သာစည္ၿမိဳ႕နယ္ ၾကက္ေမာက္ေက်း႐ြာတြင္ စီးပြားေရး အဆင္မေျပသျဖင့္ စိတ္ညစ္ေနေသာ အမ်ိဳးသား တစ္ဦးမွာ ဇနီးျဖစ္သူ ဆန္းေခ်းငွားရန္ထြက္စဥ္ ေနအိမ္တြင္ က်န္ခဲ့ရာမွ ဆြဲႀကိဳးခ် ေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေမ ၂၀ ရက္ ညေနပိုင္းက သာစည္ၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူမ်ားသည္ သာစည္ၿမိဳ႕နယ္ ၾကက္ေမာက္ေက်း႐ြာတြင္ ဆြဲႀကိဳးခ်ေသဆုံးမႈ ျဖစ္ပြားေၾကာင္း သတင္းအရ သက္ေသမ်ားႏွင့္အတူ သြားေရာက္ စစ္ေဆးခဲ့ရာ သာစည္ၿမိဳ႕နယ္ ၾကက္ေမာက္ေက်း႐ြာေန စည္သူေအာင္ အသက္ (၂၃) ႏွစ္သည္ ၎ေနအိမ္ခန္းအတြင္း ေခါင္သစ္သားတိုင္အား အျပာေရာင္ ႏိုင္လြန္ႀကိဳးခ်ည္ကာ က်န္တစ္ဖက္အား လည္ပင္းစြပ္လ်က္ မတ္တပ္ရပ္ ဆြဲႀကိဳးခ်ကာ ျပင္ပဒဏ္ရာမရွိ ေသဆုံးေနသည္ကို ေတြ႕ရွိရၿပီး အသက္ ၁၉ ႏွစ္အ႐ြယ္ရွိ စည္သူေအာင္၏ ဇနီးျဖစ္သူအား ေမးျမန္းခဲ့ရာ စည္သူေအာင္မွာ စီးပြားေရး အဆင္မေျပသျဖင့္ စိတ္ညစ္ေနေၾကာင္းႏွင့္ ထို႔ေန႔က ထမင္းခ်က္ရန္ ဆန္မရွိသျဖင့္ ဇနီးျဖစ္သူက တစ္႐ြာတည္းေန မိခင္ျဖစ္သူထံ ဆန္ေခ်းငွား ထြက္ေနစဥ္ ေနအိမ္တြင္ က်န္ခဲ့ေသာ ခင္ပြန္း စည္သူေအာင္ ဆြဲႀကိဳးခ်ေနျခင္းျဖစ္ေၾကာင္း ကနဦး စစ္ေဆးခ်က္အရ သိရသည္။

အဆိုပါ အမႈအား သာစည္ၿမိဳ႕မ ရဲစခန္းက ေသမႈေသခင္း အမွတ္စဥ္ ၅/၂၀၁၉ ဖြင့္လွစ္ကာ ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္ မဟုတ္ စစ္ေဆး ေဆာင္႐ြက္လ်က္ရွိသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Eleven Media Group
#Unicode Version#
သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် စီးပွားရေး အဆင်မပြေသဖြင့် စိတ်ညစ်နေသော အမျိုးသား တစ်ဦးမှာ ဇနီးဖြစ်သူ ဆန်းချေးငှားရန်ထွက်စဉ် နေအိမ်တွင် ကျန်ခဲ့ရာမှ ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မေ ၂၀ ရက် ညနေပိုင်းက သာစည်မြို့နယ် မြို့မရဲစခန်းမှ တာဝန်ရှိသူများသည် သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် ဆွဲကြိုးချသေဆုံးမှု ဖြစ်ပွားကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ရာ သာစည်မြို့နယ် ကြက်မောက်ကျေးရွာနေ စည်သူအောင် အသက် (၂၃) နှစ်သည် ၎င်းနေအိမ်ခန်းအတွင်း ခေါင်သစ်သားတိုင်အား အပြာရောင် နိုင်လွန်ကြိုးချည်ကာ ကျန်တစ်ဖက်အား လည်ပင်းစွပ်လျက် မတ်တပ်ရပ် ဆွဲကြိုးချကာ ပြင်ပဒဏ်ရာမရှိ သေဆုံးနေသည်ကို တွေ့ရှိရပြီး အသက် ၁၉ နှစ်အရွယ်ရှိ စည်သူအောင်၏ ဇနီးဖြစ်သူအား မေးမြန်းခဲ့ရာ စည်သူအောင်မှာ စီးပွားရေး အဆင်မပြေသဖြင့် စိတ်ညစ်နေကြောင်းနှင့် ထို့နေ့က ထမင်းချက်ရန် ဆန်မရှိသဖြင့် ဇနီးဖြစ်သူက တစ်ရွာတည်းနေ မိခင်ဖြစ်သူထံ ဆန်ချေးငှား ထွက်နေစဉ် နေအိမ်တွင် ကျန်ခဲ့သော ခင်ပွန်း စည်သူအောင် ဆွဲကြိုးချနေခြင်းဖြစ်ကြောင်း ကနဦး စစ်ဆေးချက်အရ သိရသည်။

အဆိုပါ အမှုအား သာစည်မြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၉ ဖွင့်လှစ်ကာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:Eleven Media Group
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top