တြဲလက္ေလးေတြ တစ္ဦးနဲ႔တစ္ဦးၿမဲေစဖို႔
လုပ္ငန္းခြင္ စိတ္ဖိစီးမႈၾကားကေန ခ်စ္သူက ဖုန္းမကိုင္လို႔ ခံစားလိုက္ရတဲ့ စိတ္အလိုမက်မႈကို ဘယ္လိုေျပေလ်ာ့ေအာင္ ထိန္းခ်ဳပ္မလဲ ဆိုတဲ့ ျပႆနာေတြကို ႀကံဳလာရမွာပါ
တစ္ဦးနဲ႔ တစ္ဦး ခ်စ္ခင္ႏွစ္သက္လို႔ လက္တြဲခဲ့ၾကၿပီးမွ ႀကိဳတင္ ေမွ်ာ္လင့္မထားတဲ့ အေၾကာင္းတရားေတြေၾကာင့္ လက္တြဲျဖဳတ္ခဲ့ရမယ္ ဆိုရင္ နာက်င္စရာေကာင္းလွပါတယ္။ အခ်စ္ဇာတ္လမ္း တစ္ခုရဲ႔ အဆံုးသတ္မွာ က်န္ခဲ့သူေရာ၊ ခ်န္ခဲ့သူပါ ဒဏ္ရာေတြနဲ႔ ခ်ည္းပဲမို႔ Marry ကေတာ့ ဘယ္လို Relation ကိုမဆို ခိုင္ၿမဲတဲ့ Relation ျဖစ္ေစခ်င္ပါတယ္။
ဒါေၾကာင့္ Marry ရဲ႕ စံုတြဲေလးတို႔ တြဲထားတဲ့ လက္ေတြၿမဲေစဖို႔ Marry က အႀကံေကာင္းေလး ေဝမွ်ေပးခ်င္ပါတယ္။
ေပ်ာ္ရႊင္စရာေတြခ်ည္း ေမွ်ာ္လင့္မထားပါနဲ႔
ခ်စ္တဲ့သူနဲ႔ လက္တြဲရတာ ေပ်ာ္စရာမေကာင္းဘဲ ဘယ္ရွိပါ့မလဲ။ ဒါေပမယ့္ ဘဝဆိုတာ မင္းသားနဲ႔ မင္းသမီး ခ်စ္သြားၾကေလသတည္း ဆိုတာနဲ႔ ဇတ္သိမ္းသြားတဲ့ ပံုျပင္ တစ္ပုဒ္ မဟုတ္တဲ့အတြက္ ခ်စ္သူနဲ႔ လက္တြဲႏိုင္ၿပီးတဲ့ေနာက္ ဆက္လက္ရင္ဆိုင္ ေျဖရွင္းရဦးမယ့္ အေၾကာင္းကိစၥေတြ အမ်ားႀကီး ရွိပါေသးတယ္။ အဲ့ဒါေၾကာင့္ တစ္ဦးတစ္ေယာက္တည္း ေနရစဥ္က မႀကံဳဖူးတဲ့ ျပႆနာေတြကို ႀကံဳရႏိုင္ပါတယ္။
ဆိုလိုတာကေတာ့ လူႏွစ္ဦးရဲ႕ လက္တြဲမႈမွာ သက္ဆိုင္ရာ အသိုင္းအဝိုင္းေတြရဲ႕ လူမႈေရး ကိစၥေတြ၊ ခ်စ္သူႏွစ္ဦး သြားလာ စားေသာက္ဖို႔ ေငြေရးေၾကးေရး ကိစၥေတြ၊ ကိုယ့္ရဲ႔ ပညာေရး အလုပ္အကိုင္ေတြနဲ႔ ခ်စ္သူအေပၚ ေပးထားတဲ့ အခ်ိန္ေတြ ညီညြတ္မွ်တေနေအာင္ စီမံခန္႔ခြဲေပးရမယ့္ ကိစၥေတြ ရွိလာမွာက ေသခ်ာေပါက္ပါပဲ။
ၿပီးေတာ့ လုပ္ငန္းခြင္ စိတ္ဖိစီးမႈ ၾကားကေန ခ်စ္သူက ဖုန္းမကိုင္လို႔ ခံစားလိုက္ရတဲ့ စိတ္အလိုမက်မႈကို ဘယ္လိုေျပေလ်ာ့ေအာင္ ထိန္းခ်ဳပ္မလဲ ဆိုတဲ့ ျပႆနာေတြကို ေသခ်ာေပါက္ ႀကံဳလာရမွာပါ။
