လူတိုင္းကေတာ့ ေမြးလာျပီးတာနဲ႔ အို၊ နာ၊ ေသ သံသရာစက္ဝန္းေအာက္မွာ က်င္လည္ေနၾကတာပါ။ ေလာကဒဏ္ဆိုတာလည္း ဘယ္ေလာက္ပဲ စိတ္ဓာတ္ၾကံ့ခိုင္ပါတယ္ဆိုတဲ့ လူတစ္ေယာက္ကိုေတာင္မွ ျပိဳလဲသြားႏိုင္ေအာင္ တိုက္စားႏိုင္တာကိုး။

ဒီလိုဒဏ္ေတြကို မခံႏိုင္ေတာ့တဲ့အဆံုး လူ႔ဘဝထဲက ထြက္ခြာသြားဖို႔ ဆံုးျဖတ္ခ်က္ခ်လိုက္တဲ့ လူေတြဆိုတာလည္း တျဖည္းျဖည္းနဲ႔ မ်ားလာေနပါတယ္။

လူေတြ ဘာေၾကာင့္ ေသေၾကာင္းၾကံစည္ဖို႔ ဆံုးျဖတ္ခ်က္ခ်တာလဲ။

ဘာသာတရားနဲ႔ သက္ဆိုင္မႈမရွိဘဲ က်န္းမာေရးရႈေထာင့္ကေန ၾကည့္မယ္ဆိုရင္ စိတ္က်န္းမာေရး ျပႆနာမ်ိဳးစံု ၾကံဳေတြ႔ေနရတဲ့သူေတြ၊ အဘက္ဘက္ကေန တိုက္ခိုက္မႈ၊ ဖိႏွိပ္မႈကို ခံေနၾကရတာ၊ ပတ္ဝန္းက်င္၊ တခ်ိဳ႕ေသာမိဘေဆြမ်ိဳး အသိုင္းအဝိုင္းမွာ ၾကံဳလာခဲ့ရသမွ် စိတ္ဒုကၡေတြ၊ ဒါေတြအားလံုးက အေတြးထဲမွာ ပိတ္မိသြားတဲ့အခါ လူေတြက ထြက္ေျပးဖို႔ကို ၾကံစည္လာၾကပါတယ္။ ဒါေပမယ့္လည္း ဒီအရာေတြဆိုတာ ထြက္ေျပးလို႔ ရတဲ့အရာမွမဟုတ္တာ။

အဲ့ေတာ့ သည္းခံျပီး ဆက္လုပ္ရင္း ေအာင္ျမင္လာမလား၊ အဆင္ေျပသြားမလားလို႔ ေမွ်ာ္လင့္၊ ေမွ်ာ္လင့္ထားသလို ျဖစ္မလာတဲ့အျပင္ အေျခအေနေတြက ပိုဆိုးသြားျပီဆိုရင္ စိတ္ဖိစီးမႈေတြ၊ စိတ္က်ေရာဂါေတြက အရိပ္မည္းၾကီးလို ကိုယ့္အေနာက္က လိုက္လာျပီး အိပ္မေပ်ာ္၊ စားမဝင္ျဖစ္၊ အရာရာက မီးခိုးမႈိင္းက်ေနသလို ေမွာင္မိုက္ေနေတာ့တာပါပဲ။ ေနာက္ဆံုး ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းၾကံစည္လိုက္ၾကေတာ့တာေပါ့။

ေသေၾကာင္းၾကံစည္တယ္ဆိုတာ ရုတ္တရက္ျဖစ္လာတဲ့ စိတ္ခံစားခ်က္လား။

လူေတာ္ေတာ္မ်ားမ်ားက စိတ္ညစ္ရင္ ေသခ်င္လိုက္တာလို႔ ညည္းတတ္ၾကပါတယ္။ တကယ္ေသခ်င္တာမ်ိဳး မဟုတ္ဘဲ သူတို႔စိတ္ညစ္ေနတဲ့ အရာကေန ေဝးေဝးထြက္သြားခ်င္တဲ့ စိတ္နဲ႔ ေျပာတတ္ၾကတာပါ။

