ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေက်ာက္တန္းေက်း႐ြာတြင္ တပ္မေတာ္က ပစ္ခတ္၍ ေသဆုံးသြားသည့္ ႐ြာသား ၆ ဦး၏ ႐ုပ္အေလာင္းမ်ားကို ၾသဂႋုဟ္ရာတြင္ ဗုဒၶဘာသာဝင္ တို႔၏ ဓေလ့ ထုံးတမ္းအရ သရဏဂုံ တင္ခြင့္ မရခဲ့ေၾကာင္း ေဒသခံမ်ားက ဧရာဝတီသို႔ ေျပာသည္။

ေသဆုံးသူမ်ား၏ ႐ုပ္အေလာင္းမ်ားကို ေမ ၃ ရက္ေန႔က ၾသဂႋုဟ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္တန္း ေက်း႐ြာသူ မစိုးစိုးက “ပထမေတာ့ အေလာင္းေတြကို မိသားစုဝင္ေတြကို ၾကည့္ခြင့္မေပးဘူး။ စစ္သားေတြက အေလာင္းကို သခ်ႋဳင္းကို ထုတ္ယူသြားပါတယ္။ ၿပီးမွ မိသားစုဝင္ေတြနဲ႔ ႐ြာသားေတြကို အေၾကာင္း ၾကားလာတာ။ ဆရာေတာ္နဲ႔ သရဏဂုံ တင္ခြင့္လည္း မရဘူး။ ဒီအတိုင္း ျဖစ္သလို ၾသဂႋုဟ္ လိုက္ရတာ” ဟု ဧရာဝတီသို႔ ေျပာသည္။

ဗုဒၶဘာသာဝင္မ်ား၏ အစဥ္အလာအရ ေသဆုံးသူ ဘဝကူးေကာင္းေစရန္ အတြက္ ရည္႐ြယ္ၿပီး က်န္ရစ္သူ မိသားစု ေဆြမ်ိဳးမ်ားက ေကာင္းမႈ ကုသိုလ္ျပဳလုပ္၍ ေမတၱာပို႔၊ အမွ်အတန္း ေပးေဝျခင္း ျဖစ္သည္။

ရေသ့ေတာင္ သမီးလွဆရာေတာ္ ဦးဝဏၰသီရိ က “ေသဆုံးသြားသူ အတြက္ သရဏဂုံ မတင္လိုက္ရေတာ့ ဗုဒၶဘာသာ အယူအဆအရ သူ႔အတြက္ ေကာင္းမႈ၊ ကုသိုလ္လုပ္ခြင့္မရ၊ အမွ်ေမတၱာ ပို႔္သခြင့္ မရလိုက္တဲ့ အတြက္ သူရသင့္၊ ရထိုက္တဲ့ အခြင့္အေရး တခု ဆုံးရႈံးသြားရျခင္း ျဖစ္ပါတယ္” ဟု မိန႔္ၾကားသည္။

ေသဆုံးသူမ်ားကို ၾသဂႋုဟ္မည့္ ေက်ာက္တန္း႐ြာ သုႆန္သို႔ ေရာက္ရွိလာသည့္ ႐ြာသားမ်ားအား လက္ကိုင္ဖုန္း ယူေဆာင္ျခင္း၊ ဓာတ္ပုံ႐ိုက္ျခင္းမ်ားကို ဟန႔္တား ပိတ္ပင္ခဲ့ေၾကာင္းလည္း ႐ြာသားမ်ားက ေျပာသည္။

တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရအဖြဲ႕မွ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ယင္းေန႔ နံနက္ ၉ နာရီ ခြဲကတည္းက ေသဆုံးသြားသည့္ ႐ုပ္အေလာင္းမ်ားကို မိသားစုဝင္မ်ား လက္ထဲသို႔ အပ္ႏွံခဲ့ၿပီး ဘာသားေရး၊ ထုံးတမ္း ဓေလ့ ႏွင့္ အညီလည္း ၾသဂႋုဟ္ခြင့္ျပဳခဲ့ေၾကာင္း ေျပာသည္။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက “ဓာတ္ပုံ၊ ဗြီဒိယို ႐ိုက္ခြင့္မရဘူးဆိုတာ မဟုတ္ပါဘူး။ ႐ုပ္အေလာင္း ေတြကို မိသားစုဝင္ေတြ လက္ထဲကို အပ္ၿပီး ဘာသာေရး၊ ဓေလ့ထုံးတမ္းနဲ႔အညီ ၾသဂႋုဟ္ခြင့္ ျပဳလိုက္တာပါ” ဟု ဧရာဝတီသို႔ ေျပာသည္။

၎က ဆက္၍ “ရထားတဲ့ သတင္းအရေတာ့ အကုန္လုံး လုပ္ခြင့္ေပးတယ္လို႔ေတာ့ သတင္း ရထားတယ္။ သရဏဂုံ တင္ဖို႔လည္း အဲဒီကဆရာေတာ္ေတြေတာင္ ပါတယ္လို႔ က်ေနာ္တို႔ကို ေျပာထားတယ္။ သရဏဂုံ တင္ရပါတယ္လို႔ ေျပာထားတယ္” ဟု ဆိုသည္။

မစိုးစိုးကေတာ့ “ဆရာေတာ္ေတာင္ ေက်ာင္းထဲကေန ထြက္ခြင့္ မရတာ။ ဘယ္လို သရဏဂုံတင္ၿပီး ၾသဂႋုဟ္ခြင့္ရမလဲ။ က်မ ကိုယ္တိုင္ သခ်ိဳင္းကိုသြားၿပီး သၿဂိဳဟ္ဖို႔ လိုက္သြားခဲ့တာ။ မိသားစုဝင္ေတြလည္း အေလာင္းေတြကို ခဏေလာက္ပဲ ၾကည့္ ခြင့္ရခဲ့တယ္။ အေလာင္းေတြ အကုန္ ႐ုပ္ပ်က္ေနၾကၿပီ” ဟု ဧရာဝတီသို႔ ေျပာသည္။

အဆိုပါေက်း႐ြာ ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ အေသးစိတ္ သိရွိႏိုင္ရန္အတြက္ တပ္မေတာ္က အရာရွိႀကီးတဦးကို ေမ ၃ ရက္ေန႔ညက လႊတ္ကာ ကြင္းဆင္း စစ္ေဆးမႈမ်ား ျပဳလုပ္လွ်က္ရွိၿပီး ရရွိလာသည့္ အခ်က္မ်ားကို တပ္မေတာ္ဘက္က တရားဝင္ ထုတ္ျပန္ေပးသြားမည္ဟု ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။

ထို႔အျပင္ စစ္ေဆးမႈမ်ားျပဳလုပ္ေနသည့္ ၁၃၁ ဦးထဲမွ ရကၡိဳင္စစ္တပ္ (AA) ႏွင့္ ဆက္ႏြယ္မႈ မရွိသူမ်ားကိုလည္း ထပ္မံလႊတ္ေပးရန္ ရွိေၾကာင္း ထိုသတင္းကိုလည္း တရားဝင္ ထုတ္ျပန္ေပးမည္ ျဖစ္ေၾကာင္း ဧရာဝတီသို႔ ေျပာသည္။

ဖမ္းဆီးခံ ေက်ာက္တန္း ေက်း႐ြာသားမ်ားအနက္ ေမ ၃ ရက္ေန႔ မနက္ပိုင္းက လူေပါင္း ၁၂၆ ဦးကို ျပန္လည္လြတ္ေပးခဲ့ၿပီး က်န္႐ြာသား ၁၃၁ ဦးကို ဆက္လက္ စစ္ေဆးေနၾကာင္းလည္း တပ္မေတာ္ က ေျပာထားၿပီးျဖစ္သည္။

