တေခတ္တခါက သူ႔ေခတ္နဲ႔သူ ပရိသတ္ေတြရဲ့ အားေပးမႈကို ၾကီးၾကီးမားမားခံခဲ့ရျပီး ေအာင္ျမင္ခဲ့တဲ့ မင္းသမီးေခ်ာ နႏၵာလိႈင္ကိုေတာ့ မသိတဲ့သူမရွိေလာက္ပါဘူး။ လက္ရွိခ်ိန္မွာေတာ့ အသက္အရြယ္အရေရာ မိသားစုကိုေရာ အခ်ိန္ေပးေနရတာေၾကာင့္ အႏုပညာလႈပ္ရွားမႈေတြ မလုပ္ႏိုင္ေသာ္လည္း သူလုပ္ခဲ့တဲ့အႏုပညာေတြေၾကာင့္ သူမရဲ႔နာမည္ကေတာ့ က်သြားျခင္းမရွိပဲ လက္ရွိခ်ိန္ထိေတာ့ ျမန္မာႏိုင္ငံရဲ့ ထိပ္တန္းမင္းသမီး ေနရာကို ယူထားဆဲပါ။

သူမဟာ စိတ္ရင္းသေဘာထားေကာင္းသူ ျဖစ္ျပီး အလွဴအတန္းလည္း ရက္ေရာသူ ျဖစ္သလို အခ်စ္ေရး အိမ္ေထာင္ေရးမွာလည္း ကံေကာင္းျပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတဲ့ သူတေယာက္ျဖစ္ပါတယ္။

လက္ရွိမွာေတာ့ မင္းသမီး နႏၵာလိႈင္ နဲ႔ ခင္ပြန္းျဖစ္သူ ဦးေဇသီဟတို႔ကေတာ့ အိမ္ေထာင္သက္ ၁၁ ႏွစ္ျပည့္ခဲ့ျပီ ျဖစ္သလို သူမရဲ့ ေဖ့ဘုတ္ေပ့ခ်္မွာေတာ့ သူမရဲ့ လြန္ခဲ့တဲ့ ၁၁ ႏွစ္တုန္းက မဂၤလာအခမ္းအနားက ၾကည္ႏူးဖြယ္ရာေကာင္းတဲ့ ပံုရိပ္ေလးေတြကို ျပန္လည္မွ်ေဝလိုက္တာ ျဖစ္ပါတယ္။ ဒီပံုရိပ္ေလးေတြကေတာ့ လြန္ခဲ့တဲ့ ၁၁ ႏွစ္တုန္းက ပံုရိပ္ေလးေတြ ျဖစ္တာေၾကာင့္ နႏၵာလိႈင္ရဲ့ ေခ်ာေမာလွပေနတဲ့ ငယ္ရြယ္စဥ္ အခ်ိန္က ျမင္ကြင္းေလးေတြကို ေတြ႔ျမင္ရမွာ ျဖစ္ပါတယ္။ ဒါျပင့္သူတို႔ႏွစ္ေယာက္ မဂၤလာေဆာင္စဥ္က ခ်ီးက်ဴးစရာေကာင္းေလာက္တဲ့ အျပဳအမူလည္း လုပ္ခဲ့ၾကပါေသးတယ္။ ဒါကေတာ့ သူတို႔ႏွစ္ေယာက္ မဂၤလာပြဲကို ခမ္းခမ္းနားနားမေဆာင္ေတာ့ပဲ ဒီလိုခမ္းခမ္းနားနားလုပ္မယ့္ ပိုက္ဆံေတြ အားလံုးကိုေတာ့ နာဂစ္ျဖစ္စဥ္က  ေရေဘးသင့္ ျပည္သူေတြကို လွဴဒါန္းခဲ့တာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ကေတာ့ ရိုးရိုးရွင္းရွင္းေလးပဲ မဂၤလာပြဲကုိ က်င္းပခဲ့တာ ျဖစ္ပါတယ္။ ဒးါကလည္း တကယ့္ကို ခ်ီးက်ဳးစရာေကာင္းလြန္းတဲ့ လုပ္ရပ္အျဖစ္ ပရိသတ္ေတြ အားလံုးလက္ခံခဲ့ၾကပါတယ္။

