အာရွခ်န္ပီယံလိဂ္ၿပိဳင္ပြဲတြင္ သုံးႀကိမ္ခ်န္ပီယံဆုရရွိခဲ့ဖူးသည့္ ေတာင္ကိုရီးယားကလပ္ ပိုဟန္စတီ လား အသင္းသည္ျမန္မာႏိုင္ငံသို႔ လာေရာက္ၿပီး ျမန္မာအသင္းမ်ားႏွင့္ ေျခစမ္းပြဲ ကစားမည္ဟု သိရသည္။

ျမန္မာ-ကိုရီးယားႏွစ္ႏိုင္ငံ ခ်စ္ၾကည္ေရးအတြက္ အဆိုပါ ေျခစမ္းေဘာလုံးပြဲကိုက်င္းပျခင္း ျဖစ္ၿပီး ေမလ ၂၈ရက္ေန႔တြင္ ဧရာဝတီယူႏိုက္တက္အသင္းႏွင့္လည္းေကာင္း ေမလ ၃၀ ရက္ေန႔တြင္ ပဏာမျမန္မာ့လက္ေ႐ြးစင္ယူ ၂၂ အသင္းႏွင့္လည္းေကာင္း ရန္ကုန္ၿမိဳ႕၊ သုဝဏၰေဘာလုံးကြင္း၌ ယွဥ္ၿပိဳင္ကစားသြားမည္ဟု သိရသည္။

“အဲဒီပြဲက ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္က စီစဥ္ေပးတာပါ။ျမန္မာ Posco ရဲ႕အဓိကစပြန္ဆာ နဲ႔ပါ။ အဖြဲ႕ခ်ဳပ္က ကလပ္အသင္းေတြဆီ စာထုတ္တယ္။ကန္ခ်င္တဲ့ အသင္းေတြ Deadline ေပါ့ ဒီေန႔မွ စာတင္ေပးပါဆိုလို႔ ကြၽန္ေတာ္တို႔က အသင္းရဲ႕ဥကၠ႒ ကိုတင္ျပတယ္။ ကန္ခ်င္တယ္ဆိုၿပီး ဒီလို အသင္းမ်ိဳးနဲ႔ေျခစမ္းခြင့္ရတာ အခြင့္ေရးေကာင္းတစ္ခုဆိုေတာ့ ကြၽန္ေတာ္တို႔အသင္းနဲ႔ကန္မယ္ဆိုၿပီး အဖြဲ႕ခ်ဳပ္ကိုစာတင္လိုက္တာပါ” ဟု ဧရာဝတီအသင္း၏ မီဒီယာ တာဝန္ခံ ကိုသက္ထူးႏိုင္ဦး က ေျပာသည္။

ျမန္မာေနရွင္နယ္လိဂ္ၿပိဳင္ပြဲဝင္ ဧရာဝတီယူႏိုက္တက္အသင္းအေနျဖင့္ ၂၀၁၉ ခုႏွစ္ ရာသီဝက္ အၿပီးတြင္ အမွတ္းေပးဇယား၏ အဆင့္ ၆ ေနရာ၌ ရပ္တည္ေနၿပီး ယခုကဲ့သို႔ ေျခစမ္းပြဲ ကစားျခင္းသည္ လာမည့္ ရာသီဝက္ပြဲစဥ္မ်ားအတြက္ အေကာင္းဆုံးျပင္ဆင္မႈမ်ား ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

“အာဆီယံကစားသမား တစ္ေယာက္ေပါ့ k-league မွ ေခၚခြင့္ရွိတယ္ေပါ့။ ျမန္မာကစားသမားေတြ အတြက္ကေတာ့ အခြင့္ေရးေကာင္းပါ။ သူတို႔မွာရွိတဲ့အစြမ္းအစေတြကို အဲပြဲမွာ ခ်ျပႏိုင္တယ္ဆိုရင္ အခြင့္ေရးဆိုတာကိုျဖစ္ရင္ျဖစ္သြားႏိုင္ပါတယ္။ျမန္မာကစားသမားေတြႀကိဳးစားရင္ႀကိဳးစားသေလာက္ မ်က္စိက်သြားႏိုင္ပါတယ္” ဟု ကိုသက္ႏိုင္ထူးဦး က ဆက္ေျပာသည္။

