚလာႏိုင္ပါၿပီ……..

ပိုၿပီး အံ့ၾသစရာေကာင္းတာက နယ္သာလနႏိုင္ငံမွာ ရာဇဝတ္သား ရွားပါးခ်က္က အက်ဥ္းေထာင္ေတြမွာ ေထာင္ခ်စရာ အက်ဥ္းသား မရွိေတာ့ေလာက္ေအာင္ ျဖစ္တာေၾကာင့္ အက်ဥ္းေထာင္ေတြကို ပိတ္ပစ္လိုက္ရတဲ့အထိပါ…..

၂၀၀၉ ခုႏွစ္တုန္းက စလို႔ ႏိုင္ငံတြင္းရွိ ေထာင္ေတြမွာ အက်ဥ္းသားဦးေရ နည္းပါးလြန္းတာေၾကာင့္ အနည္းဆုံး အက်ဥ္းေထာင္ ၂၇ ခုေလာက္ ပိတ္ပစ္ခဲ့ရၿပီး ၂၀၁၇ တုန္းကဆိုရင္ ေထာင္ ၅ ခု ထပ္ပိတ္ခဲ့ရပါတယ္……

၂၀၁၆ ခုႏွစ္ စက္တင္ဘာလတုန္းကဆိုရင္ ဒတ္ခ်္ေထာင္ေတြမွာ အက်ဥ္းသား မရွိလြန္းလို႔ ေနာ္ေဝအက်ဥ္းသား ၂၄၀ ကို ေထာင္လြတ္ေတြမွာ ထည့္ဖို႔ ေခၚခဲ့ရပါတယ္။ ႏိုင္ငံတြင္းမွာ ရွိတဲ့ အက်ဥ္းေထာင္ေတြကို အျခားႏိုင္ငံေတြအတြက္ ငွားရတဲ့အထိ ျဖစ္လာခဲ့တာပါ…..

နယ္သာလန္ဟာ ဥေရာပအတြင္း ရာဇဝတ္မႈအနည္းဆုံး ႏိုင္ငံျဖစ္လာခဲ့ၿပီး လူဦးေရ ၁၇ သန္း ရွိတဲ့အနက္ ၁၁,၆၀၀ သာ အက်ဥ္းသားရယ္လို႔ ရွိခဲ့ပါတယ္။ ဒါဟာ လူတစ္သိန္းမွာ ၆၉ ဦးသာ အက်ဥ္းသားျဖစ္တယ္ဆိုတဲ့ အဓိပၸာယ္လည္း ျဖစ္ပါတယ္…..

တျဖည္းျဖည္းနဲ႔ ေလ်ာ့နည္းလာတဲ့ ရာဇဝတ္မႈေတြေၾကာင့္ ေနာက္ဆုံးမွာ ဒတ္ခ်္ပါလီမန္က ေထာင္ေတြကို ထိန္းသိမ္းရတာနဲ႔ ဝန္ထမ္းစရိတ္ေတြ မကိုက္ဘူးလို႔ ဆုံးျဖတ္ခဲ့တဲ့အတြက္ ေထာင္ေတြကို ပိတ္ပစ္တာေတြ လုပ္လာရတာပါ……

Irish Times သတင္းအရ ၂၀၀၄ ခုႏွစ္ေလာက္ကစလို႔ နယ္သာလန္မွာ မူးယစ္ေဆးအျပင္းစားေတြကိုသာ တားျမစ္ၿပီး မူးယစ္ေဆး အေပ်ာ့စားေတြကို တရားဝင္ခြင့္ျပဳခဲ့တာဟာလည္း ရာဇဝတ္မႈ နည္းလာခဲ့တဲ့ အေၾကာင္းေတြထဲက တစ္ခ်က္ပါ…..

တရားမဝင္ မူးယစ္ေဆးသုံးစြဲသူေတြကိုလည္း ေထာင္ဒဏ္ေပးမယ့္အစား ေဆးျဖတ္တဲ့ ကုသေဆာင္ေတြကိုသာ ပို႔ျခင္း၊ ျပစ္မႈက်ဴးလြန္ထားသူေတြကို ေျခရာခံစက္ တပ္ထားေပးျခင္း စတာေတြကလည္း ရာဇဝတ္မႈေတြကို ေလ်ာ့က်လာေစပါတယ္…..

ရာဇဝတ္သားေတြကို ေျခရာခံစက္ တပ္ေပးလိုက္တာဟာ ေနာက္ထပ္ျပစ္မႈ က်ဴးလြန္ျခင္းေတြကို မျဖစ္ေစေတာ့ပါဘူး။ ရလဒ္အေနနဲ႔ကေတာ့ ၂၀၁၁ ေလာက္ကစလို႔ နယ္သာလန္မွာ ရာဇဝတ္မႈေတြ နည္းသထက္ နည္းလာတာပါပဲ…….

ကိစၥတိုင္းမွာ ေကာင္းက်ိဳးဆိုးက်ိဳး ဒြန္တြဲေနသလို အခုလို ႏိုင္ငံေအးခ်မ္းလို႔ ေထာင္ေတြ ပိတ္ပစ္လိုက္ရတာ ေကာင္းတယ္ဆိုေပမယ့္ အလုပ္အကိုင္ေပါင္း ၂,၀၀၀ ေက်ာ္ေလာက္ ဆုံးရႈံးမႈေတြ ျဖစ္ခဲ့ေသးတယ္လို႔လည္း သိရပါတယ္…..

