Credit:မင်းကင်းသတင်း
#Unicode Version# ဖြင့်ဖတ်ပါ ။
ခန္တီးမှမုံရွာသို့စုန်ဆင်းလာသော မင်းသီဟကျော် အမြန်ရေယာဉ်ပေါ်ရှိ ခရီးသည် နှစ်ဦး ရေအိမ်သာ သွားရာမှ မြစ်ထဲ ပြုတ်ကျမှု ယနေ့နံနက် ၆ နာရီခန့်ကဖြစ်ပွားခဲ့သည်ဟု မင်းကင်းမြို့ပုဂ္ဂလိက ရေယာဉ်များ စည်းကမ်းထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့ဝင် ဦးမြင့်လွင် ကပြောသည်။
ပြုတ်ကျမှုမှာမင်းကင်းမြို့နယ်လောင်းပြည့်ကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သည်။”အမျိုးသမီးတစ်ဦး အိမ်သာတက်သွားရင် ဟန်ချက်ပျက် ရေထဲပြုတ်ကျတယ်အမျိုးသားတစ်ဦးက ဆင်းဆယ်ရင်း နှစ်ဦးလုံး နစ်မြုပ်ခဲ့တာပါ”ဟု ဦးမြင့်လွင်ကပြောသည်။
အခင်းဖြစ်ပွားရာနေရာသို့ မင်းကင်းမြို့ ပုဂ္ဂလိကရေယာဉ်များစည်းကမ်းထိန်းသိမ်းရေးနှင့်ကြီးကြပ်ရေးအဖွဲ့lမောက္ကတော်နယ်မြေ ရဲစခန်းတို့မှ သွားရောက်ခဲ့ပြီး ယခုလက်ရှိအချိန်ထိ ရှာဖွေရေးများပြုလုပ်နေကြောင်း သိရသည်။
အမြန်ရေယာဉ်ပေါ်မှ ပြုတ်ကျသွားခဲ့သည့်နှစ်ဦးသည် လေရှီးမြို့ ရေတောင်ရပ်နေ မလောယဲ့မိုင်းနှင့် ကိုချစ်မျိုး (နေရပ်စုံစမ်းဆဲ)တို့ ဖြစ်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မင်းသီဟကျော်အမြန်ရေယာဉ်အား မင်းကင်းရ.စ.ကအဖွဲ့မှ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:မင်းကင်းသတင်း