20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×

ထိုင္းႏိုင္ငံ ဖီခ်စ္စီရင္စုနယ္ေျမရဲတပ္ဖြဲ႔သည္ သူငယ္ခ်င္းျဖစ္သူကို သတ္ျဖတ္ကာ ထြက္ေျပးတိမ္းေရွာင္ေနသည့္ ျမန္မာအလုပ္သမား ေလးဦးကို ဖမ္းဆီးလိုက္ႏိုင္ၿပီျဖစ္ေၾကာင္း The Bangkok Post က ေဖာ္ျပထားသည္။

ဖီခ်စ္ရဲတပ္ဖြဲ႕အႀကီးအကဲ ဗိုလ္ခ်ဳပ္ သာဝတ္ခ်ိဳင္းသည္ ရဲတပ္ဖြဲ႔ႏွင့္ လူ၀င္မႈႀကီးၾကပ္ေရးဌာနမွ အရာရွိမ်ား ပါ၀င္ေသာ အဖြဲ႔တစ္ခုကို ဖြဲ႔စည္းကာ တရားခံမ်ား ဖမ္းဆီးရမိႏိုင္ေရးကို အပူတျပင္း ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး တရားခံမ်ားကို ျပစ္မႈက်ဴးလြန္ၿပီးေနာက္ ငါးရက္အၾကာတြင္ ကမ္ဖမ္းဖက္စီရင္စုနယ္ေျမ၌ ဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္သည္ဟု ဗိုလ္ခ်ဳပ္ သာဝတ္ခ်ိဳင္းက ထုတ္ေဖာ္ေျပာၾကားသြားခဲ့သည္။

ဗိုလ္ခ်ဳပ္ သာ၀တ္ခ်ိဳင္းသည္ ကမ္ဖမ္းဖက္စီရင္စုနယ္ေျမ တာဝန္ရွိသူမ်ားႏွင့္ ပူးေပါင္း၍ စီရင္စုနယ္ေျမႏွစ္ခု ပိတ္ဆို႔ကာ တရားခံမ်ားကို ပိုက္စိပ္တိုက္ ရွာေဖြခဲ့ျခင္းျဖစ္ၿပီး တရားခံမ်ားအနက္မွ သုံးဦးကို ကမ္ဖမ္းဖက္စီရင္စုနယ္ေျမ ခလုန္းခန္းခ႐ိုင္ရွိ ႀကံစိုက္ခင္းတစ္ခုတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္ သာ၀တ္ခ်ိဳင္းက ရွင္းျပသြားခဲ့သည္။

ရင္၊ ေခ်ာႏွင့္ ေအအိုဟု ထိုင္းရဲတပ္ဖြဲ႔က သတင္းထုတ္ျပန္ေပးထားေသာ ျမန္မာအလုပ္သမား တရားခံသုံးဦးသည္ ႀကံစိုက္ခင္းအတြင္း ဝင္ေရာက္ပုန္းေအာင္းေနခဲ့ၾကျခင္းျဖစ္ၿပီး ၎တို႔သုံးဦး၏ ထုတ္ေဖာ္ေျပာၾကားခ်က္မ်ားအရ ဇူရင္အမည္ရ စတုတၳေျမာက္ တရားခံကို ေနာက္ပိုင္းတြင္ ဖီခ်စ္စီရင္စုနယ္ေျမရဲတပ္ဖြဲ႔က ဆက္လက္ဖမ္းဆီးႏိုင္ခဲ့သည္။

တရားခံေလးဦးသည္ ၎တို႔၏သူငယ္ခ်င္းျဖစ္သူ ဦးေမာင္ဦးကို လြန္ခဲ့သည့္ ေမလ ၁၀ ရက္ေန႔ ညေန ငါးနာရီအခ်ိန္တြင္ ဝိုင္း၀န္းသတ္ျဖတ္လိုက္ၾကျခင္းျဖစ္ၿပီး ဦးေမာင္ဦးမွာ ဖီခ်စ္စီရင္စုနယ္ေျမ ပရာသတ္ခ်န္းခ႐ိုင္ ႏိုအင္ဆာဝမ္းေဒသရွိ ႀကံစိုက္ခင္းတြင္ ဝင္ေရာက္အလုပ္လုပ္ကိုင္ေနသူျဖစ္သည္။

တရားခံေလးဦးႏွင့္ အသတ္ခံရသူ ဦးေမာင္ဦးတို႔သည္ လုပ္ငန္းမ်ားသိမ္းဆည္းၿပီးေနာက္ ၎တို႔ေနထိုင္ရာ အလုပ္သမားတန္းလ်ားတြင္ အရက္အတူထိုင္ေသာက္ေနစဥ္တြင္ ဦးေမာင္ဦးက ဇူရင္၏ဇနီးျဖစ္သူႏွင့္ လိင္ဆက္ဆံလိုေၾကာင္း ေျပာၾကားလာသည့္အတြက္ ဇူရင္အပါအ၀င္ က်န္အလုပ္သမားသုံးဦးက ေဒါသေပါက္ကြဲကာ ၎ကို ထိုးႀကိတ္႐ိုက္ႏွက္၍ အဆုံးသတ္တြင္ ကတ္ေၾကးျဖင့္ ထိုးသတ္လိုက္ျခင္းျဖစ္သည္။

