




Credit:burmese.dvb

#Unicode Version# ဖြင့်ဖတ်ပါ ။

အမြဲတမ်း မျက်မှောင်ကြုတ်ထားလို့ စိတ်တိုနေတဲ့ပုံ ပေါက်နေတဲ့အတွက် လူမှုကွန်ရက်ပေါ်မှာ နာမည်ကျော်ကြားခဲ့တဲ့ ဂရမ်ပီ ကြောင်လေးဟာ သူ့ပိုင်ရှင်ရဲ့ လက်ပေါ် ဒီအပတ်ထဲမှာပဲ သေဆုံးသွားတယ်လို့ မိသားစုက ပြောပါတယ်။

ကြောင်လေး ဂရမ်ပီဟာ အသက် ၇ နှစ်အရွယ်မှာ သေဆုံးခဲ့တာပါ။ ဂရမ်ပီဟာ ဆီးလမ်းကြောင်း ပိုးဝင်ရာမှ ကျန်းမာရေးချူချာရင်း အင်္ဂါနေ့က သေဆုံးခဲ့တာလို့ မိသားစုက တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။

တာဒါဆော့စ်ဆိုတဲ့ နာမည်ရှင် ကြောင်လေးရဲ့ပုံကို သူ့သခင်က အင်တာနက်ပေါ် တင်ခဲ့ရာက နာမည်ကြီးလာခဲ့ပါတယ်။

မဂ္ဂဇင်းမျက်နှာဖုံးရှင်၊ ရုပ်သံကြော်ငြာ သရုပ်ဆောင်နဲ့ နောက်ဆုံးတော့ သူ့ဇာတ်လမ်းကို ရုပ်ရှင်ရိုက်တဲ့အထိ ကျော်ကြားလာခဲ့တာပါ။

ဂရမ်ပီဟာ ကမ္ဘာတလွှား သန်းနဲ့ချီတဲ့ လူတွေကို ပြုံးအောင် ကူညီနိုင်ခဲ့တယ်။ သူ့ဝိညာဉ်က ပရိသတ်နဲ့အတူ နေရာတိုင်းမှာ ဆက်ရှင်သန်နေလိမ့်မယ်လို့ မိသားစုက လူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.dvb
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top