20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

 ငွက္ေပ်ာသီး စားသံုးျခင္းက က်န္းမာေရးနဲ႔ ညီညႊတ္ၿပီး အားအင္ျပည့္ဝေစတယ္လို႔ အားလံုးသိၿပီးသားပါ။ ဒါေပမဲ့ ငွက္ေပ်ာသီးအခြံကေရာ က်န္းမာေရးအတြက္ ေကာင္းက်ိဳးအေျမာက္အျမားေပးစြမ္းႏိုင္တာကိုေရာ သင္ သိၿပီးပါၿပီလား။

ႏွလံုးေသြးေၾကာက်ဥ္းေရာဂါမွ ကာကြယ္ေပးျခင္း

ငွက္ေပ်ာသီးအသားထက္ ငွက္ေပ်ာသီးအခြံမွာ ပါဝင္တဲ့အမွ်င္ဓာတ္က ပိုမ်ားတယ္လို႔ ေလ့လာခ်က္ေတြအရ သိ႐ွိရပါတယ္။ သုေတသနပညာ႐ွင္မ်ားက လူနာေတြကို ထပ္ေလ့လာၾကည့္တဲ့အခါ ငွက္ေပ်ာသီးအခြံစားသံုးတဲ့သူေတြက ခႏၶာကိုယ္ထဲ႐ွိ မေကာင္းတဲ့ ကိုလက္စထေတာမ်ား က်ဆင္းသြားတယ္ဆိုတာ ထပ္မံေတြ႔႐ွိရပါတယ္။

စိတ္ခံစားခ်က္မ်ားကို ျမွင့္တင္ေပးျခင္း

ထိုင္ဝမ္တကၠသိုလ္တစ္ခုရဲ႕ သုေတသနာေလ့လာခ်က္အရ ငွက္ေပ်ာသီးအခြံမွာ စိတ္ခံစားခ်က္ကို ျမွင့္တင္ေပးၿပီး ေပ်ာ္ရႊင္ေစတဲ့ ေဟာ္မုန္းမ်ားကို ထုတ္လႊတ္ေပးနိုင္တဲ့ Serotonin ဓာတ္ ၾကြယ္ဝစြာပါဝင္ပါတယ္။ အျခားသုေတသနေလ့လာခ်က္မ်ားအရ သံုးရက္အတြင္း ငွက္ေပ်ာသီးအခြံ ၂ ခုေလာက္စားသံုးေပးျခင္းက Serotonin ဓာတ္ ၁၅ ရာခိုင္ႏႈန္းခန္႔ တိုးျမွင့္ေပးပါတယ္။ ဒါ့အျပင္ ထိုအခြံမွာ အိပ္စက္မႈကို ကူညီေပးတဲ့ Tryptophan ဓာတ္လည္း ပါဝင္တာေၾကာင့္ သင့္ကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစမွာပဲျဖစ္ပါတယ္။ ထို Tryptophan ဓာတ္ကို ၾကက္ဆင္၊ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြမွာလည္း ေတြ႔ႏိုင္ပါေသးတယ္။

Antioxidant ၾကြယ္ဝျခင္း

ငွက္ေပ်ာခြံထဲမွာ ပါဝင္တဲ့ Antioxidant က အသားအေရလည္း လွပေစသလို သင့္ မ်က္လံုးကိုလည္း ခရမ္းလြန္ေရာင္ျခည္ တိုက္႐ိုက္ထိေတြ႔မႈမွ ကာကြယ္ေပးတာေၾကာင့္ အသက္ႀကီးလာတဲ့အခါ မ်က္စိတိမ္စြဲျခင္း၊ မ်က္စိမႈန္ျခင္းတို႔ မခံစားရဘဲ မ်က္စိအားေကာင္းေစမွာပဲျဖစ္ပါတယ္။

ငွက္ေပ်ာခြံကို ဘယ္လိုစားသံုးရမလဲ

ငွက္ေပ်ာခြံကို ဒီအတိုင္း စားလို႔ရတယ္ဆိုေပမယ့္ အရသာေတာ့႐ွိမွာမဟုတ္ပါဘူး။ ဒါ့ေၾကာင့္ ငွက္ေပ်ာခြံကို ျပဳတ္စားေပးလိုက္ပါ။ ဒါဆိုရင္ ငွက္ေပ်ာခြံက ႏူးအိသြားမွာျဖစ္ၿပီး သူ႔ထဲက အေရးႀကီးတဲ့ အာဟာရဓာတ္၊ ဗီတာမင္ဓာတ္ေတြလည္း ဆံုး႐ႈံးမွာမဟုတ္ပါဘူး။

ဒါ့အျပင္ ငွက္ေပ်ာခြံ လက္ဖက္ရည္ကိုလည္း ေသာက္သံုးႏိုင္ပါေသးတယ္။ ငွက္ေပ်ာခြံကို ေရထဲထည့္ျပဳတ္ထားၿပီး အခ်ိဳဓာတ္ပါဝင္တဲ့ အရသာတစ္မ်ိဳးမ်ိဳးထည့္ၿပီး ရ႐ွိလာတဲ့ ငွက္ေပ်ာခြံ လက္ဖက္ရည္ကို ေသာက္သံုးႏိုင္ပါတယ္။

