(၂၀၁၉ ခုႏွစ္၊ ေမလ (၁)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္(၀၇:၀၀)နာရီအခ်ိန္ထုတ္ျပန္ခ်က္)
===================================================
အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္းသတင္းအေျခအေန
————————————————

(က) ယေန႔ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ အေနာက္အလယ္ပိုင္းႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္အေနာက္ ေတာင္ပိုင္းတို႔တြင္ ျဖစ္ေပၚေနေသာ အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း (Extremely Severe Cyclonic Storm) “ဖန္နီ”(FANI)သည္ အေနာက္-အေနာက္ေျမာက္ ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး၊ အိႏၵိယႏိုင္ငံ၊ ခ်င္းႏိုင္ၿမိဳ႕(Chennai)၏ အေရွ႕-အေရွ႕ေျမာက္ဘက္ မိုင္ (၂၃၀)ခန္႔၊ မာခ်ီလီပတၱနမ္ၿမိဳ႕(Machilipatnam)၏ အေရွ႕ေတာင္ဘက္ (၂၃၅)မိုင္ခန္႔၊ ဗီဇာကာပတၱနမ္ၿမိဳ႕ (Vishakhapatnam)၏ ေတာင္-အေရွ႕ေတာင္ဘက္ မိုင္(၂၅၀)ခန္႔အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။ အဆိုပါ အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္း မုန္တိုင္း “ဖန္နီ” (FANI)သည္ အေနာက္ေျမာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားမည္ဟု ခန္႔မွန္း ရပါသည္။

(ခ) အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ” (FANI)၏ လက္ရွိအေျခအေန မွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိေသးသျဖင့္ အဝါေရာင္ အဆင့္ဟု သတ္မွတ္ပါသည္။

အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း၏ တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း
———————————————————–
(က) အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ” (FANI)သည္ ျမန္မာစံေတာ္ခ်ိန္ (၀၆:၃၀)နာရီအခ်ိန္တြင္ ေျမာက္လတၱီက်ဳ(၁၃.၆)ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ(၈၄.၂)ဒီဂရီတြင္ ရွိၿပီး၊ ဗဟိုခ်က္ေလဖိအား (၉၆၂)ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလၽွင္ မိုင္(၁၁၀)ႏႈန္း ျဖစ္ပါသည္။

ေနာက္(၇၂)နာရီအတြင္းခန္႔မွန္းခ်က္
—————————————–
(က) အဆိုပါ အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ”(FANI)သည္ အေနာက္ ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားၿပီး၊ ေနာက္(၂၄)နာရီအတြင္း ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ ေကြ႕ကာ၊ ေနာက္(၇၂)နာရီအတြင္း အိႏၵိယႏိုင္ငံ၊ ဩရိႆကမ္းေျခကို ျဖတ္ေက်ာ္ဝင္ေရာက္ မည္ဟု ခန္႔မွန္းရပါသည္။



သတိေပးႏႈိးေဆာ္ခ်က္
—————————
(က) အဆိုပါ အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ” (FANI)၏အရွိန္ေၾကာင့္ ယေန႔နံနက္မွ ေနာက္(၇၂)နာရီအတြင္း စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ပဲခူးတိုင္း ေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရခိုင္ျပည္နယ္၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလး တိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရွမ္းျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာ ကြက္က်ားမွ ေနရာက်ဲက်ဲ မိုးထစ္ခ်ဳန္း႐ြာၿပီး၊ အခ်ိဳ႕ေဒသမ်ားတြင္ ေဒသအလိုက္ႏွင့္ ေနရာ ကြက္၍ မိုးႀကီးႏိုင္ပါသည္။

(ခ) ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္း မ်ားက်ေရာက္ၿပီး၊ လႈိင္းႀကီးမည္။ မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ေလသည္ တစ္နာရီ လၽွင္ မိုင္(၄၀)မွ (၄၅)မိုင္အထိ တိုက္ခတ္ႏိုင္ပါသည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၁၀)ေပမွ (၁၃)ေပခန္႔ ရွိႏိုင္ပါသည္။

အႀကံျပဳခ်က္
—————
(က) အဆိုပါ အလြန္႔အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း “ဖန္နီ” (FANI)၏အရွိန္ ေၾကာင့္ ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္း တစ္ေလၽွာက္ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳႏိုင္ပါရန္ အႀကံျပဳအပ္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မိုးဇလ
# Unicode Version # ျဖင့္ ဖတ္ပါ #


(၂၀၁၉ ခုနှစ်၊ မေလ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
===================================================
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတင်းအခြေအနေ
————————————————

(က) ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “ဖန်နီ”(FANI)သည် အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့-အရှေ့မြောက်ဘက် မိုင် (၂၃၀)ခန့်၊ မာချီလီပတ္တနမ်မြို့(Machilipatnam)၏ အရှေ့တောင်ဘက် (၂၃၅)မိုင်ခန့်၊ ဗီဇာကာပတ္တနမ်မြို့ (Vishakhapatnam)၏ တောင်-အရှေ့တောင်ဘက် မိုင်(၂၅၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း “ဖန်နီ” (FANI)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်း ရပါသည်။

(ခ) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
———————————————————–
(က) အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု(၁၃.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၈၄.၂)ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၆၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၁၁၀)နှုန်း ဖြစ်ပါသည်။

နောက်(၇၂)နာရီအတွင်းခန့်မှန်းချက်
—————————————–
(က) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI)သည် အနောက် မြောက်ဘက်သို့ ရွေ့လျားပြီး၊ နောက်(၂၄)နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ ကွေ့ကာ၊ နောက်(၇၂)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေကို ဖြတ်ကျော်ဝင်ရောက် မည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်
—————————
(က) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၇၂)နာရီအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာ ကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာ ကွက်၍ မိုးကြီးနိုင်ပါသည်။

(ခ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ လျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်
—————
(က) အဆိုပါ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)၏အရှိန် ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မိုးဇလ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top