ပါပူဝါနယူးဂီနီႏုိင္ငံတြင္ ျပင္းအား ၇ ဒသမ ၁ ရွိ ငလ်င္လႈပ္
ေတာင္ပစိဖိတ္ ပင္လယ္ျပင္မွာ တည္ရွိတဲ့ ပါပူဝါနယူးဂီနီႏုိင္ငံမွာ ေမလ ၇ ရက္ေန႔ မနက္က ျပင္းအား ၇ ဒသမ ၁ ရစ္ခ်္တာစေကးရွိ ငလ်င္တခု လႈပ္ခတ္ခဲ့ပါတယ္။
အခုခ်ိန္ထိ ငလ်င္ေၾကာင့္ ေသဆုံးထိခုိက္တာေတြ သတင္းမရေသးပါဘူး။
မုိ႐ုိဘီျပည္နယ္တြင္း ေဝးလံတဲ့ ေတာင္တန္းေဒသရဲ႕ ေျမေအာက္ အနက္ ၁၃၀ ကီလုိမီတာကုိ ဗဟုိျပဳၿပီး လႈပ္ခတ္ခဲ့တာပါ။
ငလ်င္ဗဟုိခ်က္နဲ႔ ကီလုိမီတာ ၁၅၀ အကြာအေဝးမွာရွိတဲ့ ၿမိဳ႕ေတာ္ ေပါ့ပ္ မုိရီစ္ဘီထိ ငလ်င္လႈပ္ခတ္မႈကို ခံစားခဲ့ရပါတယ္။
ငလ်င္လႈပ္ခတ္မႈေၾကာင့္ ဆူနာမီ သတိေပးခ်က္ ထုတ္ျပန္ခဲ့ရတာ မရွိပါဘူး။ ပစိဖိတ္ မီးကြင္းႀကီးေဒသမွာ တည္ရွိတဲ့ ပါပူဝါနယူးဂီနီႏုိင္ငံဟာ အင္အားျပင္း ငလ်င္လႈပ္ခတ္မႈဒဏ္ကို မၾကာခဏ ခံစားရေလ့ရွိပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #
တောင်ပစိဖိတ် ပင်လယ်ပြင်မှာ တည်ရှိတဲ့ ပါပူဝါနယူးဂီနီနိုင်ငံမှာ မေလ ၇ ရက်နေ့ မနက်က ပြင်းအား ၇ ဒသမ ၁ ရစ်ချ်တာစကေးရှိ ငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။
အခုချိန်ထိ ငလျင်ကြောင့် သေဆုံးထိခိုက်တာတွေ သတင်းမရသေးပါဘူး။
မိုရိုဘီပြည်နယ်တွင်း ဝေးလံတဲ့ တောင်တန်းဒေသရဲ့ မြေအောက် အနက် ၁၃၀ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တာပါ။
ငလျင်ဗဟိုချက်နဲ့ ကီလိုမီတာ ၁၅၀ အကွာအဝေးမှာရှိတဲ့ မြို့တော် ပေါ့ပ် မိုရီစ်ဘီထိ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ရတာ မရှိပါဘူး။ ပစိဖိတ် မီးကွင်းကြီးဒေသမှာ တည်ရှိတဲ့ ပါပူဝါနယူးဂီနီနိုင်ငံဟာ အင်အားပြင်း ငလျင်လှုပ်ခတ်မှုဒဏ်ကို မကြာခဏ ခံစားရလေ့ရှိပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:dvb