ဂ်ပန္မွာ အရမ္းနာမည္ႀကီးေနတဲ့ ခါးသြယ္ၿပီး လွပေစမယ့္ သဘာ၀နည္းလမ္း
ခါးသြယ္သြယ္ေလးနဲ႔ လွရုံတင္မဟုတ္ဘဲ လူရဲ႕ကိုယ္ေနဟန္ထားကိုပါ မတ္မတ္ကေလးနဲ႔ စမတ္က်လွပေစမယ့္ သဘာ၀နည္းလမ္းဆို ပ်ိဳေမတို႔ စိတ္၀င္စားၾကမယ္ ထင္ပါတယ္။
ဒီနည္းလမ္းေလးက ခက္ခက္ခဲခဲလည္း မဟုတ္ဘဲ အခ်ိန္အနည္းငယ္ေပးရုံနဲ႔ ထူးျခားတဲ့ ရလဒ္ကို ရရိွေစမယ့္ နည္းလမ္းေလး ျဖစ္ပါတယ္။
ဒီနည္းလမ္းေလးကို ဂ်ပန္ႏိုင္ငံရဲ႕ နာမည္ႀကီးသမားေတာ္ တစ္ျဖစ္လည္း နာမည္ေက်ာ္စာေရးဆရာက စမ္းသပ္ၿပီး အႀကံျပဳထားတာ ျဖစ္ပါတယ္။
ဂ်ပန္သမားေတာ္ ေဒါက္တာ တိုရွီကီ ဖူကူဆူဂ်ီက ကိုယ္ေနဟန္ထား ပ်က္ယြင္းေနတဲ့ လူနာေတြကို ကုသရာကေန ရရိွလာတဲ့ နည္းလမ္းျဖစ္ပါတယ္။
ဒီနည္းလမ္းက တင္ပါးဆုံရိုးကို ပုံစံမွန္ေစတာေၾကာင့္ ခါးေလးကို သြယ္လ်လွပေစၿပီး ခႏၶာကိုယ္ကိုပါ မတ္မတ္ကေလးနဲ႔ စမတ္က်လွပေစမွာပါ။
စလုပ္ေတာ့မယ္ဆိုရင္ တဘက္ပ၀ါအႀကီးတစ္ခုရယ္ ႀကိဳးတစ္ေခ်ာင္းရယ္သာ လိုအပ္ပါတယ္။
တဘက္ပ၀ါကို ေကာ္ျပန္႔လိပ္ လိပ္သလို က်စ္က်စ္ကေလး လိပ္လိုက္ၿပီး ေျပထြက္မသြားေအာင္ ႀကိဳးနဲ႔အသာေလး စည္းလိုက္ပါ။
ၿပီးရင္ေတာ့ ညီညာျပန္႔ျပဴးေနတဲ့ ၾကမ္းျပင္မွာ လွဲခ်လိုက္ပါ။ ေစာေစာက လိပ္ထားၿပီးသား ပ၀ါလိပ္ကေလးကို ခ်က္ေနေရာတည့္တည့္ေလာက္မွာ ထားၿပီး ခါးေအာက္ကို ထည့္လိုက္ပါ။
အဆင္သင့္ျဖစ္ၿပီဆိုရင္ေတာ့ ေနာက္အဆင့္ေတြက အေရးႀကီးတာေၾကာင့္ ဂရုတစိုက္ မွတ္ထားပါ။
ပ၀ါလိပ္ကို ခါးေအာက္မွာ ထည့္ၿပီးၿပီဆိုရင္ ေျခေထာက္ေတြကို အနည္းငယ္ဆန္႔ထုတ္ၿပီး ေျခေခ်ာင္းေတြကို မ်က္ႏွာခ်င္းဆိုင္ ထိထားရပါမယ္။
လက္ေတြကိုေတာ့ ေခါင္းအေပၚဘက္ကို ဆန္႔ထုတ္ၿပီး လက္ဖ၀ါးေတြကို ေမွာက္ထားတဲ့ အေနအထားမွာ ထားရပါမယ္။ လက္သန္းေလးေတြဟာ အခ်င္းခ်င္း ထိေနရပါမယ္။
ဒီပုံစံအတိုင္း ငါးမိနစ္ခန္႔ ေနရမွာပါ။ စလုပ္လုပ္ခ်င္းမွာေတာ့ အနည္းငယ္ ေနရတာ ခက္ခဲပါလိမ့္မယ္။ ဒါေပမယ့္ ေနာက္ပိုင္း က်င့္သားရသြားရင္ေတာ့ ပိုၿပီးလြယ္ကူလာမွာပါ။
ဒီနည္းေလးကို တစ္ပတ္မွာ သုံးႀကိမ္ ပုံမွန္ျပဳလုုပ္ေပးမယ္ဆိုရင္ ကုိယ္ဟန္အေနအထားေလးက သိသိသာသာ ေျပာင္းလဲလာတာကို ေတြ႕ရပါလိမ့္မယ္။
ေငြကုန္ေၾကးက်လည္း မရိွဘဲ အခ်ိန္လည္း အၾကာႀကီး မေပးရတာေၾကာင့္ စမ္းၾကည့္သင့္တဲ့ နည္းပါပဲေနာ္။
တကယ္လို႔ သင္ဟာ ၾကြက္သားနဲ႔ ပတ္သက္ၿပီး ကုသမႈတစ္ခုခု ခံယူေနရတဲ့သူဆိုရင္ေတာ့ သင့္ရဲ႕သမားေတာ္ ခြင့္ျပဳခ်က္ရရိွမွသာ ဒီနည္းလမ္းကို ျပဳလုပ္သင့္ပါတယ္ေနာ္။
အားလုံးပဲ စမတ္က်က် ကိုယ္ဟန္ေနထားေလးေတြနဲ႔ လွပႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Yoon
