ကိုယ္အေလးခ်ိန္တက္ေလ့မရွိတဲ့ မိန္းကေလးေတြရဲ႕ အမူအက်င့္မ်ား
မနက္ျဖန္ ဝိတ္ခ်မယ္။ ဒီေန႔တစ္ရက္ပဲစားေတာ့မယ္။ ဗိုက္ဆာလို႔ နည္းနည္းေလးစားလိုက္ပါဦးမယ္။ ဒီေလာက္ပဲစားတာ ဝိတ္သိပ္မတက္ပါဘူး။ ဝိတ္ခ်ေတာ့မယ္ဆိုတဲ့ သံသရာထဲလည္ေနၾကျပီလား။ ဝိတ္က်ဖို႔ဆိုတာက ဗိုက္ဆာလာရင္ မေနႏိုင္တာမို႔ ေတာ္ေတာ္ခက္ခဲတဲ့ကိစၥပဲေနာ္။ တခ်ိဳ႕ေတြက ကံေကာင္းၾကတယ္။ ဘယ္ေလာက္စားစား ဝမလာၾကဘူး။
ခႏၶာကိုယ္ခ်ပ္ခ်ပ္ရပ္ရပ္ေလးနဲ႔ မိန္းကေလးေတြမွာ သင့္ထက္ ဇီဝျဖစ္ပ်က္မႈျမန္တာလည္းျဖစ္ႏိုင္သလို သူတို႔ရဲ႕ အေလ့အက်င့္ေတြေၾကာင့္လည္းျဖစ္နုိင္ပါတယ္။ ဒါေၾကာင့္ ဝိတ္က်ခ်င္တဲ့ မိန္းကေလးေတြ အျမဲတမ္းပိန္ေနတဲ့ေကာင္မေလးေတြရဲ႕ အမူအက်င့္ေတြအတိုင္း လုိက္လုပ္ၾကည့္သင့္ပါတယ္။ ဒါေတြကေတာ့-
သူတို႔ကစားခ်င္တာကို စားပါတယ္
ပိန္ပိန္ေလးေတြက အစားေရွာင္တာမ်ိဳးမရွိပါဘူး။ ဘယ္အစားအေသာက္မစားဘူးဆိုျပီး ပယ္လုိက္တာက ဒီစားစရာကို စားခ်င္တဲ့စိတ္ပိုမ်ားေစပါတယ္။ ဒါေၾကာင့္ကိုယ္ၾကိဳက္တာကို ေရွာင္စားတာမ်ိဳးမဟုတ္ဘဲ အသင့္အတင့္စားေပးပါ။
အိမ္မွာခ်က္စားပါ
အျပင္မွာထြက္စားတာက မလိုအပ္တဲ့ကယ္လိုရီေတြကို တိုးပြားေစပါတယ္။ တစ္ခါတေလမွပဲ ထြက္စားပါ။ ဒါေၾကာင့္အိမ္မွာခ်က္စားတဲ့အက်င့္ေမြးေပးရပါမယ္။
ညစာေစာေစာစားပါ
အိပ္ခါနီးမွ စားတာက သင့္ကိုဝိတ္တက္ေစပါတယ္။ ဒါေၾကာင့္မအိပ္ခင္ သံုးနာရီေစာစားေပးပါ။
ပံုမွန္ဝိတ္ခ်ိန္ေပးပါ
ဒီလိုဝိတ္ပံုမွန္စစ္ေပးတာက သင့္ဝိတ္ကုိ ဘယ္ေလာက္တက္လဲ ဘယ္ေလာက္က်လဲ အျမဲသိေစပါတယ္။ ဝိတ္တက္လာျပီဆုိတာနဲ႔ သတိထားျပီး စားသင့္တာစား ေလ့က်င့္ခန္းလုပ္ရမယ္ဆုိတဲ့ အသိဝင္ေစပါတယ္။ ဒါေၾကာင့္ကိုယ့္အေလးခ်ိန္ကို အျမဲဂရုတစိုက္စစ္ေပးပါ။
စားစရာဆိုတာ သုခဘံုမဟုတ္ပါဘူး
ပိန္တဲ့သူေတြက စားစရာကို ေပ်ာ္စရာလို႔မသတ္မွတ္ပါဘူး။ အစားအေသာက္က သူတို႔ကို အာဟာရျဖည့္ေပးတယ္လို႔ပဲ စိတ္ထားတတ္ပါတယ္။
ပံုမွန္ထက္အရြယ္အစားၾကီးတဲ့ အစားအစာဆို ေရွာင္ပါ
အျပင္ထြက္တဲ့အခ်ိန္ဆိုရင္ သာမန္ထက္ပိုၾကီးတဲ့ မုန္႔ေတြကိုစားမိပါတယ္။ သာမန္အရြယ္အစား သာမန္မုန္႔ထုပ္ကိုပဲစားပါ။ ႏွစ္ဆမ်ားထားတဲ့ မုန္႔မ်ိဳးကိုေရွာင္ေပးပါ။ ပိန္တဲ့သူေတြကေတာ့ ကယ္လိုရီအပိုေတြကို မဝင္ေစခ်င္တာေၾကာင့္ အရြယ္အစားၾကီးအစားအေသာက္ေတြကို ေရွာင္စားၾကပါတယ္။
