ေဂြးေတာက္ရြက္ကို မီးကင္ၿပီး ကပ္လွ်င္ အနာစိမ္း၊ ေသြးစုနာမ်ား ႏုလွ်င္ ပိန္၍ ရင့္လွ်င္ ျပည္ေပါက္၍ ေပ်ာက္၏။
အရြက္ကို ဟင္းခါး ခ်က္ေသာက္ျခင္း၊ ေၾကာ္စားျခင္းျဖင့္ ေလေအာင့္၊ ေလထုိး၊ ဆီးခ်ဳပ္ ေရာဂါမ်ား ေပ်ာက္၏။

ထန္းရည္၊ အရက္၊ ၾကာရွည္စြာ ေသာက္သုံး သူမ်ား တစ္ႏွစ္ တစ္ခါ ေခြးေတာက္ရြက္ကုိ ၾကက္သားႏွင့္ ခ်က္စားျခင္းျဖင့္ ကုိယ္ခႏၶာ အတြင္းရွိ အဆိပ္ အေတာက္မ်ား ေျပေပ်ာက္ ေစ၏။

ေခြးေတာက္ရြက္ကို ႀကိတ္၍ ရေသာ အရည္ျဖင့္ ေရယုန္နာကုိ ဆြတ္ေပးျခင္းျဖင့္ ေပ်ာက္၏။ အရြက္ကို ႀကိတ္၍ အုံစည္းေပး ျခင္းျဖင့္ အဖု အႀကိတ္ မ်ားလည္း ေပ်ာက္၏။ ေခြးေတာက္ရြက္ကို သၾကားႏွင့္ ေထာင္း၍ အုံေပးပါက အေၾကာဆစ္ လြဲျခင္းမ်ား ေပ်ာက္၏။

ေခြးေတာက္ ရြက္ကုိ ဘဲဥႏွင့္ ေၾကာ္စားပါက ခြန္အားကို တုိးပြားေစ၏။ ေခြးေတာက္ျမစ္ကုိ ေခြး႐ူးျပန္ေဆး အန္ေဆးႏွင့္ သလိပ္ရႊင္ ေဆးမ်ားတြင္ ထည့္သြင္း အသုံးျပဳသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ျမ၀တီ

#Unicode Version#
ဂွေးတောက်ရွက်ကို မီးကင်ပြီး ကပ်လျှင် အနာစိမ်း၊ သွေးစုနာများ နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်၍ ပျောက်၏။
အရွက်ကို ဟင်းခါး ချက်သောက်ခြင်း၊ ကြော်စားခြင်းဖြင့် လေအောင့်၊ လေထိုး၊ ဆီးချုပ် ရောဂါများ ပျောက်၏။

ထန်းရည်၊ အရက်၊ ကြာရှည်စွာ သောက်သုံး သူများ တစ်နှစ် တစ်ခါ ခွေးတောက်ရွက်ကို ကြက်သားနှင့် ချက်စားခြင်းဖြင့် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ် အတောက်များ ပြေပျောက် စေ၏။

ခွေးတောက်ရွက်ကို ကြိတ်၍ ရသော အရည်ဖြင့် ရေယုန်နာကို ဆွတ်ပေးခြင်းဖြင့် ပျောက်၏။ အရွက်ကို ကြိတ်၍ အုံစည်းပေး ခြင်းဖြင့် အဖု အကြိတ် များလည်း ပျောက်၏။ ခွေးတောက်ရွက်ကို သကြားနှင့် ထောင်း၍ အုံပေးပါက အကြောဆစ် လွဲခြင်းများ ပျောက်၏။

ခွေးတောက် ရွက်ကို ဘဲဥနှင့် ကြော်စားပါက ခွန်အားကို တိုးပွားစေ၏။ ခွေးတောက်မြစ်ကို ခွေးရူးပြန်ဆေး အန်ဆေးနှင့် သလိပ်ရွှင် ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:မြဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top