အမွန္တကယ္ ေသေၾကာင္းၾကံစည္တဲ့ သူေတြမွာ အရင္ကတည္းက ဒီလိုစိတ္ေတြ ရွိေနတတ္တဲ့အျပင္ စိတ္ဖိစီးမႈ၊ စိတ္က်ေရာဂါ၊ အထီးက်န္ဆန္မႈ၊ သိမ္ငယ္စိတ္ေတြနဲ႔ တစ္ေယာက္တည္း ရင္ဆိုင္ေနရတာ ၾကာလာတဲ့အခါ ဒီလိုအေတြးေတြ မၾကာခဏဆိုသလို ဝင္လာတတ္ပါတယ္။

လူေတြ ထင္ထားသလို ေသေၾကာင္းၾကံစည္ျခင္းဟာ ေပ်ာ့ညံ့တယ္ဆိုတာေတာ့ မဟုတ္ပါဘူး။ ျပႆနာတစ္ခုကို ထိပ္တိုက္ရင္ဆိုင္တာ အရမ္းၾကာသြားတဲ့အခါ စိတ္ေရာ၊ လူပါ လံုးပါးပါးသြားျပီး ဘယ္လိုမွ တိုက္ခိုက္ဖို႔ အင္အားမရွိေတာ့ဘူးဆိုျပီး လက္ေလွ်ာ့လိုက္တာ၊ ကိုယ့္စိတ္ကို ျဖည္းျဖည္းခ်င္း သတ္ေနတဲ့ အရာအားလံုးကေန အျပီးအပိုင္လြတ္ေျမာက္သြားခ်င္တဲ့ စိတ္ေၾကာင့္သာ လုပ္တတ္ၾကတာပါ။

သင့္မွာေရာ ဒီလိုအေတြးေတြ ဝင္လာဖူးလား။ ဝင္လာရင္ေရာ ဘာဆက္လုပ္သင့္လဲ။

စိတ္ညစ္ေနတုန္း ခဏပဲ ေပၚလာတာမ်ိဳးမဟုတ္ဘဲ ဒီအေတြးေတြ အျမဲလိုလို ဝင္ေနျပီဆိုရင္ေတာ့ အျမန္ေဖ်ာက္တာ အေကာင္းဆံုးပါပဲ။ ကိုယ့္ရဲ႕ စိတ္ထဲမွာ ဒီအေတြးေတြနဲ႔ ျပည့္ေနမယ္ဆိုရင္ စိတ္အေျခအေနက ပိုဆိုးသြားဖို႔ပဲ ရွိေတာ့မွာပါ။ ဘယ္လိုလုပ္သင့္လဲဆိုတာ မသိေသးရင္ေတာ့ ဒီနည္းလမ္း (၄) ခ်က္ကို လုပ္ၾကည့္ဖို႔ အၾကံေပးလိုက္ခ်င္ပါတယ္။
၁။ ကိုယ့္ရဲ႕ စိတ္ကို တျခားဘက္ကို အာရံုလွည့္ေျပာင္းပါ။

လူေတြဆိုတာ ကိုယ့္ရဲ႕ နာက်င္မႈသည္သာ အၾကီးမားဆံုးလို႔ ထင္တတ္ၾကတာ သဘာဝပါပဲ။ အဲ့ေတာ့ ေတာ္ေတာ္ေလးကို စိတ္က ဆိုးဆိုးရြားရြား ညစ္ေနျပီဆိုရင္ေတာ့ နာက်င္ေစတဲ့ အေၾကာင္းအရာေတြ၊ ကိစၥေတြမွန္သမွ်ကို ခဏေမ့ထားျပီး အလုပ္တစ္ခုခု ထလုပ္ပါ။ တအားစိတ္ညစ္ေနလား၊ အိမ္ရွင္းတာျဖစ္ျဖစ္၊ ခရီးသြားတာျဖစ္ျဖစ္၊ ကိုယ္ခ်စ္ရတဲ့မိသားစုေတြ၊ သူငယ္ခ်င္းေတြနဲ႔ ေတြ႔ျပီး စကားေျပာပါ။ ရုပ္ရွင္ၾကည့္ပါ။ ဘာပဲလုပ္ရလုပ္ရ အဆင္ေျပပါတယ္။ စိတ္ညစ္ေနပါတယ္ဆိုကာမွ ဒီစိတ္ညစ္စရာေတြပဲ ဆက္ေတြးေနရင္ေတာ့ ဘယ္လိုမွ လြတ္ေျမာက္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး။
၂။ ကိုယ္မရွိရင္ တျခားသူေတြ ပိုျပီးေပ်ာ္ရႊင္ရမွာပါလို႔ ေတြးေနျပီလား။ အဲ့အေတြးေတြ ေဖ်ာက္ပါ။

