ေမလ ၁၅ ရက္ ညပိုင္းက မိုးႀကိဳးစက္ကြင္းထိမွန္ခဲ့ေသာ ဆံေတာ္ရွင္က်ိဳက္ထီး႐ိုးေစတီေတာ္တြင္ မိုးႀကိဳးလႊဲ တပ္ဆင္ရန္ စီစဥ္ေနၿပီး  မိုးႀကိဳးထိမွန္၍ ေ႐ႊသကၤန္းကြာက်သြားသည့္ေနရာအတြက္ လာမည့္ သီတင္းကြၽတ္လ ေတာင္ဖြင့္ပြဲ မတိုင္မီ ျပင္ဆင္သြားမည္ဟု က်ိဳက္ထီး႐ိုးေဂါပကအဖြဲ႕ ဒုတိယဥကၠ႒ ဦးေက်ာ္ဝင္းလႈိင္က ေျပာသည္။

“အရင္တုန္းက မိုးႀကိဳးလႊဲတပ္ခဲ့တာ ျမင္တဲ့အတိုင္းပဲ ပ်က္ခဲ့တာၾကာၿပီ။ ေတြ႕ရတဲ့အေျခအေနေပၚမွာပဲ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ျပည္နယ္လွ်ပ္စစ္ဝန္ႀကီးကို ၁၇ ရက္ေန႔က လြတ္လိုက္ပါတယ္။ကြၽန္ေတာ္တို႔ ေဂါပက အဖြဲ႕ေတြနဲ႔ ေတြ႕ေတာ့ ျဖစ္ပ်က္သြားတဲ့ အေျခအေနကို တင္ျပတယ္။

အဲမွာ လွ်ပ္စစ္ဌာနက ကြၽမ္းက်င္သူေတြက မိုးႀကိဳးလြဲတပ္ဆင္ဖို႔ကို ၁၉ ရက္ေန႔ မွာ မိုးႀကိဳးလြဲကို ေအာင္ျမင္စြာတပ္ဆင္ႏိုင္ဖို႔အတြက္ ညႇိႏႈိင္းထားၿပီးပါၿပီ။ အခုအေျခအေနအရ က်ိဳက္ထီး႐ိုးဘုရား မကြယ္ဖို႔ရယ္၊ ပညာရွင္ေတြရဲ႕ စမ္းသပ္မႈရယ္၊ လိုအပ္မႈေတြက တစ္ခုပဲ တပ္ထားလို႔ရွိရင္လည္း အဆင္ေျပႏိုင္ပါတယ္လို႔ ေျပာသြားပါတယ္။” ဟု က်ိဳက္ထီး႐ိုးေဂါပကအဖြဲ႕ ဒုတိယဥကၠ႒ ဦးေက်ာ္ဝင္းလႈိင္က ေျပာသည္။

အဆိုပါျဖစ္စဥ္အားလုံးကို ျပည္နယ္အစိုးရအဖြဲ႕ႏွင့္ နာယကအဖြဲ႕ဆီကို တင္ျပသြားမည္ျဖစ္ကာ ၎ခြင့္ျပဳခ်က္ျဖင့္ အေကာင္းဆုံး ျပန္လည္ျပင္ဆင္သြားမည့္အျပင္ ျပည္နယ္လွ်ပ္စစ္ဝန္ႀကီးႏွင့္ လွ်ပ္စစ္ကြၽမ္းက်င္ပညာရွင္မ်ား၏ အကူအညီျဖင့္ ေစတီေတာ္တြင္ မိုးႀကိဳးလႊဲတပ္ဆင္သြားမည္ ျဖစ္သည္။

က်ိဳက္ထီး႐ိုးေစတီ မိုးႀကိဳးစက္ကြင္းထိမွန္ ၊ ေ႐ႊသကၤန္းအခ်ိဳ႕ကြာက်

ျပင္ဆင္ေရးႏွင့္ ပတ္သက္ၿပီး ရာသီဥတုအေျခအေနေၾကာင့္ သစ္ေစးႏွင့္ေ႐ႊခ်ရမည့္ကိစၥမ်ားတြင္ အခက္အခဲ ရွိႏိုင္သျဖင့္ သီတင္းကြၽတ္လ ေတာင္ဖြင့္ပြဲမတိုင္မီ ျပင္ဆင္သြားမည္ဟု သိရသည္။

“ေတာင္အပ္ပြဲမွာ အနီးစပ္ဆုံးဆရာေတာ္ေတြကို ပင့္ေလွ်ာက္ၿပီးေတာ့ ျဖစ္သြားတဲ့အေျခအေနေတြ ျပတယ္။ ဘယ္လို အေနအထားမ်ိဳးနဲ႔ ဆရာေတာ္တို႔ ၾသဝါဒ ေပးမလဲေလွ်ာက္ေတာ့ ဒီ ေမလ ၂၀ ေက်ာ္ရင္ မုတ္သုန္ရာသီ ဝင္လာႏိုင္တဲ့ အေျခအေနေတြ ရွိတယ္။