အေရးႀကီးဆံုးအခ်က္တစ္ခုကေတာ့ ငွက္ေပ်ာသီးစားၿပီးတဲ့အခါ ငွက္ေပ်ာခြံပါ စားမယ္လို႔ စိတ္ပိုင္းျဖတ္ထားတယ္ဆိုရင္ ဓာတုပိုးသတ္ေဆးေတြ အသံုးမျပဳထားတဲ့ ေအာ္ဂဲနစ္ငွက္ေပ်ာသီးကို ေရြးခ်ယ္ဝယ္ယူေပးဖို႔ပါပဲ။ ေအာ္ဂဲနစ္ငွက္ေပ်ာသီးမဟုတ္ဘူးဆိုရင္ေတာ့ ပိုးသတ္ေဆးမႈန္႔ေတြနဲ႔ တိုက္႐ိုက္ထိေတြ႔ျခင္းေၾကာင့္ ခႏၶာကိုယ္အတြက္ အဆိပ္အေတာက္ျဖစ္ေစမွာပဲျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:myfoodmyanmar

#Unicode Version# ျဖင့္ဖတ္ပါ ။

ငှက်ပျောသီး စားသုံးခြင်းက ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အားအင်ပြည့်ဝစေတယ်လို့ အားလုံးသိပြီးသားပါ။ ဒါပေမဲ့ ငှက်ပျောသီးအခွံကရော ကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားပေးစွမ်းနိုင်တာကိုရော သင် သိပြီးပါပြီလား။

နှလုံးသွေးကြောကျဉ်းရောဂါမှ ကာကွယ်ပေးခြင်း

ငှက်ပျောသီးအသားထက် ငှက်ပျောသီးအခွံမှာ ပါဝင်တဲ့အမျှင်ဓာတ်က ပိုများတယ်လို့ လေ့လာချက်တွေအရ သိရှိရပါတယ်။ သုတေသနပညာရှင်များက လူနာတွေကို ထပ်လေ့လာကြည့်တဲ့အခါ ငှက်ပျောသီးအခွံစားသုံးတဲ့သူတွေက ခန္ဓာကိုယ်ထဲရှိ မကောင်းတဲ့ ကိုလက်စထတောများ ကျဆင်းသွားတယ်ဆိုတာ ထပ်မံတွေ့ရှိရပါတယ်။

စိတ်ခံစားချက်များကို မြှင့်တင်ပေးခြင်း

ထိုင်ဝမ်တက္ကသိုလ်တစ်ခုရဲ့ သုတေသနာလေ့လာချက်အရ ငှက်ပျောသီးအခွံမှာ စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီး ပျော်ရွှင်စေတဲ့ ဟော်မုန်းများကို ထုတ်လွှတ်ပေးနိုင်တဲ့ Serotonin ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။ အခြားသုတေသနလေ့လာချက်များအရ သုံးရက်အတွင်း ငှက်ပျောသီးအခွံ ၂ ခုလောက်စားသုံးပေးခြင်းက Serotonin ဓာတ် ၁၅ ရာခိုင်နှုန်းခန့် တိုးမြှင့်ပေးပါတယ်။ ဒါ့အပြင် ထိုအခွံမှာ အိပ်စက်မှုကို ကူညီပေးတဲ့ Tryptophan ဓာတ်လည်း ပါဝင်တာကြောင့် သင့်ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာပဲဖြစ်ပါတယ်။ ထို Tryptophan ဓာတ်ကို ကြက်ဆင်၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေမှာလည်း တွေ့နိုင်ပါသေးတယ်။

Antioxidant ကြွယ်ဝခြင်း

ငှက်ပျောခွံထဲမှာ ပါဝင်တဲ့ Antioxidant က အသားအရေလည်း လှပစေသလို သင့် မျက်လုံးကိုလည်း ခရမ်းလွန်ရောင်ခြည် တိုက်ရိုက်ထိတွေ့မှုမှ ကာကွယ်ပေးတာကြောင့် အသက်ကြီးလာတဲ့အခါ မျက်စိတိမ်စွဲခြင်း၊ မျက်စိမှုန်ခြင်းတို့ မခံစားရဘဲ မျက်စိအားကောင်းစေမှာပဲဖြစ်ပါတယ်။

ငှက်ပျောခွံကို ဘယ်လိုစားသုံးရမလဲ

ငှက်ပျောခွံကို ဒီအတိုင်း စားလို့ရတယ်ဆိုပေမယ့် အရသာတော့ရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် ငှက်ပျောခွံကို ပြုတ်စားပေးလိုက်ပါ။ ဒါဆိုရင် ငှက်ပျောခွံက နူးအိသွားမှာဖြစ်ပြီး သူ့ထဲက အရေးကြီးတဲ့ အာဟာရဓာတ်၊ ဗီတာမင်ဓာတ်တွေလည်း ဆုံးရှုံးမှာမဟုတ်ပါဘူး။

ဒါ့အပြင် ငှက်ပျောခွံ လက်ဖက်ရည်ကိုလည်း သောက်သုံးနိုင်ပါသေးတယ်။ ငှက်ပျောခွံကို ရေထဲထည့်ပြုတ်ထားပြီး အချိုဓာတ်ပါဝင်တဲ့ အရသာတစ်မျိုးမျိုးထည့်ပြီး ရရှိလာတဲ့ ငှက်ပျောခွံ လက်ဖက်ရည်ကို သောက်သုံးနိုင်ပါတယ်။

အရေးကြီးဆုံးအချက်တစ်ခုကတော့ ငှက်ပျောသီးစားပြီးတဲ့အခါ ငှက်ပျောခွံပါ စားမယ်လို့ စိတ်ပိုင်းဖြတ်ထားတယ်ဆိုရင် ဓာတုပိုးသတ်ဆေးတွေ အသုံးမပြုထားတဲ့ အော်ဂဲနစ်ငှက်ပျောသီးကို ရွေးချယ်ဝယ်ယူပေးဖို့ပါပဲ။ အော်ဂဲနစ်ငှက်ပျောသီးမဟုတ်ဘူးဆိုရင်တော့ ပိုးသတ်ဆေးမှုန့်တွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်းကြောင့် ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေမှာပဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top