တပ္မေတာ္သားမ်ားသည္ ဧၿပီလ ၃၀ ရက္ေန႔ နံနက္ ၁၁ နာရီ အခ်ိန႔္က ေက်ာက္တန္း ေက်း႐ြာအတြင္းသို႔ ဝင္ေရာက္ၿပီး အသက္ ၁၀ ႏွစ္အထက္ ေယာက်္ားမ်ားကို အစည္းအေဝးေခၚယူခဲ့ေၾကာင္း၊ ယင္းေနာက္ ႐ြာသား ၂၇၅ ဦးကို AA အဖြဲ႕ႏွင့္ ပတ္သက္မႈ ရွိသည္ဟုဆိုကာ ႐ြာရွိ စာသင္ေက်ာင္းထဲတြင္ ေခၚယူ စစ္ေဆးခဲ့သည္။

ထိုသို႔ စစ္ေဆးခဲ့ေနစဥ္ ေမလ ၁ ရက္ေန႔ ညက လက္နက္ႀကီး ပစ္ခတ္သံမ်ားကို ၾကားရၿပီးေနာက္ စိတ္မႏွံသည့္ ဦးေမာင္သန္းဦး ဆိုသည့္ အသက္ ၃၀ အ႐ြယ္ လူတဦးမွ ေျပးၾကရန္ ထေအာ္ရာမွ ထၾကည့္မိေသာ ႐ြာသားမ်ား ပစ္ခတ္ခံခဲ့ရျခင္း ျဖစ္ေၾကာင္း စစ္ေတြ ေဆး႐ုံတြင္ ေဆးကုသမႈခံယူေနသည့္ ႐ြာသားမ်ားက ေျပာသည္။

ေသနတ္ဒဏ္ရာ ၂ ခ်က္ရရွိကာ စစ္ေတြေဆး႐ုံတြင္ ကုသမႈခံယူေနသူ ကိုေက်ာ္ေက်ာ္ၿငိမ္း က “က်ေနာ္တို႔ အိပ္ေနၾကတာ။ ေသနတ္သံေတြ ႐ုတ္တရက္ၾကားေတာ့ အကုန္လုံး လန႔္ၿပီး ထၾကည့္ၾကတာေပါ့။ အဲဒီအခ်ိန္ စိတ္မႏွံတဲ့သူ ႐ြာသားတဦးက ေျပးၾက၊ ေျပးၾက ေအာ္ၿပီးေတာ့ လူအုပ္ထဲကို ေျပးဝင္လာတယ္။

အဲဒီ အခ်ိန္မွာ ဝိုင္းပစ္ၾကတာ လူေတြက ပစ္တဲ့အခ်ိန္ ေၾကာက္ၿပီး ဟိုနားေျပး၊ ဒီနားေျပးၾကတာေတာ့ရွိတယ္။ သူတို႔ေျပာသလို ေအာ္ဟစ္တာလည္း မရွိဘူး။ ဒီေလာက္ စစ္သားေတြ အတြင္းေရာ၊ အျပင္ေရာ ဝိုင္းထားတာ ဘယ္လို ေသနတ္လုပါမလဲ” ဟု ဧရာဝတီသို႔ ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် တပ်မတော်က ပစ်ခတ်၍ သေဆုံးသွားသည့် ရွာသား ၆ ဦး၏ ရုပ်အလောင်းများကို သြင်္ဂိုဟ်ရာတွင် ဗုဒ္ဓဘာသာဝင် တို့၏ ဓလေ့ ထုံးတမ်းအရ သရဏဂုံ တင်ခွင့် မရခဲ့ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများကို မေ ၃ ရက်နေ့က သြင်္ဂိုဟ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်တန်း ကျေးရွာသူ မစိုးစိုးက “ပထမတော့ အလောင်းတွေကို မိသားစုဝင်တွေကို ကြည့်ခွင့်မပေးဘူး။ စစ်သားတွေက အလောင်းကို သင်္ချိုင်းကို ထုတ်ယူသွားပါတယ်။ ပြီးမှ မိသားစုဝင်တွေနဲ့ ရွာသားတွေကို အကြောင်း ကြားလာတာ။ ဆရာတော်နဲ့ သရဏဂုံ တင်ခွင့်လည်း မရဘူး။ ဒီအတိုင်း ဖြစ်သလို သြင်္ဂိုဟ် လိုက်ရတာ” ဟု ဧရာဝတီသို့ ပြောသည်။

