” နည္​းနည္​း​ေလးခ်စ္​တာ မ​ေလာက္​လို႔ မ်ားမ်ားႀကီးခ်စ္​ပါဦးလို႔  ဒီလို​ေျပာတဲ့အခ်စ္​ကို တို႔က နာမည္​​ေလးတစ္​ခု​ေပးမယ္​ ၾကားလား “

​ေရာင္​စံု ဆက္​လိုက္​မီးမ်ားၾကား ခုန္​​ေပါက္​လႈပ္​႐ွားကာ သီခ်င္​းသီဆို​ေန​ေသာ ဇာတ္​သမ​ေလးသည္​ လွပႂကြရြ ျခင္​းႏွင္​့အတူ ပြဲၾကည့္​ပရိတ္​သတ္​မ်ားအား အျပည္​့အဝ ဖမ္​းစားထားႏိုင္​​ေလသည္​။

​ေပါင္​လယ္​​ေလာက္​သာ႐ွိသည္​့ စကပ္​ကို ပုခံုးတစ္​ဖက္​တြင္​ ႀကိဳးတစ္​​ေခ်ာင္​းသာ ဆိုင္​းထား​ေသာ လက္​ျပတ္​ကိုယ္​က်ပ္​ အက်ႌ အနက္​​ေရာင္​​ေလးျဖင္​့ တြဲဖက္​ကာ ဝတ္​ဆင္​ထား သျဖင္​့ သူမ၏ ခႏၶာကိုယ္​​ေကာက္​​ေၾကာင္​းမ်ားက မီး​ေရာင္​
​ေအာက္​တြင္​ ထင္​း​ေနသည္​။

​ေရႊဝါ​ေရာင္​​ေတာက္​​ေနသည္​့ ဆံပင္​မတိုမ႐ွည္​အား ထိပ္​​ေပၚတြင္​ စုကာ စည္​း​ေႏွာင္​ထားသျဖင္​့ ​ေခါင္​းရမ္​းလိုက္​တိုင္​း
ဆံႏြယ္​မွ်င္​မ်ား ကခုန္​​ေနၾကသည္​။လ​ေရာင္​​ေအာက္​႐ွိ ပြဲခင္​းတစ္​ခုလံုး၏ အာရံုအား ဖမ္​းစားထားႏိုင္​ျခင္​းမွာ သူမ၏ ဆု​ေတာင္​း​ေကာင္​းခဲ့မႈလားမသိ။

ပြဲခင္​း​ေ႐ွ႕႐ွိ ဇာတ္​စင္​​ေထာင္​့တစ္​ဖက္​တစ္​ခ်က္​တြင္​ အရြယ္​စံုကာလသားမ်ား စည္​းလြတ္​ဝါးလြတ္​ ကခုန္​​ေပ်ာ္​ျမဴး​ေနၾကသည္​။” ကိုကိုခ်စ္​​ေရ …. “” ​ေဟ …… “” ကိုကို႔ခ်စ္​ေရ …. “” ​ေဟ … “မင္​းသမီးႏွင္​့ ကာလသားမ်ား အ​ေပးအယူတည္​့​ေနၾကသည္။

ဇာတ္​ပြဲၾကည္​့႐ႈရာတြင္​ စတိတ္​႐ိႈးကဏၭသည္​လူငယ္​ကာလသားမ်ား အထူးႏွစ္​ၿခိဳက္​ရသည္​့အစီအစဥ္​တစ္​ခုပင္​ မဟုတ္​ပါလား။မၾကာမီ စတိတ္​႐ိႈးကဏၭၿပီးဆံုးကာ ကားလက္​ကာႀကီးပိတ္​သြား​ေသာ္​ လူရြယ္​မ်ား၏ မတင္​မက်​ေအာ္​ဟစ္​သံမ်ားႏွင္​့အတူ ဇာတ္​စင္​​ေထာင္​့မွလူစုမ်ား လႈပ္​လႈပ္​႐ွား႐ွားျဖစ္​ကုန္​ၾကသည္​။

စတိတ္​႐ိႈးၿပီး​ေသာ္​ ျပဇာတ္​လာမည္​မို႔ တင္​ဆက္​မည္​့စင္​တင္​ျပဇာတ္​အ​ေၾကာင္​းအား ထံုးစံအတိုင္​း ​ေၾကျငာ​ေလသည္​။” ​ေဟ့​ေရာင္​ ႏိုင္​စိုး .. လိမ္​့မယ္​ “မာဂ ႏိုင္​စိုး၏ပုခံုးအားပုတ္​ကာ သတိ​ေပးလိုက္​သည္​။

” ​ေအး … ဟို​ေကာင္​​ေရာ … “” ကြမ္​းထုပ္​ဖို႔ သြားႏွင္​့ၿပီ “” ​ေအး​ေလ … ဒါဆိုလည္​း သြားၾကစို႔ “မာဂႏွင္​့ႏိုင္​စိုးတို႔ တစ္​​ေယာက္​ပုခုံးတစ္​​ေယာက္​ဖက္​ကာ လူအုပ္​ထဲမွ တိုးထြက္​၍ ဆိုင္​တန္​းမ်ား႐ွိရာသို႔ ​ေလွ်ာက္​
လာခဲ့ၾကသည္​။

ျပဇာတ္​မစ​ေသးသျဖင္​့ ဆိုင္​တန္​းမ်ားတြင္​ လူမ်ားစည္​ကား​ေနသည္​။ကြမ္​းယာဆိုင္​တစ္​ဆိုင္​အ​ေရာက္​တြင္​ အသင္​့​ေစာင္​့​ေန​ေသာလင္​း​ေအာင္​ႏွင္​့​ေတြ႔သည္​။” ၿပီးၿပီလား လင္​း​ေအာင္​ “” ​ေအး .. ျပန္​ၾက​ေတာ့မလို႔လား “” ျပန္​မယ္​​ေလ … အင္​း .. ခုမွ ႏွစ္​နာရီပဲ ႐ွိ​ေသးတယ္​ …ဆိုင္​ဝင္​ဦးမလား “မာဂ လက္​မွနာရီၾကည္​့ကာ​ေျပာ​ေသာ္​ လင္​း​ေအာင္​ႏွင္​့ႏိုင္​စိုးတို႔ တစ္​​ေယာက္​မ်က္​ႏွာတစ္​​ေယာက္​ ၾကည္​့လိုက္​ၾကသည္​။

” ငါ​ေတာ့ သိပ္​စိတ္​မပါဘူး .. အရမ္​း​ေအးလို႔ ​ေကြးခ်င္​​ေနၿပီ … လင္​း​ေအာင္​ .. မင္​း​ေရာ ဘယ္​လိုလဲ “” အဲ့လိုဆို ပါဆယ္​ဆြဲခဲ့ရ​ေအာင္​ … ျပန္​ရင္​း​ေမာ့တာ​ေပါ့ကြာ “” ​ေအးကြာ .. ဒါဆိုလည္​း မ်ားမ်ားသာ ဆြဲခဲ့ …အိမ္​​ေရာက္​မွ အဝကစ္​​ေတာ့မယ္​ “ထို႔​ေနာက္​ သံုး​ေယာက္​သား ဘီယာဆိုင္​သို႔ဝင္​ကာဘီယာဘူးအခ်ိဳ႕ႏွင္​့ အျမည္​းအျဖစ္​ အမဲ​ေၾကာ္​ႏွင္​့ၾကက္​ကင္​မ်ား ဝယ္​ၾကသည္​။

ၿပီးသည္​ႏွင္​့ ပြဲ​ေဈးအလြန္​တြင္​ ရပ္​ထား​ေသာ ဆိုင္​ကယ္​႐ွိရာသို႔ ​ေလွ်ာက္​လာခဲ့ၾကသည္​။” ႏိုင္​စိုး.. မင္​း​ေမာင္​းကြာ .. ငါနဲ႔မာဂ နဲနဲ​ေမာ့ခ်င္​လို႔ “ဆိုင္​ကယ္​တစ္​စီးအား သံုး​ေယာက္​စီးမည္​မို႔ မာဂႏွင္​့လင္​း​ေအာင္​မွာ ဘီယာ​ေသာက္​မည္​့အစီအစဥ္​​ေၾကာင္​့ႏိုင္​စိုးအား ​ေမာင္​းခိုင္​းျခင္​းျဖစ္​သည္​။

” ​ေအးပါကြာ .. တက္​ၾက .. “ထို႔​ေနာက္​ သူတို႔၏ဆိုင္​ကယ္​​ေလးသည္​ ​ေဆာင္​းည၏ အ​ေအးထုအား ထိုးခြဲကာ လမ္​းမႀကီးအတိုင္​း ​ေျပး​ေနသည္​။တန္​​ေဆာင္​မုန္​းလျပည္​့ညမို႔ အ​ေနာက္​ယြန္​းယြန္​းဆီတြင္​ လမင္​းႀကီး ဝင္​့ထည္​စြာ ႐ွိ​ေနသည္​။

သူတို႔သည္​ အျခားရြာမွ လာ​ေရာက္​၍ ဇာတ္​ပြဲၾကည္​့႐ႈၾကျခင္​း ျဖစ္​ၿပီး ဇာတ္​ကသည္​့ရြာမွ သူတို႔​ေနထိုင္​ရာရြာသို႔ျပန္​ရန္​ နာရီ
ဝက္​သာသာ ဆိုင္​ကယ္​​ေမာင္​းရသည္​။​ေက်ာက္​ၾကမ္​းလမ္​းျဖစ္​သည္​့အျပင္​ လမ္​းအနည္​းငယ္​ဆိုးသျဖင္​့ ႏိုင္​စိုးတစ္​​ေယာက္​ ဆိုင္​ကယ္​ကို သတိျဖင္​့​ေမာင္​း​ေနရသည္​။

မာဂႏွင္​့ လင္​း​ေအာင္​မွာ ဘီယာတစ္​ဘူး​ေဖာက္​ကာ တစ္​လွည္​့စီေသာက္​ရင္​း စကားတစ္​​ေျပာ​ေျပာျဖင္​့ ဆိုင္​ကယ္​​ေနာက္​မွ
လိုက္​ပါလာသည္​။

လမ္​းတြင္​ ရြာဆက္​မ႐ွိဘဲ ​ေတာေတာင္​၊ စိုက္​ခင္​း၊ ကြင္​းျပင္​ႏွင္​့ ကုန္​းကမူမ်ားသာ ႐ွိသျဖင္​့ အခ်ိဳ႕​ေနရာမ်ားတြင္ သိသိသာသာပင္​ အ​ေမွာင္​ရိပ္​မ်ား ပုန္​းခို​ေနၾကသည္​။

” ဟာ .. ” ဟိုး .. ဟိုး .. “ဆိုင္​ကယ္​​ ခါရမ္​းသြားသျဖင္​့ မာဂႏွင္​့ လင္​း​ေအာင္​တို႔၏ အသံမ်ား​ထြက္​​ေပၚလာၿပီး ႏိုင္​စိုးလည္​း ဆိုင္​ကယ္​ကို အခ်ိန္​မီပင္​ ရပ္​တန္​႔လိုက္​လိုက္​သည္​။” ​ေတာက္​ .. ဘီး​ေပါက္​ၿပီကြ “သံုး​ေယာက္​လံုး ဆိုင္​ကယ္​​ေပၚမွ ဆင္​းလိုက္​ၾကသည္​။

” အ​ေရးထဲမွကြာ .. ရြာ​ေရာက္​ဖို႔ကလည္​း လို​ေသးတယ္​ …ဘယ္​လိုလုပ္​ၾကမလဲ “လင္​း​ေအာင္​ကဲ့သို႔ပင္​ က်န္​ႏွစ္​​ေယာက္​မွာလည္​း စိတ္​ပ်က္​သြားၾကသည္​။” ခုမွ​ေတာ့ ဘာမွလုပ္​လို႔မရဘူး​ေလ .. တြန္​းျပန္​ရံုပဲ႐ွိ​တာ​ေပါ့ ရြာအဝင္​က ကိုမဲႀကီးဆီ​ေရာက္​မွ ဖာရမွာ “” ကိုမဲႀကီးဆိုင္​​ေရာက္​ဖို႔က မနည္​းႀကီး ​ေလွ်ာက္​ရဦးမွာကြ …”” ​ေလွ်ာက္​တာ​ေပါ့ကြာ .. ဘာျဖစ္​လဲ .. လသာ​ေနတာပဲ “” ဒါ သဖန္​းပင္​​ေကြ႔မဟုတ္​လား “ႏိုင္​စိုး ပတ္​ဝန္​းက်င္​ကို တစ္​ခ်က္​ၾကည္​့ကာ ​ေမးလိုက္​ျခင္​းျဖစ္​သည္​ ။

သဖန္​းပင္​​ေကြ႔ဆိုသည္​မွာ အရပ္​အ​ေခၚျဖစ္​ၿပီး ထို​ေနရာအ​ေရာက္​တြင္​ လမ္​းသည္​ သိသိသာသာ ​ေကြ႔သြားကာ လမ္​း​ေဘးတစ္​​ေနရာတြင္​ သဖန္​းပင္​ႀကီးတစ္​ပင္​​ေပါက္​​ေနသည္​ကို အစြဲျပဳ၍ အမွတ္​အသားတစ္​ခုအျဖစ္​ ​ေခၚ​ေဝၚခဲ့ရာမွ ထိုသို႔အမည္​တြင္​​ေနျခင္​း ျဖစ္​​ေလသည္​။” ဟုတ္​တယ္​​ေလ … ဘာလို႔လဲ “မာဂ လက္​က်န္​ဘီယာကို​ေမာ့ကာ ဘီယာဘူးအခြံအား လမ္​း​ေဘးသို႔ ပစ္​​ေပါက္​ရင္​း ျပန္​​ေမး​ေလသည္​။

” ဒါဆို သိပ္​မ​ေလွ်ာက္​ရ​ေတာ့ဘူး​ေလ .. သဖန္​းပင္​​ေကြ႔ပီးရင္​ လက္​ပံပင္​ .. လက္​ပံပင္​​ေက်ာ္​ရင္​ ရြာသခ်ဳႋင္​း .. ရြာသခ်ဳႋင္​း
​လြန္​တာနဲ႔ ရြာ​ေရာက္​ၿပီ​ေလ “” ဒါ​ေတာ့ မင္​း​ေျပာမွလားကြ … လာ လာ .. စကားမ်ားမ​ေနနဲ႔ ..သြားၾကမယ္​ “​ေျပာ​ေျပာဆိုပင္​ လင္​း​ေအာင္​သည္​ ဘီယာဘူးႏွင္​့အျမည္​းမ်ားထည္​့ထား​ေသာအိတ္​ကိုဆြဲကာ ​ေ႐ွ႕မွ ခ်ီတက္​သြားသျဖင္​့ မာဂလည္​း လင္​း​ေအာင္​​ေနာက္​မွ လိုက္​သြား​ေလသည္​။