အဆိုပါ ကိုရီးယားကလပ္အသင္းႏွင့္ ေျခစမ္းမည့္ ျမန္မာ့လက္ေ႐ြးစင္ ယူ၂၂ အသင္းသည္ လာမည့္ ဇြန္လ ၇ ရက္ေန႔တြင္ အေဝးကြင္း၌ ဗီယက္နမ္ ယူ -၂၂ အသင္းႏွင့္ ေျခစမ္းပြဲယွဥ္ၿပိဳင္ကစားသြား ရန္ ရွိေနေသးသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #

အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် သုံးကြိမ်ချန်ပီယံဆုရရှိခဲ့ဖူးသည့် တောင်ကိုရီးယားကလပ် ပိုဟန်စတီ လား အသင်းသည်မြန်မာနိုင်ငံသို့ လာရောက်ပြီး မြန်မာအသင်းများနှင့် ခြေစမ်းပွဲ ကစားမည်ဟု သိရသည်။

မြန်မာ-ကိုရီးယားနှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် အဆိုပါ ခြေစမ်းဘောလုံးပွဲကိုကျင်းပခြင်း ဖြစ်ပြီး မေလ ၂၈ရက်နေ့တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့်လည်းကောင်း မေလ ၃၀ ရက်နေ့တွင် ပဏာမမြန်မာ့လက်ရွေးစင်ယူ ၂၂ အသင်းနှင့်လည်းကောင်း ရန်ကုန်မြို့၊ သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဟု သိရသည်။

“အဲဒီပွဲက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ပေးတာပါ။မြန်မာ Posco ရဲ့အဓိကစပွန်ဆာ နဲ့ပါ။ အဖွဲ့ချုပ်က ကလပ်အသင်းတွေဆီ စာထုတ်တယ်။ကန်ချင်တဲ့ အသင်းတွေ Deadline ပေါ့ ဒီနေ့မှ စာတင်ပေးပါဆိုလို့ ကျွန်တော်တို့က အသင်းရဲ့ဥက္ကဋ္ဌ ကိုတင်ပြတယ်။ ကန်ချင်တယ်ဆိုပြီး ဒီလို အသင်းမျိုးနဲ့ခြေစမ်းခွင့်ရတာ အခွင့်ရေးကောင်းတစ်ခုဆိုတော့ ကျွန်တော်တို့အသင်းနဲ့ကန်မယ်ဆိုပြီး အဖွဲ့ချုပ်ကိုစာတင်လိုက်တာပါ” ဟု ဧရာဝတီအသင်း၏ မီဒီယာ တာဝန်ခံ ကိုသက်ထူးနိုင်ဦး က ပြောသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ဧရာဝတီယူနိုက်တက်အသင်းအနေဖြင့် ၂၀၁၉ ခုနှစ် ရာသီဝက် အပြီးတွင် အမှတ်းပေးဇယား၏ အဆင့် ၆ နေရာ၌ ရပ်တည်နေပြီး ယခုကဲ့သို့ ခြေစမ်းပွဲ ကစားခြင်းသည် လာမည့် ရာသီဝက်ပွဲစဉ်များအတွက် အကောင်းဆုံးပြင်ဆင်မှုများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“အာဆီယံကစားသမား တစ်ယောက်ပေါ့ k-league မှ ခေါ်ခွင့်ရှိတယ်ပေါ့။ မြန်မာကစားသမားတွေ အတွက်ကတော့ အခွင့်ရေးကောင်းပါ။ သူတို့မှာရှိတဲ့အစွမ်းအစတွေကို အဲပွဲမှာ ချပြနိုင်တယ်ဆိုရင် အခွင့်ရေးဆိုတာကိုဖြစ်ရင်ဖြစ်သွားနိုင်ပါတယ်။မြန်မာကစားသမားတွေကြိုးစားရင်ကြိုးစားသလောက် မျက်စိကျသွားနိုင်ပါတယ်” ဟု ကိုသက်နိုင်ထူးဦး က ဆက်ပြောသည်။

အဆိုပါ ကိုရီးယားကလပ်အသင်းနှင့် ခြေစမ်းမည့် မြန်မာ့လက်ရွေးစင် ယူ၂၂ အသင်းသည် လာမည့် ဇွန်လ ၇ ရက်နေ့တွင် အဝေးကွင်း၌ ဗီယက်နမ် ယူ -၂၂ အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားသွား ရန် ရှိနေသေးသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top