တ႐ုတ္ႏုိင္ငံ ေလ်ာင္နင္းျပည္နယ္ ဖူရွန္းၿမိဳ႕မွာ အသက္ ၁၉ ႏွစ္အရြယ္ ကရိန္းေမာင္းသူတေယာက္ဟာ မီးေလာင္ေနတဲ့ အထပ္ျမင့္အေဆာက္အအုံ တခုထဲမွာ ပိတ္မိေနသူ ၁၄ ေယာက္ကုိ ကယ္တင္ခဲ့လုိ႔ ဝုိင္းခ်ီးက်ဴးခံခဲ့ရပါတယ္။

ေမလ ၂ ရက္ ေဒသစံေတာ္ခ်ိန္ မနက္ ၆ နာရီခြဲေလာက္မွာ ၇ ထပ္ျမင့္တဲ့ အေဆာက္အအုံရဲ႕ ပထမထပ္မွာရွိတဲ့ ေစ်းဆုိင္ကေန မီးစေလာင္ခဲ့တာပါ။

မနက္အေစာပုိင္းျဖစ္တာေၾကာင့္ ဆုိင္ထဲမွာ လူမရွိဘဲ အေပၚထပ္ေတြကုိ လွ်င္လွ်င္ျမန္ျမန္ မီးကူးစက္ခဲ့ပါတယ္။

မီးခုိးေငြ႔ေတြေၾကာင့္ အိပ္ေနသူေတြလည္း ႏုိးလာခဲ့ၿပီး သုံးလႊာမွာေနတဲ့ သားမိႏွစ္ေယာက္ဟာ ဝရံတာကေန ေအာ္ဟစ္ အကူအညီ ေတာင္းခဲ့ၾကပါတယ္။

အဲဒီခိ်န္မွာ မီးေလာင္တဲ့ေနရာနဲ႔ မီတာ ၃၀၀ အကြာမွာရွိတဲ့ ကရိန္းေမာင္းသူ လန္ခ်င္းဇန္ဟာ ကရိန္းျခင္းကုိ တိုက္ခန္းသုံးလႊာထိ ေျမႇာက္တင္ၿပီး သားအမိႏွစ္ေယာက္ကုိ ကယ္တင္ခဲ့ပါတယ္။

အဲဒီေနာက္ သူဟာ တျခားအလႊာက လူေတြကုိလည္း အလားတူ ဆက္ၿပီး ကယ္တင္ခဲ့ပါတယ္။

သူဟာ တနာရီခြဲအခ်ိန္အတြင္း လူေပါင္း ၁၄ ေယာက္ကုိ ကယ္တင္ႏုိင္ခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:dvb
#Unicode Version#
တရုတ်နိုင်ငံ လျောင်နင်းပြည်နယ် ဖူရှန်းမြို့မှာ အသက် ၁၉ နှစ်အရွယ် ကရိန်းမောင်းသူတယောက်ဟာ မီးလောင်နေတဲ့ အထပ်မြင့်အဆောက်အအုံ တခုထဲမှာ ပိတ်မိနေသူ ၁၄ ယောက်ကို ကယ်တင်ခဲ့လို့ ဝိုင်းချီးကျူးခံခဲ့ရပါတယ်။

မေလ ၂ ရက် ဒေသစံတော်ချိန် မနက် ၆ နာရီခွဲလောက်မှာ ၇ ထပ်မြင့်တဲ့ အဆောက်အအုံရဲ့ ပထမထပ်မှာရှိတဲ့ ဈေးဆိုင်ကနေ မီးစလောင်ခဲ့တာပါ။

မနက်အစောပိုင်းဖြစ်တာကြောင့် ဆိုင်ထဲမှာ လူမရှိဘဲ အပေါ်ထပ်တွေကို လျှင်လျှင်မြန်မြန် မီးကူးစက်ခဲ့ပါတယ်။

မီးခိုးငွေ့တွေကြောင့် အိပ်နေသူတွေလည်း နိုးလာခဲ့ပြီး သုံးလွှာမှာနေတဲ့ သားမိနှစ်ယောက်ဟာ ဝရံတာကနေ အော်ဟစ် အကူအညီ တောင်းခဲ့ကြပါတယ်။

အဲဒီချိန်မှာ မီးလောင်တဲ့နေရာနဲ့ မီတာ ၃၀၀ အကွာမှာရှိတဲ့ ကရိန်းမောင်းသူ လန်ချင်းဇန်ဟာ ကရိန်းခြင်းကို တိုက်ခန်းသုံးလွှာထိ မြှောက်တင်ပြီး သားအမိနှစ်ယောက်ကို ကယ်တင်ခဲ့ပါတယ်။

အဲဒီနောက် သူဟာ တခြားအလွှာက လူတွေကိုလည်း အလားတူ ဆက်ပြီး ကယ်တင်ခဲ့ပါတယ်။

သူဟာ တနာရီခွဲအချိန်အတွင်း လူပေါင်း ၁၄ ယောက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top