ဗုဒ္ဓဘာသာဝင်များ၏ အစဉ်အလာအရ သေဆုံးသူ ဘဝကူးကောင်းစေရန် အတွက် ရည်ရွယ်ပြီး ကျန်ရစ်သူ မိသားစု ဆွေမျိုးများက ကောင်းမှု ကုသိုလ်ပြုလုပ်၍ မေတ္တာပို့၊ အမျှအတန်း ပေးဝေခြင်း ဖြစ်သည်။

ရသေ့တောင် သမီးလှဆရာတော် ဦးဝဏ္ဏသီရိ က “သေဆုံးသွားသူ အတွက် သရဏဂုံ မတင်လိုက်ရတော့ ဗုဒ္ဓဘာသာ အယူအဆအရ သူ့အတွက် ကောင်းမှု၊ ကုသိုလ်လုပ်ခွင့်မရ၊ အမျှမေတ္တာ ပို့်သခွင့် မရလိုက်တဲ့ အတွက် သူရသင့်၊ ရထိုက်တဲ့ အခွင့်အရေး တခု ဆုံးရှုံးသွားရခြင်း ဖြစ်ပါတယ်” ဟု မိန့်ကြားသည်။

သေဆုံးသူများကို သြင်္ဂိုဟ်မည့် ကျောက်တန်းရွာ သုဿန်သို့ ရောက်ရှိလာသည့် ရွာသားများအား လက်ကိုင်ဖုန်း ယူဆောင်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းများကို ဟန့်တား ပိတ်ပင်ခဲ့ကြောင်းလည်း ရွာသားများက ပြောသည်။

တပ်မတော် သတင်းမှန် ပြန်ကြားရေအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ယင်းနေ့ နံနက် ၉ နာရီ ခွဲကတည်းက သေဆုံးသွားသည့် ရုပ်အလောင်းများကို မိသားစုဝင်များ လက်ထဲသို့ အပ်နှံခဲ့ပြီး ဘာသားရေး၊ ထုံးတမ်း ဓလေ့ နှင့် အညီလည်း သြင်္ဂိုဟ်ခွင့်ပြုခဲ့ကြောင်း ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဓာတ်ပုံ၊ ဗွီဒိယို ရိုက်ခွင့်မရဘူးဆိုတာ မဟုတ်ပါဘူး။ ရုပ်အလောင်း တွေကို မိသားစုဝင်တွေ လက်ထဲကို အပ်ပြီး ဘာသာရေး၊ ဓလေ့ထုံးတမ်းနဲ့အညီ သြင်္ဂိုဟ်ခွင့် ပြုလိုက်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်၍ “ရထားတဲ့ သတင်းအရတော့ အကုန်လုံး လုပ်ခွင့်ပေးတယ်လို့တော့ သတင်း ရထားတယ်။ သရဏဂုံ တင်ဖို့လည်း အဲဒီကဆရာတော်တွေတောင် ပါတယ်လို့ ကျနော်တို့ကို ပြောထားတယ်။ သရဏဂုံ တင်ရပါတယ်လို့ ပြောထားတယ်” ဟု ဆိုသည်။

