ေမာ္လၿမိဳင္ခ႐ိုင္ ေခ်ာင္းဆံုၿမိဳ႕နယ္ရွိ ဝဲကလိအတန္းလိုက္ပိုက္ခ်က္မွ ႏိုဝင္ဘာလ ဒုတိယပတ္က က်ပ္သိန္း ၅၀၀ ေက်ာ္တန္ဖိုးရွိသည့္ တန္ဖိုးျမင့္ ကသမွ်င္ငါးတစ္ေကာင္ ဖမ္းဆီးရမိခဲ့ေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ငါးလုပ္ငန္းဦးစီးဌာနထံမွ သိရသည္။

ဝဲကလိအတန္းလိုက္ တင္ဒါပိုက္ခ်က္အမွတ္ (၁) ကို တင္ဒါဆြဲဝယ္ယူရရွိသူ ဦးျမင့္လြင္၏ ပိုက္ခ်က္ ၁၂ လံုးတန္းအနက္ ပိုက္ခ်က္ ၈ လံုးေျမာက္တြင္ ကသမွ်င္ငါးတစ္ေကာင္ကို ဖမ္းမိခဲ့ၿပီး ကသမွ်င္ငါးမွာ အမျဖစ္ကာ အလ်ား ၆ ေပ၊ အနံ ၁ ဒသမ ၁ ေပႏွင့္ အေလးခ်ိန္ ၃၅ ဒသမ ၅ ပိႆာရွိၿပီး ေဈးကြက္အတြင္း ေရာင္းခ်ခဲ့ရာ ေဒသေပါက္ေဈး က်ပ္ ၅၆၅ သိန္းရရွိခဲ့ေၾကာင္း ယင္းဦးစီးဌာနထံမွ သိရသည္။
ကပ္သမ်ွင္ငါး

“ဒီငါးက စီေပါင္းက တန္ဖိုးရွိတာ။ ကသမွ်င္ကို မြန္ျပည္နယ္မွာပဲ အမ်ားဆံုးေတြ႔ရတာ။ အရင္က တစ္ႏွစ္ကို ၁၀ ေကာင္ေလာက္ ဖမ္းမိတယ္။ အခုေနာက္ပိုင္း တစ္ႏွစ္ကို ငါးေကာင္ေလာက္ပဲ မိေတာ့တယ္”ဟု ငါးလုပ္ငန္းဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးျမင့္ဇင္ထူးက ေျပာၾကားသည္။



အဆိုပါ ကသမွ်င္ငါးမ်ား ဖမ္းဆီးျခင္းကို ငါးလုပ္ငန္းဦးစီးဌာနက ပိတ္ပင္ထားျခင္းမရွိေၾကာင္း၊ ယင္းငါးကို မြန္ျပည္နယ္တြင္သာ အမ်ားဆံုးေတြ႔ရွိရၿပီး ကသမွ်င္ငါးစီေပါင္းကို အမ်ိဳးသားႏွင့္ အမ်ိဳးသမီးမ်ား က်န္းမာေရးအတြက္ မွီဝဲေသာက္သံုးႏိုင္ျခင္း၊ တိုင္းရင္းေဆးႏွင့္ ေရေမႊးအဆီမ်ားျပဳလုပ္ရာတြင္ ထည့္သြင္းအသံုးျပဳႏိုင္ၿပီး တ႐ုတ္လူမ်ိဳးမ်ား အမ်ားဆံုး ဝယ္ယူေလ့ရွိေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနထံမွ သိရသည္။

“ဒီစီေပါင္းက မီးေနသည္ေတြနဲ႔ အမ်ိဳးသားေတြအတြက္လည္း ေသာက္ရင္အားျဖစ္တယ္။ တ႐ုတ္က်ေတာ့ ႐ိုးရာအရ ငါးစီေပါင္းနဲ႔ တင္ေတာင္းတာေတြ ရွိတယ္။ တင္ေတာင္းႏိုင္တဲ့လူကို တစ္သက္လံုး အ႐ိုအေသ ေပးရတယ္”ဟု ဦးျမင့္ဇင္ထူးက ေျပာဆိုသည္။
ကပ္သမ်ွင္ငါး

ၿပီးခဲ့သည့္ ၂၀၁၄ ခုႏွစ္ စက္တင္ဘာလက က်ိဳက္ခမီၿမိဳ႕၊ ကမ္းေျခတြင္ အေလးခ်ိန္ ၁၆ ပိႆာရွိ ကသမွ်င္ငါးတစ္ေကာင္၊ ၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလက က်ိဳက္ခမီေရလယ္ဘုရား အေနာက္၊ အမွတ္(၂) ေဘာ္ယာအနီးကမ္းေျခတြင္ အေလးခ်ိန္ ၂၁ ပိႆာရွိ ကသမွ်င္ငါးတစ္ေကာင္၊ ၂၀၁၆ ခုႏွစ္ ဇြန္လက က်ိဳက္ခမီၿမိဳ႕ ကမ္းေျခတြင္ အေလးခ်ိန္ ၃၆ ပိႆာရွိ ကသမွ်င္ငါးတစ္ေကာင္ႏွင့္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလက က်ိဳက္ခမီၿမိဳ႕၊ ကမ္းေျခတြင္ပင္ အေလးခ်ိန္ ၁၆ ဒသမ ၅၀ ပိႆာရွိ ကသမွ်င္ငါးတစ္ေကာင္ ဖမ္းဆီးရမိခဲ့ေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနထံမွ သိရသည္။