” ဟာ .. ​ေဟ့​ေရာင္​​ေတြ .. ဆိုင္​ကယ္​တြန္​းကူၾကဦး​ေလ .. ဒါႀကီးကို ငါ့တစ္​​ေယာက္​တည္​း တြန္​းရမွာလား “” လက္​ပံပင္​​ေရာက္​ရင္​ မင္​းတာဝန္​​ေက်ၿပီ .. တြန္​းခဲ့ပါကြာ “မာဂ၏ စကား​ေၾကာင္​့ ႏိုင္​စိုးလည္​း အတြန္​႔မတက္​​ေတာ့ဘဲဆိုင္​ကယ္​တြန္​းကာ ​ေနာက္​မွ​လိုက္​လာ​ေလသည္​။

သံုး​ေယာက္​သား စကားတ​စ္​​ေျပာ​ေျပာျဖင္​့ ​ေလွ်ာက္​လာရာ မၾကာမီ လက္​ပံပင္​ဟု ​ေခၚဆို​ေသာ ႏွစ္​ခ်ိဳ႕လက္​ပံပင္​ႀကီး ​ေအာက္​သို႔ေရာက္​လာသျဖင္​့ ဆိုင္​ကယ္​အား မာဂမွ တစ္​လွည္​့ တြန္​း​ေလသည္​။

ထိုမွ အတန္​ငယ္​ဆက္​​ေလွ​်ာက္​​ေသာ္​ လ​ေရာင္​​ေအာက္​တြင္​ ထီးထီးႀကီး ျဖစ္​​ေနကာ ရြာသခ်ဳႋင္​း၏ အမွတ္​အသားတစ္​ခုျဖစ္​​ေသာ ​ေညာင္​မုတ္​ဆိတ္​ပင္​ႀကီးအား စိတၱဇဆန္​ဆန္​ ျမင္​​ေတြ႔လိုက္​ရသည္​။

လ​ေရာင္​မွိန္​မွိန္​​ေအာက္​တြင္​ ည​ေလ​ေအးတို႔က က်ီစယ္​ကစားေနျဖင္​့ ​ေညာင္​မုတ္​ဆိတ္​ပင္​ႀကီးဆီမွ တြဲရရြဲက်​ေန​ေသာ မုတ္​ဆိတ္​သဖြယ္​ အျမစ္​မ်ားမွာ ​ေလးတြဲစြာ လႈပ္​ရမ္​း​ေနၾကသည္​။

​ေညာင္​မုတ္​ဆိတ္​ပင္​ႀကီး​ေအာက္​မွ ညိဳမည္​းမည္​းဇရပ္​အို​ေလး ကိုလည္​း အထင္​းသား​ေတြ႔ျမင္​​ေနရသည္​။” ​ေဟ့​ေရာင္​​ေတြ … ဇရပ္​မွာခဏနား​ရ​ေအာင္​ … “မာဂမွ စတင္​​ေဆာ္​ျသလိုက္​သည္​။” ​ေကာင္​းတာ​ေပါ့ .. မီးလွံုရင္​း ဘီယာ​ေသာက္​မယ္​ကြာ …လမ္​း​ေလွ်ာက္​ရတာ ​ေညာင္​းလာၿပီ “လင္​း​ေအာင္​ကပါ ​ေထာက္​ခံ​ေလသည္​။

” ဟာ .. မင္​းတို႔ကလည္​းကြာ .. သခ်ဳႋင္​းကုန္​းႀကီးထဲမွာ…မ​ေကာင္​းပါဘူးကြာ .. အိမ္​​ေရာက္​မွ​ေသာက္​ၾကစမ္​းပါ “ႏိုင္​စိုးမွာ သုႆန္​ထဲသို႔ ဝင္​​ေရာက္​လိုဟန္​မ႐ွိ​ေခ်။” ဘာလဲ ႏိုင္​စိုး .. မင္​းက​ေၾကာက္​လို႔လား “လင္​း​ေအာင္​မွ မခံခ်င္​​ေအာင္​​ ခပ္​​ေထ့​ေထ့​ေျပာလိုက္​သည္​။” ဟ .. ငါက ဘာကို​ေၾကာက္​ရမွာလဲ .. ဘာကိုမွမ​ေၾကာက္​ဘူး .. အိပ္​ခ်င္​တာတစ္​ခုပဲ႐ွိတယ္​ “

” အိပ္​ခ်င္​ရင္​ ဇရပ္​​ေပၚအိပ္​​ေပါ့ကြ .. ​ေအးမွာလည္​းမပူနဲ႔ …မီး​ေမႊး​ေပးမယ္​ “ႏိုင္​စိုးတစ္​​ေယာက္​ ျငင္​းရန္​ခက္​သြားသည္​။အခ်ိန္​မွာ ညဥ္​့အလြန္​ ၃ နာရီဝန္​းက်င္​ခန္​႔႐ွိၿပီမို႔ လမင္​းႀကီးမွာလည္​း အ​ေတာ္​ပင္​ တိမ္​း​ေစာင္​း​ေန​ေလၿပီ။ သို႔​ေသာ္​ သာျမဲပင္​။သူတို႔သံုး​ေယာက္​သည္​ ဆယ္​​ေက်ာ္​သက္​လူငယ္​မ်ားျဖစ္​သည္​့အျပင္​ ပညာ​ေရးအ​ေျခအ​ေနအရ ၿမိဳ႕႐ွိ​ေဆြမ်ိဳးမ်ားထံတြင္​သာအ​ေနမ်ားကာ ​ေခတ္​စ႐ိုက္​မ်ားလႊမ္​းမိုးထားသည္​မို႔ သရဲ တ​ေစၧမ်ားအား ယံုၾကည္​မႈမ႐ွိၾက​ေပ။

ထို႔ျပင္​ ​ေ႐ွး​ေဟာင္​းအယူအဆမ်ား သက္​ဝင္​မႈ​ေခါင္​းပါးကာ လုပ္​သင္​့သည္​ မလုပ္​သင္​့သည္​ကိုလည္​း ​ေဝဖန္​ပိုင္​းျခားႏိုင္​ျခင္​းမ႐ွိ​ေခ်။နာနာဘာဝ ပရ​ေလာကဟူသည္​မွာ သူတို႔အဖို႔​ေလွာင္​​ေျပာင္​ဟားတိုက္​ဖြယ္​ရာအျဖစ္​သာ ခံယူထားၾကသူမ်ား​ေပမို႔ လူငယ္​မ်ားၾကားတြင္​ သရဲ​ေၾကာက္​သည္​ဟု အထင္​ခံရမည္​ကို ​ေသမ​ေလာက္​ပင္​ ​႐ွက္​ရြံ႔သူမ်ားျဖစ္​ၾကသည္​။​အဆံုးတြင္​ ႏိုင္​စိုးတစ္​​ေယာက္​ မျငင္​းသာ​ေတာ့ဘဲ မာဂတို႔ႏွင္​့အတူ ​ေညာင္​မုတ္​ဆိတ္​ပင္​ႀကီး​ေအာက္​႐ွိ ဇရပ္​အို​ေလးဆီသို႔ လိုက္​ပါခဲ့ရ​ေလသည္​။

ဇရပ္​အနီး​ေရာက္​​ေသာ္​ မာဂသည္​ ဆိုင္​ကယ္​မီးအားဖြင္​့လိုက္​ရာ မီး​ေရာင္​သည္​ အကာအရံမ႐ွိ​ေသာ ဇရပ္​ကို​ေက်ာ္​လြန္​ကာ ထိုးထိုး​ေထာင္​​ေထာင္​မွတ္​တိုင္​အခ်ိဳ႕ႏွင္​့ထံုးျဖဴျဖဴအုတ္​ဂူမ်ား​ေပၚသို႔ ျဖာက်သြားသည္​။

လင္​း​ေအာင္​သည္​ လက္​ထဲမွအထုပ္​အား ဇရပ္​​ေပၚတင္​ကာအနားတစ္​ဝိုက္​႐ွိ သစ္​ကိုင္​း​ေျခာက္​မ်ားအား ​ေကာက္​​ေလသည္​။” အ… ကိုက္​တယ္​ဟ “ဇရပ္​​ေပၚထိုင္​လိုက္​​ေသာ ႏိုင္​စိုး ခ်က္​ခ်င္​းျပန္​ထကာတင္​ပါးႏွင္​့ ခါးစပ္​မ်ားသို႔ လက္​ျဖင္​့ခါ​ေလသည္​။

” ဘာ​ေကာင္​လဲ ႏိုင္​စိုး “မာဂ ​ေမးလည္​း​ေမး ဇရပ္​ၾကမ္​းျပင္​သို႔ပါ ငံု႔ၾကည္​့လိုက္သည္​ ။” ဟင္​ .. ပုရြက္​ဆိတ္​​ေတြ “ဇရပ္​ၾကမ္​းျပင္​တစ္​ခုလံုး ပုရြက္​ဆိတ္​မ်ားျဖင္​့ျပည္​့ႏွက္​​ေန​ေလသည္​။

” ဒီမွာထိုင္​လို႔​ေတာ့မျဖစ္​ဘူး .. ႏိုင္​စိုး .. အထုပ္​​ေတြယူကြာ “” ဟင္​ … ဘယ္​သြားမွာလဲ “” ​ေနရာ​ေကာင္​း​ေကာင္​႐ွာရမယ္​​ေလကြာ “မာဂသည္​ ထိုသို႔ဆိုကာ ဆိုင္​ကယ္​ကိုတြန္​းရင္​း​ေျမပံုႏွင္​့ အုတ္​ဂူမ်ားၾကားသို႔ ျဖတ္​​ေလွ်ာက္​သြားသျဖင္​့ ႏိုင္​စိုးမွာ အထုပ္​ဆြဲ၍ လိုက္​ရျပန္​သည္​။

” လာကြ … ဒီ​ေနရာက ခြင္​​ေကာင္​းပဲ “အုတ္​ဂူႏွစ္​လံုး ကပ္​လ်က္​တည္​ထား​ေသာ​ေနရာအ​ေရာက္​တြင္​ မာဂ ဆိုင္​ကယ္​ကို ​ေဒါက္​​ေထာက္​ထား
လိုက္​သည္​။ႏိုင္​စိုးမွာ အုတ္​ဂူမ်ားၾကား​ေရာက္​​ေနသည္​့အျဖစ္​ကိုမႏွစ္​ၿမိဳ႕လွ​ေသာ္​လည္​း မ​ေၾကာက္​ဘြဲ႔ ခံယူထားသူမ်ားမို႔ စိတ္​တင္​းထားလိုက္​သည္​။

” ဦးစိန္​​ေအာင္​အသက္​-၅၀ ႏွစ္​ “” ​ေဒၚလွ​ေဝ အသက္​-၄၈ ႏွစ္​ “အုတ္​ဂူ​ေပၚမွ ကမ​ၺည္​းစာတန္​းအား မီး​ေရာင္​ျဖင္​့ အတိုင္​းသားျမင္​​ေနရသည္​။” ႏိုင္​စိုး .. ဒါ မႏွစ္​က ကားတိုက္​​ေသတဲ့ ​လင္​မယားမဟုတ္​လား “” အင္​း .. “ႏိုင္​စိုး မ​ေျဖခ်င္​​့ေျဖခ်င္​ျဖင္​့ ​ေျဖလိုက္​သည္​။

” အဲ့တုန္​းက စာ​ေမးပြဲနဲ႔တိုက္​​ေနလို႔ကြာ .. ႏို႔ဆို ဝက္​သားအမုန္​းဆြဲရတယ္​ “မာဂ၏ စကား​ေၾကာင္​့ ႏိုင္​စိုးမ်က္​လံုးျပဴးသြားကာတစ္​စံုတစ္​ခုျပန္​​ေျပာရန္​ျပင္​စဥ္​မွာပင္​ ထင္​း​ေျခာက္​ မ်ား​ေပြ႔၍ လင္​း​ေအာင္​​ေရာက္​ခ်လာသည္​။

” ဇရပ္​​ေပၚက ဘာလို႔လဲကြ “” မင္​းအဘ ပုရြက္​ဆိတ္​​ေဟ “” ဟ .. ငါ့အဘက ​ေသတာၾကာ​ေပါ့ … ဒါဆို ငါ့အဘက​ေသၿပီး ပုရြက္​ဆိတ္​ျဖစ္​​ေနတာျဖစ္​မယ္​ .. ဟား .. ဟား … ဒီ​ေနရာလည္​း ​ေကာင္​းတာပဲ “လင္​း​ေအာင္​သည္​ ယူလာ​ေသာ ထင္​း​ေျခာက္​မ်ားကိုစုပံု၍ က်ဥ္​း​ေျမာင္​းလွ​ေသာ အုတ္​ဂူႏွစ္​ခုၾကားတြင္​ မီး​ေမႊးလိုက္​သည္​။ၿပီးသည္​ႏွင္​့ မာဂႏွင္​့ လင္​း​ေအာင္​က အုတ္​ဂူတစ္​လံုး​ေပၚတြင္​ထိုင္​၍ ႏိုင္​စိုးက က်န္​အုတ္​ဂူ​ေပၚတြင္​ မ်က္​ႏွာခ်င္​းဆိုင္​၍ ထိုင္​လိုက္​ၾကသည္​။

” ကဲ … ဆြဲမယ္​ .. ႏိုင္​စိုး .. မင္​းလည္​း အခ်မ္​း​ေျပတစ္​ဘူး​ေလာက္​ကစ္​ဦး “လင္​း​ေအာင္​လွမ္​း​ေပး​ေသာ ဘီယာဘူးအား လွမ္​းယူကာဖြင္​့၍ တစ္​​ေမာ့ ​ေမာ့လိုက္​သည္​။” တို႔အျဖစ္​ကလည္​း ဆိုးပါ့ကြာ “ႏိုင္​စိုး ႏႈတ္​မွညည္​းမိသြားရာ မာဂကလည္​း” ဟုတ္​ပကြာ … ဒီလိုမွန္​းသိရင္​ ဆိုင္​မွာ ဇိမ္​႐ွိရ​ွိ ႏွပ္​ပါတယ္​ …အခု​ေတာ့ သခ်ဳႋင္​းကုန္​းထဲမွာ ပ်င္​း​ေျခာက္​​ေျခာက္​ႀကီး “ဟု ဝင္​​ေျပာ​ေလသည္​။

