

Credit:ရဲဇာနည်

#Unicode Version#
၂၀၁၉ ခုနှစ်၊ မေလ ၆ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ မြို့သစ်ပြည်သူ့ဆေးရုံတွင် ဓားထိုးခံရသည့် အမျိုးသမီးအလောင်း(၁)လောင်း ရောက်ရှိနေကြောင်း သတင်းအရ မြို့သစ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အုတ်ပုံရေလည်ကျေးရွာနေ ဒေါ်မာရှိန်(၄၀)နှစ်ဖြစ်ကြောင်း သိရှိရပြီး ဒေါ်မာရှိန်၏သားဖြစ်သူ နေလင်းအောင်(၂၅)နှစ်သည်

မိခင်ဖြစ်သူ ဒေါ်မာရှိန်ထံမှ ဆွဲကြိုးဖြတ် လုယူသည့်ကိစ္စအား ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်ကြားခြင်းအပေါ် မကျေနပ်၍ ဒေါ်မာရှိန်နှင့် စကားများရန်ဖြစ်စဉ် အရိုးအသွား (၁၀)လက်မ ဗျက်(၁)လက်မခန့်ရှိ ဓားဦးချွန် ဓားမြှောင်ဖြင့် ထိုးခဲ့သောကြောင့် ဒေါ်မာရှိန်တွင် ဒဏ်ရာများရရှိကာသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသောကြောင့် နေလင်းအောင် အား မြို့သစ်မြို့မရဲစခန်း(ပ)၂၂၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။



ဖိုးသူတော်(www.phothutaw.com)
Credit:ရဲဇာနည်
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top