ဒါကေတာ့ စိတ္က်ေရာဂါရွင္ေတြ ေတြးေလ့ေတြးထရွိတဲ့ ပံုစံမ်ိဳးပါ။ ငါသာမရွိရင္ ငါ့ေဘးနားက လူေတြ ေအးခ်မ္းသြားမွာပါ၊ အဆင္ေျပသြားမွာပါ၊ ငါဆိုတဲ့ လူတစ္ေယာက္မရွိလို႔လည္း ကမာၻၾကီးက ပိုျပီးေနလို႔ ေကာင္းသြားမွာပါ၊ အဲ့လိုအေတြးေတြကို စတင္ေဖ်ာက္ဖို႔ လိုပါတယ္။ ကိုယ့္ကိုယ္ကိုယ္ ျပန္ျပီးေတြးၾကည့္ပါ။

ဘဝမွာ ေကာင္းတဲ့အရာေတြ ဘယ္ႏွစ္ခုလုပ္ဖူးလဲ၊ ကိုယ့္ေၾကာင့္ ဘယ္သူေတြ ေပ်ာ္ရႊင္ခဲ့ရဖူးလဲ၊ ကိုယ္ခ်စ္ရတဲ့သူေတြမ်က္ႏွာမွာ ကိုယ့္ေၾကာင့္ အျပံဳးပန္းေလးတစ္ပြင့္ ဖန္ဆင္းေပးႏုိင္ခဲ့လား၊ ငါမရွိတဲ့အခါ ငါ့ကိုခ်စ္ရတဲ့သူေတြ ဘယ္ေလာက္ထိ ပူေဆြးဝမ္းနည္းလိုက္မလဲ အစရွိသျဖင့္ ျပန္ျပီးေတြးၾကည့္ပါ။

၃။ စိတ္ကုထံုးနဲ႔ ကုသမႈခံယူပါ။

စိတ္က်န္းမာေရးအတြက္ ကုသမႈခံယူရာမွာ စိတ္ေရာဂါကုထံုးပညာရွင္ေတြဟာ အသင့္ေတာ္ဆံုးပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ လူတစ္ေယာက္ စိတ္ထဲမွာ ျဖစ္ေနတဲ့အရာေတြကို မွန္သည္၊ မွားသည္၊ ေဝဖန္ကဲ့ရဲ႕တာမ်ိဳး မလုပ္ဘဲ ကိုယ့္ရဲ႕ ေဆြးေႏြးေဖာ္ တိုက္ပင္ဖက္ အျဖစ္ ရွိေနေပးတာေၾကာင့္ပါပဲ။

ကိုယ့္စိတ္ထဲမွာ ျဖစ္ေနတဲ့အရာေတြ၊ ၾကံဳလာခဲ့သမွ် မိသားစု၊ အလုပ္အကိုင္၊ လူမႈေရးရာ ျပႆနာအရႈပ္အေထြးေတြ အကုန္ ေျပာျပီးတဲ့ေနာက္မွာ ကိုယ္ခံစားေနရတဲ့ ေဝဒနာေပၚမူတည္ျပီး စိတ္ကုထံုးနဲ႔ ကုသေပးတာ၊ စိတ္ေရာဂါကု ဆရာဝန္နဲ႔ တိုင္ပင္ျပီး စိတ္က်ေရာဂါ ေသာက္ေဆး၊ စိတ္ျငိမ္ေဆး အစရွိသျဖင့္ ေဆးအညႊန္းေတြလည္း ေပးမွာပါ။