” မင္​းတို႔မပ်င္​း​ေအာင္​ ငါၾကည္​့ဖူးတဲ့ ဇာတ္​ကားအ​ေၾကာင္​း​ေျပာျပမယ္​ “” ဘာကားမို႔လဲကြ “လင္​း​ေအာင္​၏စကားအား ႏိုင္စိုးမွ ဝင္​​ေထာက္​လိုက္​သည္​။” ႏိုင္​ငံျခားသရဲကား “” ဟား ဟား.. ဖြီး .. သရဲကားဆိုမွ​ေတာ့ ရယ္​ရမွာ ​က်ိန္​း​ေသတယ္​ “မာဂက ထံုးစံအတိုင္​း​ေလွာင္​​ေလသည္​။

” မဟုတ္​ဘူးကြ .. ငါ​ေတာင္​ အဲ့ဇာတ္​ကားၾကည္​့တုန္​းက နဲနဲ​ေက်ာခ်မ္​းမိတယ္​ကြ .. ႐ိုက္​ခ်က္​က ပီျပင္​တယ္​ “” ​ေၾကာက္​ရင္​​ေၾကာက္​တယ္​​ေပါ့ကြာ ” မ​ေၾကာက္​ပါဘူးကြာ .. မ​ေၾကာက္​လို႔လည္​း သခ်ဳႋင္​းထဲကုန္​းမွာ သရဲအ​ေၾကာင္​း​ေျပာတာ​ေပါ့ကြ “” ​ေပး​ေျပာလိုက္​ပါ မာဂရာ .. နား​ေထာင္​ၾကည္​့တာ​ေပါ့ “ႏိုင္​စိုးတားလိုက္​မွ မာဂလည္​း ဆက္​မျငင္​း​ေတာ့ဘဲ ဘီယာသာ
​ေမာ့​ေန​ေတာ့သည္​။

” ဇာတ္​ကားထဲကလိုပဲ ငါတို႔အခု​ေရာက္​​ေနတာက သခ်ဳႋင္​းထဲမွာ ဆို​ေတာ့ ပိုၿပီး အရသာ႐ွိတယ္​ … ဒီလိုကြ … ဇာတ္​ကားထဲမွာ ဆရာႀကီးတစ္​​ေယာက္​က သခ်ဳႋင္​းထဲကိုသြားၿပီး သရဲ​ေတြကို ေခၚတာ … သရဲ​ေတြဆို ​အုတ္​ဂူ​ေတြကို​ေဖာက္​​ေဖာက္​ၿပီး ထြက္​ လာလိုက္​တာမ်ား … “” ​ေတာ္​ပါ လင္​း​ေအာင္​ရာ .. အ​ေျခအျမစ္​မ႐ွိတာကို႐ိုက္​ထားတဲ့ဟာ ..ငါသာဆို ​ဗိုက္​ႏွိပ္​ၿပီးရယ္​မွာ “မာဂမွ စကားပိတ္​လိုက္​သျဖင္​့ လင္​း​ေအာင္​လည္​း ဆက္​မ​ေျပာ​ေတာ့​ေခ်။အတန္​ၾကာ​ေသာ္​ စကားဆက္​ျပန္​သည္​။

” အဲ့ထဲက ဆရာႀကီးသရဲ​ေခၚတာကို​ေတာ့ ႀကိဳက္​တယ္​ကြ …အဲ့စကားကို ငါမွတ္​ထားတယ္​ … ငါျပန္​​ေျပာျပမယ္​ “လင္​း​ေအာင္​ ထိုသို႔ဆိုကာ မတ္​တပ္​ရပ္​၍ သခ်ဳႋင္​းထဲသို႔ တစ္​ခ်က္​​ေဝ့ၾကည္​့လိုက္​သည္​။

” အဟမ္​း .. အဟမ္​း …အို ………..သခ်ဳႋင္​းထဲမွာ ႐ွိၾကကုန္​​ေသာ နာနာဘာဘာဝမ်ား ….ႏိုးထၾက​ေလာ့ …….ကြၽန္​ုပ္​တို႔ႏွင္​့အတူ …​ေပ်ာ္​ရႊင္​စြာ စား​ေသာက္​ၾက​ေလာ့ …ကြၽန္​ုပ္​တို႔ႏွင္​့အတူ …​ေပ်ာ္​ရႊင္​စြာ ကခုန္​ၾက​ေလာ့ ……. “” ​ေဝါ .. ဝ​ေရာ … “လင္​း​ေအာင္​၏ အသံဆံုးသည္​ႏွင္​့ ​ေညာင္​မုတ္​ဆိတ္​ပင္​ႀကီး​ေပၚမွငွက္​အုပ္​ႀကီး ထပ်ံ​ေလသည္​ ။

” ႐ွဲ … ႐ွဲ …. “​ေလၾကမ္​းၾကမ္​းႀကီးပါ တိုက္​သျဖင္​့ ​ေညာင္​မုတ္​ဆိတ္​မ်ား လႈပ္​ရမ္​းျခင္​းႏွင္​့အတူ ကိုင္​းအခ်ိဳ႕မွာ ဇရပ္​အမိုးႏွင္​့ ပြတ္​တိုက္​မိ​ေနသျဖင္​့ တ႐ွဲ႐ွဲျမည္​သံမ်ား ထြက္​​ေပၚ​ေနသည္​။” အူ … ဝူး … ဝူး ….. “ရြာစြန္​ဆီမွ ဆြဲဆြဲငင္​ငင္​အူလိုက္​​ေသာ ​ေခြးအူသံႀကီးလည္​း ႐ုတ္​တရက္​ ထြက္​​ေပၚလာသည္​။

” ဟင္​ .. “ထိုသို႔႐ွိ​ေနစဥ္​ ႏိုင္​စိုးတစ္​​ေယာက္​ အလန္​႔တၾကားျဖင္​့ မတ္​တပ္​ထရပ္​လိုက္​သျဖင္​့ က်န္​ႏွစ္​​ေယာက္​မွာ အူ​ေၾကာင္​​ေၾကာင္​ျဖစ္​သြားသည္​။” ဘာျဖစ္​တာလဲ ႏိုင္​စိုး “” အုတ္​ .. အုတ္​ဂူႀကီးလႈပ္​သြားတယ္​ “ႏိုင္​စိုး သူထိုင္​ခဲ့​ေသာအုတ္​ဂူႀကီးအားၾကည္​့ကာ မ်က္​ႏွာပ်က္​ပ်က္​ျဖင္​့ဆို​ေလသည္​။

” ဟာ .. အဓိပၸါယ္​မ႐ွိတာ “” ဟုတ္​တယ္​ႏိုင္​စိုး .. အတည္​​ေပါက္​နဲ႔​ေနာက္​မ​ေနနဲ႔ … ငါမႀကိဳက္​ဘူး “ႏွစ္​​ေယာက္​တစ္​​ေယာက္​မို႔ ႏိုင္​စိုးဆက္​မ​ေျပာ​ေတာ့​ေပ။သူထိုင္​​ေနစဥ္​ အုတ္​ဂူ သိမ္​့ကနဲ႔ လႈပ္​သြားသည္​ကိုမူ သူ​ေကာင္​း​ေကာင္​းသိ​ေနသည္​။

ထို႔​ေၾကာင္​့ အုတ္​ဂူ​ေပၚသို႔ ျပန္​ထိုင္​ရခက္​​ေနသည္​။မထိုင္​လွ်င္​လည္​း မာဂႏွင္​့လင္​း​ေအာင္​တို႔၏ စကားလံုးတိုက္​ခိုက္​မႈမ်ားကို ​ေကာင္​း​ေကာင္​းခံရ​ေပလိမ္​့မည္​ ။ထို႔​ေၾကာင္​့ အရဲစြန္​႔ကာ ျပန္​ထိုင္​လိုက္​သည္​။” အူ .. ဝူး … ဝူး …. “” ႐ွဲ … ႐ွဲ …. “​ေခြးအူသံႏွင္​့ ​သစ္​ကိုင္​းႏွင္​့ ဇရပ္​အမိုးပြတ္​တိုက္​သံတို႔က အဆက္​မျပတ္​ထြက္​​ေပၚ​ေနသည္​။

” ​ေတာက္​ .. ​ေခြး​ေလ​ေခြးလြင္​့က အူ​ေန​ေသး… “” အူပါ​ေစ​ေပါ့ လင္​း​ေရာင္​ရာ .. သူ႔မွာလည္​း အူစရာအ​ေၾကာင္​း႐ွိလို႔ျဖစ္​မွာ​ေပါ့ “မာဂ ထိုသို႔ဆိုရင္​း အမဲ​ေၾကာ္​တစ္​တံုးကို​ေကာက္​ကာ ပါးစပ္​ထဲထည္​့မည္​ျပဳစဥ္​ အမဲ​ေၾကာ္​တံုးမွာ လက္​ထဲမွ ျပဳတ္​က်သြား​ေလသည္​။ထို႔​ေၾကာင္​့ ​ေနာက္​တစ္​တုံုးကိုႏိႈက္​ကာ ဝါး​ေနလိုက္​သည္​။

ႏိုင္​စိုးသည္​ ဘာရယ္​မဟုတ္​ ​မာဂလက္​ထဲမွ က်သြားသည္​့အမဲ​ေၾကာ္​႐ွိမည္​့​ေနရာသို႔ၾကည္​့မိလိုက္​စဥ္​ ​ေမွ်ာ္​လင္​့မထား​ေသာျမင္​ကြင္​းတစ္​ခု​ေၾကာင္​့ မ်က္​လံုးမ်ားပင္​ ျပာ​ေဝသြားသည္​။” အား … “မ်က္​လံုးစံုမွိတ္​၍ ​ေအာ္​ကာ တင္​ပါးလႊဲထိုင္​​ေနရာမွ ​ေျခ​ေထာက္​မ်ားကို အုတ္​ဂူ​ေပၚသို့ျမန္​တင္​လိုက္​သည္​။

” ႏိုင္​စိုး .. အလန္​႔တၾကားနဲ႔ကြာ .. ဘာျဖစ္​တာလဲ “လင္​း​ေအာင္​က ႏိုင္​စိုးအား နားမလည္​သလိုၾကည္​့ရင္​း​ေမးလိုက္​သည္​။” လက္​ .. လက္​ႀကီး .. လက္​ႀကီး “” ဟာကြာ .. ဒီ​ေကာင္​​ေတာ့ တစ္​ဘူးေတာင္​မကုန္​​ေသးဘူး ..ဘယ္​လို​ေတြျဖစ္​​ေနတာလဲ “” ဘာျဖစ္​တာလဲ ႏိုင္​စိုး “ႏိုင္​စိုး၏ ပုခံုးအား ကိုင္​လႈပ္​ကာ ​ေမးမွ ႏိုင္​စိုး မ်က္​လံုးပြင္​့လာသည္​။

ႏိုင္​စိုး၏ မ်က္​ႏွာမွာ ​ေသြးမ႐ွိ​ေတာ့သကဲ့သို႔ ျဖဴ​ေဖ်ာ့​ေနၿပီးတစ္​စံုတစ္​ခုအား အလြန္​အမင္​း​ထိတ္​လန္​႔​ေနဟန္​႐ွိသည္​။” ​ေစာ .. ​​ေစာ​ေစာက မာဂလက္​ထဲက အမဲ​ေၾကာ္​တံုး ျပဳတ္​ .. ျပဳတ္​က်တယ္​​ေလ “” ​ေအး​ေလ .. အဲ့တာဘာျဖစ္လဲ “မာဂက မထူးဆန္​းသလို ဝင္​​ေျပာသည္​။

” အဲ့ .. အဲ့ဒါ ငါ … ျပဳတ္​က်သြားတဲ့​ေနရာကိုၾကည္​့ . ၾကည္​့လိုက္​​ေတာ့ မင္​း .. မင္​းတို႔ထိုင္​​ေနတဲ့ .. အုတ္​ .. အုတ္​ဂူထဲက​ေန .. လက္​တစ္​ဖက္​ထြက္​လာၿပီး .. အမဲ​ေၾကာ္​တံုးကို​ေကာက္​သြားတယ္​ … “” ဘာ … “” ဟာ .. မျဖစ္​ႏိုင္​တာ “”.ငါတကယ္​​ေျပာတာ .. ငါ​ေျပာတာကိုယံုပါကြာ .. ငါတို႔ဒီမွာမ​ေနသင္​့​ေတာ့ဘူး .. ျပန္​ၾကရ​ေအာင္​ပါကြာ “ႏိုင္​စိုး ​ေတာင္​း​ေတာင္​းပန္​ပန္​ျဖင္​့​ေျပာ​ေသာ္​လည္​း က်န္​ႏွစ္​ဦးမွာမူမတုန္​လႈပ္​​ေခ်။

” ႏိုင္​စိုး .. မင္​း မူးၿပီးထင္​ရာျမင္​ရာ​ေတြ​ေျပာ​မ​ေနနဲ႔ .. “” ငါမမူးဘူး မာဂ … ဘီယာတစ္​ဘူးနဲ႔ ငါကဘာလို႔မူးရမွာလဲ …ထင္​ရာျမင္​ရာ​ေျပာရ​ေအာင္​လည္​း ငါ့မ်က္​စိမမြဲ​ေသးဘူး …ခု .. ခုဟာက ငါတကယ္​​ေတြ႔လိုက္​တာပါကြာ .. ငါက်ိန္​​ေျပာရဲပါတယ္​ “” ​ေကာင္​းၿပီ​ေလ .. ဒါဆို ​ေရာ့ .. တစ္​တံုးမဟုတ္​ဘူး .. ႏွစ္​တံုးခ်လိုက္​မယ္​ .. မင္​း​ေျပာတာဟုတ္​မဟုတ္​ ၾကည္​့ၾကတာ​ေပါ့ “​ေျပာ​ေျပာဆိုဆိုပင္​ မာဂ အမဲ​ေၾကာ္​ ႏွစ္​တံုးအား အုတ္​ဂူအ​ေျခသို႔ ပစ္​ခ်လိုက္​ကာ သံုး​ေယာက္​သား မ်က္​​ေတာင္​မခတ္​ စိုက္​ၾကည္​့လိုက္​ၾကသည္​။

