{ဆုေတာင္းျခင္းႏွင့္ ဗုဒၶဘာသာ}

နိုင္ငံျခား တရားပြဲတစ္ခုတြင္ “ဗုဒၶဘာသာဝင္ေတြဟာ ကုသိုလ္ေကာင္းမႈ တစ္ခုခုျပဳျပီးလ်ွင္ ဆုမေတာင္းဘူးလားဟု” ေမးသည္။

ထိုအခါ ဆရာေတာ္က “ဗုဒၶဘာသာမွာ ဆုေတာင္းမႈရွိတာေပါ့” ဟု ေျဖၾကားသည္။

ထိုသို႕ ေျဖၾကားျပီးေနာက္ “ဗုဒၶဘာသာတို႕ရဲ႕ ဆုေတာင္းဆိုတာဟာ တန္ခိုးရွင္ တစ္ေယာက္ထံမွာေတာင္းတ့ဲ ဆုမိ်ဳးလည္း မဟုတ္ဘူး။

ေကာင္းကင္ဘုံက တစ္စုံတစ္ေယာက္ထံမွာ ေတာင္းတာမ်ိဳးလည္း မဟုတ္ဘူး၊ ဘုရားရွင္ကိုယ္ေတာ္ျမတ္ထံက ဆုေတာင္းတာလည္း မဟုတ္ဘူး။

ဗုဒၶဘာသာတို႕ရဲ႕ ဆုေတာင္းက ဒါန၊ သီလ၊ သမာဓိ၊ ပညာ၊ အဲဒီ ေကာင္းမႈေလးမ်ိဳး တစ္မိ်ဳးမိ်ဳး ျပဳက်င့္ျပီးရင္ ကိုယ္လုပ္ထားတ့ဲ ေကာင္းမႈအားေလ်ာ္စြာ ရထိုက္တ့ဲ အခြင့္အေရးကို ကိုယ့္ဘာသာ ကိုေတာင္းတာ။

ကိုယ္က်င့္ထားတ့ဲ အက်င့္အားေလ်ာ္စြာ ရထိုက္တ့ဲ အခြင့္အေရးကို ေတာင္းတာ။ ေတာင္းတာက တစ္စုံတစ္ေယာက္က ေပးမွာကို ေမ်ွာ္လင့္ျပီးေတာ့ ေတာင္းေနတာ မဟုတ္ဘူး။

ကိုယ့္လုပ္အားအတိုင္း ကိုယ္ျဖစ္ခ်င္တာကို ဖြင့္ထုတ္ျပီးေတာ့ ေတာင္းဆိုျခင္းပါပဲ။ ကိုယ္က်င့္ထားတ့ဲ အက်င့္အားေလ်ာ္စြာ ကိုယ္ရထိုက္တ့ဲ ရခ်င္တ့ဲဆႏၵကုိ ေဖာ္က်ဴးလိုက္တာပါပဲ” ဟုေျဖၾကားခ့ဲသည္။

ထိုအေျဖကို ေမးျမန္းသူတို႕မ်ားစြာ ႏွစ္သက္ၾကသည္။ သေဘာက်ၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:(သီတဂူဆရာေတာ္ ေဒါက္တာအရွင္ဉာဏိႆရ၏ ဘဝျဖစ္စဥ္အက်ဥ္း စာအုပ္ စာ ၉၉)
# Unicode Version # ျဖင့္ ဖတ္ပါ #

{ဆုတောင်းခြင်းနှင့် ဗုဒ္ဓဘာသာ}

နိုင်ငံခြား တရားပွဲတစ်ခုတွင် “ဗုဒ္ဓဘာသာဝင်တွေဟာ ကုသိုလ်ကောင်းမှု တစ်ခုခုပြုပြီးလျှင် ဆုမတောင်းဘူးလားဟု” မေးသည်။

ထိုအခါ ဆရာတော်က “ဗုဒ္ဓဘာသာမှာ ဆုတောင်းမှုရှိတာပေါ့” ဟု ဖြေကြားသည်။

ထိုသို့ ဖြေကြားပြီးနောက် “ဗုဒ္ဓဘာသာတို့ရဲ့ ဆုတောင်းဆိုတာဟာ တန်ခိုးရှင် တစ်ယောက်ထံမှာတောင်းတဲ့ ဆုမျိုးလည်း မဟုတ်ဘူး။

ကောင်းကင်ဘုံက တစ်စုံတစ်ယောက်ထံမှာ တောင်းတာမျိုးလည်း မဟုတ်ဘူး၊ ဘုရားရှင်ကိုယ်တော်မြတ်ထံက ဆုတောင်းတာလည်း မဟုတ်ဘူး။

ဗုဒ္ဓဘာသာတို့ရဲ့ ဆုတောင်းက ဒါန၊ သီလ၊ သမာဓိ၊ ပညာ၊ အဲဒီ ကောင်းမှုလေးမျိုး တစ်မျိုးမျိုး ပြုကျင့်ပြီးရင် ကိုယ်လုပ်ထားတဲ့ ကောင်းမှုအားလျော်စွာ ရထိုက်တဲ့ အခွင့်အရေးကို ကိုယ့်ဘာသာ ကိုတောင်းတာ။

ကိုယ်ကျင့်ထားတဲ့ အကျင့်အားလျော်စွာ ရထိုက်တဲ့ အခွင့်အရေးကို တောင်းတာ။ တောင်းတာက တစ်စုံတစ်ယောက်က ပေးမှာကို မျှော်လင့်ပြီးတော့ တောင်းနေတာ မဟုတ်ဘူး။

ကိုယ့်လုပ်အားအတိုင်း ကိုယ်ဖြစ်ချင်တာကို ဖွင့်ထုတ်ပြီးတော့ တောင်းဆိုခြင်းပါပဲ။ ကိုယ်ကျင့်ထားတဲ့ အကျင့်အားလျော်စွာ ကိုယ်ရထိုက်တဲ့ ရချင်တဲ့ဆန္ဒကို ဖော်ကျူးလိုက်တာပါပဲ” ဟုဖြေကြားခဲ့သည်။

ထိုအဖြေကို မေးမြန်းသူတို့များစွာ နှစ်သက်ကြသည်။ သဘောကျကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:(သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ၏ ဘဝဖြစ်စဉ်အကျဉ်း စာအုပ် စာ ၉၉)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top