မစိုးစိုးကတော့ “ဆရာတော်တောင် ကျောင်းထဲကနေ ထွက်ခွင့် မရတာ။ ဘယ်လို သရဏဂုံတင်ပြီး သြင်္ဂိုဟ်ခွင့်ရမလဲ။ ကျမ ကိုယ်တိုင် သချိုင်းကိုသွားပြီး သဂြိုဟ်ဖို့ လိုက်သွားခဲ့တာ။ မိသားစုဝင်တွေလည်း အလောင်းတွေကို ခဏလောက်ပဲ ကြည့် ခွင့်ရခဲ့တယ်။ အလောင်းတွေ အကုန် ရုပ်ပျက်နေကြပြီ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါကျေးရွာ ဖြစ်စဉ်များနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန်အတွက် တပ်မတော်က အရာရှိကြီးတဦးကို မေ ၃ ရက်နေ့ညက လွှတ်ကာ ကွင်းဆင်း စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိပြီး ရရှိလာသည့် အချက်များကို တပ်မတော်ဘက်က တရားဝင် ထုတ်ပြန်ပေးသွားမည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ထို့အပြင် စစ်ဆေးမှုများပြုလုပ်နေသည့် ၁၃၁ ဦးထဲမှ ရက္ခိုင်စစ်တပ် (AA) နှင့် ဆက်နွယ်မှု မရှိသူများကိုလည်း ထပ်မံလွှတ်ပေးရန် ရှိကြောင်း ထိုသတင်းကိုလည်း တရားဝင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ဖမ်းဆီးခံ ကျောက်တန်း ကျေးရွာသားများအနက် မေ ၃ ရက်နေ့ မနက်ပိုင်းက လူပေါင်း ၁၂၆ ဦးကို ပြန်လည်လွတ်ပေးခဲ့ပြီး ကျန်ရွာသား ၁၃၁ ဦးကို ဆက်လက် စစ်ဆေးနေကြာင်းလည်း တပ်မတော် က ပြောထားပြီးဖြစ်သည်။

တပ်မတော်သားများသည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ အချိန့်က ကျောက်တန်း ကျေးရွာအတွင်းသို့ ဝင်ရောက်ပြီး အသက် ၁၀ နှစ်အထက် ယောကျ်ားများကို အစည်းအဝေးခေါ်ယူခဲ့ကြောင်း၊ ယင်းနောက် ရွာသား ၂၇၅ ဦးကို AA အဖွဲ့နှင့် ပတ်သက်မှု ရှိသည်ဟုဆိုကာ ရွာရှိ စာသင်ကျောင်းထဲတွင် ခေါ်ယူ စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးခဲ့နေစဉ် မေလ ၁ ရက်နေ့ ညက လက်နက်ကြီး ပစ်ခတ်သံများကို ကြားရပြီးနောက် စိတ်မနှံသည့် ဦးမောင်သန်းဦး ဆိုသည့် အသက် ၃၀ အရွယ် လူတဦးမှ ပြေးကြရန် ထအော်ရာမှ ထကြည့်မိသော ရွာသားများ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း စစ်တွေ ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ရွာသားများက ပြောသည်။

သေနတ်ဒဏ်ရာ ၂ ချက်ရရှိကာ စစ်တွေဆေးရုံတွင် ကုသမှုခံယူနေသူ ကိုကျော်ကျော်ငြိမ်း က “ကျနော်တို့ အိပ်နေကြတာ။ သေနတ်သံတွေ ရုတ်တရက်ကြားတော့ အကုန်လုံး လန့်ပြီး ထကြည့်ကြတာပေါ့။ အဲဒီအချိန် စိတ်မနှံတဲ့သူ ရွာသားတဦးက ပြေးကြ၊ ပြေးကြ အော်ပြီးတော့ လူအုပ်ထဲကို ပြေးဝင်လာတယ်။

အဲဒီ အချိန်မှာ ဝိုင်းပစ်ကြတာ လူတွေက ပစ်တဲ့အချိန် ကြောက်ပြီး ဟိုနားပြေး၊ ဒီနားပြေးကြတာတော့ရှိတယ်။ သူတို့ပြောသလို အော်ဟစ်တာလည်း မရှိဘူး။ ဒီလောက် စစ်သားတွေ အတွင်းရော၊ အပြင်ရော ဝိုင်းထားတာ ဘယ်လို သေနတ်လုပါမလဲ” ဟု ဧရာဝတီသို့ ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top