ေပ်ာ္စရာေတြကိုခ်ည္း ေမွ်ာ္လင့္မထားဘဲ လက္ေတြ႔က်က် ေတြးေခၚစဥ္းစားၾကပါ
ဒါေတြဟာ ခ်စ္သူစံုတြဲေတြတိုင္း ႀကံဳခဲ့၊ ႀကံဳေနဆဲ ကိစၥတစ္ခု ျဖစ္သလို ခ်စ္သူထားမယ့္ သူေတြတိုင္း ႀကံဳကို ႀကံဳရမယ့္ ကိစၥတစ္ခုပါ။ ဒါ့ေၾကာင့္ ကိုယ့္ခ်စ္သူနဲ႔ စခ်စ္ၿပီဆိုကတည္းက ဒီကိစၥေတြကို ရင္ဆိုင္ရမွာ ျဖစ္တယ္လို႔ ကိုယ့္ကိုယ္ကို သတိေပးထားရပါမယ္။
အမ်ားစုက ခ်စ္သူရတဲ့အခါ ေပ်ာ္ရႊင္ၾကၿပီး အနာဂတ္အတြက္လည္း ေပ်ာ္စရာေတြကိုခ်ည္းပဲ ေမွ်ာ္လင့္ထားတဲ့အတြက္ တကယ္တမ္းရင္ဆိုင္ရမယ့္ ျပႆနာေတြနဲ႔ ႀကံဳတဲ့အခါ အထိနာၾကရတာပါ။ ဒါေၾကာင့္ အစကတည္းက ေပ်ာ္စရာေတြကိုခ်ည္း ေမွ်ာ္လင့္မထားဘဲ လက္ေတြ႔က်က် ေတြးေခၚစဥ္းစားၾကပါလို႔ Marry က အႀကံေပးခ်င္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:marry
# Unicode Version # ျဖင့္ ဖတ္ပါ #
လုပ်ငန်းခွင် စိတ်ဖိစီးမှုကြားကနေ ချစ်သူက ဖုန်းမကိုင်လို့ ခံစားလိုက်ရတဲ့ စိတ်အလိုမကျမှုကို ဘယ်လိုပြေလျော့အောင် ထိန်းချုပ်မလဲ ဆိုတဲ့ ပြဿနာတွေကို ကြုံလာရမှာပါ
တစ်ဦးနဲ့ တစ်ဦး ချစ်ခင်နှစ်သက်လို့ လက်တွဲခဲ့ကြပြီးမှ ကြိုတင် မျှော်လင့်မထားတဲ့ အကြောင်းတရားတွေကြောင့် လက်တွဲဖြုတ်ခဲ့ရမယ် ဆိုရင် နာကျင်စရာကောင်းလှပါတယ်။ အချစ်ဇာတ်လမ်း တစ်ခုရဲ့ အဆုံးသတ်မှာ ကျန်ခဲ့သူရော၊ ချန်ခဲ့သူပါ ဒဏ်ရာတွေနဲ့ ချည်းပဲမို့ Marry ကတော့ ဘယ်လို Relation ကိုမဆို ခိုင်မြဲတဲ့ Relation ဖြစ်စေချင်ပါတယ်။
ဒါကြောင့် Marry ရဲ့ စုံတွဲလေးတို့ တွဲထားတဲ့ လက်တွေမြဲစေဖို့ Marry က အကြံကောင်းလေး ဝေမျှပေးချင်ပါတယ်။
ပျော်ရွှင်စရာတွေချည်း မျှော်လင့်မထားပါနဲ့
