ဒကာမတစ္ေယာက္က ဆရာေတာ္ကို ကား၀ယ္စီးဖို႔ အလွဴေငြ သိန္း ၁၅၀နဲ႕ ေဒၚလာ ၁၅၀၀ ကို လွဴဒါန္းခဲ႔ပါတယ္ ဒီအလွဴေငြေတြကို ဆရာေတာ္က ေဆးခန္းေဆာက္ဖို႔ လိုအပ္ေနတဲ႔ ေနရာမွာ ျပန္လည္လွဴဒါန္းခဲ႔ပါတယ္…..

ဆရာေတာ္က ဒီအလွဴေငြေတြကို ပင္းတယမီးရွင္ဆုရ ဆရာ၀န္ၾကီးေဒါက္တာ သန္းမင္းထြဋ္ထံ ေပးအပ္လွဴဒါန္းခဲ႔တာျဖစ္ပါတယ္….ဆရာေတာ္က ခုလိုမိန္႔ၾကားခဲ႔ပါတယ္…..

‘ဒကာမၾကီးတစ္ေယာက္က ဘုန္းၾကီးကို ေငြေတြလွဴတယ္။ ကား၀ယ္စီးဖို႕တဲ့။ ဘုန္းၾကီးက စဥ္းစားတယ္။ ငါ့မွာ ကားလိုလားလို႕။

သြားခ်င္ရင္ Taxi ငွားသြားလည္းရတယ္။ မိတ္ေဆြေတြဆီက ကားအကူအညီ ေတာင္းရင္ရတယ္။ ဒီေငြေတြ ငါ့အတြက္ မသံုးဖို႕ ၊ လိုတဲ့ေနရာ လွဴမယ္လို႕ ဆံုးျဖတ္လိုက္တယ္။

ဒကာမၾကီးကို ေျပာေတာ့ ဒကာမၾကီးက အရွင္ဘုရား ၾကိဳက္ရာသံုးပါလို႕ ေျပာရွာတယ္။ ဒါနဲ႕ ဘုန္းၾကီးလည္း ဘယ္ေနရာ လွဴရမလဲ ရွာေနတုနး္ ဒကာမၾကီး ေဒၚေအးေအးခ်ိဳ (မဂၤလာေစ်း)က ဒကာၾကီးအေၾကာင္းကို ေျပာျပတယ္။

ဘုန္းၾကီးက facebook မသံုးေတာ့ ဒကာၾကီး အေၾကာင္းကို မသိဘူး။ ဒါေပမယ့္ ပထမတစ္ေခါက္ ေျမာင္းျမကို လာကတည္းက ဒကာၾကီး ဘာလုပ္ေနတယ္ဆိုတာ ဘုနး္ၾကီးသေဘာ ေပါက္သြားတယ္။

အခု ဒီေငြေတြကို ဒကာၾကီးတို႕ ေျမာင္းျမျမိဳ႕နယ္ထဲက ဦးႏုေခ်ာင္းရြာေလးမွာ ေဆးခန္းေဆာက္ဖို႕ ဘုန္းၾကီးလာလွဴပါတယ္။ ဒကာၾကီး အစီအမံနဲ႕ ဦးႏုေခ်ာင္းရြာ ေဆးခန္းေလးကုိ စိတ္ၾကိဳက္ေဆာက္ပါေတာ့”

အရွင္သီရိႏၵာစာရ ၊ သီရိႏၵာရာမ ပရဟိတ ဘုန္းေတာ္ၾကီးေက်ာင္း ပဓာနနာယကဆရာေတာ္၊ (၁၃)ရပ္ကြက္၊ ဒဂံုျမိဳ႕သစ္ အေရွ႔ပိုင္း။ေဆးခန္းေဆာက္ဖို႕ အလွဴေငြလက္ခံခဲ့တဲ႔ ေဒါက္တာ သန္းမင္းထြဋ္က ခုလို ေျပာခဲ႔ပါတယ္…..

