ေမာ္ဒယ္တေယာက္အေနနဲ႔ အႏုပညာေလာကထဲ ဝင္ေရာက္လာခဲ့ၿပီးေနာက္ပိုင္းမွာ သ႐ုပ္ေဆာင္တေယာက္အေနနဲ႔ ေျခလွမ္းမ်ားစြာလွမ္းလာခဲ့တဲ့ ညိမ္းေသာ္ကေတာ့ ဗီလိန္ဇာတ္႐ုပ္ကို သ႐ုပ္ေဆာင္ၾကည့္ခ်င္တယ္လို႔ ေျပာပါတယ္။

“က်ေနာ္က ဗီလိန္ေတြဘာေတြ ႐ိုက္ၾကည့္ခ်င္ေသးတယ္။ က်ေနာ့္ကိုေခၚရင္ ႏုႏု႐ြ႐ြေတြပိုမ်ားတယ္။ နည္းနည္းၾကမ္း ရင္မရဘူးထင္ၿပီးေတာ့ လာေတာင္မေခၚၾကဘူး” လို႔ သ႐ုပ္ေဆာင္ ညိမ္းေသာ္ကေျပာပါတယ္။

အသစ္တေယာက္ျဖစ္တဲ့အတြက္ ကာ႐ိုက္တာမ်ိဳးစုံကို လုပ္ၾကည့္ခ်င္ေပမယ့္ လာေရာက္ကမ္းလွမ္းတဲ့ ဇာတ္႐ုပ္မ်ားကေတာ့ သူ႔ရဲ႕ျပင္ပ႐ုပ္ကိုၾကည့္ၿပီး ကမ္းလွမ္းတာမ်ားတယ္လို႔ ဆိုပါတယ္။

“က်ေနာ္က အသစ္ဆိုေတာ့ ကာ႐ိုက္တာမ်ိဳးစုံေတာ့ လုပ္ၾကည့္ခ်င္တာေပါ့ေနာ္။ လာေခၚတဲ့သူကလည္း “ရင္ခြင္ရွင္းတမ္း” မွာတုန္းကဆိုရင္ အစ္မကိုခြၽဲတဲ့ေကာင္ေလးတေယာက္အေနနဲ႔ ဆန္းတာဆိုလို႔ “အစိုးမရအနတၱ” ကားထဲမွာဆိုရင္ အရက္သမားအဘိုးႀကီးလုပ္ရတယ္။ အရက္ျဖတ္တာေတြဘာေတြလည္းလုပ္ရတယ္။ အရက္ျဖတ္တာ ဘာမွန္းေတာင္မသိဘူး။ အဲဒီထဲမွာေတာ့ ဒရမ္မာႀကီးႀကီးမားမားလုပ္ထားတယ္” လို႔ ညိမ္းေသာ္ကေျပာပါတယ္။

မၾကာခင္မွာလည္း ညိမ္းေသာ္နဲ႔အတူ အလွမယ္မ်ားစြာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ “အေဆာင္” ဆိုတဲ့ Horror ဆန္တဲ့ဇာတ္လမ္းတြဲကို ထုတ္လႊင့္ျပသေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။



“ဒီဇာတ္လမ္းကို လာအပ္တုန္းက ေကာင္မေလးေတြအမ်ားႀကီးနဲ႔ဆိုေတာ့ စိတ္ဝင္စားသြားတာ။ ေယာက်္ားေလး ကလည္း ကိုယ္တေယာက္တည္းပါတာဆိုေတာ့ ဒါ႐ိုက္တာနဲ႔လည္းတိုင္ပင္ေတာ့ ႐ိုက္သင့္တယ္ဆိုလို႔။ ေနာက္ၿပီးဇာတ္လမ္းက Horror  ဆန္ေတာ့ ႐ိုက္မယ္ဆိုၿပီး ႐ိုက္ျဖစ္သြားတာ” လို႔ ညိမ္းေသာ္ကေျပာပါတယ္။

အဆိုပါဇာတ္လမ္းတြဲကေတာ့ ညိမ္းေသာ္ရဲ႕ တတိယေျမာက္ဇာတ္လမ္းတြဲျဖစ္ၿပီး သရဲကား႐ိုက္ေၾကာက္တတ္ေပမယ့္ သရဲကား႐ိုက္ရတာ Mood ဝင္တာေၾကာင့္ ပိုင္တယ္လို႔ ခံစားရတယ္လို႔ေျပာပါတယ္။

“သရဲေၾကာက္တတ္တာေတာ့ မွန္တယ္။ ေၾကာက္တဲ့အခန္းေတြမွာ ပို Mood ဝင္ေတာ့ ပို႐ိုက္လို႔ေကာင္းတယ္။ က်ေနာ့္အေနနဲ႔ သရဲေၾကာက္တတ္ေပမယ့္ သရဲကား႐ိုက္ရတာ ပို Mood ဝင္တယ္။ “ည” မွာတုန္းကလည္း ေၾကာက္တာလန႔္တာဆိုေတာ့ က်ေနာ့္အတြက္ပိုင္တယ္လို႔ပဲ ခံစားရတယ္” လို႔ ညိမ္းေသာ္ကေျပာပါတယ္။