၄။ တစ္ေယာက္တည္း ဘယ္ေတာ့မွ မေနပါနဲ႔။

လူေတြက တစ္ေယာက္တည္း ရွိေနတဲ့အခ်ိန္ဆိုရင္ ပိုျပီးအထီးက်န္ဆန္တတ္တာ သဘာဝပါ။ ဒီလိုကိုယ့္စိတ္ကို ဒုကၡျဖစ္ေစတဲ့ အေတြးေတြ အျမဲျပည့္ေနတဲ့ လူတစ္ေယာက္က ပိုျပီး တစ္ေယာက္တည္း ေနဖို႔ မသင့္ေတာ္ပါဘူး။ ဒါေၾကာင့္ စိတ္ညစ္ေနတဲ့အခ်ိန္ ကိုယ္ခ်စ္ရတဲ့မိသားစုေတြနဲ႔ စကားေျပာပါ။

ကိုယ့္မိတ္ေဆြအေပါင္းအသင္းေတြနဲ႔ အျပင္ထြက္ေလွ်ာက္သြားပါ။ ကိုယ့္ရင္ထဲမွာ ျဖစ္ေနတဲ့ စိတ္ညစ္စရာေတြ၊ ျပႆနာအရႈပ္ေတြ ဖြင့္ေျပာျပပါ။ အနည္းဆံုး သူတို႔အေနနဲ႔ မကူညီေပးႏိုင္ရင္ေတာင္ သင့္ကို စိတ္ပိုင္းဆိုင္ရာ အားေပးမႈေတြ လုပ္ေပးႏိုင္မွာပါ။

ဒါ့အျပင္ ဒီလိုကိစၥေတြကို တစ္ေယာက္တည္း ရင္ထဲသိမ္းဆည္းမထားဘဲ ဖြင့္ထုတ္ေျပာျပလိုက္ရင္ ကိုယ့္အတြက္လည္း အနည္းဆံုးေတာ့ ေပါ့သြားတယ္လို႔ ခံစားရေစမွာပါ။

မေကာင္းတဲ့ အေတြးေတြဆိုတာ ကိုယ့္စိတ္ကို သတ္ေနတဲ့ အဆိပ္ပါပဲ။ ဒါေၾကာင့္ ဘယ္အရာမဆို ကိုယ္တစ္ေယာက္တည္း ၾကိတ္မွိတ္ျပီး မခံစားပါန႔ဲ။ စိတ္က်န္းမာေရးအတြက္ ကုသမႈခံယူဖို႔ မရွက္ပါနဲ႔။ ျပႆနာေပါင္းမ်ားစြာ ၾကံဳေတြ႔ေနရခ်ိန္မွာ ထြက္ေျပးလြတ္ေျမာက္ခ်င္စိတ္ေတြ ျဖစ္လာႏိုင္တယ္ဆိုေပမယ့္ မနက္ျဖန္တိုင္းမွာ ေမွ်ာ္လင့္ခ်က္ လင္းေရာင္ျခည္ဆိုတာ အျမဲရွိပါတယ္။

အျမဲတမ္းအေကာင္းဆံုးျဖစ္ဖို႔ ၾကိဳးစားေနသ၍၊ ဘဝပန္းတိုင္ေတြဆီ ေရာက္ေအာင္ တက္လွမ္းေနသ၍၊ ကိုယ္ေမွ်ာ္လင့္ထားသမွ် အေကာင္အထည္ေဖာ္ႏိုင္မွာပါ။ လူသားတိုင္း စိတ္ခ်မ္းသာ၊ ကိုယ္က်န္းမာနဲ႔ ဘဝကို ေအးေအးခ်မ္းခ်မ္း ျဖတ္ေက်ာ္သြားႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


လူတိုင်းကတော့ မွေးလာပြီးတာနဲ့ အို၊ နာ၊ သေ သံသရာစက်ဝန်းအောက်မှာ ကျင်လည်နေကြတာပါ။ လောကဒဏ်ဆိုတာလည်း ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုတဲ့ လူတစ်ယောက်ကိုတောင်မှ ပြိုလဲသွားနိုင်အောင် တိုက်စားနိုင်တာကိုး။

ဒီလိုဒဏ်တွေကို မခံနိုင်တော့တဲ့အဆုံး လူ့ဘဝထဲက ထွက်ခွာသွားဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ လူတွေဆိုတာလည်း တဖြည်းဖြည်းနဲ့ များလာနေပါတယ်။