 မုတ္သုန္ရာသီဝင္လာရင္ သစ္ေစးခ်တဲ့ကိစၥ၊ ေ႐ႊခ်ရမယ့္ကိစၥေတြမွာ အခက္အခဲ ျဖစ္လာႏိုင္တဲ့အတြက္ လာမယ့္ႏွစ္သီတင္းကြၽတ္ေတာင္ဖြင့္ပြဲ မစခင္ေလးမွာ ရာသီဥတုေကာင္းတဲ့ အေျခအေနမ်ိဳးမွာ ျပင္ဖို႔ အတိုင္းအတာမ်ိဳးလည္း ဆရာေတာ္ေတြဘက္က ေျပာဆို ၾသဝါဒေပးခဲ့ပါတယ္။” ဟု ဦးေက်ာ္ဝင္းလႈိင္က ဆက္လက္ေျပာဆိုသည္။

က်ိဳက္ထိုၿမိဳ႕နယ္ရွိ ဆံေတာ္ရွင္က်ိဳက္ထီး႐ိုးေစတီေတာ္ကို ေမ ၁၅ ရက္၊ ည ၁၀ နာရီ ၂၅ မိနစ္အခ်ိန္ခန႔္တြင္ မိုးႀကိဳးစက္ကြင္းထိမွန္ခဲ့မႈေၾကာင့္ ေစတီေတာ္ေက်ာက္လုံးေတာ္ႀကီး၏အေနာက္ေျမာက္ဘက္ အမ်ားျပည္သူ ေ႐ႊသကၤန္း ကပ္လႉပူေဇာ္ေသာ ေနရာပတ္ဝန္းက်င္တြင္ ကပ္လႉထားသည့္ေ႐ႊသကၤန္း ၇၂ က်ပ္သားခန႔္ ကြာက်သြားခဲ့သည္။

ထို႔အျပင္ က်ိဳက္ထီး႐ိုးေစတီေတာ္အနီးႏွင့္ပတ္ဝန္းက်င္မ်ားတြင္ တပ္ဆင္ထားေသာ CCTV ၇၂ လုံးကို ထိန္းခ်ဳပ္ထားသည့္ System Unit ပုံး ေလာင္ကြၽမ္းသြားျခင္း၊ က်ိဳက္ထီး႐ိုးရင္ျပင္သြားလမ္း ေ႐ႊနန္းက်င္ တည္းခိုေဆာင္အနီး တည္ထားကိုးကြယ္ထားသည့္ ေက်ာက္သမံေစတီ၏သလင္းေက်ာက္စိန္ဖူးေတာ္ ေပ်ာက္ဆုံးခဲ့ကာ အပူခံေက်ာက္ျပားအနည္းငယ္ ပ်က္စီးသြားခဲ့သည္။

က်ိဳက္ထီး႐ိုးေစတီတြင္ မိုးကာလတြင္ အႏၲရာယ္မ်ား ဘုရားဖူးမ်ား လာေရာက္ခြင့္ ကန႔္သတ္ထားၿပီး မိုးေလကင္းလြတ္သည့္အခါတြင္ ေတာင္ဖြင့္ပြဲျပဳလုပ္ကာ ဘုရားဖူးမ်ား ျပန္လည္လက္ခံျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

မေလ ၁၅ ရက် ညပိုင်းက မိုးကြိုးစက်ကွင်းထိမှန်ခဲ့သော ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တွင် မိုးကြိုးလွှဲ တပ်ဆင်ရန် စီစဉ်နေပြီး  မိုးကြိုးထိမှန်၍ ရွှေသင်္ကန်းကွာကျသွားသည့်နေရာအတွက် လာမည့် သီတင်းကျွတ်လ တောင်ဖွင့်ပွဲ မတိုင်မီ ပြင်ဆင်သွားမည်ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က ပြောသည်။

“အရင်တုန်းက မိုးကြိုးလွှဲတပ်ခဲ့တာ မြင်တဲ့အတိုင်းပဲ ပျက်ခဲ့တာကြာပြီ။ တွေ့ရတဲ့အခြေအနေပေါ်မှာပဲ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်လျှပ်စစ်ဝန်ကြီးကို ၁၇ ရက်နေ့က လွတ်လိုက်ပါတယ်။ကျွန်တော်တို့ ဂေါပက အဖွဲ့တွေနဲ့ တွေ့တော့ ဖြစ်ပျက်သွားတဲ့ အခြေအနေကို တင်ပြတယ်။

အဲမှာ လျှပ်စစ်ဌာနက ကျွမ်းကျင်သူတွေက မိုးကြိုးလွဲတပ်ဆင်ဖို့ကို ၁၉ ရက်နေ့ မှာ မိုးကြိုးလွဲကို အောင်မြင်စွာတပ်ဆင်နိုင်ဖို့အတွက် ညှိနှိုင်းထားပြီးပါပြီ။ အခုအခြေအနေအရ ကျိုက်ထီးရိုးဘုရား မကွယ်ဖို့ရယ်၊ ပညာရှင်တွေရဲ့ စမ်းသပ်မှုရယ်၊ လိုအပ်မှုတွေက တစ်ခုပဲ တပ်ထားလို့ရှိရင်လည်း အဆင်ပြေနိုင်ပါတယ်လို့ ပြောသွားပါတယ်။” ဟု ကျိုက်ထီးရိုးဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးကျော်ဝင်းလှိုင်က ပြောသည်။