“ဒီစကားေတြနဲ႕အတူ ဆရာေတာ္က ၀တၳဳေငြက်ပ္သိန္း ၁၅၀နဲ႕ ေဒၚလာ ၁၅၀၀ ကို ဒီေန႕လာေရာက္လွဴဒါန္းခဲ့ပါတယ္။ကၽြန္ေတာ့္ရဲ႕ ပဥၥမေျမာက္ေဆးခန္းေလး မၾကာခင္ ဦးႏုေခ်ာင္းရြာမွာ ေပၚေပါက္လာပါေတာ့မယ္။

ေလာေလာဆယ္ ေဆးခန္းမရွိလို႔ မူႀကိဳေက်ာင္းေလးကို ေဆးခန္းလုပ္ထားရပါတယ္။ ဒီေဆးခန္းေလး ျပီးရင္ ဦးႏုေခ်ာင္း အပါအဝင္ ရြာခုနစ္ရြာက ျပည္သူ ၂၇၃၃ဦးအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈအဆင္ေျပသြားေတာ့မွာပါ။

ဆရာေတာ္နဲ႕ တုိင္ပင္ထားမႈအရ ေရရွားတဲ့ ဦးႏုေခ်ာင္းရြာေလးမွာ အ၀ီစိတြင္းလည္း တူးေပးပါေတာ့မယ္။ေျမာင္းျမမွာ တဲကုပ္ကုပ္နဲ႕ စုတ္ျပတ္ေနတဲ့ ေဆးခန္း(၂၈)ခန္း ရွိေနပါတယ္။ အခု ငါးခန္းေျမာက္ကိုေတာ့ အလွဴခံ ေဆာက္လုပ္ေနပါျပီ။

ကၽြန္ေတာ္ ေျမာင္းျမမွာ ရွိသေရြ႕ စြမ္းသမွ် ႏိုင္သမွ် ေဆးခန္းေလးေတြ ေဆာက္ေပးသြားပါမယ္။ ကၽြန္ေတ္ာတို႕ ျပည္သူေတြ က်န္းမာေရး အလွမ္းမေ၀းၾကပါေစနဲ႕လို႕ ဆုေတာင္းလ်က္ပါ။”

ရွားပါးလွတဲ႔ ေစတနာရွင္ ဆရာေတာ္ႏွင့္ ရွားပါးလွတဲ႔ မီးအိမ္ရွင္ဆရာ၀န္တို႔ ဆံုၾကတဲ႔အခါ ျပည္သူေတြအတြက္ ၀မ္းေျမာက္ဖြယ္ရာ ရလာဒ္ေတြ ရရွိခဲ႔ပါတယ္…..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မဟာေခတ္သစ္မီဒီယာ

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒကာမတစ်ယောက်က ဆရာတော်ကို ကားဝယ်စီးဖို့ အလှူငွေ သိန်း ၁၅၀နဲ့ ဒေါ်လာ ၁၅၀၀ ကို လှူဒါန်းခဲ့ပါတယ် ဒီအလှူငွေတွေကို ဆရာတော်က ဆေးခန်းဆောက်ဖို့ လိုအပ်နေတဲ့ နေရာမှာ ပြန်လည်လှူဒါန်းခဲ့ပါတယ်…..

ဆရာတော်က ဒီအလှူငွေတွေကို ပင်းတယမီးရှင်ဆုရ ဆရာဝန်ကြီးဒေါက်တာ သန်းမင်းထွဋ်ထံ ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်….ဆရာတော်က ခုလိုမိန့်ကြားခဲ့ပါတယ်…..

‘ဒကာမကြီးတစ်ယောက်က ဘုန်းကြီးကို ငွေတွေလှူတယ်။ ကားဝယ်စီးဖို့တဲ့။ ဘုန်းကြီးက စဉ်းစားတယ်။ ငါ့မှာ ကားလိုလားလို့။

သွားချင်ရင် Taxi ငှားသွားလည်းရတယ်။ မိတ်ဆွေတွေဆီက ကားအကူအညီ တောင်းရင်ရတယ်။ ဒီငွေတွေ ငါ့အတွက် မသုံးဖို့ ၊ လိုတဲ့နေရာ လှူမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ဒကာမကြီးကို ပြောတော့ ဒကာမကြီးက အရှင်ဘုရား ကြိုက်ရာသုံးပါလို့ ပြောရှာတယ်။ ဒါနဲ့ ဘုန်းကြီးလည်း ဘယ်နေရာ လှူရမလဲ ရှာနေတုန်း ဒကာမကြီး ဒေါ်အေးအေးချို (မင်္ဂလာဈေး)က ဒကာကြီးအကြောင်းကို ပြောပြတယ်။

