လူေတြဟာ တစ္ခုခုကို ဒုကၡႀကီးစြာရင္ဆိုင္ေနရတဲ့အခါမွာေတာ့ အားကိုုးရာတစ္ခုခုကို ႐ွာတတ္ၾကစၿမဲပါပဲ။ အားကိုးရာတစ္ခုခုေတြ႔ခဲ့မယ္ ၊ စိတ္ဓာတ္ခြန္အားျဖစ္ေစမယ့္အရာတစ္ခုခုသာ႐ိွေနမယ္ဆိုရင္ လူဟာကိုယ္အသက္႐ွင္ေနထိုင္ႏိုင္ဖို႔အတြက္အစြမ္းကုန္ႀကိဳးစားၾကတယ္ဆိုတာ ႐ုပ္႐ွင္ေတြသီခ်င္းေတြထဲသာမကဘဲ အျပင္လက္ေတြ႔မွာပါ ေတြ႔႐ိွႏိုင္ၾကပါတယ္။ အခုက်ေနာ္တို႔ေျပာခ်င္လြန္းလို႔ပရိသတ္ေတြကိုေျပာျပေပးခ်င္တဲ့အေၾကာင္းအရာေလးကေတာ့ အသံုးမျပဳေတာ့ ေဘာလံုးအကႌ်ေတြကို ကေလးေတြအတြက္ေဆး႐ံုဝတ္အက်ႌအျဖစ္ေျပာင္းလဲဝတ္ဆင္ေစခဲ့တဲ့ ကမ္ပိန္းေလးတစ္ခုအေၾကာင္းပဲျဖစ္ပါတယ္။

အသံုးမျပဳေတာ့တဲ့ ေဘာလံုးအကႌ်ေတြကို အြန္လိုင္း ေစ်းကြက္တခ်ိဳ႕ကေနျပန္ေရာင္းေနမယ့္အစားတစ္ေနေနရာရာမွာျပန္လည္အသံုးျပဳဖို႔ ကုမၸဏီတစ္ခုက အႀကံရသြားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ သူတို႔ဟာအႀကံကို ဘယ္ေနရာမွာအသံုးခ်ရမလဲဆိုတာကို အားသြန္ခြန္စိုက္စဥ္းစားၾကတဲ့အခါမွာ စပိန္လာလီဂါရဲ႕ထိပ္တန္းအသင္းေတြျဖစ္တဲ့ ဘာစီ၊ မက္ဒရစ္၊ တီကို တို႔ရဲ႕ အသံုးမျပဳေတာ့တဲ့ ေဘာလံုးအက်ႌအေဟာင္းေတြကို ကေလးေတြအတြက္ ေဆး႐ံုဝတ္စံုအျဖစ္လုပ္ေပးဖို႔ဆံုးျဖတ္လိုက္ၾကပါတယ္။ အဲ့ဒီစိတ္ကူးျဖစ္ပံုက ေန႔စဥ္ေဆး႐ံုေတြမွာ မ်ားစြာေသာကေလးေတြက အႏၱရာယ္ကိုရင္ဆိုင္ေနၾကပါတယ္။ သူတို႔ရဲ႕ စိတ္ကူးဟာ ေဝဒနာခံစားေနရတဲ့ကေလးေတြအတြက္ စိတ္ခြန္အားအသန္မာဆံုးအဆင့္ထိေရာက္ေအာင္ အေကာင္းဆံုးေပးႏိုင္မယ္လို႔လည္း ယံုၾကည္ထားၾကပါတယ္။

ဒီကမ္ပိန္းအတြက္ promo video ကိုလည္း စပိန္ႏိုင္ငံ မက္ဒရစ္ၿမိဳ႕မွာ႐ိွတဲ့ San Rafael ေဆး႐ံုမွာ ႐ိုက္ကူးခဲ့ၿပီး ေဝဒနာ႐ွင္ကေလးေတြကို ဘာစီလိုနာ ၊ ရီးရဲမက္ဒရစ္ နဲ႔ အက္သလက္တီကို မက္ဒရစ္ အသင္း အက်ႌေတြကို အသြင္းေျပာင္းထားတဲ့ ေဆး႐ံုအကႌ်ေတြကို ဝတ္ဆင္ထားတဲ့ကေလးေတြနဲ႔႐ိုက္ကူးခဲ့ပါတယ္။ ဒီVideo ေလးကိုေတာ့ ေန႔စဥ္ေဆး႐ံုမွာ ကေလးေတြက သူတို႔ရဲ႕အခက္ခဲဆံုးကစားပြဲေတြကို ယွဥ္ၿပိဳင္ေနၾကရပါတယ္။ ဖ်ားနာျခင္းဟာ ေၾကာက္စရာေကာင္းတဲ့ ေျခာက္လွန္႔မႈတစ္ခုပါပဲ ။ ဒါေပမယ့္ အဲ့ဒီအရာကိုက်ေနာ္တို႔ တြန္းလွန္ႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔မွာ ေဘာလံုးအကႌ်ေတြနဲ႔ဖန္တီးထားတဲ့ ေဆး႐ံုအက်ႌေတြ႐ိွေနလို႔ပါပဲဆိုတဲ့ စာသားေတြထည့္သြင္းၿပီး ႐ိုက္ကူးခဲ့တာပါ။သူနာျပဳေတြရဲ႕စကားအရဆိုရင္ ဒီအက်ႌေတြကိုဝတ္ဆင္ထားရင္ ကေလးေတြဟာ စိတ္ဖိစီးမႈေတြေလ်ာ့က်လာတယ္။ ေပ်ာ္ရႊင္စြာေတြးေခၚႏိုင္စြမ္းကိုလည္းအေထာက္ကူျပဳတယ္လို႔သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:nanmalgyi