ညိမ္းေသာ္ကေတာ့ “ည” ႐ုပ္ရွင္ဇာတ္ကားထဲမွာ ပထမဆုံးပါဝင္သ႐ုပ္ေဆာင္ထားၿပီး ေနာက္ပိုင္းမွာ ႐ုပ္ရွင္ဇာတ္လမ္းမ်ားစြာ ႐ိုက္ကူးလာခဲ့တာကို ေတြ႕ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:irrawaddy
# Unicode Version # ျဖင့္ ဖတ္ပါ #

မော်ဒယ်တယောက်အနေနဲ့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာ သရုပ်ဆောင်တယောက်အနေနဲ့ ခြေလှမ်းများစွာလှမ်းလာခဲ့တဲ့ ညိမ်းသော်ကတော့ ဗီလိန်ဇာတ်ရုပ်ကို သရုပ်ဆောင်ကြည့်ချင်တယ်လို့ ပြောပါတယ်။

“ကျနော်က ဗီလိန်တွေဘာတွေ ရိုက်ကြည့်ချင်သေးတယ်။ ကျနော့်ကိုခေါ်ရင် နုနုရွရွတွေပိုများတယ်။ နည်းနည်းကြမ်း ရင်မရဘူးထင်ပြီးတော့ လာတောင်မခေါ်ကြဘူး” လို့ သရုပ်ဆောင် ညိမ်းသော်ကပြောပါတယ်။

အသစ်တယောက်ဖြစ်တဲ့အတွက် ကာရိုက်တာမျိုးစုံကို လုပ်ကြည့်ချင်ပေမယ့် လာရောက်ကမ်းလှမ်းတဲ့ ဇာတ်ရုပ်များကတော့ သူ့ရဲ့ပြင်ပရုပ်ကိုကြည့်ပြီး ကမ်းလှမ်းတာများတယ်လို့ ဆိုပါတယ်။

“ကျနော်က အသစ်ဆိုတော့ ကာရိုက်တာမျိုးစုံတော့ လုပ်ကြည့်ချင်တာပေါ့နော်။ လာခေါ်တဲ့သူကလည်း “ရင်ခွင်ရှင်းတမ်း” မှာတုန်းကဆိုရင် အစ်မကိုချွဲတဲ့ကောင်လေးတယောက်အနေနဲ့ ဆန်းတာဆိုလို့ “အစိုးမရအနတ္တ” ကားထဲမှာဆိုရင် အရက်သမားအဘိုးကြီးလုပ်ရတယ်။ အရက်ဖြတ်တာတွေဘာတွေလည်းလုပ်ရတယ်။ အရက်ဖြတ်တာ ဘာမှန်းတောင်မသိဘူး။ အဲဒီထဲမှာတော့ ဒရမ်မာကြီးကြီးမားမားလုပ်ထားတယ်” လို့ ညိမ်းသော်ကပြောပါတယ်။

မကြာခင်မှာလည်း ညိမ်းသော်နဲ့အတူ အလှမယ်များစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ “အဆောင်” ဆိုတဲ့ Horror ဆန်တဲ့ဇာတ်လမ်းတွဲကို ထုတ်လွှင့်ပြသတော့မှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီဇာတ်လမ်းကို လာအပ်တုန်းက ကောင်မလေးတွေအများကြီးနဲ့ဆိုတော့ စိတ်ဝင်စားသွားတာ။ ယောကျ်ားလေး ကလည်း ကိုယ်တယောက်တည်းပါတာဆိုတော့ ဒါရိုက်တာနဲ့လည်းတိုင်ပင်တော့ ရိုက်သင့်တယ်ဆိုလို့။ နောက်ပြီးဇာတ်လမ်းက Horror  ဆန်တော့ ရိုက်မယ်ဆိုပြီး ရိုက်ဖြစ်သွားတာ” လို့ ညိမ်းသော်ကပြောပါတယ်။

အဆိုပါဇာတ်လမ်းတွဲကတော့ ညိမ်းသော်ရဲ့ တတိယမြောက်ဇာတ်လမ်းတွဲဖြစ်ပြီး သရဲကားရိုက်ကြောက်တတ်ပေမယ့် သရဲကားရိုက်ရတာ Mood ဝင်တာကြောင့် ပိုင်တယ်လို့ ခံစားရတယ်လို့ပြောပါတယ်။

“သရဲကြောက်တတ်တာတော့ မှန်တယ်။ ကြောက်တဲ့အခန်းတွေမှာ ပို Mood ဝင်တော့ ပိုရိုက်လို့ကောင်းတယ်။ ကျနော့်အနေနဲ့ သရဲကြောက်တတ်ပေမယ့် သရဲကားရိုက်ရတာ ပို Mood ဝင်တယ်။ “ည” မှာတုန်းကလည်း ကြောက်တာလန့်တာဆိုတော့ ကျနော့်အတွက်ပိုင်တယ်လို့ပဲ ခံစားရတယ်” လို့ ညိမ်းသော်ကပြောပါတယ်။

ညိမ်းသော်ကတော့ “ည” ရုပ်ရှင်ဇာတ်ကားထဲမှာ ပထမဆုံးပါဝင်သရုပ်ဆောင်ထားပြီး နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်လမ်းများစွာ ရိုက်ကူးလာခဲ့တာကို တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top