အိႏၵိယႏိုင္ငံမွာ စာေမးပြဲေအာင္စာရင္း ရလဒ္ေတြ မေကာင္းတာေၾကာင့္ ေက်ာင္းသား(၂၀)ေလာက္ ကိုယ့္ကိုကိုယ္ အဆံုးစီရင္သြားခဲ့တယ္လို႕Khaleej Times သတင္းမွာ ေဖာ္ျပထားပါတယ္။

ျပီးခဲ့တဲ့ေဖေဖာ္၀ါရီလနဲ႕ မတ္လအတြင္း ျပဳလုပ္တဲ့ အလယ္တန္းအဆင့္ စာေမးပြဲမွာ ေက်ာင္းသား (၁)သန္းေလာက္ ၀င္ေရာက္ေျဖဆိုခဲ့ၾကပါတယ္။ ျပီးခဲ့တဲ့ရက္သတၱပတ္ထဲမွာေတာ့ ေအာင္စာရင္းထြက္ရွိခဲ့ျပီး ေက်ာင္းသား(၃)သိန္းခြဲေလာက္ စာေမးပြဲ က်ခဲ့တယ္လို႕ ဆိုပါတယ္။

ဒီစာေမးပြဲရလဒ္ေၾကာင့္ ေက်ာင္းသား (၂၀)ေလာက္ အဆံုးစီရင္ခဲ့ျပီး ေနာက္ထပ္ အဆံုးစီရင္မႈေတြ ျဖစ္ပြားမွာကို ႏိုင္ငံနဲ႕တစ္၀ွမ္း စုိးရိမ္မႈေတြ ျမင့္တက္ေနၾကပါတယ္။

တယ္လန္နာဂါျပည္နယ္ ၀န္ၾကီးခ်ဳပ္က ဒီအေျခအေနေပၚ စိုးရိမ္မိေၾကာင္းနဲ႕ စာေမးပြဲက်ရံႈးသူေတြရဲ႕ အေျဖလႊာေတြကို ျပန္လည္စီစစ္ဖို႕ ထုတ္ျပန္ခဲ့ပါတယ္။



ဒါ့အျပင္ ေက်ာင္းသားေတြကိုလည္း အဆံုးစီရင္မႈေတြမလုပ္ဖို႕ တိုက္တြန္းေျပာၾကားခဲ့ျပီး အလယ္တန္းအဆင့္ စာေမးပြဲက်တာဟာ ဘ၀ရဲ႕အဆံုးသတ္မဟုတ္ဘူးလို႕ အားေပးစကားေျပာၾကားခဲ့ ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 5PlusNews
#Unicode Version# ျဖင့္ဖတ္ပါ ။

အိန္ဒိယနိုင်ငံမှာ စာမေးပွဲအောင်စာရင်း ရလဒ်တွေ မကောင်းတာကြောင့် ကျောင်းသား(၂၀)လောက် ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့Khaleej Times သတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလနဲ့ မတ်လအတွင်း ပြုလုပ်တဲ့ အလယ်တန်းအဆင့် စာမေးပွဲမှာ ကျောင်းသား (၁)သန်းလောက် ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်ထဲမှာတော့ အောင်စာရင်းထွက်ရှိခဲ့ပြီး ကျောင်းသား(၃)သိန်းခွဲလောက် စာမေးပွဲ ကျခဲ့တယ်လို့ ဆိုပါတယ်။

ဒီစာမေးပွဲရလဒ်ကြောင့် ကျောင်းသား (၂၀)လောက် အဆုံးစီရင်ခဲ့ပြီး နောက်ထပ် အဆုံးစီရင်မှုတွေ ဖြစ်ပွားမှာကို နိုင်ငံနဲ့တစ်ဝှမ်း စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။

တယ်လန်နာဂါပြည်နယ် ဝန်ကြီးချုပ်က ဒီအခြေအနေပေါ် စိုးရိမ်မိကြောင်းနဲ့ စာမေးပွဲကျရှုံးသူတွေရဲ့ အဖြေလွှာတွေကို ပြန်လည်စီစစ်ဖို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ကျောင်းသားတွေကိုလည်း အဆုံးစီရင်မှုတွေမလုပ်ဖို့ တိုက်တွန်းပြောကြားခဲ့ပြီး အလယ်တန်းအဆင့် စာမေးပွဲကျတာဟာ ဘဝရဲ့အဆုံးသတ်မဟုတ်ဘူးလို့ အားပေးစကားပြောကြားခဲ့ ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 5PlusNews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top