# Unicode Version # ျဖင့္ ဖတ္ပါ #
ခါးသွယ်သွယ်လေးနဲ့ လှရုံတင်မဟုတ်ဘဲ လူရဲ့ကိုယ်နေဟန်ထားကိုပါ မတ်မတ်ကလေးနဲ့ စမတ်ကျလှပစေမယ့် သဘာဝနည်းလမ်းဆို ပျိုမေတို့ စိတ်ဝင်စားကြမယ် ထင်ပါတယ်။
ဒီနည်းလမ်းလေးက ခက်ခက်ခဲခဲလည်း မဟုတ်ဘဲ အချိန်အနည်းငယ်ပေးရုံနဲ့ ထူးခြားတဲ့ ရလဒ်ကို ရရှိစေမယ့် နည်းလမ်းလေး ဖြစ်ပါတယ်။
ဒီနည်းလမ်းလေးကို ဂျပန်နိုင်ငံရဲ့ နာမည်ကြီးသမားတော် တစ်ဖြစ်လည်း နာမည်ကျော်စာရေးဆရာက စမ်းသပ်ပြီး အကြံပြုထားတာ ဖြစ်ပါတယ်။
ဂျပန်သမားတော် ဒေါက်တာ တိုရှီကီ ဖူကူဆူဂျီက ကိုယ်နေဟန်ထား ပျက်ယွင်းနေတဲ့ လူနာတွေကို ကုသရာကနေ ရရှိလာတဲ့ နည်းလမ်းဖြစ်ပါတယ်။
ဒီနည်းလမ်းက တင်ပါးဆုံရိုးကို ပုံစံမှန်စေတာကြောင့် ခါးလေးကို သွယ်လျလှပစေပြီး ခန္ဓာကိုယ်ကိုပါ မတ်မတ်ကလေးနဲ့ စမတ်ကျလှပစေမှာပါ။
စလုပ်တော့မယ်ဆိုရင် တဘက်ပဝါအကြီးတစ်ခုရယ် ကြိုးတစ်ချောင်းရယ်သာ လိုအပ်ပါတယ်။
တဘက်ပဝါကို ကော်ပြန့်လိပ် လိပ်သလို ကျစ်ကျစ်ကလေး လိပ်လိုက်ပြီး ပြေထွက်မသွားအောင် ကြိုးနဲ့အသာလေး စည်းလိုက်ပါ။
ပြီးရင်တော့ ညီညာပြန့်ပြူးနေတဲ့ ကြမ်းပြင်မှာ လှဲချလိုက်ပါ။ စောစောက လိပ်ထားပြီးသား ပဝါလိပ်ကလေးကို ချက်နေရောတည့်တည့်လောက်မှာ ထားပြီး ခါးအောက်ကို ထည့်လိုက်ပါ။
အဆင်သင့်ဖြစ်ပြီဆိုရင်တော့ နောက်အဆင့်တွေက အရေးကြီးတာကြောင့် ဂရုတစိုက် မှတ်ထားပါ။
ပဝါလိပ်ကို ခါးအောက်မှာ ထည့်ပြီးပြီဆိုရင် ခြေထောက်တွေကို အနည်းငယ်ဆန့်ထုတ်ပြီး ခြေချောင်းတွေကို မျက်နှာချင်းဆိုင် ထိထားရပါမယ်။
လက်တွေကိုတော့ ခေါင်းအပေါ်ဘက်ကို ဆန့်ထုတ်ပြီး လက်ဖဝါးတွေကို မှောက်ထားတဲ့ အနေအထားမှာ ထားရပါမယ်။ လက်သန်းလေးတွေဟာ အချင်းချင်း ထိနေရပါမယ်။
ဒီပုံစံအတိုင်း ငါးမိနစ်ခန့် နေရမှာပါ။ စလုပ်လုပ်ချင်းမှာတော့ အနည်းငယ် နေရတာ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် နောက်ပိုင်း ကျင့်သားရသွားရင်တော့ ပိုပြီးလွယ်ကူလာမှာပါ။
ဒီနည်းလေးကို တစ်ပတ်မှာ သုံးကြိမ် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် ကိုယ်ဟန်အနေအထားလေးက သိသိသာသာ ပြောင်းလဲလာတာကို တွေ့ရပါလိမ့်မယ်။
ငွေကုန်ကြေးကျလည်း မရှိဘဲ အချိန်လည်း အကြာကြီး မပေးရတာကြောင့် စမ်းကြည့်သင့်တဲ့ နည်းပါပဲနော်။
တကယ်လို့ သင်ဟာ ကြွက်သားနဲ့ ပတ်သက်ပြီး ကုသမှုတစ်ခုခု ခံယူနေရတဲ့သူဆိုရင်တော့ သင့်ရဲ့သမားတော် ခွင့်ပြုချက်ရရှိမှသာ ဒီနည်းလမ်းကို ပြုလုပ်သင့်ပါတယ်နော်။
အားလုံးပဲ စမတ်ကျကျ ကိုယ်ဟန်နေထားလေးတွေနဲ့ လှပနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:Yoon