စစ္ကုိင္းတုိင္း၊ မင္းကင္းၿမိဳ႕နယ္၊ ေလာင္းျပည့္ေက်းရြာအနီးမွာ ေမ ၁၆ ရက္ မနက္ ၆ နာရီက အျမန္ေရယာဥ္တစီးေပၚကေန ခရီးသည္ႏွစ္ဦး ခ်င္းတြင္းျမစ္ထဲ ျပဳတ္က် ေပ်ာက္ဆုံးေနပါတယ္။

ခရီးသည္အမ်ိဳးသမီးတဦးဟာ စက္ေလွအေနာက္ဘက္ အိမ္သာသြားရင္း စက္ေလွကုန္းပတ္ ေလွ်ာက္လမ္းကေန ဟန္ခ်က္ပ်က္ ျပဳတ္က်ခဲ့တာျဖစ္ၿပီး တျခားခရီးသည္ အမ်ိဳးသားတဦးက ဆင္းဆယ္ခဲ့ရာကေန ႏွစ္ဦးလုံး ေရနစ္ျမဳပ္သြားခဲ့တာပါ။

ခရီးသည္ျပဳတ္က်ခဲ့တဲ့ ေရယာဥ္ကေတာ့ မင္းသီဟေက်ာ္ အျမန္ေရယာဥ္ျဖစ္ၿပီး ဟုမၼလင္းကေန ထြက္ခဲ့ကာ မင္းကင္းၿမိဳ႕မွာ ညအိပ္နားခဲ့တယ္လို႔ သိရပါတယ္။ အဲ့ဒီကမွတဆင့္ မင္းကင္းၿမိဳ႕ကေန ေမ ၁၆ ရက္ မနက္ ၅ နာရီအခ်ိန္က ထြက္ခြာခဲ့ၿပီးေနာက္ မနက္ ၆ နာရီေလာက္မွာ ခရီးသည္ ၂ ဦး ေရထဲျပဳတ္က်ခဲ့တာပါ။

အျမန္ေရယာဥ္ေပၚကေန ခ်င္းတြင္းျမစ္ထဲ ျပဳတ္က်ခဲ့တဲ့ ခရီးသည္ႏွစ္ဦးဟာ ေလရွီးၿမိဳ႕ ေရေတာင္ရပ္ေန မေလာယဲ့မုိင္းနဲ႔ ခ်စ္​မ်ိဳး ေနရပ္စုံစမ္းဆဲတို႔ ျဖစ္ပါတယ္။

ေရနစ္ျမဳပ္ခဲ့သူ ႏွစ္ဦးကိုေတာ့ မင္းကင္းၿမိဳ႕ ပုဂၢလိကေရယာဥ္မ်ား စည္းကမ္းထိန္းသိမ္းေရးႏွင့္ ႀကီးၾကပ္ေရးအဖြဲ႔၊ ရဲတပ္ဖြဲ႔ဝင္ေတြက ရွာေဖြကယ္ဆယ္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ လောင်းပြည့်ကျေးရွာအနီးမှာ မေ ၁၆ ရက် မနက် ၆ နာရီက အမြန်ရေယာဉ်တစီးပေါ်ကနေ ခရီးသည်နှစ်ဦး ချင်းတွင်းမြစ်ထဲ ပြုတ်ကျ ပျောက်ဆုံးနေပါတယ်။

ခရီးသည်အမျိုးသမီးတဦးဟာ စက်လှေအနောက်ဘက် အိမ်သာသွားရင်း စက်လှေကုန်းပတ် လျှောက်လမ်းကနေ ဟန်ချက်ပျက် ပြုတ်ကျခဲ့တာဖြစ်ပြီး တခြားခရီးသည် အမျိုးသားတဦးက ဆင်းဆယ်ခဲ့ရာကနေ နှစ်ဦးလုံး ရေနစ်မြုပ်သွားခဲ့တာပါ။

ခရီးသည်ပြုတ်ကျခဲ့တဲ့ ရေယာဉ်ကတော့ မင်းသီဟကျော် အမြန်ရေယာဉ်ဖြစ်ပြီး ဟုမ္မလင်းကနေ ထွက်ခဲ့ကာ မင်းကင်းမြို့မှာ ညအိပ်နားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီကမှတဆင့် မင်းကင်းမြို့ကနေ မေ ၁၆ ရက် မနက် ၅ နာရီအချိန်က ထွက်ခွာခဲ့ပြီးနောက် မနက် ၆ နာရီလောက်မှာ ခရီးသည် ၂ ဦး ရေထဲပြုတ်ကျခဲ့တာပါ။

အမြန်ရေယာဉ်ပေါ်ကနေ ချင်းတွင်းမြစ်ထဲ ပြုတ်ကျခဲ့တဲ့ ခရီးသည်နှစ်ဦးဟာ လေရှီးမြို့ ရေတောင်ရပ်နေ မလောယဲ့မိုင်းနဲ့ ချစ်မျိုး နေရပ်စုံစမ်းဆဲတို့ ဖြစ်ပါတယ်။

ရေနစ်မြုပ်ခဲ့သူ နှစ်ဦးကိုတော့ မင်းကင်းမြို့ ပုဂ္ဂလိကရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top