လူတွေ ဘာကြောင့် သေကြောင်းကြံစည်ဖို့ ဆုံးဖြတ်ချက်ချတာလဲ။

ဘာသာတရားနဲ့ သက်ဆိုင်မှုမရှိဘဲ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် စိတ်ကျန်းမာရေး ပြဿနာမျိုးစုံ ကြုံတွေ့နေရတဲ့သူတွေ၊ အဘက်ဘက်ကနေ တိုက်ခိုက်မှု၊ ဖိနှိပ်မှုကို ခံနေကြရတာ၊ ပတ်ဝန်းကျင်၊ တချို့သောမိဘဆွေမျိုး အသိုင်းအဝိုင်းမှာ ကြုံလာခဲ့ရသမျှ စိတ်ဒုက္ခတွေ၊ ဒါတွေအားလုံးက အတွေးထဲမှာ ပိတ်မိသွားတဲ့အခါ လူတွေက ထွက်ပြေးဖို့ကို ကြံစည်လာကြပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေဆိုတာ ထွက်ပြေးလို့ ရတဲ့အရာမှမဟုတ်တာ။

အဲ့တော့ သည်းခံပြီး ဆက်လုပ်ရင်း အောင်မြင်လာမလား၊ အဆင်ပြေသွားမလားလို့ မျှော်လင့်၊ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အပြင် အခြေအနေတွေက ပိုဆိုးသွားပြီဆိုရင် စိတ်ဖိစီးမှုတွေ၊ စိတ်ကျရောဂါတွေက အရိပ်မည်းကြီးလို ကိုယ့်အနောက်က လိုက်လာပြီး အိပ်မပျော်၊ စားမဝင်ဖြစ်၊ အရာရာက မီးခိုးမှိုင်းကျနေသလို မှောင်မိုက်နေတော့တာပါပဲ။ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်လိုက်ကြတော့တာပေါ့။

သေကြောင်းကြံစည်တယ်ဆိုတာ ရုတ်တရက်ဖြစ်လာတဲ့ စိတ်ခံစားချက်လား။

လူတော်တော်များများက စိတ်ညစ်ရင် သေချင်လိုက်တာလို့ ညည်းတတ်ကြပါတယ်။ တကယ်သေချင်တာမျိုး မဟုတ်ဘဲ သူတို့စိတ်ညစ်နေတဲ့ အရာကနေ ဝေးဝေးထွက်သွားချင်တဲ့ စိတ်နဲ့ ပြောတတ်ကြတာပါ။

အမှန်တကယ် သေကြောင်းကြံစည်တဲ့ သူတွေမှာ အရင်ကတည်းက ဒီလိုစိတ်တွေ ရှိနေတတ်တဲ့အပြင် စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ၊ အထီးကျန်ဆန်မှု၊ သိမ်ငယ်စိတ်တွေနဲ့ တစ်ယောက်တည်း ရင်ဆိုင်နေရတာ ကြာလာတဲ့အခါ ဒီလိုအတွေးတွေ မကြာခဏဆိုသလို ဝင်လာတတ်ပါတယ်။

လူတွေ ထင်ထားသလို သေကြောင်းကြံစည်ခြင်းဟာ ပျော့ညံ့တယ်ဆိုတာတော့ မဟုတ်ပါဘူး။ ပြဿနာတစ်ခုကို ထိပ်တိုက်ရင်ဆိုင်တာ အရမ်းကြာသွားတဲ့အခါ စိတ်ရော၊ လူပါ လုံးပါးပါးသွားပြီး ဘယ်လိုမှ တိုက်ခိုက်ဖို့ အင်အားမရှိတော့ဘူးဆိုပြီး လက်လျှော့လိုက်တာ၊ ကိုယ့်စိတ်ကို ဖြည်းဖြည်းချင်း သတ်နေတဲ့ အရာအားလုံးကနေ အပြီးအပိုင်လွတ်မြောက်သွားချင်တဲ့ စိတ်ကြောင့်သာ လုပ်တတ်ကြတာပါ။