ဒါေၾကာင့္ ေျပာခ်င္လြန္းလို႔ ပရိသတ္ၾကီးထဲမွာ မင္းသမီး နႏၵာလိႈင္ကို အားေပးသူေတြအတြက္ နႏၵာလိႈင္ရဲ့ လြန္ခဲ့တဲ့ ၁၁ ႏွစ္တုန္းက မဂၤလာပြဲတုန္းက ပံုရိပ္ေလးေတြကို ျပန္လည္မွ်ေဝလိုက္ပါတယ္။ လက္ရွိခ်ိန္ထိလည္း မင္းသမီးေခ်ာ နႏၵာလိႈင္ကို အားေပးတဲ့သူေတြ ရွိၾကေသးလားဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version#  ျဖင့္ဖတ္ပါ ။

တခေတ်တခါက သူ့ခေတ်နဲ့သူ ပရိသတ်တွေရဲ့ အားပေးမှုကို ကြီးကြီးမားမားခံခဲ့ရပြီး အောင်မြင်ခဲ့တဲ့ မင်းသမီးချော နန္ဒာလှိုင်ကိုတော့ မသိတဲ့သူမရှိလောက်ပါဘူး။ လက်ရှိချိန်မှာတော့ အသက်အရွယ်အရရော မိသားစုကိုရော အချိန်ပေးနေရတာကြောင့် အနုပညာလှုပ်ရှားမှုတွေ မလုပ်နိုင်သော်လည်း သူလုပ်ခဲ့တဲ့အနုပညာတွေကြောင့် သူမရဲ့နာမည်ကတော့ ကျသွားခြင်းမရှိပဲ လက်ရှိချိန်ထိတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး နေရာကို ယူထားဆဲပါ။

သူမဟာ စိတ်ရင်းသဘောထားကောင်းသူ ဖြစ်ပြီး အလှူအတန်းလည်း ရက်ရောသူ ဖြစ်သလို အချစ်ရေး အိမ်ထောင်ရေးမှာလည်း ကံကောင်းပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ သူတယောက်ဖြစ်ပါတယ်။

လက်ရှိမှာတော့ မင်းသမီး နန္ဒာလှိုင် နဲ့ ခင်ပွန်းဖြစ်သူ ဦးဇေသီဟတို့ကတော့ အိမ်ထောင်သက် ၁၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်သလို သူမရဲ့ ဖေ့ဘုတ်ပေ့ချ်မှာတော့ သူမရဲ့ လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းက မင်္ဂလာအခမ်းအနားက ကြည်နူးဖွယ်ရာကောင်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်တာ ဖြစ်ပါတယ်။ ဒီပုံရိပ်လေးတွေကတော့ လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းက ပုံရိပ်လေးတွေ ဖြစ်တာကြောင့် နန္ဒာလှိုင်ရဲ့ ချောမောလှပနေတဲ့ ငယ်ရွယ်စဉ် အချိန်က မြင်ကွင်းလေးတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါပြင့်သူတို့နှစ်ယောက် မင်္ဂလာဆောင်စဉ်က ချီးကျူးစရာကောင်းလောက်တဲ့ အပြုအမူလည်း လုပ်ခဲ့ကြပါသေးတယ်။ ဒါကတော့ သူတို့နှစ်ယောက် မင်္ဂလာပွဲကို ခမ်းခမ်းနားနားမဆောင်တော့ပဲ ဒီလိုခမ်းခမ်းနားနားလုပ်မယ့် ပိုက်ဆံတွေ အားလုံးကိုတော့ နာဂစ်ဖြစ်စဉ်က  ရေဘေးသင့် ပြည်သူတွေကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ ရိုးရိုးရှင်းရှင်းလေးပဲ မင်္ဂလာပွဲကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒးါကလည်း တကယ့်ကို ချီးကျုးစရာကောင်းလွန်းတဲ့ လုပ်ရပ်အဖြစ် ပရိသတ်တွေ အားလုံးလက်ခံခဲ့ကြပါတယ်။

ဒါကြောင့် ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာ မင်းသမီး နန္ဒာလှိုင်ကို အားပေးသူတွေအတွက် နန္ဒာလှိုင်ရဲ့ လွန်ခဲ့တဲ့ ၁၁ နှစ်တုန်းက မင်္ဂလာပွဲတုန်းက ပုံရိပ်လေးတွေကို ပြန်လည်မျှဝေလိုက်ပါတယ်။ လက်ရှိချိန်ထိလည်း မင်းသမီးချော နန္ဒာလှိုင်ကို အားပေးတဲ့သူတွေ ရှိကြသေးလားဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top