အတန္​ၾကာသည္​အထိ အ​ေျခအ​ေနမထူးျခား ။” ကဲ .. ဘယ္​လိုလဲ ႏိုင္​စိုး “မာဂ ႏိုင္​စိုးအားၾကည္​့ကာ ​ေမးလိုက္​သည္​။လင္​း​ေအာင္​သည္​လည္​း အမဲ​ေၾကာ္​တံုးဆီမွ အၾကည္​့ခြာသြားသျဖင္​့ႏိုင္​စိုးတစ္​​ေယာက္​တည္​း အမဲ​ေၾကာ္​ႏွစ္​တံုးအား ဆက္​၍ၾကည္​့​ေနစဥ္​ အ႐ိုးၿပိဳင္​းၿပိဳင္​းထ​ေန​ေသာ လက္​တစ္​ဖက္​ အုတ္​ဂူထဲမွ ထြက္​လာကာ အမဲ​ေၾကာ္​မ်ားအား ​ေကာက္​ယူသြား​ေလသည္​။

” အား .. ယူ .. ယူသြားၿပီ .. ဒါ .. ဒါ သရဲ .. သရဲလက္​ႀကီး “ႏိုင္​စိုး မ်က္​လံုးစံုမွိတ္ကာ ​ေအာ္​ဟစ္​လိုက္​သျဖင္​့ မာဂႏွင္​့ႏိုင္​စိုးတို႔လည္​းအမဲ​ေၾကာ္​ခ်ထား​ေသာ​ေနရာသို႔ၾကည္​့လိုက္​ရာ အမဲ​ေၾကာ္​တံုးမ်ား မ႐ွိ​ေတာ့သျဖင္​့ ဇ​ေဝဇဝါျဖစ္​သြားၾကသည္​။

” ဟင္​ .. “” ဟာ .. “မာတို႔ထိုင္​​ေန​ေသာ အုတ္​ဂူလႈပ္​ရမ္​းသြားသည္​ကို သတိထားမိလိုက္​ၾကသျဖင္​့ တစ္​​ေယာက္​မ်က္​ႏွာတစ္​​ေယာက္​ၾကည္​့လိုက္​ၾကသည္​။” လင္​​ေအာင္​​ေရ .. တစ္​ခုခု​ေတာ့ ထူး​ေနၿပီ “မာဂတို႔၏ အ​ေျခအ​ေနကို ရိပ္​စားမိ​ေသာ ႏိုင္စိုးတစ္​​ေယာက္​ပို၍ပင္​ မ်က္​ႏွာပ်က္​လာသည္​။

” မာဂနဲ႔ လင္​း​ေအာင္​ .. ျပန္​ .. ျပန္​ၾကစို႔ကြာ “” ဘာလဲ ႏိုင္​စိုး .. မင္​းက​ေၾကာက္​​ေနတာလား …. ဘာမွ​ေၾကာက္​စရာ မလိုဘူး .. အရင္​က ႏိုင္​စိုးစိတ္​ကိုျပန္​​ေမြးစမ္​းပါကြာ “” မဟုတ္​​ေသးဘူး မာဂ .. သရဲတ​ေစၧကို မယံုတာက မယံုတာပဲ …ဒါ​ေပမယ္​့ ကိုယ္​မယံုတာကို မ႐ွိဘူးဆိုၿပီး ​ေစာ္​ကားလို႔မရဘူး …စည္​းဆိုတာ႐ွိတယ္​ “” ဘာစည္​းလဲ … ငါတို႔က ဘာ​ေစာ္​ကား​ေနလို႔လဲ … ငါ့ကိုဖာသာ​ေအး​ေအး​ေဆး​ေဆး​ေသာက္​​ေနတာ​ေလ “” ဒါ​ေပမယ္​့ ဒီ​ေနရာက သူတို႔ပိုင္​နက္​​ေလ .. ​ေစာ​ေစာကလည္​းလင္​း​ေအာင္​က ​ေနာက္​​ေျပာင္​ၿပီး သူတို႔ကို … သူတို႔ကို … “ႏိုင္​စိုး စကားရပ္​သြားကာ ​ေနာက္​ဖက္​သို႔ ​ေက်ာ္​ၾကည္​့​ေနသျဖင္​့မာဂႏွင္​့ လင္​း​ေအာင္​တို႔လည္​း ​ေနာက္​ျပန္​ၾကည္​့လိုက္​ရာ ​ေျမပံုမ်ားၾကားမွ သူတို႔ဆီသို႔ ​ေလွ်ာက္​လာ​ေနသူတစ္​ဦးကို ​ေတြ႔လိုက္​ရသည္​။

အသက္​အရြယ္​အားျဖင္​့ ၃၀ ဝန္​းက်င္​ခန္​႔သာ႐ွိ​ေသာ ထိုသူမွာကတံုးကို​ေျပာင္​​ေအာင္​တံုးထားၿပီး ခ်ည္​သားအက်ႌအကြက္​လက္​တိုႏွင္​့ညိဳညစ္​ညစ္​ပုဆိုးႏြမ္​းအား ခပ္​တိုတို ဝတ္​ဆင္​ထားသည္​။ႏိုင္​စိုးသည္​ မာဂႏွင္​့ လင္​း​ေအာင္​တို႔ထက္​စာလွ်င္​ ရြာတြင္​ပို​ေနသျဖင္​့အခ်ိဳ႕အရာမ်ားအား အနည္​းအက်ဥ္​းမွ် သိထားရာ ​ေဆာင္​းကာလ၏မိုး​ေသာက္​ယံတြင္​ အ​ေပၚအက်ႌမပါဘဲ ​ေလွ်ာက္​လာ​ေသာ ထိုသူအားၾကည္​့ကာ စိတ္​ထဲတြင္​ ​ေလး​ေနမိသည္​။

” ငါ့ညီတို႔က ​ေသာက္​​ေနၾကတာလား .. လုပ္​ပါဦးကြ .. မ​ေသာက္​ရတာၾကာၿပီ “ပါးစပ္​ကလည္​း​ေျပာ လက္​ရဲဇာတ္​ရဲျဖင္​့ ဘီယာတစ္​​ဘူးအားဆြဲကာတစ္​ဂြတ္​ဂြတ္​ျမည္​​ေအာင္​ ​ေမာ့ခ်လိုက္​သည္​ ။” ​ေရာ့ .. အျမည္​းလည္​းစား .. ဒါနဲ႔ အစ္​ကိုက ရြာကပဲလား “” ဒါ​ေပါ့ “လူစိမ္​းသည္​ လင္​း​ေအာင္​၏အ​ေမးကိုျပန္​​ေျဖရင္​း ၾကက္​ကင္​မ်ားအား​ေကာက္​စား​ေလသည္။

” လင္​း​ေတာင္​မလင္​း​ေသးဘူး .. ဘယ္​သြားမို႔လဲ .. ​ေနာက္​ၿပီး အစ္​ကို႔ကိုလည္​း ရြာမွာ မျမင္​ဖူးပါဘူး “” ငါက ဒီမွာပဲ​ေနတာ​ေလ .. ငါ့ကို မင္​းတို႔ဘယ္​ျမင္​ဖူးမလဲကြ ..ငါ​ေသတာ အႏွစ္​ႏွစ္​ဆယ္​႐ွိၿပီ​ေလ “” ​ဟင္​ … “” ​ဗ်ာ … “က်န္​ႏွစ္​​ေယာက္​မွာ မည္​သို႔႐ွိသည္​မသိ​ေသာ္​လည္​း ႏိုင္​စိုးမွာမူတစ္​ကိုယ္​လံုး ၾကက္​သီးျဖန္​းျဖန္​းထကာ ထိုင္​​ေနရာမွပင္​ ထရပ္​မိ
သြားသည္​ ။

” ဟာ .. အစ္​ကိုကလည္​း​ဗ်ာ … ​ေနာက္​​ေန​ေသးတယ္​ “မာဂ ရယ္​သံ​ေႏွာ၍ ​ေျပာလိုက္​သည္​။” ဘယ္​က​ေနာက္​ရမွာလဲကြာ … အခုလို​ေခၚၿပီး​ေကြၽးတာ ​ေက်းဇူးပဲကြာ .. ဟင္​ .. ကုန္​ၿပီလား အမဲ​ေၾကာ္​က … “မာဂႏွင္​့ လင္​း​ေအာင္​တို႔ မ်က္​လံုးျပဴးသြားသည္​။အမဲ​ေၾကာ္​ႏွင္​့ ၾကက္​​ကင္​မ်ား ထိုသူမလာခက္​က အမ်ားႀကီး႐ွိ​ေန​ေသာ္​လည္​း ထိုသူလာၿပီး တခဏအတြင္​းမွာပင္​ အိတ္​ခြံသာ က်န္​​ေလသည္​။

” ကုန္​ .. ကုန္​ၿပီ​ဗ် .. ဒါအကုန္​ပဲ “” ဘာ … မင္​းတို႔က ဖိတ္​တုန္​းက ဖိတ္​ထားၿပီး အျခားသူ​ေတြကို ဘာ​ေကြၽးမွာလဲ “စိတ္​ဆိုးမာန္​ဆိုး​ေျပာလိုက္​​ေသာလူစိမ္​း​ေၾကာင္​့ လင္​း​ေအာင္​​ေဒါသထြက္​သြားသည္​။” ဘာ​ဗ် … က်ဳပ္​တို႔က ဘယ္​သူ႔ကိုဖိတ္​လို႔လဲ … ခင္​​ဗ်ားဟာခင္​​ဗ်ားလာစားတာ​ေလ “” မင္​းတို႔ပဲ ​ေစာ​ေစာတုန္​းက သခ်ဳႋင္​းမွာ႐ွိတဲ့ နာနာဘာဝ​ေတြ ႏိုးထၾကဆို …
မင္​းတို႔နဲ႔အတူ လာစားၾကဆို .. ခုမွ ဘာမသိခ်င္​​ေယာင္​​ေဆာင္​​ေနတာလဲ “လင္​း​ေအာင္​ႏွင္​့ မာဂတို႔ မ်က္​ႏွာပ်က္​စျပဳလာၿပီ။ႏိုင္​စိုးလည္​း ​ေခြၽး​ေစးမ်ားပင္​ ျပန္​​ေနၿပီ ။” မဟုတ္​ဘူး .. မဟုတ္​ဘူး.. . အဲ့တာ ဘယ္​သူ႔ကိုမွ​ေခၚတာမဟုတ္​ဘူး “လင္​း​ေအာင္​ အ​ေၾကာက္​အကန္​ျငင္​းလိုက္​သည္​။” ခုမွ​ေတာ့ မရ​ေတာ့ဘူး .. သူတို႔​ေစာင္​့​ေနၾကၿပီ “” ဟင္​ … “” ဘယ္​ … ဘယ္​သူ​ေတြလဲ … “မာဂ မဝံ့မရဲျဖင္​့ ​ေမးလိုက္​သည္​။

” ဟိုမွာ​ေလ … “လူစိမ္​းၫႊန္​ျပရာသို႔ၾကည္​့လိုက္​ရာ မွတ္​တိုင္​ႏွင္​့ ​အုတ္​ဂူမ်ားၾကားတြင္​ထိုးထိုး​ေထာင္​​ေထာင္​ျဖင္​့႐ွိ​ေန​ေသာ မည္​းမည္​းသဏၭာန္​ အရိပ္​မည္​းႀကီးမ်ားကို ျမင္​​ေတြ႔လိုက္​ရသည္​။” ဟာ … “” ဟင္​ … “သံုး​ေယာက္​သား ပူးကပ္​သြားမိသည္​။” ငါက​ေတာ့ စားၿပီးၿပီ … က်န္​တဲ့လူ​ေတြကို ၾကည္​့႐ွင္​း​ေပ​ေတာ့ …ငါသြားၿပီ “ထိုသို႔ဆိုကာ သူတို႔အနားမွ လူစိမ္​းထြက္​ခြာသြား​ေလသည္​။” ဘယ္​ … ဘယ္​လိုလုပ္​ၾကမလဲ “” ျပန္​ .. ျပန္​မယ္​​ေလ “” မရဘူး … အျပန္​လမ္​းမွာလည္​း ပိတ္​​ေနတယ္​ “မည္​းမည္​းသဏၭာန္​မ်ားမွာ ​ေနရာအႏွံ႔ ႐ွိ​ေနသည္​မို႔ အျပန္​လမ္​းပိိတ္​မိ​ေနသည္​။

” မဟုတ္​ဘူး … ဒါ ငါတို႔ရဲ႕စိတ္​ကို လွည္​့သားတာ .. သရဲဆိုတာ တကယ္​မ႐ွိဘူး “မာဂ မ်က္​လံုးစံုမွိတ္​ကာ ထိုစကားကိုသာ ထပ္​ခါထပ္​ခါ ​ေျပာ​ေနသည္​။” အူ .. ဝူး .. ဝူး ….. “​ေခြးအူသံႀကီး​ေၾကာင္​့ ​ေက်ာ႐ိုးတစ္​​ေလွ်ာက္​ စိမ္​့တက္​သြားၾကသည္​။” ဘာပဲျဖစ္​ျဖစ္​ သြားမယ္​ .. မင္​းတို႔ မ​ေၾကာက္​ၾကနဲ႔ …သူတို႔ ငါတို႔ကို ဘာမွလုပ္​လို႔မရဘူး “မာဂ ထိုသို႔အား​ေပးရင္​း တစ္​​ေယာက္​လက္​တစ္​​ေယာက္​ဆုပ္​ကိုင္​ကာ​ေျဖး​ေျဖးခ်င္​း ​ေနာက္​သို႔ဆုတ္​ခဲ့သည္​။

” ဟင္​ … “” အုတ္​ .. အုတ္​ဂူ​ေတြ လႈပ္​​ေနၿပီ “သူတို႔မ်က္​သိ​ေ႐ွ႕တြင္​႐ွိ​ေန​ေသာ အုတ္​ဂူမ်ား သြက္​သြက္​ခါ လႈပ္​႐ွားလာၾကသည္​ ။” ဟာ … ​ေျမ .. ​ေျမပံု​ေတြ . ​ေျမပံု​ေတြ … “​ေျမပံုမို႔မို႔မ်ားမွာလည္​း ​ေျမစာမ်ား ဖြာကနဲ႔ ဖြာကနဲ႔ လြင္​့စင္​ကုန္​ၾက​ေလသည္​ ။သံုး​ေယာက္​သား အသားမ်ားပင္​ တဆတ္​ဆတ္​ တုန္​လာၾကရသည္​။

