ရန္ကုန္တိုင္္း၊ သံုးခြၿမဳိ႕နယ္၊ မုတၱမပင္လယ္ကမ္းေျခ အေရွ႕ဘက္ ၆ မိုင္ခန္႔အကြာ မီးေလာင္ေခ်ာင္းဝပင္လယ္ကမ္းစပ္မွာ ေမလ ၂၆ရက္က ေရလုပ္သား ၈ ဦးရဲ႕ အေလာင္းေတြကို ေဒသခံေတြက ေတြ႔ရွိခဲ့ပါတယ္။

ပင္လယ္ျပင္မွာ ငါးဖမ္းပိုက္ေထာင္ထားစဥ္ ေမလ ၂၆ ရက္ မြန္းတည့္ ၁၂ နာရီေက်ာ္ေလာက္က ပင္လယ္ျပင္မွာ ေလေပြမိလို႔ စက္ေလွႏွစ္စငး္တိမ္းေမွာက္ႏွစ္ ျမဳပ္ခဲ့တာပါ။

အဆိုပါ စက္ေလွႏွစ္စင္းပါ ေရလုပ္သားစုစုေပါင္း ၁၂ ဦးအနက္ ၈ ဦး ေရနစ္ေသဆံုးသြားၿပီး ၄ ဦးကေတာ့ အသက္ရွင္တယ္လု႔ိ အသက္ေဘးက လြတ္ေျမာက္လာတဲ့ ပဲ့နင္း ကိုေအာင္သန္း၀င္းနဲ႔ ကိုေက်ာ္ထူးေအာင္တို႔ရဲ႕ ေျပာျပခ်က္အရ သိရပါတယ္။

အေလာင္းေတြ ေတြ႔ရွိေၾကာင္း သတင္းရရွိလို႔ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္မ်ဳိးႏိုင္နဲ႔ ဌာနဆိုင္ရာတာဝန္ရွိသူေတြပါဝင္တဲ့ အဖြဲ႔က သက္ေသေတြနဲ႔ သြားေရာက္စစ္ေဆးရာ အေလာင္း ေတြမွာ ျပင္ပဒဏ္ရာ မေတြ႔ရွိရဘဲ ေရနစ္တဲ့လကၡဏာနဲ႔ ေသဆံုးေနေၾကာင္း စစ္ေဆးေတြ႔ ရိွရတယ္လို႔ ဆိုပါတယ္။

ေသဆံုးသူေတြကေတာ့ မြန္ျပည္နယ္၊ အေပါင္ၿမဳိ႕နယ္၊ အလွပ္ေက်းရြာသားေတြျဖစ္တဲ့ ဦးေက်ာ္သူ ၄၀ ႏွစ္၊ ကိုေက်ာ္စိုးလြင္ ၂၅ ႏွစ္၊ ဦးစိုးဦး ၄၀ ႏွစ္၊ ကိုလူေခ်ာ ၂၀ ႏွစ္၊ ဦးႏိုင္္ ၄၇ႏွစ္၊ ဦးထြန္းထြန္း ၅၃ ႏွစ္၊ ဦးႏိုင္ဝင္း ၅၃ ႏွစ္နဲ႔ ဦးေအာင္ေအာင္ ၃၆ ႏွစ္တို႔ ျဖစ္ၾကပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္လို႔ ဓမၼတာအတိုင္းေသဆံုးတာ ဟုတ္မဟုတ္သိရွိႏိုင္္ဖို႔ သံုးခြၿမဳိ႕မရဲစခန္းက ေသမႈ ေသခင္းအမွတ္ ၉/၂၀၁၉နဲ႔ အမႈဖြင့္ စစ္ေဆးေဆာင္ရြက္ေနပါတယ္။
 ဖိုးသူေတာ္(www.phothutaw.com)
Credit:DVB
သတင္း- ကိုေက်ာ္(သံုးခြ)

#Unicode Version#
ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ မုတ္တမပင်လယ်ကမ်းခြေ အရှေ့ဘက် ၆ မိုင်ခန့်အကွာ မီးလောင်ချောင်းဝပင်လယ်ကမ်းစပ်မှာ မေလ ၂၆ရက်က ရေလုပ်သား ၈ ဦးရဲ့ အလောင်းတွေကို ဒေသခံတွေက တွေ့ရှိခဲ့ပါတယ်။

ပင်လယ်ပြင်မှာ ငါးဖမ်းပိုက်ထောင်ထားစဉ် မေလ ၂၆ ရက် မွန်းတည့် ၁၂ နာရီကျော်လောက်က ပင်လယ်ပြင်မှာ လေပွေမိလို့ စက်လှေနှစ်စင်းတိမ်းမှောက်နှစ် မြုပ်ခဲ့တာပါ။

အဆိုပါ စက်လှေနှစ်စင်းပါ ရေလုပ်သားစုစုပေါင်း ၁၂ ဦးအနက် ၈ ဦး ရေနစ်သေဆုံးသွားပြီး ၄ ဦးကတော့ အသက်ရှင်တယ်လု့ိ အသက်ဘေးက လွတ်မြောက်လာတဲ့ ပဲ့နင်း ကိုအောင်သန်းဝင်းနဲ့ ကိုကျော်ထူးအောင်တို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

အလောင်းတွေ တွေ့ရှိကြောင်း သတင်းရရှိလို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေပါဝင်တဲ့ အဖွဲ့က သက်သေတွေနဲ့ သွားရောက်စစ်ဆေးရာ အလောင်း တွေမှာ ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ ရေနစ်တဲ့လက္ခဏာနဲ့ သေဆုံးနေကြောင်း စစ်ဆေးတွေ့ ရှိရတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေကတော့ မွန်ပြည်နယ်၊ အပေါင်မြို့နယ်၊ အလှပ်ကျေးရွာသားတွေဖြစ်တဲ့ ဦးကျော်သူ ၄၀ နှစ်၊ ကိုကျော်စိုးလွင် ၂၅ နှစ်၊ ဦးစိုးဦး ၄၀ နှစ်၊ ကိုလူချော ၂၀ နှစ်၊ ဦးနိုင် ၄၇နှစ်၊ ဦးထွန်းထွန်း ၅၃ နှစ်၊ ဦးနိုင်ဝင်း ၅၃ နှစ်နဲ့ ဦးအောင်အောင် ၃၆ နှစ်တို့ ဖြစ်ကြပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ်သိရှိနိုင်ဖို့ သုံးခွမြို့မရဲစခန်းက သေမှု သေခင်းအမှတ် ၉/၂၀၁၉နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေပါတယ်။
 ဖိုးသူတော်(www.phothutaw.com)
Credit:DVB
သတင်း- ကိုကျော်(သုံးခွ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top