သင့်မှာရော ဒီလိုအတွေးတွေ ဝင်လာဖူးလား။ ဝင်လာရင်ရော ဘာဆက်လုပ်သင့်လဲ။

စိတ်ညစ်နေတုန်း ခဏပဲ ပေါ်လာတာမျိုးမဟုတ်ဘဲ ဒီအတွေးတွေ အမြဲလိုလို ဝင်နေပြီဆိုရင်တော့ အမြန်ဖျောက်တာ အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ စိတ်ထဲမှာ ဒီအတွေးတွေနဲ့ ပြည့်နေမယ်ဆိုရင် စိတ်အခြေအနေက ပိုဆိုးသွားဖို့ပဲ ရှိတော့မှာပါ။ ဘယ်လိုလုပ်သင့်လဲဆိုတာ မသိသေးရင်တော့ ဒီနည်းလမ်း (၄) ချက်ကို လုပ်ကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။
၁။ ကိုယ့်ရဲ့ စိတ်ကို တခြားဘက်ကို အာရုံလှည့်ပြောင်းပါ။

လူတွေဆိုတာ ကိုယ့်ရဲ့ နာကျင်မှုသည်သာ အကြီးမားဆုံးလို့ ထင်တတ်ကြတာ သဘာဝပါပဲ။ အဲ့တော့ တော်တော်လေးကို စိတ်က ဆိုးဆိုးရွားရွား ညစ်နေပြီဆိုရင်တော့ နာကျင်စေတဲ့ အကြောင်းအရာတွေ၊ ကိစ္စတွေမှန်သမျှကို ခဏမေ့ထားပြီး အလုပ်တစ်ခုခု ထလုပ်ပါ။ တအားစိတ်ညစ်နေလား၊ အိမ်ရှင်းတာဖြစ်ဖြစ်၊ ခရီးသွားတာဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ပြီး စကားပြောပါ။ ရုပ်ရှင်ကြည့်ပါ။ ဘာပဲလုပ်ရလုပ်ရ အဆင်ပြေပါတယ်။ စိတ်ညစ်နေပါတယ်ဆိုကာမှ ဒီစိတ်ညစ်စရာတွေပဲ ဆက်တွေးနေရင်တော့ ဘယ်လိုမှ လွတ်မြောက်နိုင်တော့မှာ မဟုတ်ပါဘူး။
၂။ ကိုယ်မရှိရင် တခြားသူတွေ ပိုပြီးပျော်ရွှင်ရမှာပါလို့ တွေးနေပြီလား။ အဲ့အတွေးတွေ ဖျောက်ပါ။

ဒါကတော့ စိတ်ကျရောဂါရှင်တွေ တွေးလေ့တွေးထရှိတဲ့ ပုံစံမျိုးပါ။ ငါသာမရှိရင် ငါ့ဘေးနားက လူတွေ အေးချမ်းသွားမှာပါ၊ အဆင်ပြေသွားမှာပါ၊ ငါဆိုတဲ့ လူတစ်ယောက်မရှိလို့လည်း ကမ္ဘာကြီးက ပိုပြီးနေလို့ ကောင်းသွားမှာပါ၊ အဲ့လိုအတွေးတွေကို စတင်ဖျောက်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးတွေးကြည့်ပါ။

ဘဝမှာ ကောင်းတဲ့အရာတွေ ဘယ်နှစ်ခုလုပ်ဖူးလဲ၊ ကိုယ့်ကြောင့် ဘယ်သူတွေ ပျော်ရွှင်ခဲ့ရဖူးလဲ၊ ကိုယ်ချစ်ရတဲ့သူတွေမျက်နှာမှာ ကိုယ့်ကြောင့် အပြုံးပန်းလေးတစ်ပွင့် ဖန်ဆင်းပေးနိုင်ခဲ့လား၊ ငါမရှိတဲ့အခါ ငါ့ကိုချစ်ရတဲ့သူတွေ ဘယ်လောက်ထိ ပူဆွေးဝမ်းနည်းလိုက်မလဲ အစရှိသဖြင့် ပြန်ပြီးတွေးကြည့်ပါ။

၃။ စိတ်ကုထုံးနဲ့ ကုသမှုခံယူပါ။

စိတ်ကျန်းမာရေးအတွက် ကုသမှုခံယူရာမှာ စိတ်ရောဂါကုထုံးပညာရှင်တွေဟာ အသင့်တော်ဆုံးပါပဲ။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက် စိတ်ထဲမှာ ဖြစ်နေတဲ့အရာတွေကို မှန်သည်၊ မှားသည်၊ ဝေဖန်ကဲ့ရဲ့တာမျိုး မလုပ်ဘဲ ကိုယ့်ရဲ့ ဆွေးနွေးဖော် တိုက်ပင်ဖက် အဖြစ် ရှိနေပေးတာကြောင့်ပါပဲ။

ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့အရာတွေ၊ ကြုံလာခဲ့သမျှ မိသားစု၊ အလုပ်အကိုင်၊ လူမှုရေးရာ ပြဿနာအရှုပ်အထွေးတွေ အကုန် ပြောပြီးတဲ့နောက်မှာ ကိုယ်ခံစားနေရတဲ့ ဝေဒနာပေါ်မူတည်ပြီး စိတ်ကုထုံးနဲ့ ကုသပေးတာ၊ စိတ်ရောဂါကု ဆရာဝန်နဲ့ တိုင်ပင်ပြီး စိတ်ကျရောဂါ သောက်ဆေး၊ စိတ်ငြိမ်ဆေး အစရှိသဖြင့် ဆေးအညွှန်းတွေလည်း ပေးမှာပါ။

၄။ တစ်ယောက်တည်း ဘယ်တော့မှ မနေပါနဲ့။

လူတွေက တစ်ယောက်တည်း ရှိနေတဲ့အချိန်ဆိုရင် ပိုပြီးအထီးကျန်ဆန်တတ်တာ သဘာဝပါ။ ဒီလိုကိုယ့်စိတ်ကို ဒုက္ခဖြစ်စေတဲ့ အတွေးတွေ အမြဲပြည့်နေတဲ့ လူတစ်ယောက်က ပိုပြီး တစ်ယောက်တည်း နေဖို့ မသင့်တော်ပါဘူး။ ဒါကြောင့် စိတ်ညစ်နေတဲ့အချိန် ကိုယ်ချစ်ရတဲ့မိသားစုတွေနဲ့ စကားပြောပါ။

ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေနဲ့ အပြင်ထွက်လျှောက်သွားပါ။ ကိုယ့်ရင်ထဲမှာ ဖြစ်နေတဲ့ စိတ်ညစ်စရာတွေ၊ ပြဿနာအရှုပ်တွေ ဖွင့်ပြောပြပါ။ အနည်းဆုံး သူတို့အနေနဲ့ မကူညီပေးနိုင်ရင်တောင် သင့်ကို စိတ်ပိုင်းဆိုင်ရာ အားပေးမှုတွေ လုပ်ပေးနိုင်မှာပါ။

ဒါ့အပြင် ဒီလိုကိစ္စတွေကို တစ်ယောက်တည်း ရင်ထဲသိမ်းဆည်းမထားဘဲ ဖွင့်ထုတ်ပြောပြလိုက်ရင် ကိုယ့်အတွက်လည်း အနည်းဆုံးတော့ ပေါ့သွားတယ်လို့ ခံစားရစေမှာပါ။

မကောင်းတဲ့ အတွေးတွေဆိုတာ ကိုယ့်စိတ်ကို သတ်နေတဲ့ အဆိပ်ပါပဲ။ ဒါကြောင့် ဘယ်အရာမဆို ကိုယ်တစ်ယောက်တည်း ကြိတ်မှိတ်ပြီး မခံစားပါနဲ့။ စိတ်ကျန်းမာရေးအတွက် ကုသမှုခံယူဖို့ မရှက်ပါနဲ့။ ပြဿနာပေါင်းများစွာ ကြုံတွေ့နေရချိန်မှာ ထွက်ပြေးလွတ်မြောက်ချင်စိတ်တွေ ဖြစ်လာနိုင်တယ်ဆိုပေမယ့် မနက်ဖြန်တိုင်းမှာ မျှော်လင့်ချက် လင်းရောင်ခြည်ဆိုတာ အမြဲရှိပါတယ်။

အမြဲတမ်းအကောင်းဆုံးဖြစ်ဖို့ ကြိုးစားနေသ၍၊ ဘဝပန်းတိုင်တွေဆီ ရောက်အောင် တက်လှမ်းနေသ၍၊ ကိုယ်မျှော်လင့်ထားသမျှ အကောင်အထည်ဖော်နိုင်မှာပါ။ လူသားတိုင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ဘဝကို အေးအေးချမ်းချမ်း ဖြတ်ကျော်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top