သူတို႔ၾကည္​့​ေနစဥ္​မွာပင္​ ကြဲအက္​​ေန​ေသာ အုတ္​ဂူႏွင္​့ ​ေျမပံုမ်ားကိုခြဲထြက္​၍ ႐ုပ္​ပ်က္​ဆင္​းပ်က္​ႏိုင္​လွ​ေသာ လူ​ေသ​ေလာင္​းႀကီးမ်ား ထလာၾက​ေလသည္​ ။” ​ေပ …… ငါ တို႔. ကို အ. စာ ​ေပး ….. “​ဗလံုး​ဗ​ေထြးအသံႀကီးမ်ားျဖင္​့ ​ေပၚဟစ္​ကာ ​ေ႐ွ႕သို႔တိုးလာသျဖင္​့သံုး​ေယာက္​သား လက္​မ်ားျဖဳတ္​ကာ ​ကိုယ္​လြတ္​ ​ေျပးၾက​ေလသည္​ ။

အုတ္​ဂူမ်ား ​ေျမပံုမ်ားၾကား အလဲလဲအၿပိဳၿပိဳျဖစ္​ရံုမွ်မက ကပ္​မိလိုက္​ ေသာ အုတ္​ဂူႏွင္​့ ​ေျမပံုမ်ားထဲမွ လက္​ႀကီးမ်ား ထြက္​လာသျဖင္​့ ​ေ႐ွာင္​ကြင္​းကာ ​ေျပးၾကရသည္​။” ​ေျပး .. ​ေျပး .. ​အ​ေပါက္​ဝကို ​ေရာက္​​ေအာင္​​ေျပး … “အခ်င္​းခ်င္​း ​ေအာ္​ဟစ္​သတိ​ေပးကာ ​ေျပးၾကရာ ​ေနာက္​မွလည္​း  အုပ္​လိုက္​ႀကီး လိုက္​လာ​ေလသည္​။

ကံ​ေကာင္​း​ေထာက္​မစြာပင္​ မာဂႏွင္​့ ႏိုင္​စိုးတို႔ သခ်ဳႋင္​း​ေျမ အျပင္ဘက္​သို႔ ​ေရာက္​သြားၾကသည္​။” လင္​း​ေအာင္​ .. ျမန္​ျမန္​လာ “” ျမန္​ျမန္​​ေျပး “လင္​း​ေအာင္​လည္​း မာဂတို႔႐ွိရာသို႔ အားစိုက္​ကာ ​ေျပးလာ​ေနသည္​။သူႏွင္​့လက္​တစ္​ကမ္​းအကြာမွလည္​း နာနာဘာဝမ်ား လိုက္​ပါလာကာလင္​း​ေအာင္​အား ဖမ္​းဆြဲရန္​ ႀကိဳးစား​ေနၾကသည္​။

” ဟုတ္​ၿပီ .. လာ … “မာဂတို႔ထံ​ေရာက္​ရန္​ လက္​တစ္​ကမ္​းအလိုတြင္​ လင္​း​ေအာင္​တစ္​​ေယာက္​​ေမွာက္​လ်က္​သား လဲက်သြား​ေလသည္​။​ေနရာမွ ျပန္​ထရန္​ႀကိဳးစား​ေသာ္​ နာနာဘာဝမ်ားက လင္​း​ေအာင္​၏​​ေျခ​ေထာက္​အား ဖမ္​းဆြဲထားသျဖင္​့ ထမရ​ေခ်။ထို႔​ေၾကာင္​့ မာဂႏွင္​့ ႏိုင္​စိုးတို႔မွာ လင္​း​ေအာင္​၏ လက္​အား တန္​ျပန္​ဆြဲ​ေလသည္​။

သို႔​ေသာ္​ နာနာဘာဝအုပ္​ႀကီး၏ အားကိုမူ မယွဥ္​ႏိုင္​​ေပ ။ထိုအခ်ိန္​တြင္​ ​ေရာင္​နီဦးမ်ား ပ်ိဳ႕အန္​ကာ အ႐ုဏ္​တက္​ခ်ိန္​​ေရာက္​လာ​ေလသည္​။အ႐ုဏ္​ဦး​ေရာင္​နီလာသည္​ႏွင္​့ သခ်ဳႋင္​းထဲမွာ ႐ွိၾကကုန္​​ေသာ နာနာဘာဝမ်ားတစ္​စတစ္​စ ​ေမွးမွိန္​​ေပ်ာက္​ကြယ္​ကုန္​ၾက​ေလသည္​။

လင္​း​ေအာင္​၏ ​ေျခ​ေထာက္​အား ဆြဲထား​ေသာ နာနာဘာဝမွာမူမ​ေပ်ာက္​ကြယ္​​ေသး​ေခ် ။” အား ….. “လင္​း​ေအာင္​၏ မခ်ိမဆန္​႔​ေအာ္​သံအဆံုးတြင္​ ဆြဲထား​​ေသာ နာနာဘာဝႀကီး ​ေမွးမွိန္​​ေပ်ာက္​ကြယ္​သြား​ေလသည္​ ။ထိုအခါမွ မာဂႏွင္​့ ႏိုင္​စိုးတို႔ လင္​း​ေအာင္​အား ထူ​ေပးလိုက္​ၾကသည္​။

” ဘာ … ဘာျဖစ္​သြား​ေသးလဲ လင္​းေအာင္​ “ႏိုင္​စိုး စိုးရိမ္​တႀကီးျဖင္​့ ​ေမးလိုက္​သည္​ ။” ငါ့​ေျခ​ေထာက္​ … ငါ့​ေျခ​ေထာက္​ကို ကိုက္​သြားတယ္​ “ထို႔​ေၾကာင္​့ လင္​း​ေအာင္​၏ ​ေျခ​ေထာက္​အား ၾကည္​့လိုက္​ရာ မပီျပင္​​ေသာ အလင္​း​ေရာင္​​ေအာက္​တြင္​ ထင္​႐ွား​ေသာ သြားရာႀကီးအား လင္​း​ေအာင္​၏​ေျခဖမိုးတြင္​ ျမင္​​ေတြ႔လိုက္​ရသည္​။

” ရလား လင္​း​ေအာင္​ .. လမ္​း​ေလွ်ာက္​ႏိုင္​ရဲ႕လား “” ရတယ္​ .. “” ဒါဆိုလည္​း ျပန္​ၾကမယ္​ “” ​ေနဦး… ဆိုင္​ကယ္​ .. ဆိုင္​ကယ္​က … “” ၿပီးမွ တစ္​​ေယာက္​​ေယာက္​ကို ယူခိုင္​းလိုက္​ပါကြာ “” ​ေအးပါ .. ဒါလည္​း ရတာပဲ “ထို႔​ေနာက္​ သံုး​ေယာက္​သား ရြာသို႔ျပန္​ခဲ့ၾကသည္​။ထို​ေန႔ညက အျဖစ္​အပ်က္​သည္​ သူတို႔အဖို႔ တစ္​သက္​ ​ေမ့ႏိုင္​လိမ္​့မည္​မဟုတ္​​ေပ ။

အဘယ္​့​ေၾကာင္​့ဆို​ေသာ္​ လင္​း​ေအာင္​သည္​ နာနာဘာဝကိုက္​ၿပီး ၃ ရက္​အၾကာတြင္​ လူ႔​ေလာကႀကီးထဲမွ အၿပီးတိုင္​ ထြက္​ခြာသြား​ေလေတာ့သည္​။ထို႔​ေၾကာင္​့ သခ်ဳႋင္​းထဲမွ အျဖစ္​အပ်က္​အား​ေတြးမိတိုင္​း သူငယ္​ခ်င္​းျဖစ္​သူ လင္​း​ေအာင္​အတြက္​ ယူၾကံဳးမရျဖစ္​ရင္​းျဖင္​့ …..။ ။

(ၿပီး)

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Jupiter Koko

#Unicode Version#  ျဖင့္ဖတ္ပါ ။

” နည်းနည်းလေးချစ်တာ မလောက်လို့ များများကြီးချစ်ပါဦးလို့  ဒီလိုပြောတဲ့အချစ်ကို တို့က နာမည်လေးတစ်ခုပေးမယ် ကြားလား “

ရောင်စုံ ဆက်လိုက်မီးများကြား ခုန်ပေါက်လှုပ်ရှားကာ သီချင်းသီဆိုနေသော ဇာတ်သမလေးသည် လှပကြွရွ ခြင်းနှင့်အတူ ပွဲကြည့်ပရိတ်သတ်များအား အပြည့်အဝ ဖမ်းစားထားနိုင်လေသည်။

ပေါင်လယ်လောက်သာရှိသည့် စကပ်ကို ပုခုံးတစ်ဖက်တွင် ကြိုးတစ်ချောင်းသာ ဆိုင်းထားသော လက်ပြတ်ကိုယ်ကျပ် အင်္ကျီ အနက်ရောင်လေးဖြင့် တွဲဖက်ကာ ဝတ်ဆင်ထား သဖြင့် သူမ၏ ခန္ဓာကိုယ်ကောက်ကြောင်းများက မီးရောင်
အောက်တွင် ထင်းနေသည်။

ရွှေဝါရောင်တောက်နေသည့် ဆံပင်မတိုမရှည်အား ထိပ်ပေါ်တွင် စုကာ စည်းနှောင်ထားသဖြင့် ခေါင်းရမ်းလိုက်တိုင်း
ဆံနွယ်မျှင်များ ကခုန်နေကြသည်။လရောင်အောက်ရှိ ပွဲခင်းတစ်ခုလုံး၏ အာရုံအား ဖမ်းစားထားနိုင်ခြင်းမှာ သူမ၏ ဆုတောင်းကောင်းခဲ့မှုလားမသိ။

ပွဲခင်းရှေ့ရှိ ဇာတ်စင်ထောင့်တစ်ဖက်တစ်ချက်တွင် အရွယ်စုံကာလသားများ စည်းလွတ်ဝါးလွတ် ကခုန်ပျော်မြူးနေကြသည်။” ကိုကိုချစ်ရေ …. “” ဟေ …… “” ကိုကို့ချစ်ရေ …. “” ဟေ … “မင်းသမီးနှင့် ကာလသားများ အပေးအယူတည့်နေကြသည်။

ဇာတ်ပွဲကြည့်ရှုရာတွင် စတိတ်ရှိုးကဏ္ဌသည်လူငယ်ကာလသားများ အထူးနှစ်ခြိုက်ရသည့်အစီအစဉ်တစ်ခုပင် မဟုတ်ပါလား။မကြာမီ စတိတ်ရှိုးကဏ္ဌပြီးဆုံးကာ ကားလက်ကာကြီးပိတ်သွားသော် လူရွယ်များ၏ မတင်မကျအော်ဟစ်သံများနှင့်အတူ ဇာတ်စင်ထောင့်မှလူစုများ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြသည်။

စတိတ်ရှိုးပြီးသော် ပြဇာတ်လာမည်မို့ တင်ဆက်မည့်စင်တင်ပြဇာတ်အကြောင်းအား ထုံးစံအတိုင်း ကြေငြာလေသည်။” ဟေ့ရောင် နိုင်စိုး .. လိမ့်မယ် “မာဂ နိုင်စိုး၏ပုခုံးအားပုတ်ကာ သတိပေးလိုက်သည်။

” အေး … ဟိုကောင်ရော … “” ကွမ်းထုပ်ဖို့ သွားနှင့်ပြီ “” အေးလေ … ဒါဆိုလည်း သွားကြစို့ “မာဂနှင့်နိုင်စိုးတို့ တစ်ယောက်ပုခုံးတစ်ယောက်ဖက်ကာ လူအုပ်ထဲမှ တိုးထွက်၍ ဆိုင်တန်းများရှိရာသို့ လျှောက်
လာခဲ့ကြသည်။

ပြဇာတ်မစသေးသဖြင့် ဆိုင်တန်းများတွင် လူများစည်ကားနေသည်။ကွမ်းယာဆိုင်တစ်ဆိုင်အရောက်တွင် အသင့်စောင့်နေသောလင်းအောင်နှင့်တွေ့သည်။” ပြီးပြီလား လင်းအောင် “” အေး .. ပြန်ကြတော့မလို့လား “” ပြန်မယ်လေ … အင်း .. ခုမှ နှစ်နာရီပဲ ရှိသေးတယ် …ဆိုင်ဝင်ဦးမလား “မာဂ လက်မှနာရီကြည့်ကာပြောသော် လင်းအောင်နှင့်နိုင်စိုးတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

” ငါတော့ သိပ်စိတ်မပါဘူး .. အရမ်းအေးလို့ ကွေးချင်နေပြီ … လင်းအောင် .. မင်းရော ဘယ်လိုလဲ “” အဲ့လိုဆို ပါဆယ်ဆွဲခဲ့ရအောင် … ပြန်ရင်းမော့တာပေါ့ကွာ “” အေးကွာ .. ဒါဆိုလည်း များများသာ ဆွဲခဲ့ …အိမ်ရောက်မှ အဝကစ်တော့မယ် “ထို့နောက် သုံးယောက်သား ဘီယာဆိုင်သို့ဝင်ကာဘီယာဘူးအချို့နှင့် အမြည်းအဖြစ် အမဲကြော်နှင့်ကြက်ကင်များ ဝယ်ကြသည်။

ပြီးသည်နှင့် ပွဲဈေးအလွန်တွင် ရပ်ထားသော ဆိုင်ကယ်ရှိရာသို့ လျှောက်လာခဲ့ကြသည်။” နိုင်စိုး.. မင်းမောင်းကွာ .. ငါနဲ့မာဂ နဲနဲမော့ချင်လို့ “ဆိုင်ကယ်တစ်စီးအား သုံးယောက်စီးမည်မို့ မာဂနှင့်လင်းအောင်မှာ ဘီယာသောက်မည့်အစီအစဉ်ကြောင့်နိုင်စိုးအား မောင်းခိုင်းခြင်းဖြစ်သည်။

” အေးပါကွာ .. တက်ကြ .. “ထို့နောက် သူတို့၏ဆိုင်ကယ်လေးသည် ဆောင်းည၏ အအေးထုအား ထိုးခွဲကာ လမ်းမကြီးအတိုင်း ပြေးနေသည်။တန်ဆောင်မုန်းလပြည့်ညမို့ အနောက်ယွန်းယွန်းဆီတွင် လမင်းကြီး ဝင့်ထည်စွာ ရှိနေသည်။