ျပစ္မႈက်ဴးလြန္ခဲ့သူ ျမန္မာအလုပ္သမားေလးဦးသည္ ဦးေမာင္ဦး၏အေလာင္းကို လမ္းေဘးရွိ သစ္ပင္တစ္ခု၏ေအာက္တြင္ စြန႔္ပစ္ခဲ့ၿပီးေနာက္ ကမ္ဖမ္းဖက္စီရင္စုနယ္ေျမသို႔ ထြက္ေျပးသြားခဲ့ၾကျခင္းျဖစ္သည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoicemyanmar

#Unicode Version#
ထိုင်းနိုင်ငံ ဖီချစ်စီရင်စုနယ်မြေရဲတပ်ဖွဲ့သည် သူငယ်ချင်းဖြစ်သူကို သတ်ဖြတ်ကာ ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာအလုပ်သမား လေးဦးကို ဖမ်းဆီးလိုက်နိုင်ပြီဖြစ်ကြောင်း The Bangkok Post က ဖော်ပြထားသည်။

ဖီချစ်ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ် သာဝတ်ချိုင်းသည် ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိများ ပါဝင်သော အဖွဲ့တစ်ခုကို ဖွဲ့စည်းကာ တရားခံများ ဖမ်းဆီးရမိနိုင်ရေးကို အပူတပြင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တရားခံများကို ပြစ်မှုကျူးလွန်ပြီးနောက် ငါးရက်အကြာတွင် ကမ်ဖမ်းဖက်စီရင်စုနယ်မြေ၌ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ် သာဝတ်ချိုင်းက ထုတ်ဖော်ပြောကြားသွားခဲ့သည်။

ဗိုလ်ချုပ် သာဝတ်ချိုင်းသည် ကမ်ဖမ်းဖက်စီရင်စုနယ်မြေ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စီရင်စုနယ်မြေနှစ်ခု ပိတ်ဆို့ကာ တရားခံများကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ခြင်းဖြစ်ပြီး တရားခံများအနက်မှ သုံးဦးကို ကမ်ဖမ်းဖက်စီရင်စုနယ်မြေ ခလုန်းခန်းခရိုင်ရှိ ကြံစိုက်ခင်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ် သာဝတ်ချိုင်းက ရှင်းပြသွားခဲ့သည်။

ရင်၊ ချောနှင့် အေအိုဟု ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပေးထားသော မြန်မာအလုပ်သမား တရားခံသုံးဦးသည် ကြံစိုက်ခင်းအတွင်း ဝင်ရောက်ပုန်းအောင်းနေခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့သုံးဦး၏ ထုတ်ဖော်ပြောကြားချက်များအရ ဇူရင်အမည်ရ စတုတ္ထမြောက် တရားခံကို နောက်ပိုင်းတွင် ဖီချစ်စီရင်စုနယ်မြေရဲတပ်ဖွဲ့က ဆက်လက်ဖမ်းဆီးနိုင်ခဲ့သည်။

တရားခံလေးဦးသည် ၎င်းတို့၏သူငယ်ချင်းဖြစ်သူ ဦးမောင်ဦးကို လွန်ခဲ့သည့် မေလ ၁၀ ရက်နေ့ ညနေ ငါးနာရီအချိန်တွင် ဝိုင်းဝန်းသတ်ဖြတ်လိုက်ကြခြင်းဖြစ်ပြီး ဦးမောင်ဦးမှာ ဖီချစ်စီရင်စုနယ်မြေ ပရာသတ်ချန်းခရိုင် နိုအင်ဆာဝမ်းဒေသရှိ ကြံစိုက်ခင်းတွင် ဝင်ရောက်အလုပ်လုပ်ကိုင်နေသူဖြစ်သည်။

တရားခံလေးဦးနှင့် အသတ်ခံရသူ ဦးမောင်ဦးတို့သည် လုပ်ငန်းများသိမ်းဆည်းပြီးနောက် ၎င်းတို့နေထိုင်ရာ အလုပ်သမားတန်းလျားတွင် အရက်အတူထိုင်သောက်နေစဉ်တွင် ဦးမောင်ဦးက ဇူရင်၏ဇနီးဖြစ်သူနှင့် လိင်ဆက်ဆံလိုကြောင်း ပြောကြားလာသည့်အတွက် ဇူရင်အပါအဝင် ကျန်အလုပ်သမားသုံးဦးက ဒေါသပေါက်ကွဲကာ ၎င်းကို ထိုးကြိတ်ရိုက်နှက်၍ အဆုံးသတ်တွင် ကတ်ကြေးဖြင့် ထိုးသတ်လိုက်ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်ခဲ့သူ မြန်မာအလုပ်သမားလေးဦးသည် ဦးမောင်ဦး၏အလောင်းကို လမ်းဘေးရှိ သစ်ပင်တစ်ခု၏အောက်တွင် စွန့်ပစ်ခဲ့ပြီးနောက် ကမ်ဖမ်းဖက်စီရင်စုနယ်မြေသို့ ထွက်ပြေးသွားခဲ့ကြခြင်းဖြစ်သည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thevoicemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top