ဘုန်းကြီးက facebook မသုံးတော့ ဒကာကြီး အကြောင်းကို မသိဘူး။ ဒါပေမယ့် ပထမတစ်ခေါက် မြောင်းမြကို လာကတည်းက ဒကာကြီး ဘာလုပ်နေတယ်ဆိုတာ ဘုန်းကြီးသဘော ပေါက်သွားတယ်။

အခု ဒီငွေတွေကို ဒကာကြီးတို့ မြောင်းမြမြို့နယ်ထဲက ဦးနုချောင်းရွာလေးမှာ ဆေးခန်းဆောက်ဖို့ ဘုန်းကြီးလာလှူပါတယ်။ ဒကာကြီး အစီအမံနဲ့ ဦးနုချောင်းရွာ ဆေးခန်းလေးကို စိတ်ကြိုက်ဆောက်ပါတော့”

အရှင်သီရိန္ဒာစာရ ၊ သီရိန္ဒာရာမ ပရဟိတ ဘုန်းတော်ကြီးကျောင်း ပဓာနနာယကဆရာတော်၊ (၁၃)ရပ်ကွက်၊ ဒဂုံမြို့သစ် အရှေ့ပိုင်း။ဆေးခန်းဆောက်ဖို့ အလှူငွေလက်ခံခဲ့တဲ့ ဒေါက်တာ သန်းမင်းထွဋ်က ခုလို ပြောခဲ့ပါတယ်…..

“ဒီစကားတွေနဲ့အတူ ဆရာတော်က ဝတ္ထုငွေကျပ်သိန်း ၁၅၀နဲ့ ဒေါ်လာ ၁၅၀၀ ကို ဒီနေ့လာရောက်လှူဒါန်းခဲ့ပါတယ်။ကျွန်တော့်ရဲ့ ပဉ္စမမြောက်ဆေးခန်းလေး မကြာခင် ဦးနုချောင်းရွာမှာ ပေါ်ပေါက်လာပါတော့မယ်။

လောလောဆယ် ဆေးခန်းမရှိလို့ မူကြိုကျောင်းလေးကို ဆေးခန်းလုပ်ထားရပါတယ်။ ဒီဆေးခန်းလေး ပြီးရင် ဦးနုချောင်း အပါအဝင် ရွာခုနစ်ရွာက ပြည်သူ ၂၇၃၃ဦးအတွက် ကျန်းမာရေး စောင့်ရှောက်မှုအဆင်ပြေသွားတော့မှာပါ။

ဆရာတော်နဲ့ တိုင်ပင်ထားမှုအရ ရေရှားတဲ့ ဦးနုချောင်းရွာလေးမှာ အဝီစိတွင်းလည်း တူးပေးပါတော့မယ်။မြောင်းမြမှာ တဲကုပ်ကုပ်နဲ့ စုတ်ပြတ်နေတဲ့ ဆေးခန်း(၂၈)ခန်း ရှိနေပါတယ်။ အခု ငါးခန်းမြောက်ကိုတော့ အလှူခံ ဆောက်လုပ်နေပါပြီ။

ကျွန်တော် မြောင်းမြမှာ ရှိသရွေ့ စွမ်းသမျှ နိုင်သမျှ ဆေးခန်းလေးတွေ ဆောက်ပေးသွားပါမယ်။ ကျွန်တေ်ာတို့ ပြည်သူတွေ ကျန်းမာရေး အလှမ်းမဝေးကြပါစေနဲ့လို့ ဆုတောင်းလျက်ပါ။”

ရှားပါးလှတဲ့ စေတနာရှင် ဆရာတော်နှင့် ရှားပါးလှတဲ့ မီးအိမ်ရှင်ဆရာဝန်တို့ ဆုံကြတဲ့အခါ ပြည်သူတွေအတွက် ဝမ်းမြောက်ဖွယ်ရာ ရလာဒ်တွေ ရရှိခဲ့ပါတယ်…..။

ဖိုးသူတော် (www.phothutaw.com)
Credit: မဟာခေတ်သစ်မီဒီယာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top