သူတို့သည် အခြားရွာမှ လာရောက်၍ ဇာတ်ပွဲကြည့်ရှုကြခြင်း ဖြစ်ပြီး ဇာတ်ကသည့်ရွာမှ သူတို့နေထိုင်ရာရွာသို့ပြန်ရန် နာရီ
ဝက်သာသာ ဆိုင်ကယ်မောင်းရသည်။ကျောက်ကြမ်းလမ်းဖြစ်သည့်အပြင် လမ်းအနည်းငယ်ဆိုးသဖြင့် နိုင်စိုးတစ်ယောက် ဆိုင်ကယ်ကို သတိဖြင့်မောင်းနေရသည်။

မာဂနှင့် လင်းအောင်မှာ ဘီယာတစ်ဘူးဖောက်ကာ တစ်လှည့်စီသောက်ရင်း စကားတစ်ပြောပြောဖြင့် ဆိုင်ကယ်နောက်မှ
လိုက်ပါလာသည်။

လမ်းတွင် ရွာဆက်မရှိဘဲ တောတောင်၊ စိုက်ခင်း၊ ကွင်းပြင်နှင့် ကုန်းကမူများသာ ရှိသဖြင့် အချို့နေရာများတွင် သိသိသာသာပင် အမှောင်ရိပ်များ ပုန်းခိုနေကြသည်။

” ဟာ .. ” ဟိုး .. ဟိုး .. “ဆိုင်ကယ် ခါရမ်းသွားသဖြင့် မာဂနှင့် လင်းအောင်တို့၏ အသံများထွက်ပေါ်လာပြီး နိုင်စိုးလည်း ဆိုင်ကယ်ကို အချိန်မီပင် ရပ်တန့်လိုက်လိုက်သည်။” တောက် .. ဘီးပေါက်ပြီကွ “သုံးယောက်လုံး ဆိုင်ကယ်ပေါ်မှ ဆင်းလိုက်ကြသည်။

” အရေးထဲမှကွာ .. ရွာရောက်ဖို့ကလည်း လိုသေးတယ် …ဘယ်လိုလုပ်ကြမလဲ “လင်းအောင်ကဲ့သို့ပင် ကျန်နှစ်ယောက်မှာလည်း စိတ်ပျက်သွားကြသည်။” ခုမှတော့ ဘာမှလုပ်လို့မရဘူးလေ .. တွန်းပြန်ရုံပဲရှိတာပေါ့ ရွာအဝင်က ကိုမဲကြီးဆီရောက်မှ ဖာရမှာ “” ကိုမဲကြီးဆိုင်ရောက်ဖို့က မနည်းကြီး လျှောက်ရဦးမှာကွ …”” လျှောက်တာပေါ့ကွာ .. ဘာဖြစ်လဲ .. လသာနေတာပဲ “” ဒါ သဖန်းပင်ကွေ့မဟုတ်လား “နိုင်စိုး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ မေးလိုက်ခြင်းဖြစ်သည် ။

သဖန်းပင်ကွေ့ဆိုသည်မှာ အရပ်အခေါ်ဖြစ်ပြီး ထိုနေရာအရောက်တွင် လမ်းသည် သိသိသာသာ ကွေ့သွားကာ လမ်းဘေးတစ်နေရာတွင် သဖန်းပင်ကြီးတစ်ပင်ပေါက်နေသည်ကို အစွဲပြု၍ အမှတ်အသားတစ်ခုအဖြစ် ခေါ်ဝေါ်ခဲ့ရာမှ ထိုသို့အမည်တွင်နေခြင်း ဖြစ်လေသည်။” ဟုတ်တယ်လေ … ဘာလို့လဲ “မာဂ လက်ကျန်ဘီယာကိုမော့ကာ ဘီယာဘူးအခွံအား လမ်းဘေးသို့ ပစ်ပေါက်ရင်း ပြန်မေးလေသည်။

” ဒါဆို သိပ်မလျှောက်ရတော့ဘူးလေ .. သဖန်းပင်ကွေ့ပီးရင် လက်ပံပင် .. လက်ပံပင်ကျော်ရင် ရွာသချုႋင်း .. ရွာသချုႋင်း
လွန်တာနဲ့ ရွာရောက်ပြီလေ “” ဒါတော့ မင်းပြောမှလားကွ … လာ လာ .. စကားများမနေနဲ့ ..သွားကြမယ် “ပြောပြောဆိုပင် လင်းအောင်သည် ဘီယာဘူးနှင့်အမြည်းများထည့်ထားသောအိတ်ကိုဆွဲကာ ရှေ့မှ ချီတက်သွားသဖြင့် မာဂလည်း လင်းအောင်နောက်မှ လိုက်သွားလေသည်။

” ဟာ .. ဟေ့ရောင်တွေ .. ဆိုင်ကယ်တွန်းကူကြဦးလေ .. ဒါကြီးကို ငါ့တစ်ယောက်တည်း တွန်းရမှာလား “” လက်ပံပင်ရောက်ရင် မင်းတာဝန်ကျေပြီ .. တွန်းခဲ့ပါကွာ “မာဂ၏ စကားကြောင့် နိုင်စိုးလည်း အတွန့်မတက်တော့ဘဲဆိုင်ကယ်တွန်းကာ နောက်မှလိုက်လာလေသည်။

သုံးယောက်သား စကားတစ်ပြောပြောဖြင့် လျှောက်လာရာ မကြာမီ လက်ပံပင်ဟု ခေါ်ဆိုသော နှစ်ချို့လက်ပံပင်ကြီး အောက်သို့ရောက်လာသဖြင့် ဆိုင်ကယ်အား မာဂမှ တစ်လှည့် တွန်းလေသည်။

ထိုမှ အတန်ငယ်ဆက်လျှောက်သော် လရောင်အောက်တွင် ထီးထီးကြီး ဖြစ်နေကာ ရွာသချုႋင်း၏ အမှတ်အသားတစ်ခုဖြစ်သော ညောင်မုတ်ဆိတ်ပင်ကြီးအား စိတ္တဇဆန်ဆန် မြင်တွေ့လိုက်ရသည်။

လရောင်မှိန်မှိန်အောက်တွင် ညလေအေးတို့က ကျီစယ်ကစားနေဖြင့် ညောင်မုတ်ဆိတ်ပင်ကြီးဆီမှ တွဲရရွဲကျနေသော မုတ်ဆိတ်သဖွယ် အမြစ်များမှာ လေးတွဲစွာ လှုပ်ရမ်းနေကြသည်။

ညောင်မုတ်ဆိတ်ပင်ကြီးအောက်မှ ညိုမည်းမည်းဇရပ်အိုလေး ကိုလည်း အထင်းသားတွေ့မြင်နေရသည်။” ဟေ့ရောင်တွေ … ဇရပ်မှာခဏနားရအောင် … “မာဂမှ စတင်ဆော်သြလိုက်သည်။” ကောင်းတာပေါ့ .. မီးလှုံရင်း ဘီယာသောက်မယ်ကွာ …လမ်းလျှောက်ရတာ ညောင်းလာပြီ “လင်းအောင်ကပါ ထောက်ခံလေသည်။

” ဟာ .. မင်းတို့ကလည်းကွာ .. သချုႋင်းကုန်းကြီးထဲမှာ…မကောင်းပါဘူးကွာ .. အိမ်ရောက်မှသောက်ကြစမ်းပါ “နိုင်စိုးမှာ သုဿန်ထဲသို့ ဝင်ရောက်လိုဟန်မရှိချေ။” ဘာလဲ နိုင်စိုး .. မင်းကကြောက်လို့လား “လင်းအောင်မှ မခံချင်အောင် ခပ်ထေ့ထေ့ပြောလိုက်သည်။” ဟ .. ငါက ဘာကိုကြောက်ရမှာလဲ .. ဘာကိုမှမကြောက်ဘူး .. အိပ်ချင်တာတစ်ခုပဲရှိတယ် “

” အိပ်ချင်ရင် ဇရပ်ပေါ်အိပ်ပေါ့ကွ .. အေးမှာလည်းမပူနဲ့ …မီးမွှေးပေးမယ် “နိုင်စိုးတစ်ယောက် ငြင်းရန်ခက်သွားသည်။အချိန်မှာ ညဉ့်အလွန် ၃ နာရီဝန်းကျင်ခန့်ရှိပြီမို့ လမင်းကြီးမှာလည်း အတော်ပင် တိမ်းစောင်းနေလေပြီ။ သို့သော် သာမြဲပင်။သူတို့သုံးယောက်သည် ဆယ်ကျော်သက်လူငယ်များဖြစ်သည့်အပြင် ပညာရေးအခြေအနေအရ မြို့ရှိဆွေမျိုးများထံတွင်သာအနေများကာ ခေတ်စရိုက်များလွှမ်းမိုးထားသည်မို့ သရဲ တစ္ဆေများအား ယုံကြည်မှုမရှိကြပေ။

ထို့ပြင် ရှေးဟောင်းအယူအဆများ သက်ဝင်မှုခေါင်းပါးကာ လုပ်သင့်သည် မလုပ်သင့်သည်ကိုလည်း ဝေဖန်ပိုင်းခြားနိုင်ခြင်းမရှိချေ။နာနာဘာဝ ပရလောကဟူသည်မှာ သူတို့အဖို့လှောင်ပြောင်ဟားတိုက်ဖွယ်ရာအဖြစ်သာ ခံယူထားကြသူများပေမို့ လူငယ်များကြားတွင် သရဲကြောက်သည်ဟု အထင်ခံရမည်ကို သေမလောက်ပင် ရှက်ရွံ့သူများဖြစ်ကြသည်။အဆုံးတွင် နိုင်စိုးတစ်ယောက် မငြင်းသာတော့ဘဲ မာဂတို့နှင့်အတူ ညောင်မုတ်ဆိတ်ပင်ကြီးအောက်ရှိ ဇရပ်အိုလေးဆီသို့ လိုက်ပါခဲ့ရလေသည်။

ဇရပ်အနီးရောက်သော် မာဂသည် ဆိုင်ကယ်မီးအားဖွင့်လိုက်ရာ မီးရောင်သည် အကာအရံမရှိသော ဇရပ်ကိုကျော်လွန်ကာ ထိုးထိုးထောင်ထောင်မှတ်တိုင်အချို့နှင့်ထုံးဖြူဖြူအုတ်ဂူများပေါ်သို့ ဖြာကျသွားသည်။

လင်းအောင်သည် လက်ထဲမှအထုပ်အား ဇရပ်ပေါ်တင်ကာအနားတစ်ဝိုက်ရှိ သစ်ကိုင်းခြောက်များအား ကောက်လေသည်။” အ… ကိုက်တယ်ဟ “ဇရပ်ပေါ်ထိုင်လိုက်သော နိုင်စိုး ချက်ချင်းပြန်ထကာတင်ပါးနှင့် ခါးစပ်များသို့ လက်ဖြင့်ခါလေသည်။

” ဘာကောင်လဲ နိုင်စိုး “မာဂ မေးလည်းမေး ဇရပ်ကြမ်းပြင်သို့ပါ ငုံ့ကြည့်လိုက်သည် ။” ဟင် .. ပုရွက်ဆိတ်တွေ “ဇရပ်ကြမ်းပြင်တစ်ခုလုံး ပုရွက်ဆိတ်များဖြင့်ပြည့်နှက်နေလေသည်။

” ဒီမှာထိုင်လို့တော့မဖြစ်ဘူး .. နိုင်စိုး .. အထုပ်တွေယူကွာ “” ဟင် … ဘယ်သွားမှာလဲ “” နေရာကောင်းကောင်ရှာရမယ်လေကွာ “မာဂသည် ထိုသို့ဆိုကာ ဆိုင်ကယ်ကိုတွန်းရင်းမြေပုံနှင့် အုတ်ဂူများကြားသို့ ဖြတ်လျှောက်သွားသဖြင့် နိုင်စိုးမှာ အထုပ်ဆွဲ၍ လိုက်ရပြန်သည်။

” လာကွ … ဒီနေရာက ခွင်ကောင်းပဲ “အုတ်ဂူနှစ်လုံး ကပ်လျက်တည်ထားသောနေရာအရောက်တွင် မာဂ ဆိုင်ကယ်ကို ဒေါက်ထောက်ထား
လိုက်သည်။နိုင်စိုးမှာ အုတ်ဂူများကြားရောက်နေသည့်အဖြစ်ကိုမနှစ်မြို့လှသော်လည်း မကြောက်ဘွဲ့ ခံယူထားသူများမို့ စိတ်တင်းထားလိုက်သည်။

” ဦးစိန်အောင်အသက်-၅၀ နှစ် “” ဒေါ်လှဝေ အသက်-၄၈ နှစ် “အုတ်ဂူပေါ်မှ ကမ္ဗည်းစာတန်းအား မီးရောင်ဖြင့် အတိုင်းသားမြင်နေရသည်။” နိုင်စိုး .. ဒါ မနှစ်က ကားတိုက်သေတဲ့ လင်မယားမဟုတ်လား “” အင်း .. “နိုင်စိုး မဖြေချင့်ဖြေချင်ဖြင့် ဖြေလိုက်သည်။

” အဲ့တုန်းက စာမေးပွဲနဲ့တိုက်နေလို့ကွာ .. နို့ဆို ဝက်သားအမုန်းဆွဲရတယ် “မာဂ၏ စကားကြောင့် နိုင်စိုးမျက်လုံးပြူးသွားကာတစ်စုံတစ်ခုပြန်ပြောရန်ပြင်စဉ်မှာပင် ထင်းခြောက် များပွေ့၍ လင်းအောင်ရောက်ချလာသည်။

” ဇရပ်ပေါ်က ဘာလို့လဲကွ “” မင်းအဘ ပုရွက်ဆိတ်ဟေ “” ဟ .. ငါ့အဘက သေတာကြာပေါ့ … ဒါဆို ငါ့အဘကသေပြီး ပုရွက်ဆိတ်ဖြစ်နေတာဖြစ်မယ် .. ဟား .. ဟား … ဒီနေရာလည်း ကောင်းတာပဲ “လင်းအောင်သည် ယူလာသော ထင်းခြောက်များကိုစုပုံ၍ ကျဉ်းမြောင်းလှသော အုတ်ဂူနှစ်ခုကြားတွင် မီးမွှေးလိုက်သည်။ပြီးသည်နှင့် မာဂနှင့် လင်းအောင်က အုတ်ဂူတစ်လုံးပေါ်တွင်ထိုင်၍ နိုင်စိုးက ကျန်အုတ်ဂူပေါ်တွင် မျက်နှာချင်းဆိုင်၍ ထိုင်လိုက်ကြသည်။