ဗိုက္ဝတဲ့အထိပဲ စားေပးပါ
ကိုယ္ဗိုက္ဝလား မဝဘူးလား သိမွာပါ။ ဗိုက္ဝျပီလို႔ သိတာနဲ႔ေတာ္လိုက္ပါေတာ့။ ဗိုက္ကဆန္႔တယ္ဆုိျပီး ထပ္မထည့္ပါနဲ႔ေတာ့။
မနက္စာစားပါ
ပိန္ခ်င္လုိ႔ဆိုျပီး မနက္စာမစားတာက ပိုစားမိေစပါတယ္။ ဒါေၾကာင့္ပရိုတင္းၾကြယ္ဝတဲ့ မနက္စာကို ေရြးစားေပးပါ။
ပံုမွန္ေလ့က်င့္ခန္းလုပ္ပါ
ေလ့က်င့္ခန္းလုပ္ေပးတာက စိတ္ဖိစီးမႈနည္းေစပါတယ္။ ဒါေၾကာင့္ ေခၽြးထြက္ေအာင္ျပဳလုပ္တဲ့အေလ့အက်င့္ထားေပးပါ။
မ်ားမ်ားဝါးပါ
သင့္မိဘေတြက အစားအေသာက္ကို ဝါးစားပါလို႔ေျပာတာၾကားဖူးၾကမွာပါ။ တစ္ခါစားတာနဲ႔ အၾကိမ္သံုးဆယ္ဝါးတဲ့သူေတြက ဗိုက္ျပည့္တာပိုျမန္ပါတယ္တဲ့။
အိပ္ရာဝင္ခ်ိ္န္ပံုမွန္ထားပါ
အိပ္ခ်ိန္ပံုမွန္ထားတာက သင့္ဝိတ္ထိန္းေပးပါတယ္။ ပံုမွန္အခ်ိန္သတ္မွတ္ျပီး အိပ္ရာဝင္တဲ့သူေတြက ဒီလိုမျပဳလုပ္တဲ့သူေတြထက္ က်န္းမာတဲ့ကိုယ္အေလးခ်ိန္ကိုပိုင္ဆိုင္ပါတယ္။
ဒီလိုအေလ့အက်င့္ေတြကုိ အတုယူလုိက္ရင္ေတာ့ သင္လည္း ဘယ္ေတာ့မွ မဝတဲ့ မိန္းကေလးတစ္ေယာက္ျဖစ္ေနမွာပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:MyStyleMyanmar
# Unicode Version # ျဖင့္ ဖတ္ပါ #
မနက်ဖြန် ဝိတ်ချမယ်။ ဒီနေ့တစ်ရက်ပဲစားတော့မယ်။ ဗိုက်ဆာလို့ နည်းနည်းလေးစားလိုက်ပါဦးမယ်။ ဒီလောက်ပဲစားတာ ဝိတ်သိပ်မတက်ပါဘူး။ ဝိတ်ချတော့မယ်ဆိုတဲ့ သံသရာထဲလည်နေကြပြီလား ။ ဝိတ်ကျဖို့ဆိုတာက ဗိုက်ဆာလာရင် မနေနိုင်တာမို့ တော်တော်ခက်ခဲတဲ့ကိစ္စပဲနော်။ တချို့တွေက ကံကောင်းကြတယ်။ ဘယ်လောက်စားစား ဝမလာကြဘူး။
ခန္ဓာကိုယ်ချပ်ချပ်ရပ်ရပ်လေးနဲ့ မိန်းကလေးတွေမှာ သင့်ထက် ဇီဝဖြစ်ပျက်မှုမြန်တာလည်းဖြစ်နိုင်သလို သူတို့ရဲ့ အလေ့အကျင့်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဝိတ်ကျချင်တဲ့ မိန်းကလေးတွေ အမြဲတမ်းပိန်နေတဲ့ကောင်မလေးတွေရဲ့ အမူအကျင့်တွေအတိုင်း လိုက်လုပ်ကြည့်သင့်ပါတယ်။ ဒါတွေကတော့-
သူတို့ကစားချင်တာကို စားပါတယ်
ပိန်ပိန်လေးတွေက အစားရှောင်တာမျိုးမရှိပါဘူး။ ဘယ်အစားအသောက်မစားဘူးဆိုပြီး ပယ်လိုက်တာက ဒီစားစရာကို စားချင်တဲ့စိတ်ပိုများစေပါတယ်။ ဒါကြောင့်ကိုယ်ကြိုက်တာကို ရှောင်စားတာမျိုးမဟုတ်ဘဲ အသင့်အတင့်စားပေးပါ။
အိမ်မှာချက်စားပါ
အပြင်မှာထွက်စားတာက မလိုအပ်တဲ့ကယ်လိုရီတွေကို တိုးပွားစေပါတယ်။ တစ်ခါတလေမှပဲ ထွက်စားပါ။ ဒါကြောင့်အိမ်မှာချက်စားတဲ့အကျင့်မွေးပေးရပါမယ်။