#Unicode Version# ျဖင့္ဖတ္ပါ ။

လူတွေဟာ တစ်ခုခုကို ဒုက္ခကြီးစွာရင်ဆိုင်နေရတဲ့အခါမှာတော့ အားကိုးရာတစ်ခုခုကို ရှာတတ်ကြစမြဲပါပဲ။ အားကိုးရာတစ်ခုခုတွေ့ခဲ့မယ် ၊ စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်အရာတစ်ခုခုသာရှိနေမယ်ဆိုရင် လူဟာကိုယ်အသက်ရှင်နေထိုင်နိုင်ဖို့အတွက်အစွမ်းကုန်ကြိုးစားကြတယ်ဆိုတာ ရုပ်ရှင်တွေသီချင်းတွေထဲသာမကဘဲ အပြင်လက်တွေ့မှာပါ တွေ့ရှိနိုင်ကြပါတယ်။ အခုကျနော်တို့ပြောချင်လွန်းလို့ပရိသတ်တွေကိုပြောပြပေးချင်တဲ့အကြောင်းအရာလေးကတော့ အသုံးမပြုတော့ ဘောလုံးအင်္ကျီတွေကို ကလေးတွေအတွက်ဆေးရုံဝတ်အင်္ကျီအဖြစ်ပြောင်းလဲဝတ်ဆင်စေခဲ့တဲ့ ကမ်ပိန်းလေးတစ်ခုအကြောင်းပဲဖြစ်ပါတယ်။

အသုံးမပြုတော့တဲ့ ဘောလုံးအင်္ကျီတွေကို အွန်လိုင်း ဈေးကွက်တချို့ကနေပြန်ရောင်းနေမယ့်အစားတစ်နေနေရာရာမှာပြန်လည်အသုံးပြုဖို့ ကုမ္ပဏီတစ်ခုက အကြံရသွားပါတယ်။ အဲ့ဒီနောက်မှာတော့ သူတို့ဟာအကြံကို ဘယ်နေရာမှာအသုံးချရမလဲဆိုတာကို အားသွန်ခွန်စိုက်စဉ်းစားကြတဲ့အခါမှာ စပိန်လာလီဂါရဲ့ထိပ်တန်းအသင်းတွေဖြစ်တဲ့ ဘာစီ၊ မက်ဒရစ်၊ တီကို တို့ရဲ့ အသုံးမပြုတော့တဲ့ ဘောလုံးအင်္ကျီအဟောင်းတွေကို ကလေးတွေအတွက် ဆေးရုံဝတ်စုံအဖြစ်လုပ်ပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ အဲ့ဒီစိတ်ကူးဖြစ်ပုံက နေ့စဉ်ဆေးရုံတွေမှာ များစွာသောကလေးတွေက အန္တရာယ်ကိုရင်ဆိုင်နေကြပါတယ်။ သူတို့ရဲ့ စိတ်ကူးဟာ ဝေဒနာခံစားနေရတဲ့ကလေးတွေအတွက် စိတ်ခွန်အားအသန်မာဆုံးအဆင့်ထိရောက်အောင် အကောင်းဆုံးပေးနိုင်မယ်လို့လည်း ယုံကြည်ထားကြပါတယ်။

ဒီကမ်ပိန်းအတွက် promo video ကိုလည်း စပိန်နိုင်ငံ မက်ဒရစ်မြို့မှာရှိတဲ့ San Rafael ဆေးရုံမှာ ရိုက်ကူးခဲ့ပြီး ဝေဒနာရှင်ကလေးတွေကို ဘာစီလိုနာ ၊ ရီးရဲမက်ဒရစ် နဲ့ အက်သလက်တီကို မက်ဒရစ် အသင်း အင်္ကျီတွေကို အသွင်းပြောင်းထားတဲ့ ဆေးရုံအင်္ကျီတွေကို ဝတ်ဆင်ထားတဲ့ကလေးတွေနဲ့ရိုက်ကူးခဲ့ပါတယ်။ ဒီVideo လေးကိုတော့ နေ့စဉ်ဆေးရုံမှာ ကလေးတွေက သူတို့ရဲ့အခက်ခဲဆုံးကစားပွဲတွေကို ယှဉ်ပြိုင်နေကြရပါတယ်။ ဖျားနာခြင်းဟာ ကြောက်စရာကောင်းတဲ့ ခြောက်လှန့်မှုတစ်ခုပါပဲ ။ ဒါပေမယ့် အဲ့ဒီအရာကိုကျနော်တို့ တွန်းလှန်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့မှာ ဘောလုံးအင်္ကျီတွေနဲ့ဖန်တီးထားတဲ့ ဆေးရုံအင်္ကျီတွေရှိနေလို့ပါပဲဆိုတဲ့ စာသားတွေထည့်သွင်းပြီး ရိုက်ကူးခဲ့တာပါ။သူနာပြုတွေရဲ့စကားအရဆိုရင် ဒီအင်္ကျီတွေကိုဝတ်ဆင်ထားရင် ကလေးတွေဟာ စိတ်ဖိစီးမှုတွေလျော့ကျလာတယ်။ ပျော်ရွှင်စွာတွေးခေါ်နိုင်စွမ်းကိုလည်းအထောက်ကူပြုတယ်လို့သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top