” ကဲ … ဆွဲမယ် .. နိုင်စိုး .. မင်းလည်း အချမ်းပြေတစ်ဘူးလောက်ကစ်ဦး “လင်းအောင်လှမ်းပေးသော ဘီယာဘူးအား လှမ်းယူကာဖွင့်၍ တစ်မော့ မော့လိုက်သည်။” တို့အဖြစ်ကလည်း ဆိုးပါ့ကွာ “နိုင်စိုး နှုတ်မှညည်းမိသွားရာ မာဂကလည်း” ဟုတ်ပကွာ … ဒီလိုမှန်းသိရင် ဆိုင်မှာ ဇိမ်ရှိရှိ နှပ်ပါတယ် …အခုတော့ သချုႋင်းကုန်းထဲမှာ ပျင်းခြောက်ခြောက်ကြီး “ဟု ဝင်ပြောလေသည်။

” မင်းတို့မပျင်းအောင် ငါကြည့်ဖူးတဲ့ ဇာတ်ကားအကြောင်းပြောပြမယ် “” ဘာကားမို့လဲကွ “လင်းအောင်၏စကားအား နိုင်စိုးမှ ဝင်ထောက်လိုက်သည်။” နိုင်ငံခြားသရဲကား “” ဟား ဟား.. ဖွီး .. သရဲကားဆိုမှတော့ ရယ်ရမှာ ကျိန်းသေတယ် “မာဂက ထုံးစံအတိုင်းလှောင်လေသည်။

” မဟုတ်ဘူးကွ .. ငါတောင် အဲ့ဇာတ်ကားကြည့်တုန်းက နဲနဲကျောချမ်းမိတယ်ကွ .. ရိုက်ချက်က ပီပြင်တယ် “” ကြောက်ရင်ကြောက်တယ်ပေါ့ကွာ ” မကြောက်ပါဘူးကွာ .. မကြောက်လို့လည်း သချုႋင်းထဲကုန်းမှာ သရဲအကြောင်းပြောတာပေါ့ကွ “” ပေးပြောလိုက်ပါ မာဂရာ .. နားထောင်ကြည့်တာပေါ့ “နိုင်စိုးတားလိုက်မှ မာဂလည်း ဆက်မငြင်းတော့ဘဲ ဘီယာသာ
မော့နေတော့သည်။

” ဇာတ်ကားထဲကလိုပဲ ငါတို့အခုရောက်နေတာက သချုႋင်းထဲမှာ ဆိုတော့ ပိုပြီး အရသာရှိတယ် … ဒီလိုကွ … ဇာတ်ကားထဲမှာ ဆရာကြီးတစ်ယောက်က သချုႋင်းထဲကိုသွားပြီး သရဲတွေကို ခေါ်တာ … သရဲတွေဆို အုတ်ဂူတွေကိုဖောက်ဖောက်ပြီး ထွက် လာလိုက်တာများ … “” တော်ပါ လင်းအောင်ရာ .. အခြေအမြစ်မရှိတာကိုရိုက်ထားတဲ့ဟာ ..ငါသာဆို ဗိုက်နှိပ်ပြီးရယ်မှာ “မာဂမှ စကားပိတ်လိုက်သဖြင့် လင်းအောင်လည်း ဆက်မပြောတော့ချေ။အတန်ကြာသော် စကားဆက်ပြန်သည်။

” အဲ့ထဲက ဆရာကြီးသရဲခေါ်တာကိုတော့ ကြိုက်တယ်ကွ …အဲ့စကားကို ငါမှတ်ထားတယ် … ငါပြန်ပြောပြမယ် “လင်းအောင် ထိုသို့ဆိုကာ မတ်တပ်ရပ်၍ သချုႋင်းထဲသို့ တစ်ချက်ဝေ့ကြည့်လိုက်သည်။

” အဟမ်း .. အဟမ်း …အို ………..သချုႋင်းထဲမှာ ရှိကြကုန်သော နာနာဘာဘာဝများ ….နိုးထကြလော့ …….ကျွန်ုပ်တို့နှင့်အတူ …ပျော်ရွှင်စွာ စားသောက်ကြလော့ …ကျွန်ုပ်တို့နှင့်အတူ …ပျော်ရွှင်စွာ ကခုန်ကြလော့ ……. “” ဝေါ .. ဝရော … “လင်းအောင်၏ အသံဆုံးသည်နှင့် ညောင်မုတ်ဆိတ်ပင်ကြီးပေါ်မှငှက်အုပ်ကြီး ထပျံလေသည် ။

” ရှဲ … ရှဲ …. “လေကြမ်းကြမ်းကြီးပါ တိုက်သဖြင့် ညောင်မုတ်ဆိတ်များ လှုပ်ရမ်းခြင်းနှင့်အတူ ကိုင်းအချို့မှာ ဇရပ်အမိုးနှင့် ပွတ်တိုက်မိနေသဖြင့် တရှဲရှဲမြည်သံများ ထွက်ပေါ်နေသည်။” အူ … ဝူး … ဝူး ….. “ရွာစွန်ဆီမှ ဆွဲဆွဲငင်ငင်အူလိုက်သော ခွေးအူသံကြီးလည်း ရုတ်တရက် ထွက်ပေါ်လာသည်။

” ဟင် .. “ထိုသို့ရှိနေစဉ် နိုင်စိုးတစ်ယောက် အလန့်တကြားဖြင့် မတ်တပ်ထရပ်လိုက်သဖြင့် ကျန်နှစ်ယောက်မှာ အူကြောင်ကြောင်ဖြစ်သွားသည်။” ဘာဖြစ်တာလဲ နိုင်စိုး “” အုတ် .. အုတ်ဂူကြီးလှုပ်သွားတယ် “နိုင်စိုး သူထိုင်ခဲ့သောအုတ်ဂူကြီးအားကြည့်ကာ မျက်နှာပျက်ပျက်ဖြင့်ဆိုလေသည်။

” ဟာ .. အဓိပ္ပါယ်မရှိတာ “” ဟုတ်တယ်နိုင်စိုး .. အတည်ပေါက်နဲ့နောက်မနေနဲ့ … ငါမကြိုက်ဘူး “နှစ်ယောက်တစ်ယောက်မို့ နိုင်စိုးဆက်မပြောတော့ပေ။သူထိုင်နေစဉ် အုတ်ဂူ သိမ့်ကနဲ့ လှုပ်သွားသည်ကိုမူ သူကောင်းကောင်းသိနေသည်။

ထို့ကြောင့် အုတ်ဂူပေါ်သို့ ပြန်ထိုင်ရခက်နေသည်။မထိုင်လျှင်လည်း မာဂနှင့်လင်းအောင်တို့၏ စကားလုံးတိုက်ခိုက်မှုများကို ကောင်းကောင်းခံရပေလိမ့်မည် ။ထို့ကြောင့် အရဲစွန့်ကာ ပြန်ထိုင်လိုက်သည်။” အူ .. ဝူး … ဝူး …. “” ရှဲ … ရှဲ …. “ခွေးအူသံနှင့် သစ်ကိုင်းနှင့် ဇရပ်အမိုးပွတ်တိုက်သံတို့က အဆက်မပြတ်ထွက်ပေါ်နေသည်။

” တောက် .. ခွေးလေခွေးလွင့်က အူနေသေး… “” အူပါစေပေါ့ လင်းရောင်ရာ .. သူ့မှာလည်း အူစရာအကြောင်းရှိလို့ဖြစ်မှာပေါ့ “မာဂ ထိုသို့ဆိုရင်း အမဲကြော်တစ်တုံးကိုကောက်ကာ ပါးစပ်ထဲထည့်မည်ပြုစဉ် အမဲကြော်တုံးမှာ လက်ထဲမှ ပြုတ်ကျသွားလေသည်။ထို့ကြောင့် နောက်တစ်တုံးကိုနှိုက်ကာ ဝါးနေလိုက်သည်။

နိုင်စိုးသည် ဘာရယ်မဟုတ် မာဂလက်ထဲမှ ကျသွားသည့်အမဲကြော်ရှိမည့်နေရာသို့ကြည့်မိလိုက်စဉ် မျှော်လင့်မထားသောမြင်ကွင်းတစ်ခုကြောင့် မျက်လုံးများပင် ပြာဝေသွားသည်။” အား … “မျက်လုံးစုံမှိတ်၍ အော်ကာ တင်ပါးလွှဲထိုင်နေရာမှ ခြေထောက်များကို အုတ်ဂူပေါ်သို့မြန်တင်လိုက်သည်။

” နိုင်စိုး .. အလန့်တကြားနဲ့ကွာ .. ဘာဖြစ်တာလဲ “လင်းအောင်က နိုင်စိုးအား နားမလည်သလိုကြည့်ရင်းမေးလိုက်သည်။” လက် .. လက်ကြီး .. လက်ကြီး “” ဟာကွာ .. ဒီကောင်တော့ တစ်ဘူးတောင်မကုန်သေးဘူး ..ဘယ်လိုတွေဖြစ်နေတာလဲ “” ဘာဖြစ်တာလဲ နိုင်စိုး “နိုင်စိုး၏ ပုခုံးအား ကိုင်လှုပ်ကာ မေးမှ နိုင်စိုး မျက်လုံးပွင့်လာသည်။

နိုင်စိုး၏ မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြူဖျော့နေပြီးတစ်စုံတစ်ခုအား အလွန်အမင်းထိတ်လန့်နေဟန်ရှိသည်။” စော .. စောစောက မာဂလက်ထဲက အမဲကြော်တုံး ပြုတ် .. ပြုတ်ကျတယ်လေ “” အေးလေ .. အဲ့တာဘာဖြစ်လဲ “မာဂက မထူးဆန်းသလို ဝင်ပြောသည်။

” အဲ့ .. အဲ့ဒါ ငါ … ပြုတ်ကျသွားတဲ့နေရာကိုကြည့် . ကြည့်လိုက်တော့ မင်း .. မင်းတို့ထိုင်နေတဲ့ .. အုတ် .. အုတ်ဂူထဲကနေ .. လက်တစ်ဖက်ထွက်လာပြီး .. အမဲကြော်တုံးကိုကောက်သွားတယ် … “” ဘာ … “” ဟာ .. မဖြစ်နိုင်တာ “”.ငါတကယ်ပြောတာ .. ငါပြောတာကိုယုံပါကွာ .. ငါတို့ဒီမှာမနေသင့်တော့ဘူး .. ပြန်ကြရအောင်ပါကွာ “နိုင်စိုး တောင်းတောင်းပန်ပန်ဖြင့်ပြောသော်လည်း ကျန်နှစ်ဦးမှာမူမတုန်လှုပ်ချေ။

” နိုင်စိုး .. မင်း မူးပြီးထင်ရာမြင်ရာတွေပြောမနေနဲ့ .. “” ငါမမူးဘူး မာဂ … ဘီယာတစ်ဘူးနဲ့ ငါကဘာလို့မူးရမှာလဲ …ထင်ရာမြင်ရာပြောရအောင်လည်း ငါ့မျက်စိမမွဲသေးဘူး …ခု .. ခုဟာက ငါတကယ်တွေ့လိုက်တာပါကွာ .. ငါကျိန်ပြောရဲပါတယ် “” ကောင်းပြီလေ .. ဒါဆို ရော့ .. တစ်တုံးမဟုတ်ဘူး .. နှစ်တုံးချလိုက်မယ် .. မင်းပြောတာဟုတ်မဟုတ် ကြည့်ကြတာပေါ့ “ပြောပြောဆိုဆိုပင် မာဂ အမဲကြော် နှစ်တုံးအား အုတ်ဂူအခြေသို့ ပစ်ချလိုက်ကာ သုံးယောက်သား မျက်တောင်မခတ် စိုက်ကြည့်လိုက်ကြသည်။

အတန်ကြာသည်အထိ အခြေအနေမထူးခြား ။” ကဲ .. ဘယ်လိုလဲ နိုင်စိုး “မာဂ နိုင်စိုးအားကြည့်ကာ မေးလိုက်သည်။လင်းအောင်သည်လည်း အမဲကြော်တုံးဆီမှ အကြည့်ခွာသွားသဖြင့်နိုင်စိုးတစ်ယောက်တည်း အမဲကြော်နှစ်တုံးအား ဆက်၍ကြည့်နေစဉ် အရိုးပြိုင်းပြိုင်းထနေသော လက်တစ်ဖက် အုတ်ဂူထဲမှ ထွက်လာကာ အမဲကြော်များအား ကောက်ယူသွားလေသည်။

” အား .. ယူ .. ယူသွားပြီ .. ဒါ .. ဒါ သရဲ .. သရဲလက်ကြီး “နိုင်စိုး မျက်လုံးစုံမှိတ်ကာ အော်ဟစ်လိုက်သဖြင့် မာဂနှင့်နိုင်စိုးတို့လည်းအမဲကြော်ချထားသောနေရာသို့ကြည့်လိုက်ရာ အမဲကြော်တုံးများ မရှိတော့သဖြင့် ဇဝေဇဝါဖြစ်သွားကြသည်။

” ဟင် .. “” ဟာ .. “မာတို့ထိုင်နေသော အုတ်ဂူလှုပ်ရမ်းသွားသည်ကို သတိထားမိလိုက်ကြသဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။” လင်အောင်ရေ .. တစ်ခုခုတော့ ထူးနေပြီ “မာဂတို့၏ အခြေအနေကို ရိပ်စားမိသော နိုင်စိုးတစ်ယောက်ပို၍ပင် မျက်နှာပျက်လာသည်။