မြန္ျပည္နယ္၊ ငါးလုပ္ငန္းဦးစီးဌာနက ၂၀၁၈-၁၉ ငါးလုပ္ငန္းရာသီတြင္ ေခ်ာင္းဆံုၿမိဳ႕နယ္အတြင္း ငါးဖမ္းဆီးသည့္ လုပ္ငန္းရွင္မ်ားကို ေဒသအတြင္း အတန္းလိုက္ တင္ဒါပိုက္ခ်က္ ၂၅ ခ်က္ကို လုပ္ကိုင္ခြင့္ျပဳခဲ့ေၾကာင္း ယင္းဦးစီးဌာနထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:xyznews
# Unicode Version # ျဖင့္ ဖတ္ပါ #


မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်ရှိ ဝဲကလိအတန်းလိုက်ပိုက်ချက်မှ နိုဝင်ဘာလ ဒုတိယပတ်က ကျပ်သိန်း ၅၀၀ ကျော်တန်ဖိုးရှိသည့် တန်ဖိုးမြင့် ကသမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိခဲ့ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

ဝဲကလိအတန်းလိုက် တင်ဒါပိုက်ချက်အမှတ် (၁) ကို တင်ဒါဆွဲဝယ်ယူရရှိသူ ဦးမြင့်လွင်၏ ပိုက်ချက် ၁၂ လုံးတန်းအနက် ပိုက်ချက် ၈ လုံးမြောက်တွင် ကသမျှင်ငါးတစ်ကောင်ကို ဖမ်းမိခဲ့ပြီး ကသမျှင်ငါးမှာ အမဖြစ်ကာ အလျား ၆ ပေ၊ အနံ ၁ ဒသမ ၁ ပေနှင့် အလေးချိန် ၃၅ ဒသမ ၅ ပိဿာရှိပြီး ဈေးကွက်အတွင်း ရောင်းချခဲ့ရာ ဒေသပေါက်ဈေး ကျပ် ၅၆၅ သိန်းရရှိခဲ့ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။
ကပ်သမျှင်ငါး

“ဒီငါးက စီပေါင်းက တန်ဖိုးရှိတာ။ ကသမျှင်ကို မွန်ပြည်နယ်မှာပဲ အများဆုံးတွေ့ရတာ။ အရင်က တစ်နှစ်ကို ၁၀ ကောင်လောက် ဖမ်းမိတယ်။ အခုနောက်ပိုင်း တစ်နှစ်ကို ငါးကောင်လောက်ပဲ မိတော့တယ်”ဟု ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ပြောကြားသည်။

အဆိုပါ ကသမျှင်ငါးများ ဖမ်းဆီးခြင်းကို ငါးလုပ်ငန်းဦးစီးဌာနက ပိတ်ပင်ထားခြင်းမရှိကြောင်း၊ ယင်းငါးကို မွန်ပြည်နယ်တွင်သာ အများဆုံးတွေ့ရှိရပြီး ကသမျှင်ငါးစီပေါင်းကို အမျိုးသားနှင့် အမျိုးသမီးများ ကျန်းမာရေးအတွက် မှီဝဲသောက်သုံးနိုင်ခြင်း၊ တိုင်းရင်းဆေးနှင့် ရေမွှေးအဆီများပြုလုပ်ရာတွင် ထည့်သွင်းအသုံးပြုနိုင်ပြီး တရုတ်လူမျိုးများ အများဆုံး ဝယ်ယူလေ့ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

“ဒီစီပေါင်းက မီးနေသည်တွေနဲ့ အမျိုးသားတွေအတွက်လည်း သောက်ရင်အားဖြစ်တယ်။ တရုတ်ကျတော့ ရိုးရာအရ ငါးစီပေါင်းနဲ့ တင်တောင်းတာတွေ ရှိတယ်။ တင်တောင်းနိုင်တဲ့လူကို တစ်သက်လုံး အရိုအသေ ပေးရတယ်”ဟု ဦးမြင့်ဇင်ထူးက ပြောဆိုသည်။
ကပ်သမျှင်ငါး

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလက ကျိုက်ခမီမြို့၊ ကမ်းခြေတွင် အလေးချိန် ၁၆ ပိဿာရှိ ကသမျှင်ငါးတစ်ကောင်၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလက ကျိုက်ခမီရေလယ်ဘုရား အနောက်၊ အမှတ်(၂) ဘော်ယာအနီးကမ်းခြေတွင် အလေးချိန် ၂၁ ပိဿာရှိ ကသမျှင်ငါးတစ်ကောင်၊ ၂၀၁၆ ခုနှစ် ဇွန်လက ကျိုက်ခမီမြို့ ကမ်းခြေတွင် အလေးချိန် ၃၆ ပိဿာရှိ ကသမျှင်ငါးတစ်ကောင်နှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက ကျိုက်ခမီမြို့၊ ကမ်းခြေတွင်ပင် အလေးချိန် ၁၆ ဒသမ ၅၀ ပိဿာရှိ ကသမျှင်ငါးတစ်ကောင် ဖမ်းဆီးရမိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

မွန်ပြည်နယ်၊ ငါးလုပ်ငန်းဦးစီးဌာနက ၂၀၁၈-၁၉ ငါးလုပ်ငန်းရာသီတွင် ချောင်းဆုံမြို့နယ်အတွင်း ငါးဖမ်းဆီးသည့် လုပ်ငန်းရှင်များကို ဒေသအတွင်း အတန်းလိုက် တင်ဒါပိုက်ချက် ၂၅ ချက်ကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:xyznews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top