ဖိုးသူေတာ္ (www.phothutaw.com)
Credit: theesaychin

#Unicode Version# ျဖင့္ဖတ္ပါ ။

ဥရောပနိုင်ငံတွေက အေးချမ်းလွန်းတဲ့ နိုင်ငံတွေအဖြစ် လူသိများပါတယ်။ ဥရောပနိုင်ငံတွေထဲမှာမှ နယ်သာလန်နိုင်ငံကတော့ ရာဇဝတ်မှု ဖြစ်ပွားနှုန်း အနည်းဆုံးဖြစ်ပြီး ကမ္ဘာ့အလုံခြုံဆုံးနိုင်ငံလို့တောင် ခေါ်လာနိုင်ပါပြီ……..

ပိုပြီး အံ့သြစရာကောင်းတာက နယ်သာလနနိုင်ငံမှာ ရာဇဝတ်သား ရှားပါးချက်က အကျဉ်းထောင်တွေမှာ ထောင်ချစရာ အကျဉ်းသား မရှိတော့လောက်အောင် ဖြစ်တာကြောင့် အကျဉ်းထောင်တွေကို ပိတ်ပစ်လိုက်ရတဲ့အထိပါ…..

၂၀၀၉ ခုနှစ်တုန်းက စလို့ နိုင်ငံတွင်းရှိ ထောင်တွေမှာ အကျဉ်းသားဦးရေ နည်းပါးလွန်းတာကြောင့် အနည်းဆုံး အကျဉ်းထောင် ၂၇ ခုလောက် ပိတ်ပစ်ခဲ့ရပြီး ၂၀၁၇ တုန်းကဆိုရင် ထောင် ၅ ခု ထပ်ပိတ်ခဲ့ရပါတယ်……

၂၀၁၆ ခုနှစ် စက်တင်ဘာလတုန်းကဆိုရင် ဒတ်ချ်ထောင်တွေမှာ အကျဉ်းသား မရှိလွန်းလို့ နော်ဝေအကျဉ်းသား ၂၄၀ ကို ထောင်လွတ်တွေမှာ ထည့်ဖို့ ခေါ်ခဲ့ရပါတယ်။ နိုင်ငံတွင်းမှာ ရှိတဲ့ အကျဉ်းထောင်တွေကို အခြားနိုင်ငံတွေအတွက် ငှားရတဲ့အထိ ဖြစ်လာခဲ့တာပါ…..

နယ်သာလန်ဟာ ဥရောပအတွင်း ရာဇဝတ်မှုအနည်းဆုံး နိုင်ငံဖြစ်လာခဲ့ပြီး လူဦးရေ ၁၇ သန်း ရှိတဲ့အနက် ၁၁,၆၀၀ သာ အကျဉ်းသားရယ်လို့ ရှိခဲ့ပါတယ်။ ဒါဟာ လူတစ်သိန်းမှာ ၆၉ ဦးသာ အကျဉ်းသားဖြစ်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်…..

တဖြည်းဖြည်းနဲ့ လျော့နည်းလာတဲ့ ရာဇဝတ်မှုတွေကြောင့် နောက်ဆုံးမှာ ဒတ်ချ်ပါလီမန်က ထောင်တွေကို ထိန်းသိမ်းရတာနဲ့ ဝန်ထမ်းစရိတ်တွေ မကိုက်ဘူးလို့ ဆုံးဖြတ်ခဲ့တဲ့အတွက် ထောင်တွေကို ပိတ်ပစ်တာတွေ လုပ်လာရတာပါ……

Irish Times သတင်းအရ ၂၀၀၄ ခုနှစ်လောက်ကစလို့ နယ်သာလန်မှာ မူးယစ်ဆေးအပြင်းစားတွေကိုသာ တားမြစ်ပြီး မူးယစ်ဆေး အပျော့စားတွေကို တရားဝင်ခွင့်ပြုခဲ့တာဟာလည်း ရာဇဝတ်မှု နည်းလာခဲ့တဲ့ အကြောင်းတွေထဲက တစ်ချက်ပါ…..

တရားမဝင် မူးယစ်ဆေးသုံးစွဲသူတွေကိုလည်း ထောင်ဒဏ်ပေးမယ့်အစား ဆေးဖြတ်တဲ့ ကုသဆောင်တွေကိုသာ ပို့ခြင်း၊ ပြစ်မှုကျူးလွန်ထားသူတွေကို ခြေရာခံစက် တပ်ထားပေးခြင်း စတာတွေကလည်း ရာဇဝတ်မှုတွေကို လျော့ကျလာစေပါတယ်…..

ရာဇဝတ်သားတွေကို ခြေရာခံစက် တပ်ပေးလိုက်တာဟာ နောက်ထပ်ပြစ်မှု ကျူးလွန်ခြင်းတွေကို မဖြစ်စေတော့ပါဘူး။ ရလဒ်အနေနဲ့ကတော့ ၂၀၁၁ လောက်ကစလို့ နယ်သာလန်မှာ ရာဇဝတ်မှုတွေ နည်းသထက် နည်းလာတာပါပဲ…….

ကိစ္စတိုင်းမှာ ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေသလို အခုလို နိုင်ငံအေးချမ်းလို့ ထောင်တွေ ပိတ်ပစ်လိုက်ရတာ ကောင်းတယ်ဆိုပေမယ့် အလုပ်အကိုင်ပေါင်း ၂,၀၀၀ ကျော်လောက် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့သေးတယ်လို့လည်း သိရပါတယ်…..

ဖိုးသူတော် (www.phothutaw.com)
Credit: theesaychin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top