ချစ်တဲ့သူနဲ့ လက်တွဲရတာ ပျော်စရာမကောင်းဘဲ ဘယ်ရှိပါ့မလဲ။ ဒါပေမယ့် ဘဝဆိုတာ မင်းသားနဲ့ မင်းသမီး ချစ်သွားကြလေသတည်း ဆိုတာနဲ့ ဇတ်သိမ်းသွားတဲ့ ပုံပြင် တစ်ပုဒ် မဟုတ်တဲ့အတွက် ချစ်သူနဲ့ လက်တွဲနိုင်ပြီးတဲ့နောက် ဆက်လက်ရင်ဆိုင် ဖြေရှင်းရဦးမယ့် အကြောင်းကိစ္စတွေ အများကြီး ရှိပါသေးတယ်။ အဲ့ဒါကြောင့် တစ်ဦးတစ်ယောက်တည်း နေရစဉ်က မကြုံဖူးတဲ့ ပြဿနာတွေကို ကြုံရနိုင်ပါတယ်။
ဆိုလိုတာကတော့ လူနှစ်ဦးရဲ့ လက်တွဲမှုမှာ သက်ဆိုင်ရာ အသိုင်းအဝိုင်းတွေရဲ့ လူမှုရေး ကိစ္စတွေ၊ ချစ်သူနှစ်ဦး သွားလာ စားသောက်ဖို့ ငွေရေးကြေးရေး ကိစ္စတွေ၊ ကိုယ့်ရဲ့ ပညာရေး အလုပ်အကိုင်တွေနဲ့ ချစ်သူအပေါ် ပေးထားတဲ့ အချိန်တွေ ညီညွတ်မျှတနေအောင် စီမံခန့်ခွဲပေးရမယ့် ကိစ္စတွေ ရှိလာမှာက သေချာပေါက်ပါပဲ။
ပြီးတော့ လုပ်ငန်းခွင် စိတ်ဖိစီးမှု ကြားကနေ ချစ်သူက ဖုန်းမကိုင်လို့ ခံစားလိုက်ရတဲ့ စိတ်အလိုမကျမှုကို ဘယ်လိုပြေလျော့အောင် ထိန်းချုပ်မလဲ ဆိုတဲ့ ပြဿနာတွေကို သေချာပေါက် ကြုံလာရမှာပါ။
ပျော်စရာတွေကိုချည်း မျှော်လင့်မထားဘဲ လက်တွေ့ကျကျ တွေးခေါ်စဉ်းစားကြပါ
ဒါတွေဟာ ချစ်သူစုံတွဲတွေတိုင်း ကြုံခဲ့၊ ကြုံနေဆဲ ကိစ္စတစ်ခု ဖြစ်သလို ချစ်သူထားမယ့် သူတွေတိုင်း ကြုံကို ကြုံရမယ့် ကိစ္စတစ်ခုပါ။ ဒါ့ကြောင့် ကိုယ့်ချစ်သူနဲ့ စချစ်ပြီဆိုကတည်းက ဒီကိစ္စတွေကို ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ ကိုယ့်ကိုယ်ကို သတိပေးထားရပါမယ်။
အများစုက ချစ်သူရတဲ့အခါ ပျော်ရွှင်ကြပြီး အနာဂတ်အတွက်လည်း ပျော်စရာတွေကိုချည်းပဲ မျှော်လင့်ထားတဲ့အတွက် တကယ်တမ်းရင်ဆိုင်ရမယ့် ပြဿနာတွေနဲ့ ကြုံတဲ့အခါ အထိနာကြရတာပါ။ ဒါကြောင့် အစကတည်းက ပျော်စရာတွေကိုချည်း မျှော်လင့်မထားဘဲ လက်တွေ့ကျကျ တွေးခေါ်စဉ်းစားကြပါလို့ Marry က အကြံပေးချင်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:marry