ညစာစောစောစားပါ
အိပ်ခါနီးမှ စားတာက သင့်ကိုဝိတ်တက်စေပါတယ်။ ဒါကြောင့်မအိပ်ခင် သုံးနာရီစောစားပေးပါ။
ပုံမှန်ဝိတ်ချိန်ပေးပါ
ဒီလိုဝိတ်ပုံမှန်စစ်ပေးတာက သင့်ဝိတ်ကို ဘယ်လောက်တက်လဲ ဘယ်လောက်ကျလဲ အမြဲသိစေပါတယ်။ ဝိတ်တက်လာပြီဆိုတာနဲ့ သတိထားပြီး စားသင့်တာစား လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတဲ့ အသိဝင်စေပါတယ်။ ဒါကြောင့်ကိုယ့်အလေးချိန်ကို အမြဲဂရုတစိုက်စစ်ပေးပါ။
စားစရာဆိုတာ သုခဘုံမဟုတ်ပါဘူး
ပိန်တဲ့သူတွေက စားစရာကို ပျော်စရာလို့မသတ်မှတ်ပါဘူး။ အစားအသောက်က သူတို့ကို အာဟာရဖြည့်ပေးတယ်လို့ပဲ စိတ်ထားတတ်ပါတယ်။
ပုံမှန်ထက်အရွယ်အစားကြီးတဲ့ အစားအစာဆို ရှောင်ပါ
အပြင်ထွက်တဲ့အချိန်ဆိုရင် သာမန်ထက်ပိုကြီးတဲ့ မုန့်တွေကိုစားမိပါတယ်။ သာမန်အရွယ်အစား သာမန်မုန့်ထုပ်ကိုပဲစားပါ။ နှစ်ဆများထားတဲ့ မုန့်မျိုးကိုရှောင်ပေးပါ။ ပိန်တဲ့သူတွေကတော့ ကယ်လိုရီအပိုတွေကို မဝင်စေချင်တာကြောင့် အရွယ်အစားကြီးအစားအသောက်တွေကို ရှောင်စားကြပါတယ်။
ဗိုက်ဝတဲ့အထိပဲ စားပေးပါ
ကိုယ်ဗိုက်ဝလား မဝဘူးလား သိမှာပါ။ ဗိုက်ဝပြီလို့ သိတာနဲ့တော်လိုက်ပါတော့။ ဗိုက်ကဆန့်တယ်ဆိုပြီး ထပ်မထည့်ပါနဲ့တော့။
မနက်စာစားပါ
ပိန်ချင်လို့ဆိုပြီး မနက်စာမစားတာက ပိုစားမိစေပါတယ်။ ဒါကြောင့်ပရိုတင်းကြွယ်ဝတဲ့ မနက်စာကို ရွေးစားပေးပါ။
ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ
လေ့ကျင့်ခန်းလုပ်ပေးတာက စိတ်ဖိစီးမှုနည်းစေပါတယ်။ ဒါကြောင့် ချွေးထွက်အောင်ပြုလုပ်တဲ့အလေ့အကျင့်ထားပေးပါ။
များများဝါးပါ
သင့်မိဘတွေက အစားအသောက်ကို ဝါးစားပါလို့ပြောတာကြားဖူးကြမှာပါ။ တစ်ခါစားတာနဲ့ အကြိမ်သုံးဆယ်ဝါးတဲ့သူတွေက ဗိုက်ပြည့်တာပိုမြန်ပါတယ်တဲ့။
အိပ်ရာဝင်ချိန်ပုံမှန်ထားပါ
အိပ်ချိန်ပုံမှန်ထားတာက သင့်ဝိတ်ထိန်းပေးပါတယ်။ ပုံမှန်အချိန်သတ်မှတ်ပြီး အိပ်ရာဝင်တဲ့သူတွေက ဒီလိုမပြုလုပ်တဲ့သူတွေထက် ကျန်းမာတဲ့ကိုယ်အလေးချိန်ကိုပိုင်ဆိုင်ပါတယ်။
ဒီလိုအလေ့အကျင့်တွေကို အတုယူလိုက်ရင်တော့ သင်လည်း ဘယ်တော့မှ မဝတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေမှာပါ။
ဖိုးသူတော် (www.phothutaw.com)
Credit:MyStyleMyanmar