အဆိုပါဖြစ်စဉ်အားလုံးကို ပြည်နယ်အစိုးရအဖွဲ့နှင့် နာယကအဖွဲ့ဆီကို တင်ပြသွားမည်ဖြစ်ကာ ၎င်းခွင့်ပြုချက်ဖြင့် အကောင်းဆုံး ပြန်လည်ပြင်ဆင်သွားမည့်အပြင် ပြည်နယ်လျှပ်စစ်ဝန်ကြီးနှင့် လျှပ်စစ်ကျွမ်းကျင်ပညာရှင်များ၏ အကူအညီဖြင့် စေတီတော်တွင် မိုးကြိုးလွှဲတပ်ဆင်သွားမည် ဖြစ်သည်။

ကျိုက်ထီးရိုးစေတီ မိုးကြိုးစက်ကွင်းထိမှန် ၊ ရွှေသင်္ကန်းအချို့ကွာကျ

ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ရာသီဥတုအခြေအနေကြောင့် သစ်စေးနှင့်ရွှေချရမည့်ကိစ္စများတွင် အခက်အခဲ ရှိနိုင်သဖြင့် သီတင်းကျွတ်လ တောင်ဖွင့်ပွဲမတိုင်မီ ပြင်ဆင်သွားမည်ဟု သိရသည်။

“တောင်အပ်ပွဲမှာ အနီးစပ်ဆုံးဆရာတော်တွေကို ပင့်လျှောက်ပြီးတော့ ဖြစ်သွားတဲ့အခြေအနေတွေ ပြတယ်။ ဘယ်လို အနေအထားမျိုးနဲ့ ဆရာတော်တို့ သြဝါဒ ပေးမလဲလျှောက်တော့ ဒီ မေလ ၂၀ ကျော်ရင် မုတ်သုန်ရာသီ ဝင်လာနိုင်တဲ့ အခြေအနေတွေ ရှိတယ်။

 မုတ်သုန်ရာသီဝင်လာရင် သစ်စေးချတဲ့ကိစ္စ၊ ရွှေချရမယ့်ကိစ္စတွေမှာ အခက်အခဲ ဖြစ်လာနိုင်တဲ့အတွက် လာမယ့်နှစ်သီတင်းကျွတ်တောင်ဖွင့်ပွဲ မစခင်လေးမှာ ရာသီဥတုကောင်းတဲ့ အခြေအနေမျိုးမှာ ပြင်ဖို့ အတိုင်းအတာမျိုးလည်း ဆရာတော်တွေဘက်က ပြောဆို သြဝါဒပေးခဲ့ပါတယ်။” ဟု ဦးကျော်ဝင်းလှိုင်က ဆက်လက်ပြောဆိုသည်။

ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကို မေ ၁၅ ရက်၊ ည ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် မိုးကြိုးစက်ကွင်းထိမှန်ခဲ့မှုကြောင့် စေတီတော်ကျောက်လုံးတော်ကြီး၏အနောက်မြောက်ဘက် အများပြည်သူ ရွှေသင်္ကန်း ကပ်လှူပူဇော်သော နေရာပတ်ဝန်းကျင်တွင် ကပ်လှူထားသည့်ရွှေသင်္ကန်း ၇၂ ကျပ်သားခန့် ကွာကျသွားခဲ့သည်။

ထို့အပြင် ကျိုက်ထီးရိုးစေတီတော်အနီးနှင့်ပတ်ဝန်းကျင်များတွင် တပ်ဆင်ထားသော CCTV ၇၂ လုံးကို ထိန်းချုပ်ထားသည့် System Unit ပုံး လောင်ကျွမ်းသွားခြင်း၊ ကျိုက်ထီးရိုးရင်ပြင်သွားလမ်း ရွှေနန်းကျင် တည်းခိုဆောင်အနီး တည်ထားကိုးကွယ်ထားသည့် ကျောက်သမံစေတီ၏သလင်းကျောက်စိန်ဖူးတော် ပျောက်ဆုံးခဲ့ကာ အပူခံကျောက်ပြားအနည်းငယ် ပျက်စီးသွားခဲ့သည်။

ကျိုက်ထီးရိုးစေတီတွင် မိုးကာလတွင် အန္တရာယ်များ ဘုရားဖူးများ လာရောက်ခွင့် ကန့်သတ်ထားပြီး မိုးလေကင်းလွတ်သည့်အခါတွင် တောင်ဖွင့်ပွဲပြုလုပ်ကာ ဘုရားဖူးများ ပြန်လည်လက်ခံခြင်း ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top