စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕၊ ခ်င္းတြင္းျမစ္အတြင္း သၾကၤန္အၾကတ္ေန႔က ျဖစ္ပြားခဲ့ေသာ လူ ၉ ဦး ေသဆုံးခဲ့သည့္ စက္ေလွနစ္ျမဳပ္ခဲ့မႈမွ ထြက္ေျပးတိမ္းေရွာင္ေနသည့္ စက္ေလွေမာင္းသမားကို ေမ ၄ ရက္က ဖမ္းဆီးရမိခဲ့သည္။

" စက္ေလွနစ္ၿပီးကတည္းက စုံစမ္းတာေတြျပဳလုပ္ခဲ့ပါတယ္။ ဒီေန႔မွာ သူ ႐ြာကို ျပန္ေရာက္ေနတယ္လို႔ သတင္းရရျခင္း သြားေရာက္ဖမ္းဆီးခဲ့တာပါ " ဟု မုံ႐ြာၿမိဳ႕မရဲစခန္း၊ ဒုရဲအုပ္ ေနေဇာ္က မဇၩိမသို႔ ေျပာသည္။

ယင္း စက္ေလွေမာင္းသမားအား မုံ႐ြာၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ေနေဇာ္ႏွင့္ အဖြဲ႕၊ ေညာင္ပင္ႀကီး ရဲစခန္း ရဲတပ္ဖြဲ႕တို႔မွ ပူးေပါင္းဖမ္းဆီးခဲ့ျခင္း ျဖစ္သည္။

ယင္း စက္ေလွနစ္ျမဳပ္မႈတြင္ ခ်င္းတြင္းျမစ္အေနာက္ဖက္ကမ္းမွ လူ ၄၀ နီးပါး တင္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး အမ်ားစုမွာ ခ်င္းတြင္းသၾကၤန္သို႔ လာေရာက္ၾကသူမ်ား ျဖစ္သည္။

အဆိုပါ စက္ေလွမွာ မုံ႐ြာဘက္ကမ္းသို႔ မေရာက္မီ နစ္ျမဳပ္ခဲ့ျခင္း ျဖစ္ၿပီး စက္ေလွျဖင့္ လိုက္ပါလာသူ ၉ ဦး ေသဆုံးခဲ့ျခင္း ျဖစ္သည္။ စက္ေလွမွာ လူ ၂၀ ခန႔္သာ လိုက္ပါစီးနင္းႏိုင္ျခင္း ျဖစ္သည္။

စက္ေလွ စတင္မထြက္ခြာမွီ ေလွဝမ္းအတြင္း ေရမ်ား စိမ့္ဝင္ေနၿပီး စက္ေလွႏွင့္ ဝန္အား မမွ်သျဖင့္ ဝမ္းဗိုက္အတြင္း ေရမ်ားစိမ့္ဝင္၍ နစ္ျမဳပ္ခဲ့ျခင္း ျဖစ္သည္။

လူ ၄၀ ခန႔္ တင္ေဆာင္၍ စက္ေလွ နစ္ျမဳပ္ေအာင္ ေမာင္းႏွင္ခဲ့သည့္ ဆားလင္းႀကီးၿမိဳ႕နယ္ ႐ြာရွည္ေက်း႐ြာေန ကိုတင္ဝင္းဆိုသူအား မုံ႐ြာၿမိဳ႕မရဲစခန္းတြင္ (ပ)၈၂၈/ ၂၀၁၉ ၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ - ၂၈၀/၃၀၄- က ျဖင့္ အမႈေရးဖြင့္ထားျခင္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်အတွင်း သြင်္ကန်အကြတ်နေ့က ဖြစ်ပွားခဲ့သော လူ ၉ ဦး သေဆုံးခဲ့သည့် စက်လှေနစ်မြုပ်ခဲ့မှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် စက်လှေမောင်းသမားကို မေ ၄ ရက်က ဖမ်းဆီးရမိခဲ့သည်။

" စက်လှေနစ်ပြီးကတည်းက စုံစမ်းတာတွေပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာ သူ ရွာကို ပြန်ရောက်နေတယ်လို့ သတင်းရရခြင်း သွားရောက်ဖမ်းဆီးခဲ့တာပါ " ဟု မုံရွာမြို့မရဲစခန်း၊ ဒုရဲအုပ် နေဇော်က မဇ္ဈိမသို့ ပြောသည်။

ယင်း စက်လှေမောင်းသမားအား မုံရွာမြို့မရဲစခန်းမှ ဒုရဲအုပ်နေဇော်နှင့် အဖွဲ့၊ ညောင်ပင်ကြီး ရဲစခန်း ရဲတပ်ဖွဲ့တို့မှ ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်း စက်လှေနစ်မြုပ်မှုတွင် ချင်းတွင်းမြစ်အနောက်ဖက်ကမ်းမှ လူ ၄၀ နီးပါး တင်ဆောင်ခဲ့ခြင်းဖြစ်ပြီး အများစုမှာ ချင်းတွင်းသြင်္ကန်သို့ လာရောက်ကြသူများ ဖြစ်သည်။

အဆိုပါ စက်လှေမှာ မုံရွာဘက်ကမ်းသို့ မရောက်မီ နစ်မြုပ်ခဲ့ခြင်း ဖြစ်ပြီး စက်လှေဖြင့် လိုက်ပါလာသူ ၉ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။ စက်လှေမှာ လူ ၂၀ ခန့်သာ လိုက်ပါစီးနင်းနိုင်ခြင်း ဖြစ်သည်။

စက်လှေ စတင်မထွက်ခွာမှီ လှေဝမ်းအတွင်း ရေများ စိမ့်ဝင်နေပြီး စက်လှေနှင့် ဝန်အား မမျှသဖြင့် ဝမ်းဗိုက်အတွင်း ရေများစိမ့်ဝင်၍ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။

လူ ၄၀ ခန့် တင်ဆောင်၍ စက်လှေ နစ်မြုပ်အောင် မောင်းနှင်ခဲ့သည့် ဆားလင်းကြီးမြို့နယ် ရွာရှည်ကျေးရွာနေ ကိုတင်ဝင်းဆိုသူအား မုံရွာမြို့မရဲစခန်းတွင် (ပ)၈၂၈/ ၂၀၁၉ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၂၈၀/၃၀၄- က ဖြင့် အမှုရေးဖွင့်ထားခြင်း ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top