” မာဂနဲ့ လင်းအောင် .. ပြန် .. ပြန်ကြစို့ကွာ “” ဘာလဲ နိုင်စိုး .. မင်းကကြောက်နေတာလား …. ဘာမှကြောက်စရာ မလိုဘူး .. အရင်က နိုင်စိုးစိတ်ကိုပြန်မွေးစမ်းပါကွာ “” မဟုတ်သေးဘူး မာဂ .. သရဲတစ္ဆေကို မယုံတာက မယုံတာပဲ …ဒါပေမယ့် ကိုယ်မယုံတာကို မရှိဘူးဆိုပြီး စော်ကားလို့မရဘူး …စည်းဆိုတာရှိတယ် “” ဘာစည်းလဲ … ငါတို့က ဘာစော်ကားနေလို့လဲ … ငါ့ကိုဖာသာအေးအေးဆေးဆေးသောက်နေတာလေ “” ဒါပေမယ့် ဒီနေရာက သူတို့ပိုင်နက်လေ .. စောစောကလည်းလင်းအောင်က နောက်ပြောင်ပြီး သူတို့ကို … သူတို့ကို … “နိုင်စိုး စကားရပ်သွားကာ နောက်ဖက်သို့ ကျော်ကြည့်နေသဖြင့်မာဂနှင့် လင်းအောင်တို့လည်း နောက်ပြန်ကြည့်လိုက်ရာ မြေပုံများကြားမှ သူတို့ဆီသို့ လျှောက်လာနေသူတစ်ဦးကို တွေ့လိုက်ရသည်။

အသက်အရွယ်အားဖြင့် ၃၀ ဝန်းကျင်ခန့်သာရှိသော ထိုသူမှာကတုံးကိုပြောင်အောင်တုံးထားပြီး ချည်သားအင်္ကျီအကွက်လက်တိုနှင့်ညိုညစ်ညစ်ပုဆိုးနွမ်းအား ခပ်တိုတို ဝတ်ဆင်ထားသည်။နိုင်စိုးသည် မာဂနှင့် လင်းအောင်တို့ထက်စာလျှင် ရွာတွင်ပိုနေသဖြင့်အချို့အရာများအား အနည်းအကျဉ်းမျှ သိထားရာ ဆောင်းကာလ၏မိုးသောက်ယံတွင် အပေါ်အင်္ကျီမပါဘဲ လျှောက်လာသော ထိုသူအားကြည့်ကာ စိတ်ထဲတွင် လေးနေမိသည်။

” ငါ့ညီတို့က သောက်နေကြတာလား .. လုပ်ပါဦးကွ .. မသောက်ရတာကြာပြီ “ပါးစပ်ကလည်းပြော လက်ရဲဇာတ်ရဲဖြင့် ဘီယာတစ်ဘူးအားဆွဲကာတစ်ဂွတ်ဂွတ်မြည်အောင် မော့ချလိုက်သည် ။” ရော့ .. အမြည်းလည်းစား .. ဒါနဲ့ အစ်ကိုက ရွာကပဲလား “” ဒါပေါ့ “လူစိမ်းသည် လင်းအောင်၏အမေးကိုပြန်ဖြေရင်း ကြက်ကင်များအားကောက်စားလေသည်။

” လင်းတောင်မလင်းသေးဘူး .. ဘယ်သွားမို့လဲ .. နောက်ပြီး အစ်ကို့ကိုလည်း ရွာမှာ မမြင်ဖူးပါဘူး “” ငါက ဒီမှာပဲနေတာလေ .. ငါ့ကို မင်းတို့ဘယ်မြင်ဖူးမလဲကွ ..ငါသေတာ အနှစ်နှစ်ဆယ်ရှိပြီလေ “” ဟင် … “” ဗျာ … “ကျန်နှစ်ယောက်မှာ မည်သို့ရှိသည်မသိသော်လည်း နိုင်စိုးမှာမူတစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထကာ ထိုင်နေရာမှပင် ထရပ်မိ
သွားသည် ။

” ဟာ .. အစ်ကိုကလည်းဗျာ … နောက်နေသေးတယ် “မာဂ ရယ်သံနှော၍ ပြောလိုက်သည်။” ဘယ်ကနောက်ရမှာလဲကွာ … အခုလိုခေါ်ပြီးကျွေးတာ ကျေးဇူးပဲကွာ .. ဟင် .. ကုန်ပြီလား အမဲကြော်က … “မာဂနှင့် လင်းအောင်တို့ မျက်လုံးပြူးသွားသည်။အမဲကြော်နှင့် ကြက်ကင်များ ထိုသူမလာခက်က အများကြီးရှိနေသော်လည်း ထိုသူလာပြီး တခဏအတွင်းမှာပင် အိတ်ခွံသာ ကျန်လေသည်။

” ကုန် .. ကုန်ပြီဗျ .. ဒါအကုန်ပဲ “” ဘာ … မင်းတို့က ဖိတ်တုန်းက ဖိတ်ထားပြီး အခြားသူတွေကို ဘာကျွေးမှာလဲ “စိတ်ဆိုးမာန်ဆိုးပြောလိုက်သောလူစိမ်းကြောင့် လင်းအောင်ဒေါသထွက်သွားသည်။” ဘာဗျ … ကျုပ်တို့က ဘယ်သူ့ကိုဖိတ်လို့လဲ … ခင်ဗျားဟာခင်ဗျားလာစားတာလေ “” မင်းတို့ပဲ စောစောတုန်းက သချုႋင်းမှာရှိတဲ့ နာနာဘာဝတွေ နိုးထကြဆို …
မင်းတို့နဲ့အတူ လာစားကြဆို .. ခုမှ ဘာမသိချင်ယောင်ဆောင်နေတာလဲ “လင်းအောင်နှင့် မာဂတို့ မျက်နှာပျက်စပြုလာပြီ။နိုင်စိုးလည်း ချွေးစေးများပင် ပြန်နေပြီ ။” မဟုတ်ဘူး .. မဟုတ်ဘူး.. . အဲ့တာ ဘယ်သူ့ကိုမှခေါ်တာမဟုတ်ဘူး “လင်းအောင် အကြောက်အကန်ငြင်းလိုက်သည်။” ခုမှတော့ မရတော့ဘူး .. သူတို့စောင့်နေကြပြီ “” ဟင် … “” ဘယ် … ဘယ်သူတွေလဲ … “မာဂ မဝံ့မရဲဖြင့် မေးလိုက်သည်။

” ဟိုမှာလေ … “လူစိမ်းညွှန်ပြရာသို့ကြည့်လိုက်ရာ မှတ်တိုင်နှင့် အုတ်ဂူများကြားတွင်ထိုးထိုးထောင်ထောင်ဖြင့်ရှိနေသော မည်းမည်းသဏ္ဌာန် အရိပ်မည်းကြီးများကို မြင်တွေ့လိုက်ရသည်။” ဟာ … “” ဟင် … “သုံးယောက်သား ပူးကပ်သွားမိသည်။” ငါကတော့ စားပြီးပြီ … ကျန်တဲ့လူတွေကို ကြည့်ရှင်းပေတော့ …ငါသွားပြီ “ထိုသို့ဆိုကာ သူတို့အနားမှ လူစိမ်းထွက်ခွာသွားလေသည်။” ဘယ် … ဘယ်လိုလုပ်ကြမလဲ “” ပြန် .. ပြန်မယ်လေ “” မရဘူး … အပြန်လမ်းမှာလည်း ပိတ်နေတယ် “မည်းမည်းသဏ္ဌာန်များမှာ နေရာအနှံ့ ရှိနေသည်မို့ အပြန်လမ်းပိတ်မိနေသည်။

” မဟုတ်ဘူး … ဒါ ငါတို့ရဲ့စိတ်ကို လှည့်သားတာ .. သရဲဆိုတာ တကယ်မရှိဘူး “မာဂ မျက်လုံးစုံမှိတ်ကာ ထိုစကားကိုသာ ထပ်ခါထပ်ခါ ပြောနေသည်။” အူ .. ဝူး .. ဝူး ….. “ခွေးအူသံကြီးကြောင့် ကျောရိုးတစ်လျှောက် စိမ့်တက်သွားကြသည်။” ဘာပဲဖြစ်ဖြစ် သွားမယ် .. မင်းတို့ မကြောက်ကြနဲ့ …သူတို့ ငါတို့ကို ဘာမှလုပ်လို့မရဘူး “မာဂ ထိုသို့အားပေးရင်း တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ကာဖြေးဖြေးချင်း နောက်သို့ဆုတ်ခဲ့သည်။

” ဟင် … “” အုတ် .. အုတ်ဂူတွေ လှုပ်နေပြီ “သူတို့မျက်သိရှေ့တွင်ရှိနေသော အုတ်ဂူများ သွက်သွက်ခါ လှုပ်ရှားလာကြသည် ။” ဟာ … မြေ .. မြေပုံတွေ . မြေပုံတွေ … “မြေပုံမို့မို့များမှာလည်း မြေစာများ ဖွာကနဲ့ ဖွာကနဲ့ လွင့်စင်ကုန်ကြလေသည် ။သုံးယောက်သား အသားများပင် တဆတ်ဆတ် တုန်လာကြရသည်။

သူတို့ကြည့်နေစဉ်မှာပင် ကွဲအက်နေသော အုတ်ဂူနှင့် မြေပုံများကိုခွဲထွက်၍ ရုပ်ပျက်ဆင်းပျက်နိုင်လှသော လူသေလောင်းကြီးများ ထလာကြလေသည် ။” ပေ …… ငါ တို့. ကို အ. စာ ပေး ….. “ဗလုံးဗထွေးအသံကြီးများဖြင့် ပေါ်ဟစ်ကာ ရှေ့သို့တိုးလာသဖြင့်သုံးယောက်သား လက်များဖြုတ်ကာ ကိုယ်လွတ် ပြေးကြလေသည် ။

အုတ်ဂူများ မြေပုံများကြား အလဲလဲအပြိုပြိုဖြစ်ရုံမျှမက ကပ်မိလိုက် သော အုတ်ဂူနှင့် မြေပုံများထဲမှ လက်ကြီးများ ထွက်လာသဖြင့် ရှောင်ကွင်းကာ ပြေးကြရသည်။” ပြေး .. ပြေး .. အပေါက်ဝကို ရောက်အောင်ပြေး … “အချင်းချင်း အော်ဟစ်သတိပေးကာ ပြေးကြရာ နောက်မှလည်း  အုပ်လိုက်ကြီး လိုက်လာလေသည်။

ကံကောင်းထောက်မစွာပင် မာဂနှင့် နိုင်စိုးတို့ သချုႋင်းမြေ အပြင်ဘက်သို့ ရောက်သွားကြသည်။” လင်းအောင် .. မြန်မြန်လာ “” မြန်မြန်ပြေး “လင်းအောင်လည်း မာဂတို့ရှိရာသို့ အားစိုက်ကာ ပြေးလာနေသည်။သူနှင့်လက်တစ်ကမ်းအကွာမှလည်း နာနာဘာဝများ လိုက်ပါလာကာလင်းအောင်အား ဖမ်းဆွဲရန် ကြိုးစားနေကြသည်။

” ဟုတ်ပြီ .. လာ … “မာဂတို့ထံရောက်ရန် လက်တစ်ကမ်းအလိုတွင် လင်းအောင်တစ်ယောက်မှောက်လျက်သား လဲကျသွားလေသည်။နေရာမှ ပြန်ထရန်ကြိုးစားသော် နာနာဘာဝများက လင်းအောင်၏ခြေထောက်အား ဖမ်းဆွဲထားသဖြင့် ထမရချေ။ထို့ကြောင့် မာဂနှင့် နိုင်စိုးတို့မှာ လင်းအောင်၏ လက်အား တန်ပြန်ဆွဲလေသည်။

သို့သော် နာနာဘာဝအုပ်ကြီး၏ အားကိုမူ မယှဉ်နိုင်ပေ ။ထိုအချိန်တွင် ရောင်နီဦးများ ပျို့အန်ကာ အရုဏ်တက်ချိန်ရောက်လာလေသည်။အရုဏ်ဦးရောင်နီလာသည်နှင့် သချုႋင်းထဲမှာ ရှိကြကုန်သော နာနာဘာဝများတစ်စတစ်စ မှေးမှိန်ပျောက်ကွယ်ကုန်ကြလေသည်။

လင်းအောင်၏ ခြေထောက်အား ဆွဲထားသော နာနာဘာဝမှာမူမပျောက်ကွယ်သေးချေ ။” အား ….. “လင်းအောင်၏ မချိမဆန့်အော်သံအဆုံးတွင် ဆွဲထားသော နာနာဘာဝကြီး မှေးမှိန်ပျောက်ကွယ်သွားလေသည် ။ထိုအခါမှ မာဂနှင့် နိုင်စိုးတို့ လင်းအောင်အား ထူပေးလိုက်ကြသည်။

” ဘာ … ဘာဖြစ်သွားသေးလဲ လင်းအောင် “နိုင်စိုး စိုးရိမ်တကြီးဖြင့် မေးလိုက်သည် ။” ငါ့ခြေထောက် … ငါ့ခြေထောက်ကို ကိုက်သွားတယ် “ထို့ကြောင့် လင်းအောင်၏ ခြေထောက်အား ကြည့်လိုက်ရာ မပီပြင်သော အလင်းရောင်အောက်တွင် ထင်ရှားသော သွားရာကြီးအား လင်းအောင်၏ခြေဖမိုးတွင် မြင်တွေ့လိုက်ရသည်။

” ရလား လင်းအောင် .. လမ်းလျှောက်နိုင်ရဲ့လား “” ရတယ် .. “” ဒါဆိုလည်း ပြန်ကြမယ် “” နေဦး… ဆိုင်ကယ် .. ဆိုင်ကယ်က … “” ပြီးမှ တစ်ယောက်ယောက်ကို ယူခိုင်းလိုက်ပါကွာ “” အေးပါ .. ဒါလည်း ရတာပဲ “ထို့နောက် သုံးယောက်သား ရွာသို့ပြန်ခဲ့ကြသည်။ထိုနေ့ညက အဖြစ်အပျက်သည် သူတို့အဖို့ တစ်သက် မေ့နိုင်လိမ့်မည်မဟုတ်ပေ ။

အဘယ့်ကြောင့်ဆိုသော် လင်းအောင်သည် နာနာဘာဝကိုက်ပြီး ၃ ရက်အကြာတွင် လူ့လောကကြီးထဲမှ အပြီးတိုင် ထွက်ခွာသွားလေတော့သည်။ထို့ကြောင့် သချုႋင်းထဲမှ အဖြစ်အပျက်အားတွေးမိတိုင်း သူငယ်ချင်းဖြစ်သူ လင်းအောင်အတွက် ယူကြုံးမရဖြစ်ရင်းဖြင့် …..။ ။

(ပြီး)

ဖိုးသူတော် (www.phothutaw.com)
Credit:Jupiter Koko
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top